ပုံပြောကြမယ်

Moe ZJanuary 10, 20121min28639

ယနေ့ခေတ်တွင် မိဘများသည် မိမိတို့ကလေးများအား ပုံပြင်များပြောပြရန် အချိန်မပေးကြတော့ပါ။ ကလေးများအား ပုံပြင်စာအုပ်ဖတ်ပြခြင်း၊ ပုံပြောပြခြင်းဖြင့် ကလေးကို မိမိဖြစ်စေချင်သော သတ်မှတ်ထားသော စံတစ်ခုကို ပုံပြင်များမှတဆင့် ပြောပြနိုင်ပါသည်။ လမ်းလျှောက်တတ်ကာစ ကလေးများကိုပင် ပုံပြင်စာအုပ်များကို ရင်းနှီးအောင် စိတ်ဝင်စားလာအောင် ဖတ်ပြသင့်ပါသည်။ သို့မှသာ ကလေးများ၏စာဖတ်လိုစိတ်ကို ဖန်တီးတည်ဆောက်နိုင်မည့်အပြင် ဘဝတစ်လျှောက်လုံး အတွက်လည်း စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်လာစေပါမည်။ ပုံပြောချိန်မည်မျှကြာသင့်သနည်း ဆိုသော် ကလေး၏ အသက်အရွယ်နှင့် အာရုံစူးစိုက်နိုင်မှုအပေါ်မူတည်ပါမည်။ သတိထားသင့်သည်မှာ ကလေးအားငြိမ်ငြိမ် ထိုင်ပြီးနားထောင်ဟူသော ဖိအားပေးမှုမျိုးမရှိစေရပါ။ ကလေးများစိတ်ဝင်စားမှု မကုန်ဆုံးမီ ပုံပြင်ပြီးဆုံးသင့်ပါသည်။ သို့မှသာ နောက်ထပ်တစ်ဖန် ပုံပြင်နားထောင်ချင်ပေလိမ့်မည်။

ကလေးများအား စာပေအမျိုးမျိုးနှင့်ထိတွေ့ပေးသင့်ပါသည်။ ဥပမာ- ရုပ်ပုံများသာပါသော ပုံပြစာအုပ်များ၊ ပုံပြင်အမျိုးမျိုး (ဒဏ္ဍာရီပုံပြင်များ၊ ကျေးလက်ပုံပြင်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ)၊ မူကြိုကဗျာစာအုပ်များ၊ ကလေးမဂ္ဂဇင်းများ၊ ကလေးအဘိဓာန်များ၊ ဂဏန်းအက္ခရာစာအုပ်များ၊ သတင်းအချက်အလက်ဆိုင်ရာစာအုပ်များ (ဒိုင်နိုဆောများ၊ ခရုခွံများအကြောင်း စသည်)၊ ရသီဥတုနှင့်ဆိုင်သောစာအုပ်များ၊ အားလပ်ရက်များ၊ ပွဲတော်များအကြောင်း စာအုပ်များ၊ စိတ်ခံစားချက်ကိုဖော်ပြသောစာအုပ်များ၊ မိမိကိုယ်တိုင်ဖန်တီးထားသော အိမ်တွင်းလုပ်စာအုပ်များစသည်ဖြင့်။ ။

ပုံပြင်စာအုပ်များဖတ်ပြမည်ဆိုလျှင် စာကြောင်းများအောက်မှာ လက်ချောင်းလေးဖြင့်ထောက်ပြပြီး ဘယ်ဘက်မှ ညာဘက်ကို ဖတ်ရတဲ့အကြောင်းကို ကလေးအားသတိပြုမိစေသင့်ပါသည်။ ကလေးများ၏ စိတ်ဝင်စားမှုသည်လည်း ပုံပြောမည့်သူအပေါ် မူတည်ပါသည်။ ပုံပြောသူ၏အနေအထား၊ အမူအရာ၊ အသံနေအသံထားက ကလေးကိုစွဲဆောင်နိုင်ပါ သည်။ ကလေး၏အသက်အရွယ်နှင့် နားလည်နိုင်စွမ်းကိုကြည့်၍ စကားလုံးအသုံးအနှုန်းကို ရွေးချယ်ရပါမည်။ ပုံပြင်ထဲမှ ဇာတ်ကောင်များအလိုက် အသံအမျိုးမျိုးကိုဖော်ထုတ်အသုံးပြုရပါမည်။ သို့မှသာ မိမိ၏ပုံပြင်က အသက်ဝင်ပြီး ကလေး၏စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မည်။ ကလေးဘက်မှတုန့်ပြန်မှုကိုလည်း လေးစားစွာလက်ခံပေးပါ။ သို့သော် ကလေးအားသင့်တင့်သော ထိန်းချုပ်မှုအောက်၌ရှိပါစေ။ တစ်ချို့နေရာများတွင် ခဏလောက်စောင့်ပြီး ပုံပြင်ဆုံးတော့မှ ဒီအကြောင်းဆွေးနွေးတာပေါ့ဟု ပြောပေးပါ။

