ကပေ့ရဲ့ အာဂလူစွမ်း ..စူပါမန်း …၁၁ယောက် (၁၆)

ムラカミJanuary 10, 20121min13310

ပွဲစပြီ ….

မိုက်ကီ ကြက်ဆင် ကိုပင် အသေစောစေခဲ့သော ….ကမာ္ဘသိ မြန်မာ အကဝိဇ္ဇာပီပါဟိန်း၏

…တစ်ဦးတည်းသော  ချစ်ဒဘဲ့ ….မိုးစက် ကလေး ၏ အငြိမ့် အစီအစဉ်ပီးဆုံးပီးသကာလ ……

ရွှေခါးပတ်ရှင် ဗမာ့လက်ဝှေ့ကျော် နိုဇိုးမိ နှင့်  စိန်ခေါ်သူ တွေ့မရှောင်ကိုမည်းကြီး တို့၏ ပွဲ …..

ဗိန်းမောင်းသံတွေ ညံနေ၏ …. commentator တွေပင် …ဟိုင်းရား ဟိုင်းရား အော်နေပေပြီ ….

ထိုအချိန်….

 

 

ငွေသိမ်းသတ္တာကို တွန်းလာသော လုံခြုံရေးဝန်ထမ်း၂ယောက် ဗော့လ်ထဲ ဝင်လာသည် ….

သတ္တာထားပြီး ဟန်မပျက် အသာအယာပင် ပြန်ထွက်သွား၏…. ထိုသတ္တာတွင်းတွင်ကား ….

အောက်စီဂျင်ဗူးတပ် ကိုသော်စ့်… ပါရှိ၏။ ထို၂ယောက်ဆိုသည်ကား ..တက္ကနစ်ရှင် သင်္ဘောသီး

၂လုံး (ကိုရင်အီးတီ ကိုရင်စည်သွပ် တည်း)

 

အပြင်ရောက်သည်နှင့် ထို၂ယောက် လျှို့ဝှက် စကားပြောမိုက်ခ် မှနေ၍ တစုံတယောက်ဆီ

အကြောင်းကြားတော့သည်…

 

ထို တစုံတယောက်ကား ….ထလန်စဖော်မာဘေးမှ ကိုမှောင်ချော တည်း…..

သူသည်..နောက်သို့ခြေ ငါးလှမ်းမျှ ဆုတ်သည်….ညာဘက်ဘက်တွင် ရီမုတ်ကွန်ထရိုး ကိုင်ထား၏။။။

ဘယ်ဘက်လက်သည်  ဒေးဗစ်ဘက်ခမ်း၏ ဖရီးကစ်ကန် မည်ကို ကာကွယ်သည့်

လူတံတိုင်းနှယ်…တစုံတရာကို လက်နှင့် အုပ်၍ အကာအကွယ် ပြု၏ ။

အဝံ့မရဲနှင့် …. ကြာပါတယ်လေ ..စိတ်ကိုပိုင်းဖြတ်ပြီး …သကာလ ….. နှိပ်ပီ  … ကလစ်ခ် …….

 

အုံး …..!!!! ဖျက် ဖလက် ဖလက် ……

 

ကြက်ဆူအိုး သည် ..ထရန်စဖော်မာ ကို  knock-out လုပ်ချသွားသည် ….ထိုမှ တဆင့် ..လာ့စ်ဗေးဂတ်စ်

တစ်မြို့လုံး မှောင်ကျသွားလေသည် ….။ အမေလိကန်၏ လျှပ်စစ်မီးပေးစစ်စတမ်ကို နော့ကောက်

လုပ်ချသွားသော အာဂကြက်ဆူပင်တည်း.. (စွမ်းထှာ ….)

 

 

လက်ဝှေ့ပွဲ  ကျင်းပရာ ..မန်သ့်လေး ဘေး တွင်ကား ရုတ်ရုတ်သဲသဲ ….

သဂျိုင်ခီးကတော့ ထိုင်ရာမထ အပြုံးမပျက်ပေ…. ကျန်လူများ အကြောင်း ဖော်ပြရလျင်မူ ….

လက်ဝှေ့သမား၂ဦးမှာ ..မည်းမည်းမြင်ရာ …တခွပ်ခွပ် စွတ်ထိုး၏….

