ဂေဇတ်ရွာအလှူတွင် အလိမ်မခံရအောင်

phone_kyawJanuary 10, 20121min32438

တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို ့ပြောတော့ သာဓုခေါ်ရမယ်လို ့ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို ့ပါ။ ဆိုတော့ လှူတဲ့သူတွေ ယုံကြည်အောင် ဘယ်လိုမျိုးလုပ်ထားကြလဲဆိုတာ ပြောစေချင်တယ်။

38 comments

  • etone

    January 10, 2012 at 11:44 am

    အဲ .. ခေါင်းစဉ်ဖတ်မိပြီး ခေါင်းကြီးသွားရုံတင်မကပဲ … အနားရှိလျှင် ဆံပင်ဆွဲ ၊ လည်ပင်းတောင် ထညှစ်မိတော့မယ် …။ 😡

    AKKO ၊ရွှေတိုက်စိုး နဲ့ လေးပေါက်တို့က တရားချထားလို့ စိတ်မြန်တဲ့အကျင့်၊ ဒေါသထွက်လွယ်တဲ့ အကျင့် ၊ ကိုဖြောက်နေတုန်း … ဆောက်နဲ့ လာထွင်းနေပြန်ပလားဗျို့ …. ။

    ရှည်ရှည်ဝေးဝေးတော့ သိပ်မရှင်းပြချင်ဘူး … အရှင်းဆုံးပြောရလျှင် ယုံကြည်တဲ့ လူတွေ လှူလိမ့်မယ် .. မယုံကြည်တဲ့ လူတွေ မလှူနဲ့ … ဒါပဲ … ။ နှိုးဆော်တာပဲ ရှိတာ .. တအိမ်တက် တအိမ်ဆင်း သူတောင်းစားလို ခွက်ကိုင်ပြီး အိမ်ပေါက်ဝလိုက်ရပ်နေတာမဟုတ်တာတော့ သတိရစေချင်တယ် ။

    ဒီမှာ ကိုဘုန်းကျော် လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းမနေပါနဲ့ … ဖျံကျမှ သာမယ့် နိုင်ငံကလူတွေကြားထဲရောက်နေလို့ ရှင့်မှာ ဒီလို စိတ်ရှိတာ အံ့ဩလောက်ပါရဲ့ …. ။ သူများတွေ ကောင်းမှု ကုသိုလ် လိုက်လုပ်နေတာကို … ဘယ်လိုဖြစ်ပြီးများ ဒီလိုစိတ်ဓါတ်မျိုးရှိပါလိမ့် .. အံ့ဩလိုက်တာ အရမ်းပါပဲ … ။ ကျွန်မတို့က ပိုက်ဆံတွေဘတ်သွားရအောင် ဒီလောက်ပိုက်ဆံနဲ့ … တစ်သက်လုံး သူများနိုင်ငံသွားပြီး ကျွန်လုပ်ဖို့ … အရင်းနှီးများရပြီထင်သလား ။

    ကျွန်မတို့ စိတ်ထဲမှာ ပိုက်ဆံထက် ဂုဏ်သိက္ခာ ၊ ကိုယ်ကျင့်တရား နဲ့ သီလကို ပိုပြီး တန်ဖိုးထားတယ် ….. ။
    ဒီအလှူကို မစခင်ကတည်းက စိတ်ထဲမှာ ကြိုတင်ပြင်ဆင်မှုများစွာနဲ့ တစ်ယောက်နဲ ့တယောက် အချိတ်ဆက်မိမိတိုင်ပင်ထားကြတယ် … ။ နေ့စဉ် နေ့တိုင်း အလှူငွေ ကောက်ခံမှု လက်တလော အခြေနေဆိုတဲ့ ခေါင်းစဉ်နဲ့ အီးမေးလ်ကို အလှူရှင် မန်ဘာတွေ နဲ့ သဂျီးကို ပို့ပေးတယ် … ။

    အလှူရှင်စာရင်းကို ပို့စ်အနေနဲ ့မတင်ရတာက … အလှူရန်တိုက်ပေးသလို ဖြစ်နေမှာစိုးတာကြောင့်ပါပဲ … ။