ပုံပြင်များကိုရွေးချယ်ရာမှာလည်း ကလေးရော မိမိပါနှစ်သက်မည့် ပုံပြင်မျိုးဖြစ်သင့်ပါသည်။ အကယ်၍ ကလေးမှ မိမိဖတ်ပြသောစာအုပ်ကို စိတ်မဝင်စားလျှင် နောက်တစ်အုပ်ကိုပြောင်းသင့်ပါသည်။ ဖတ်ပြသင့်သောပုံပြင်အချို့မှာ – The Seven Labors of Hercules (ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်း၏ အရေးပါပုံကို ပေါ်လွင်စေသည်)၊ Prince Charming (ရိုသေလေးစားမှုကို ဖော်ညွှန်းသည်)၊ The Boy who cried Wolf (ဖြူစင်ရိုးသားခြင်းကို အလေးပေးသည်)။ ။

လူ့အဖွဲ့အစည်းဟူသည် မိသားစုများ နေရာအနှံ့ဖြန့်ကျက်နေထိုင်ခြင်းနှင့် ဆင်တူပါသည်။ ကလေးများသည် ပုံပြင်များမှတဆင့် သူတို့ရဲ့မျိုးနွယ်မိသားစုများနှင့် ဆက်သွယ်သလိုခံစားရစေရန် အရေးကြီးပါသည်။ ပုံပြင်များသည် ကလေးများအား စကားပြောဆိုဆုံးမနေခြင်း (သို့) စကားပြောလာစေရန်တိုက်တွန်းခြင်းထက် ပိုမိုထိရောက်ပါသည်။ ကလေးများ၏ စိတ်ကူးနှင့် ဖန်တီးနိုင်မှုစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်ပါသည်။ ကလေးများလည်း ရံဖန်ရံခါမှာ စိတ်အားငယ်တတ်ပါသည်။ သူတို့လေးတွေစိတ်ဓာတ်ကျနေချိန်တွင် စိတ်ဓာတ်တက်ကြွစေသော ပုံပြင်များပြောပြခြင်း (သို့) ဆင်တူဖြစ်ရပ်မျိုးကို ကိုယ်တိုင်ဖန်တီးပြီး ပြောပြခြင်းဖြင့် အားပေးနိုင်ပါသည်။ မိဘတိုင်းသည် ကလေးများနှင့်ရင်းနှီးနိုင်သော အခွင့်အရေးကောင်းကို လက်လွတ်မခံပဲ ပျော်ရွှင်စရာကောင်းသော ပုံပြင်အချိန်လေးများကိုဖန်တီးပြီး ကလေးအားလှပသော ပုံရိပ်လေးများနှင့်အတူ ချော့သိပ်နိုင်ပါတယ်။

ကလေးများစာရိတ္တမြင့်မားစေရန် လွယ်ကူရိုးရှင်းသောဆောင်ပုဒ်လေးများကိုလည်း မှတ်သားစေချင်ပါတယ်။ ကိုယ်တိုင်လည်း ဖန်တီးနိုင်ပါတယ်။ ဥပမာ – We care & we share, Work first play later, Honesty is the best စသည်ဖြင့်…………။ လူ့စွမ်းအားအရင်းအမြစ်လေးများကို အောင်မြင်စွာပြုစုပျိုးထောင်နိုင်ကြပါစေ။

 

39 comments

  • Moe Z

    January 10, 2012 at 9:40 am

    ကလေးများအတွက် ဘာသာစကားသင်ကြားခြင်းပို့စ်မှာ ဦးnature မေးထားတဲ့ ပုံပြောတာနဲ့ပတ်သက်ပြီး ကွန်မန့်နဲ့ဖြေရင် ရှည်နေမှာစိုးလို့ ပို့စ်တင်လိုက်ပါတယ် …

  • inz@ghi

    January 10, 2012 at 10:07 am

    လေးစားပါတယ် ဆရာမလေးရေ့ …..

    educational sciences ကိုလေ့လာတဲ့ ကျနော့် ငယ်သူငယ်ချင်းလေးတစ်ယောက်ရဲ့ အမေ ဆီမှာ
    အဲ့လို စာအုပ်လေးတွေ တွေ့ဖူးတယ်ဗျ. …ခရိယာန် မေတ္တာတော် အသင်းတခုခုပါပဲ …
    အန်တီက သူတို့ တည်ထောင်ထားတဲ့ …ကုသိုလ်ဖြစ် မူကြိုတစ်ခုမှာ ဗော်လန်ဒီယာ ဆြာမလုပ်တယ်ဗျ…

    သူတို့အိမ်ကို ကျနော် သွားသွားလည်တဲ့အခါ ဗမာဘာသာ ပြန်ထားတဲ့ ပုံပြင်စာအုပ်လေးတွေ ….
    လက်ကို သန့်ရှင်းအောင် ထားဖို့တို့ … သားသားလေးက ကြောင်ဖြစ်ချင်တယ် ဆိုတာမျိုး
    ပညာပေးပါးပါးလေးတွေ တွေ့ဖူးတယ်ခင်ဗျ…ပုံလေးတွေနဲ့ပေါ့ ….
    ဒါလေးတွေ ပျံ့ပွားအောင် လုပ်နိုင်က အလွန်ကောင်း၏ ဟု ထင်မြင်မိပါကြောင်း ….။

    စကားမစပ် ကျနော် အသစ်ညှပ်လိုက်တဲ့ ဆံပင်ပုံစံကို ဘယ်လို သိနေဒါလဲ ဟင်င်င်င်….