ပွဲကြည့်စဉ်အတွင်းမှ အိတုန်သည် မောင်တော် AKKO ၏ ညို့သကျီးကို ဒေါက်ဖိနပ်နှင့် ကန်မိသည်။

ဟာလဖွားဂျီးဆူး သည် တုန်ချိတုန်ချိနှင့် ..ရှေ့တွင်ထိုင်နေသော ကမ်းဝေး၏ လည်ပင်းကို

ထီးကောက်ဖြင့်ချိတ်ကာ ဆွဲ၏ ။ လောင်းကြေးဒိုင်၏ စားပွဲကို မမြင်မကမ်းနှင့် လက်စမ်းပြီး

အားပေးကြသူများမှာလည်း မနည်း …။မိုးဇိလေးပင်ကိုယ့်ထိုင်မသိမ်း ကိုယ် တက်နင်းကာ ..

ဟထိုးလဲသည် .. ။တရုတ်လို… ဂျပန်လို ..ပြင်သစ်လို …တူရကီလို….မည်သို့ အော်လျင် ကောင်းမည်နည်းဟု

ခနတာစဉ်းစားပြီးမှ သက်ပြင်းချ၍ ..“အံမယ်လေးတော့…” ဟု ပီပီသသ ကြီး ရွတ်၏…..

 

သို့နှင့် ….အချိန်ကား စက္ကန့် ၃ဝတိတိကြာ၏ …

ထို့နောက် အရံ အစားထိုး လျှပ်စစ်မီးပြန်လာတော့သည်….။ ကိုမှောင်ချော တယောက် ထိုသို့ စွန့်စွန့်စားစား

စက္ကန့်၃ဝကြာ …မီးဖျက်ရခြင်း သည် အကြောင်းရှိ၏….. ထိုအကြောင်းမှာမူကား …..။

 

 

 

ကပေ့နှင့် ကပေါက်ဖော်တို့ ၂ဦးသည် …မီးဖျက်လိုက်သည်ဆိုကတည်းက

ဓါတ်လှေကားခေါင်မိုးဖွင့်ကာ …မြေတိုက်ခန်း အတွင်းသို့ ဆင်းလေသည် …..။

(မီးမပျက်ခဲ့လျင် အာရုံခံလေဆာ ရောင်ချည်များ လွှတ်ထားသော နေရာဖြစ်၍ …

၂ယောက်လုံး မာလက သွားနိုင်သောကြောင့်တည်း …)

ထို့ကြောင့် ထို အချိန်ကလေး၃ဝစက္ကန့်ကို ပိုင်၂နိုင်နိုင် အသုံးချသွားခြင်းဖြစ်သည် ….။ ထို့နောက်

မြေတိုက်ခန်း အစောင့်၂ယောက်ကို  drunken master စီးရီးစ် အလွတ်ရအောင် လေ့လာထားသော ကပေါက်ဖော်၏

အမူးသမားသိုင်းနှင့် လှဲသိပ်ပစ်လိုက်၏ ။ ဒါတွေကို ထိန်းချုပ်ရေးစခန်းမှ ကြောင်ညီနောင်များ မမြင်ရပါ….။

မမြင်ဆို ကပေ့၏ မြေတိုက်ခန်းအတု ကို ဟိုက်ဂျက်လုပ်၍ ပြသထားသောကြောင့်ဖြစ်သည် ….။

 

စက္ကန့် ၃ဝ ၏ တန်ဖိုးကား နည်းပေ …..။

ကိုကိုကြောင်သည် စိတ်ထင့်ကနဲ ဖြစ်သွားသည် ….ဟုတ်သည် …သူ ဟော်တယ်လ် သဌေးလုပ်လာသမျှ

သက်တမ်းအတွင်း… လာ့စ်ဗေးဂတ်စ်သည် မီးမပျက်စဖူး …။ ခုတလော

ရွှေတွေ အရောက်အပေါက်များလာ တာ တိုက်ဆိုင်စွာတွေ့ရသည်…..။ ဒါ့ကြောင့်များ မီးပျက်သလား မသိ။

တိုက်ဆိုင်မှုများလျင် ကြိုတင်ကြံစည်မှုဟု …တွေးမိသည့်အားလျော်စွာ … လက်ဝှေ့ပွဲ ကို စိတ်မဝင်စားအားပဲ ….