    ကိုဘုန်းကျော် သေချာမှတ်ထားပါ …. နောက်ထပ်မပြောဘူး …

    လှူချင်လျှင် လှူ … မလှူချင်လျှင်နေ …. လာလာညှော်မနေနဲ့ … ။

    • သာမိညောင်

      January 10, 2012 at 12:26 pm

      မမအိတုံခင်ဗျ
      သားသားက မမရဲ့ ပူရိသတစ်ဦးပါခင်ဗျ
      သီးခံတယ်ဆိုတာ လောကီသားတစ်ဦးအနေနှင့်
      သီးထန်စွာခံ ( စား ) ခြင်း
      သိ ( ၍ ) ခံခြင်း
      သိ ( ပြီး ) မှခံခြင်း
      သိ ( လို့ ) ခံခြင်းဆိုပြီး အမျိုးမျိုးအဖုံဖုံ စုံလင်အောင်ရှိလှပါတယ်ခင်
      သို့သော်
      ကျောင်းမှန်းကန်မှန်းသိအောင်ဆုံးမရတာရှိပါတယ်ခင်ဗျ
      ဝေးဝေးမကြည့်ပါနှင့်ခင်ဗျ
      အောင်ခြင်းရှစ်ပါးထဲ
      အရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီး နဂါးကြီး ( တရုပ်နဂါးမဟုတ်ပါ ) အသွင်ဖန်ဆင်းပြီး
      ( အရိယာတို့၏ ဖန်ဆင်းသည် ဆိုရာဝယ် ( စာရေးဆရာမ ခင်မမမျိုးလေသံဖြင့် )
      ဟန်ဆောင်သည်ဟု မှားယွင်းစွာ သုံးစွဲတတ်သည်ကို ကြီးစွာ သတိပြုကြကုန်စေသောဝ် )
      နန္ဒောပန န္တ နဂါးကြီးကို ခုနစ်ပတ်ကြီးများတောင် ညှစ်ပြီးဆုံးမခဲ့တာပါဘဲ
      သစ္စကဗရပိုက် ကိုဆိုရင် သိကြားမင်းက ဘီလူးကြီး ( ဂေဇက် ဘီလူးကြီးမဟုတ်ပါ )
      အသွင်ဖန်ဆင်းပြီး ဖျဲခြောက်ခဲ့ရတာပါဘဲ
      ဒါ့ကြောင့် မမအိတုံအနေနှင့် ငြိမ်မခံပါနှင့်ခင်ဗျ
      အလံထူပြဇလိုက်ဘာခင်ဗျ
      မမအိတုံ၏ အထူးပူရိသ
      သာမိညောင်

      • သာမိညောင်

        January 10, 2012 at 12:30 pm

        အမှားပြင်ဆင်ချက်
        ပူရိသ ဟု ရေးသားထားခြင်းအား
        ပရိတ်သတ်ဟုပြင်ဆင်ဖတ်ရှု့ပေးပါရန်
        ပုံ
        မြန်မာ့မီးရထား၏ လက်အောက်ခံ သံလမ်းဂုဏ်ပဏီ၏ အောက်ခြေလုပ်ငန်းခွဲ
        ဇလီဖာတုံး ကော်ပိုရေးရှင်းဥက္ကဌ
        သာမိညောင်

  • တောင်တန်း က မောင်ဆန်း

    January 10, 2012 at 12:24 pm

    — ကိုဘုန်းကျော် တကယ်ကို ထိုက်ထိုက်တန်တန်လှူမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် သွားယူ ..
    သွားလှူပြီး … အထောက်အထား ၊ ဓါတ်ပုံ ၊ နောက်ဆုံး ကိုကျော်သူ့ လက်မှတ်နဲ့ တကွ အီးမေး ပြန်ပို့ပေးပါ့မယ် …
    ကိုဘုန်းကျော် ဘယ်လောက်လှူမှာလဲ … နဲနဲပါးပါးတော့ မလုပ်ပါနဲ့ဗျာ…
    ကျွန်တော့်သွားယူ ပြန်ပို့ရမယ့် စားရိတ်က အကို့ အလှူငွေထက် ပိုများနေမှာ စိုးလို့ပါ …
    အကို့ငွေကို တစ်ပြားတစ်ချပ်မှ မထိပါဘူးနော် ….
    ကိုယ့်စားရိတ်ကိုယ်စား ခင်ဗျားကို ပါရမီ ဖြည့်မှာပါ ..
    ကဲပြော ၁ဝ သိန်းလား သိန်း ၂ဝ လားအကို …