    ခင်တဲ့
    ကအင်ဂျီး

    • Moe Z

      January 10, 2012 at 10:20 am

      ဟုတ်ကဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်ဝေတဲ့ စာအုပ်တွေ အများကြီးရှိပါတယ်
      အသက်အရွယ်အလိုက် ခွဲထားပေးပါတယ်
      ၃နှစ်အရွယ်လေးတွေကို တိရစာ္ဆန်လေးတွေအကြောင်းသင်မယ်ဆိုရင်
      ရုပ်ကြွပုံလေးတွေပါတဲ့ စာအုပ်လေးတွေရှိတယ် အဲဒီအကောင်လေးတွေကို နှိပ်လိုက်ရင်
      ကျားဆိုရင် ကျားဟိန်းသံလေးထွက်လာတယ် စာလေးတွေလည်းပါလို့
      ကလေးတွေကို Zoo ကိုရောက်နေသလိုခံစားရစေပါတယ် …

      စကားမစပ် အဲဒီပုံကို မနေ့က ကိုရင်စည်သွပ်က သူ့ပုံတဲ့
      အခုလာပြန်ပြီတစ်ယောက် Enrique လေးသနားပါတယ် 😛

      • inz@ghi

        January 10, 2012 at 10:37 am

        တခုပြောပြမယ်ဗျ…အဟမ်း..
        ကလေးနဲ့တော့ ပတ်သတ်တယ်. ..စာနဲ့တော့ မဆိုင်ဘူးပေါ့ …

        ဂလို
        တနေ့က ဟို၃ယောက်အိမ် သွားလည်ရင်း တီဗီ ကြည့်ဖြစ်တယ်…
        ၅နှစ်အောက် ကလေးလေးတွေကို ဈေးဝယ်ခိုင်းတာလေ…..
        ဟဂျိမဲ့တဲ့ နို ခိုင်းမိုနိုတဲ့ ….

        မိသားစု ပါတီအတွက် …အမေက ခလေးကို အိမ်နားက ကုန်စုံဆိုင် လွှတ်ပြီး ဈေးဝယ်ခိုင်းတာ …
        ကို ရိုက်ထားတာဗျ…

        ကလေးကို ပူးပေါင်း ပါဝင် ကူညီစေတတ်ဖို့ …လူမကြောက်ဖို့ လူတောတိုးရဲဖို့ သင်ပေးတဲ့ ….
        အလေ့အထ ကောင်းလေး တစ်ခုပေါ့ဗျာ ….စာတွေ့ ပလပ်စ်အာလဖာ ..လက်တွေ့လည်း
        အရေးပါပါကြောင်း..ဆြာမလေးကို ဝင်ဆြာလုပ်သွားပါသည်…

        「初めての買い物」 ဆိုပီး Googling လုပ်နိုင်ပါကြောင်း…

        ခင်တဲ့
        ကအင်ဂျီး….

        P.S
        ဆံပင်ပုံဇံ ဘဲပြောဒါဘာကွယ်…
        အထင်မလွဲပါနဲ့ ..ကအင်ဂျီးက ကျားကျားယားယား ဂျီးဘာ ….

        စာဖတ်သူပိတ်သတ်စကီလေး အပေါင်းတို့ရေ….
        ဂီဂီ့ ဆံပင်ပုံ အဟောင်းနှင့် အသစ် ကို သည် အဗေတာ ၂ခုမှာ တွေ့နိုင်ပါကြောင်း…
        (ကြော်ငြာ ဝင်တွားဘာသည် …ဒက်ဂလောက်…ဒက်ဂလောက်….)

  • ငပေါက်ဖော်

    January 10, 2012 at 10:26 am

    ဝုတ်ကဲ့ပါချာမ
    တားတာပြန်ရင် အိမ်က တားကြီးတားလေး..မီးမီးကြီး..မီးမီးလေးတွေကို..ချာမပေါတလို..ပုံပြောပြပါ့မယ် ချာမ
    အဟမ်း.

    တားတားရီးပေါက်ရေ..
    ဟိုးချေးချေးတုန်းက မေပေါင်ဆိုတဲ့ ကျောက်သထေးဂျီးဟာ အင်မတန် အကျင့်ယုတ်သတဲ့ကွယ်..