ဘလားဂျီးယိုစ့် သို့ ဒုန်းစိုင်းပြန်သွားသည် ….။ ဗဟိုပင်မ ထိန်းချုပ်ရေးစခန်းကို

ပြန်ကာ ကင်မလာများမှတဆင့် အခြေအနေတွေကိုကြည့်လေသည် ….။ အားလုံး အားလုံးအေးဆေး ..။

…. ဝှူး …တော် သေးတာပေါ့ ……။

 

 

တကယ်တော့ သူမြင်တာတွေသည် ပုံရိပ်ယောင်မျှသာဖြစ်သည် ….။ တကယ့် လက်တွေ့တွင်မူကား …

ငွေသတ္တာကြီးထဲမှ ကိုသော့ ထွက်လာ၏။ လေဆာဖီးလ်ဒ် ကိုရှောင်ရန် နောက်ကျွမ်ပစ်ပြီး တံခါးဝဆီသို့

လှမ်း၏။ ကြောင်ညီအစ်ကိုများ လိုက်မမီနိုင်သော ကြောင်တကောင်ကဲ့သို့ ပေါ့ပါးခြင်းမျိုးနှင့် အဘဖော

အပ်ထားသော သေတ္တာကို ဆွဲယူလိုက်သည် …ထိုထဲမှ မျိုးကောင်းမျိုးသန့် ကြက်ဆူသီး ၁၁လုံးကို

ထုတ်ယူလိုက်သည်…။ တကယ်တော့ ဒါတွေဟာ ကိုမှောင်ချော တီထွင်အောင်မြင်ထားသော …

ကြက်ဆူဒိုင်းနမိုက်များ သာဖြစ်သည်…။

 

ကိုစိန်သော့ တယောက် ဒါတွေကို ငွေသိမ်းခန်း(မြေအောက်ခန်း) တံခါးဝမှာ အစီအရီ

တပ်ဆင်တော့လေသည်…

ထို့နောက် အခန်းပြင်တွင်စောင့်နေသော ကပေ့ နှင့် ကပေါက်ဖော်ကို အချက်ပေးလိုက်၏။…

သူကတော့ လွတ်ရာကျွတ်ရာ သွားပုန်းနေသည်…

 

ကပေ့လက်မှ ရီမုတ်ကွန်ထရိုလာလေး ကလစ် ကနဲမည်သံနှင့်အတူ ….

သမိုင်းတွင် မည်သူမှ မဖောက်နိုင်ခဲ့ ဖူးသော …ဘလားဂျီးယိုစ့် မြေတိုက်ခန်း တံခါးမှာ ဝမ်းမလိ ဝဲလ်ကမ်း

ဖြစ်သွားတော့လေသတည်း..  ထိုအထဲတွင်မူ …ကသော့စ့်. ကပေ့ ကပေါက်ဖော်နှင့်

ဒေါ်လာသန်း ၁၆ဝ တည်း …..။

 

 

ယခုမှ ကိုကိုကြောင်သည် သူဝတ်ဆင်ထားသော လောင်းကုတ် အိတ်ကပ်အတွင်းမှ

နို့ဆီခွက်ကို သတိပြုမိ၏ … (အပိုင်း ၁၅တွင် ကပေါက်ဖော် ထည့်ပေးထားသော ခွက်ဖြစ်သည်)

အထဲတွင် စာတိုလေး ၁ကြောင်း …။

 

မိန်းလော်ဘီ ကိုသွားပါ ..တတိယမြောက် ပြတင်းပေါက် နံရံ အပြင်ဘက်တွင် နားကပ်၍ နားထောင်ပါလေ…

ဟုရေးသားထား၏…..

 

 

10 comments

  • windtalker

    January 10, 2012 at 1:05 pm

    ကိုမှောင်ချော က
    ဇိမ်ဖုန်းဂျီး ဇာဒူးငယ် အပြန်ခရီး ကြိုဆိုပွဲအတွက်
    ရန်ကုန်ကနေ ချုံးဘီးတွေ ကိုင်ပြီးစောင့်နေမယ်တဲ့ ။

  • blackchaw

    January 10, 2012 at 1:23 pm

    ကမှောင်ချော ဆိုတာ အချဉ်မဟုတ်ဘူးဗျာ။
    ကြက်ဆူဒိုင်းနမိုက်ကို တီထွင်သူ ဗျ။ ဟားဟား။