    ကျန်တာ အဲလူဂျီးလာမှ ဆက်ပြောတော့မယ်…ဒယ်ဒီပေါက် ရှကီသွားထုလိုက်ဦးမယ်..
    ဒါဗျဲ

  • nature

    January 10, 2012 at 12:03 pm

    ခလေးကိုသင်ဖို့ကိုယ်လည်းစာဖတ်ရမယ်ဆိုတော့ခက်ပြီ။ 🙂

    • Moe Z

      January 10, 2012 at 1:34 pm

      မခက်ပါဘူး ဦးနေးချားရယ် ရှိပြီးသားဗဟုသုတတွေရောမွှေပြီး create လုပ်လို့ရပါတယ်
      ကိုယ်ပိုင်ပုံပြင်ပေါ့ ငယ်ဘဝကအကြောင်းလေးတွေလည်းပြန်ပြောလို့ရပါတယ်

      မိုးစက်လည်း ဖတ်ထား မှတ်ထား နားထောင်ထားတာတွေကို တတ်သလောက် မှတ်သလောက် ရေးထားတာဖြစ်လို့ Ref; ကို မညွှန်းတာပါ..

      • nature

        January 10, 2012 at 2:03 pm

        အဟီး…. 🙂 ကြွက်ကလေးတွေ ငပိရည်နဲ့တို့စားတဲ့အကြောင်းလား။

  • windtalker

    January 10, 2012 at 1:23 pm

    ဟိုးရှေးရှေးတုန်း က ပေါ့နော်
    အင်မတန် ရိုးသား ကြိုးစားတဲ့ မောင်ပေ ဆိုတဲ့ သူငယ်ချော လေး တစ်ယောက် နဲ ့အင်မတန် မှ ကလိန်ကျ ဘက်ကီးရိုက်တတ်တဲ့ ငပေါက်ဖော် ဆိုတဲ့ သူငယ်ဆိုးလေး တစ်ယောက် ဟာ ဘော်ဒါတွေ ဖြစ်ကြသတဲ့ ကွယ် ။
    တစ်ရက် သူရို ့နှစ်ယောက် လမ်းသွားနေရင်း ၊ တစ်ယောက် ကို အထုပ်တစ်ထုပ် ကိုယ်စီ ကောက်ရကြသတဲ့ ကွယ် ။ အဲဒီ အထုပ်တွေ ကို ဖွင့်ကြည့်လိုက်တော့ အထုပ်တွေထဲမှာ စိန်ပွင့်လေးတွေ ၁ဝ ပွင့် စီ ပါတာ ကို တွေ ့ကြရသတဲ့ ကွယ် ။
    အဲဒီမှာ ရိုးသားတဲ့ မောင်ပေ က တော့ ပိုင်ရှင် ကို မတွေ ့တွေ ့အောင် ရှာပေးတဲ့ အတွက် ၊ ရိုးသားကြောင်း ဆုချီးမြှင့်တဲ့ ဆုတံဆိပ် နဲ ့ဂုဏ်ပြုဆုငွေ အနည်းငယ် သာ ရလိုက်သတဲ့ ကွယ် ။
    ဟို ငဘက်ကောင် ငပေါက်ဖော် က တော့ ပိုင်ရှင် ကို ပြန်မအပ်ဘဲ ၊ ရွှေဘုံသာ အလယ်လမ်း က ကမှောင်ချော ဆိုတဲ့ စိန်ဘာဘူ ဆီမှာ သွားရောက်ထုခွဲ ရောင်းချ ပြီး ဘိန်းကုန် ၊ လူကုန် ဆက်လက်ကူး ရာကနေ အခုတော့ သူဌေးကြီး ဖြစ်သွားသတဲ့ ။
    ပုံပြင်ကလေး ကတော့ ဒါပါဘဲ ကွယ် ။
    ဒန်တန် ့တန်

    • Moe Z

      January 10, 2012 at 1:43 pm

      ကိုပေနဲ့ ပေါက်ကုန်းကုန်းတို့ရဲ့ ကလေးတွေကိုတော့ သနားမိပါတယ် 😀 😀

      • windtalker

        January 10, 2012 at 2:03 pm

        အွန်း
        မိုးဇက်လေး ကို အထူးရှယ် နာနီ အဖြစ် ငှားချင်လာမိသကွယ်
        လုပ်မယ် မလုပ်ဘူး အကြောင်းရယ် ပြန်ပေးပါနော်
        ဟီဟိ

  • နွယ်ပင်

    January 10, 2012 at 1:48 pm

    မိုးစက်ရေ တကယ်ကိုကောင်းတဲ့ စာစုလေးပါပဲ
    တစ်ချိန်ချိန် အသုံးဝင်မှာမို့ ကူးယူသိမ်းထားလိုက်ပါတယ် 🙂

    • Moe Z

      January 10, 2012 at 2:12 pm

      အဲဒီအချိန် အကူအညီလိုရင်လည်း ပြောပါမမနွယ်ပင်ရေ
      တတ်နိုင်သလောက်ကူညီပေးမယ် 😛

      အပေါ်ကကိုပေ…. ကိုပေရဲ့အိမ်မှာ နာနီတော့မလုပ်ပါရစေနဲ့
      မိုးစက်ရည်ရွယ်ချက်ဖြစ်မြောက်လို့ child care and development center ထောင်ဖြစ်ရင် ရွာသူရွာသားတွေရဲ့ကလေးတွေကို အခမဲ့ပျိုးထောင်ပေးမယ် 😀

      • nature

        January 11, 2012 at 5:14 pm

        အဟီး…။ဒီစကားမှတ်ထားနော်။ ကတိစာချုပ်မှာလက်မှတ်တခါတည်းထိုးထား။ 🙂

        • Moe Z

          January 12, 2012 at 8:24 am

          စိတ်ချ .. အဲဒီအချိန်ရောက်ရင် ကတိတည်စေရမယ် ဦးနေချားရဲ့သားလေးသမီးလေးတွေမမီရင် မြေးလေးတွေတော့မီမှာပါ 😀

  • blackchaw

    January 10, 2012 at 2:06 pm

    မိုးစက် ကို ဘွဲ့တစ်ခုပေးမယ်ဗျာ။
    ကလေးကျွမ်းကျင်သူ လို့။
    အမှန်တော့ ကလေးတွေကို ပြုစုပျိုးထောင်တာဟာ
    ပညာရပ်တစ်ခုပါ။
    စံနစ်တကျ ပြုစုပျိုးထောင်သင့်တဲ့ အကြောင်း
    မိုးစက်က ရေးနေတဲ့အတွက် လက်ခုတ်တီးပေးပါတယ်ဗျာ။

    • Moe Z

      January 10, 2012 at 2:19 pm

      ကျေးဇူးတင်ပါတယ် ဘဘဘလက်ရေ
      ကျွမ်းကျင်သူအဖြစ်တော့ မခံယူရဲပါဘူး မိုးစက်ဝါသနာပါလို့လေ့လာနေတဲ့အပိုင်းမို့လို့ပါ ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုတော့ ဒီထက်ပိုကောင်းတဲ့ ပတ်ဝန်းကျင်လေးတစ်ခု
      ဖြစ်လာဖို့အတွက် ကလေးတွေကနေစပြီး ဖောင်ဒေးရှင်းကောင်းဖို့လိုအပ်တယ်လို့ယူဆလို့ပါ
      လူစိတ်ဝင်စားမှုနည်းတဲ့အပိုင်းမို့ အားပေးတာကျေးဇူးအထူးတင်ပါတယ်နော် …

  • pooch

    January 10, 2012 at 2:59 pm

    ပုံပြောတာ လူကြီးက ကလေးကို ပြောပြရင် တော့ ကလေးတွေအတွက် စိတ်ကူးဉာဏ်ကွန့်မြူးစေတော့ ကောင်းတာပေါ့… ဉာဏ်ရည်တက်တာပေါ့..

    ဒါပေမဲ့ လူကြီးက လူကြီးကို ပုံပြင်တွေ ပြောရင်တော့ ယုံတဲ့သူက ဉာဏ်ရည်နိမ့်တယ်လို့ ဆိုပြီး ပြောတဲ့သူက ဉာဏ်ရည်မြင့်တယ်လို့ ဆိုကြပြန်တယ် .. အဲ့ဒါလေးရော ဘယ်လို သဘောရသလဲဟင်…

    just kidding my dear.. 😛

    • Moe Z

      January 10, 2012 at 3:03 pm

      လက်ခံတယ်မမpooch ..
      မိုးစက်အပြင်မှာ သူငယ်ချင်းတွေကိုပြောတဲ့အတိုင်းပြောရရင်
      “အတဲ့သူခံပေါ့”လို့ …. 😀

      • windtalker

        January 10, 2012 at 3:08 pm

        လူဂျီး က လူဂျီး ကို ပုံပြောလို ့
        တစ်ယောက်နဲ ့တစ်ယောက် ယုံသွားရင်
        သာယာပျော်ရွှင်စရာ အချစ်ဇါတ်လမ်းတစ်ပုဒ် လည်း ဖြစ်သွားနိုင်တယ် ဆိုတာ
        နှလုံးသား ရှိသူတွေ ၊ ချစ်တတ်သူတွေ ဘဲ
        သိကြမှာဘာလေ….
        ဟီဟိ
        အရဂါးနောက်ဒါနော

        • inz@ghi

          January 10, 2012 at 3:35 pm

          ကပေ့ရေ. ….
          ကျနော်တော့ မအားမလပ်ဖြစ်နေလို့ လူဂျီးက လူဂျီးကို ပုံပြောတဲ့ကိစ္စရပ်ကို တလမှာ ၂ရက်ပဲ
          ဆောင်ရွက်နိုင်ပါတယ်ဗျာ …..အဲ့ဒါကတော့ မိုးရွာတဲ့ ရက် ရယ် …မိုးမရွာတဲ့ရက်ရယ်ပါ….
          ဟီး….

    • inz@ghi

      January 10, 2012 at 3:33 pm

      အဲ့လာကျောလာပေါ့ ….အဲ့လာ သင်ယူနေ/ချင် တာပေါ့ ….

      ဘစ်ဇနက် ကစပြောမယ်နော….