  • Moe Z

    January 10, 2012 at 1:39 pm

    ကိုအင်ဂျီးတော့နော် သများကိုချော်လဲခိုင်းလိုက်သေးတယ် (ပေါက်ကုန်းကုန်းရေ ခဏငှား)
    ဂျာပွန်လို ဘယ်လိုအော်ရမလဲဟင် …

    • inz@ghi

      January 10, 2012 at 2:48 pm

      နာတယ်(痛い)ကိုပဲ ….
      いたったたたた。。。。。。 
      လို့ အော်ကြတာ ကြားဖူးပါသည် ..
      😀

    • ငပေါက်ဖော်

      January 10, 2012 at 5:42 pm

      ပေါက်ကုန်းကုန်း ဖြစ်သွားပါဘီဆို ဘဟာ ငှားရမှာတုန်းတော့

  • Diamond Key

    January 10, 2012 at 4:18 pm

    တကယ်တော့ ဒါတွေဟာ ကိုမှောင်ချော တီထွင်အောင်မြင်ထားသော …ကြက်ဆူဒိုင်းနမိုက်များ (အမည်ခံ ပရဆေး ဗုံးများ နဲ့ ရေပူပေါင်း တစ်လုံး ) သာဖြစ်ပါတယ်။ 😛 ဒါတွေကို ငွေသိမ်းခန်း(မြေအောက်ခန်း) မှာထားခဲ့တာပါ။ အမှန်က ကပေ့ကလက်မှ ရီမုတ်ကွန်ထရိုလာလေး နှိပ်လိုက်တော့ မြေအောက်ခန်းက ရေပူပေါင်းပေါက်ကာ ပရဆေး ဗုံးထဲက မြန်မာ့ယန်းတွေပေါက်ကွဲတာပါ။ 😆

  • ငပေါက်ဖော်

    January 10, 2012 at 5:49 pm

    ကမောင်ချောက ချုံးဘီး ငါးလုံးကိုင်၍ အင်ဂျာဂီ့ကို ကြိုနေစဉ်
    လေယာဉ်ဘီးပေါက်သဖြင့် အင်ဂျာဂီကလဲ ၅ မိနစ်ခန် ့နောက်ကျနေစဉ်

    ထိုစဉ်..

    တိုင်မင်ပေးထားသော ချုံးဘီးငါးလုံးမှာလဲ အချိန်ကိုက်၍ ထပေါက်ရာ..
    အနီးတွင်ပါလာသော မောင်ပေ့ကို ချုံးတီးများ..တစ်တီးပြီးတစ်တီး..ထိမှန်သွားလေသဖြင့်
    မောင်ပေလဲ နေရာတွင် ပွဲချင်းပီးရှောလေသည်

    :ol:

    • windtalker

      January 10, 2012 at 9:34 pm

      ထိုအချိန်တွင်ဘဲ ဖြစ်သည် ။
      ကမှောင်ချော ၏ ချုံးဘီးများ ထပေါက်ကွဲရာမှ ၊ နံသည်ဟု ဆိုကာ ပေါက်ဖော် နှင့် ကမှောင်ချော တို ့ပြန်သွားချိန်တွင် ၊ လေဆိပ်တွင် မစ်စတာပေ တစ်ယောက်ထဲ ကျန်ခဲ့လေသည် ။ ထိုအချိန်တွင် ၊ မြန်မာနိုင်ငံသို ့အလည်အပတ် အဖြစ်လာရောက်သော ၊ ချယ်ရီတွီဒီ ခဗျာ မစ်စတာပေ ကို တွေ ့ရှိသွားပြီး ၊ အစွဲကြီး စွဲသွားကာ ၊ ဒန်တန် ့တန်

  • small cat

    January 11, 2012 at 8:39 am

    ထိန်းချုပ်ရေးခန်းမှကြောင်ညီနောင်များလည်း ဝီတစ်လုံထောင်၍ ကြွက်ကောင်လုံးကင်နှင့် စည်းစိမ်ရစ်နေကြလေသည်။

  • E.T

    January 11, 2012 at 11:42 pm

    ဟွန်းသေတ္တာထဲမှာ ဘာများလဲလို ့ အောက်စီဂျင်ဗူးတပ် ကိုသော်စ့်တဲ့ 🙁
    ဗော်လကာတို ့ ဝီစကီတို ့ဆိုတော်သေး 😛

Leave a Reply