      ကျနော်တို့ အလုပ်က selling dreams လေဗျာ ….
      ထုတ်ကုန်တွေ မရောင်းဘူး ..အဲဒါတွေ က sales ကဘဲတွေ ရောင်းလိမ့်မယ်..
      ကျနော်တို့ကတော့ အိပ်မက်ပဲရောင်းမယ် …အိပ်မက်ရောင်းဖို့က ပုံပြောကောင်းဖို့လိုတယ်..
      story making, story telling towards selling dreams ….
      အဲ့ ..တခုတော့ရှိတယ်. ….selling ice to eskimos အထိတော့ သွားလို့မရဘူး …

      အင်း ဘစ်ဇနက် အကြောင်းပီးတော့ ပါဆင်နယ်အကြောင်း ဆက်ရတာပေါ့…အာဟိ…
      အဟမ်း …..ပါဆင်နယ်ပုံပြောတဲ့ ကိစ္စကတော့ …..ကျောလော့ဘာဘူးလေ …..

      ခစ်ခစ်..
      ခင်တဲ့ မစ္စတာဂီ

  • bluerose

    January 10, 2012 at 3:13 pm

    ခုလိုမျိုးကလေးတွေကိုအခြေခံကောင်းအောင်ပျိုးထောင်ဖို့တကယ်ကိုခက်ပါတယ်
    မိဘတွေကနည်းမှန်လမ်းမှန်ထိန်းကျောင်းနိုင်မှပါ
    မိုးစက်ရဲ့ရည်ရွယ်ချက်လေးကိုသဘောကျပါတယ်
    နောက်လည်းဖြစ်သင့်တာလေးတွေကိုရေးပါအုံးနော်

    • Moe Z

      January 10, 2012 at 3:26 pm

      အားပေးတာကျေးဇူးတင်ပါတယ် မနှင်းဆီပြာရေ
      ကြိုးစားပါ့မယ် 🙂

  • hmee

    January 10, 2012 at 4:16 pm

    မိုးဇက်ရေ ဒီမှာ စာအုပ်ဝယ်ရင် စာအုပ်နောက်ကျောဖက်မှာ အသက်အရွယ်အလိုက် ကာလာနဲ့ ခွဲခြားပြထားတယ်။ သူ့ကာလာနဲ့ သူမှ စိတ်ဝင်စားတယ်။ သားအတွက် စာအုပ်စုတော့ မမှီက အခုအရွယ်အတွက်ရော နောက်ကြီးလာမဲ့ အရွယ်အတွက်ရော ဝယ်စုတယ်။ သားက စာအုပ်တွေကို ကိုင်ကြည့်တယ် သူစိတ်ဝင်တစားကြည့်နေတဲ့စာအုပ်ကို ကြည့်လိုက်ရင် တကယ်ပဲ သူ့အသက်အရွယ်နဲ့ အံ့ကိုက်။ အိမ်ကြီးရှင်က စာဖတ်ပျင်းလို့ မမှီက သားကို သူနဲ့တူမစိုးလို့ အခုတည်းက စာဖတ်ဝါသနာပါအောင် စာအုပ်လေးတွေ ဝယ်ပေးပြီး စွဲဆောင်နေတယ်။ 🙂 ပြန်ရောက်ရင် ရွှေတိဂုံတောင်ဖက်မုဒ်က စာအုပ်တန်းတွေ သွားမွှေမလို့။ ၅၅ဝပုံပြဇတ်တော်တွေ ဖတ်ပြမလို့။ 🙂

    • Moe Z

      January 10, 2012 at 4:25 pm

      ကောင်းတယ်မမမှီရေ အားပေးပါတယ်
      မိုးစက် ၆နှစ်အရွယ်က ကာတွန်းလေးကို အခုထိမှတ်မိနေတာပြောဖူးတယ်နော်
      ဘဝမှာ မှတ်ဉာဏ်အကောင်းဆုံးအချိန်မှာ ဘာသာရေးအသိအမြင်မှန်ကန်ဖို့
      လမ်းပြပေးရမှာပေါ့ …
      သိပ်ချစ်စရာကောင်းတဲ့သားလေးတွေနဲ့ ပျော်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားလို့ မမမှီအတွက်ဂုဏ်ယူပါကြောင်း 😛
      သားလေးအတွက်စာအုပ်တွေများများဝယ်ခဲ့နော်
      ဒီမှာလိုချင်တဲ့စာအုပ်တိုင်းမရဘူး ဈေးလည်းကြီးတယ် 🙂

  • manawphyulay

    January 10, 2012 at 4:29 pm

    အရင်တုန်းကတော့ ကလေးတွေ အတော်များများက ညကို မအိပ်ခင် ပုံပြင်ပြောခိုင်းတာတို့ သီချင်းဆိုခိုင်းတာတို့ ရှိကြပေမယ့် ခုခေတ်ကလေးတွေကျတော့ ဉာဏ်ရည်လည်း ပိုမိုတိုးတက်လာတယ်လို့ မြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကလေးတွေက မတ်တတ်ရပ်မစမ်းခင် ဝမ်းလျားမှောက်တာတွေဘာတွေရှိခဲ့ပေမယ့် ခုခေတ်ကျတော့ အဲလိုအဆင့်ကိုကျော်သွားကြတယ်။ ဒီလိုပဲ ပုံပြင်ပြောခိုင်းတာထက် သူတို့က ပြန်ပြောပြတဲ့ခေတ်ကို ရောက်သွားနေတယ်လို့ မြင်မိတယ်။ ကိုယ်တိုင်ဖတ်ချင်စိတ်လည်း သူတို့မှာရှိလာကြတယ်။ စာပေဆိုတာ ငယ်ငယ်ထဲက အကျင့်လုပ်ပေးတာ အရမ်းပဲ ကောင်းလှပါတယ်။ အကျိုးရှိသော စာပေနဲ့ အကျိုးမရှိသော စာပေတော့ လူကြီးတွေက ခွဲခြားပေးဖို့တော့ လိုအပ်ပါတယ်။

    • Moe Z

      January 11, 2012 at 8:16 am

      မမမနောရေ ကလေးလေးတွေကတော့ တစ်မျိုးစီပေါ့နော်
      ဒီခေတ်ကလေးတွေအတတ်မြန်တာလည်း ဟုတ်ပါတယ်
      ဒါပေမယ့် မိဘကတော့ သူတို့ပြန်ပြောပြမှ သိရတဲ့အထိမဖြစ်အောင် နေရမှာပေါ့
      ခေတ်ကိုလည်းမျက်ခြည်မပြတ်အောင် ဂရုစိုက်ရမယ်လေ
      အကောင်းဆုံးကတော့ ကလေးတွေကို စာကောင်းပေမွန်တွေနဲ့မိတ်ဆက်ပေး
      အသိအမြင်အတွေးအခေါ်မှန်ကန်ဖို့ လမ်းပြပေးရမှာပေါ့..

  • yaungchikha

    January 10, 2012 at 4:41 pm

    မိုးဇက် ရဲ့ ပုံပြောကြမယ်လေးဖတ်မိတော့မှ ကျမတူလေးကိုလည်း ပုံပြောပြရမယ်ဆိုတဲ့စိတ်လေး ဖြစ်မိတယ်……… ကျေးဇူးတင်ပါတယ်နော်

  • MaMa

    January 10, 2012 at 6:09 pm

    မိုးစက်ရေ- တကယ်အသုံးဝင်တဲ့ အကျိုးရှိတဲ့ ပိုစ့်လေးပါပဲ။

    ကလေးတွေကို ပြောပြလေ့ရှိတဲ့ စကားတစ်ခု ပြောရရင်-
    မတတ်အပ်သည့် ပညာမရှိ၊
    အသုံးချသင့် မချသင့် စဉ်းစားရမည့် ပညာသာရှိသည်။
    လို့…

    ခါးပိုက်နှိုက်တဲ့ပညာ၊ ဖောက်ထွင်းဝိဇ္ဇာပညာတွေလည်း တတ်ထားရင် ကောင်းတာပဲ။
    ဒါပေမယ့် အသုံးတော့ မချသင့်ဘူးပေ့ါ နော… 😀

  • naywoonni

    January 10, 2012 at 10:20 pm

    ကလေးလေးတွေက ကိုယ့်ထက်ပိုတတ်နေလို့ ခက်နေတယ် မိုးဇက်ရေ…..။ သူတို့လေးတွေ ပြောတဲ့ ပုံပြင်လေးတွေက ကိုယ်တို့ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ ပုံပြင်တွေလို စိတ်ကူးယဉ်မဆန်တော့ဘူး…။ တစ်ကယ့်လက်တွေ့ ဘဝမှာ သူတို့ကြုံ တွေ့လာတာလေးတွေ ကို ပုံပြင်လုပ်ပြီးပြောပြောနေလို့ တစ်ချို့ကလေးတွေဆိုရင် လက်လန်တယ်တစ်ကယ်ပဲ……..။

  • small cat

    January 11, 2012 at 7:18 am

    မိုးဇက်ရဲ့ တားတား မီးမီးလေးတွေကတော့ ကံကောင်းကြမှာပါ။

  • Moe Z

    January 11, 2012 at 8:26 am

    @ မyaungchikha
    မိုးစက်ကလည်း ကျေးဇူးတင်ပါတယ်နော်

    @ မမရေ
    ((မတတ်အပ်သည့် ပညာမရှိ၊
    အသုံးချသင့် မချသင့် စဉ်းစားရမည့် ပညာသာရှိသည်)) ဆိုတာကို အပြည့်အဝထောက်ခံပါတယ်
    ဒါကြောင့်မိုးစက်လည်း ဆယ်တန်းအောင်ပြီးကတည်းက ပြေးလိုက်လွှားလိုက်နဲ့ နားကိုမနားရသေးဘူး
    တကယ်တော့ ပင်ပန်းတယ် 😀

    @ ဘဘနီရေ
    အဲလိုတော့အကျောမခံနဲ့ အမှီလိုက်နော် 😛

    @ ကိုကြောင်လေး
    ကွန်မန့်ပေးတာကျေးဇူးပါနော် ..

    • ငပေါက်ဖော်

      January 11, 2012 at 2:12 pm

      သများကိုကျတော့ ကျေးဇူးမတင်ဘူးလား..
      သများကိုအကြောင်းမပြန်လို ့..သများခမျာ စိတ်မကောင်းတွေဖြစ်..အိပ်မက်ဆိုးတွေက်
      မစားနိုင်မသောက်နိုင်ဖြစ်ပြီး..ဂုတ်ကျားအတွက်တောင် မကျန်တော့ဘူး..
      မစားနိုင်လို ့..မစားနိုင်လို ့

      • Moe Z

        January 11, 2012 at 2:31 pm

        အပေါ်မှာ ပေါက်ကုန်းကုန်းဆိုပြီးပါတယ်လေ
        အင်း … သူ့ကလေးမှမဟုတ်ဘူး
        သူ့အိမ်မှာရှိတဲ့ခွေးတောင် သနားစရာကောင်းနေပြီ
        အစာတောင်မစားရရှာဘူး….

  • ကိုရင်စည်သူ

    January 11, 2012 at 1:51 pm

    မိုးဇက်လေး… ကိုရင့်ကို ငယ်ငယ်လေးကတည်းက
    ဘယ်သူမှ ပုံပြင်ပြောပြဖူးဘူး..
    ခု မိုးဂလေး ပုံပြောမယ်ဆိုတော့.. သိပ်နားထောင်ချင်ခဲ့တဲ့
    စနိုးဝှိုက်ပုံပြင်လေး ပြောပြပါရားဟင်…
    ကိုရင် မင်းသားလေးအဖြစ် ဝင်ခံစားချင်ရို့ပါ။…
    အဆိပ်မိနေတဲ့ မိုးဇက်လေးကို ကူညီပါရစေနော်… 😛 😛 😛

    • Moe Z

      January 11, 2012 at 2:03 pm

      ကိုရင်စည်သွပ်က ဉာဏ်ရည်နိမ့်တဲ့သူဖြစ်ချင်တယ်ပေါ့ 🙂
      ကိုယ့်ဘာသာစိတ်ကူးယဉ်တာတော့ မတားပါဘူး
      မိုးစက်ကိုတော့အဆိပ်မမိခိုင်းပါနဲ့ အကောင်းကြီးပါ

  • M-Lulin

    January 11, 2012 at 3:25 pm

    မြန်မာလို ရေးထားတဲ့ ပုံပြင်အများစု ကို တူလေး၊ တူမလေး တွေကို ပေးဖတ် ဖြစ်ပါတယ်။ ပုံပြင် အများစု က .. သားသမီး သုံးယောက် မွေးထားတယ်ဆိုပါတော့။ အငယ်ဆုံး က စိတ်ထားကောင်းတာတို့၊ အကြီးဆုံး က စိတ်ထားကောင်းတာတို့ ပဲအတွ့များပါတယ်။ ဘာလို့ အလယ်အလတ် တွေက ကြားညှပ် နေကြရမှန်း စဉ်းစားလို့ မရခဲ့ဘူး။ တကယ် ပဲ သူတို့ က မကောင်းတာ တွေ များ နေလို့ လား။ … ခုတော့လဲ အဝေးရောက် နေတာကြာပါပြီ။ ကြားတာတော့ ပုံပြင်စာအုပ် အစား story game တွေပဲ အသားကုန် ဆော့ နေကြတယ်တဲ့… ဦးလေး ခြေရာ ကို မဟုတ်တဲ့ နေရာ မှာ အမှီ နင်း တဲ့ ဟာလေးတွေ… ဟီး .. ကလေး တွေပြုစု ပျိုးထောင် တာ အနုပညာ တစ်ခု လို့ ပြောလို့ ရပါတယ်။ လေးစားပါတယ် ဗျာ။

    • Moe Z

      January 11, 2012 at 3:42 pm

      အင်း .. ကြည့်ရတာတော့ ကိုလုလင်က အလတ်ဖြစ်ရမယ် 🙂
      မြန်မာပုံပြင်တွေကို တီထွင်ဆန်းသစ်ဖို့လိုပြီထင်တယ်
      ဒါကြောင့် ပုံပြင်တွေကို ကိုယ်တိုင်တီထွင်ဖို့ပြောတာ
      ကိုယ်သတ်မှတ်တဲ့စံတစ်ခုကို ဘောင်ဝင်အောင်အချက်အလက်တွေစုဆောင်းပြီး
      ကလေးစိတ်ဝင်စားမယ့် ဇာတ်လမ်းမျိုးဖန်တီးပေါ့
      ဂိမ်းအလွန်အကျွံဆော့တာ ကလေးတွေအတွက် မကောင်းဘူးနော်
      puzzle လေးတွေဖြေခိုင်းကြည့်ပါ …

Leave a Reply