  • blackchaw

    January 10, 2012 at 12:56 pm

    Etone ရေ။
    သည်းခံပါ ဗျာ။
    ကုသိုလ်ရေးလုပ်တာကနေ အကုသိုလ် ဖြစ်သွားရင်
    မကောင်းပါဘူးနော။
    ကိုဘုန်းကျော်အနေနဲ့ ဒီလိုကိစ္စတွေကို မေးချင်ရင်
    ဖုန်းနံပတ်တွေရယ် ပီအမ်မ်တွေကနေ မေးလည်း ရတာပါပဲဗျာ။
    သူကြီး လည်း ရှိနေတာ၊ စိတ်မချရင် သူကြီးကို ပီအမ် ကလှမ်းမေးပေါ့ဗျာ။
    လူသိရှင်ကြား ဒီလိုကြီးထုတ်ပြောလိုက်တာကတော့
    ဦးဆောင်ပြီး လုပ်နေသူတွေကို စော်ကားသလိုဖြစ်သွားတဲ့အတွက်
    ခင်ဗျားအနေနဲ့ မလုပ်သင့်ဘူးလို့ထင်ပါတယ်။
    အပြန်အလှန်လေးစားမှုလေးတော့ ထားစေချင်တယ်ဗျာ။
    ဒါ ရပ်ကွက်ထဲမှာ လိုက်ကောက်နေတဲ့ ရပ်ကွက်အလှူမဟုတ်ပါဘူး။
    အွန်လိုင်းပေါ်မှာ တရားဝင် ကြေငြာပြီး လုပ်နေတဲ့
    တာဝန်ကြီးတဲ့ အလှူ ကိစ္စပါ။
    သူတို့ ဂုဏ်သိက္ခာနဲ့ ရင်းပြီး လုပ်ရတဲ့ ကိစ္စမျိုးမှာ
    ခင်ဗျားအနေနဲ့ ဒီလို negative အပြောအဆိုမျိုးပြောတာတော့
    မှားတယ်လို့ ထင်တယ်ဗျာ။

  • phone_kyaw

    January 10, 2012 at 12:59 pm

    ကျနော်အဲလိုပြောရင် ခင်ဗျားတို ့စိတ်ဆိုးမယ်ဆိုတာ ထင်ပါတယ်။ ကျနော်ပြောတာက ပွင့်လင်းမြင်သာပြီး တာဝန်ခံနိုင်မှု နဲ ့လိမ်လို ့မရတဲ့ စနစ်ကိုပြောနေတာ။ တစ်ဦးချင်း ဘတ်တာ လိမ်တာကိုပြောနေတာမဟုတ်ဘူး။ အိတုံပြောတဲ့အတိုင်းသာဆိုရင် လှူချင်တဲ့စိတ်တောင် ကုန်သွားတယ်။ ကိုယ်က ဦးဆောင်ပြီး လုပ်နေတာဆိုတော့ အလုပ်ဖြစ်အောင် ဒိထက်ပိုပြီးအောင်မြင်လာအောင် လှူချင်လှူမလှူချင်နေ ဆိုပြီး လုပ်တာတော့မကောင်းဘူး။ ကျနော်နဲ ့ဒေါ်ရွှေဇီးကွက်နဲ ့သိပါတယ်။ ကိုယ့်မောင်နှမတွေကို ပိုက်ဆံသွားယူပြီးခိုင်းပြီးလှူလည်း ရတယ်။ အဓိက ခင်ဗျားတို ့နဲ ့ပေါင်းပြီးလှူတာဆိုတာက ခင်ဗျားတို ့စိတ်ဓာတ်ကို သဘောကြလို ့။ ဒါ့ကြောင့်အားပေးတာပဲ။ သေသေချာချာစဉ်းစားပြီး ကိုယ်နဲ ့တစ်ခါမှ မသိတဲ့သူတွေလှူချင်လာအောင် ဘယ်လိုမျိုးစည်းရုံးရမယ်ဆိုတာကို တွေးစေချင်တယ်။ ဘာမဆိုင်းညာမဆိုင် တစ်ချိန်လုံးရန်ဖြစ်ချင်နေလားမသိဘူး။ ဒီလိုလုပ်။ ခင်ဗျားတို ့အဖွဲ ့ထဲမှာ လူလေးစားတဲ့ နာမည်ကြီးတဲ့ လူတစ်ဦးဦးကို နာယကလို ဦးဆောင်သူလ ိုထည့်ထား။ ဥပမာ အဆိုတော်လေးဖြူက နာယကပါဆိုပြီးလုပ်ပေါ့။ ဥပမာ လူထု ဦးစိန်ဝင်း။ အိတုံက နာမည်ကြီး လူလေးစားရတဲ့လူမှ မဟုတ်တော့ ဘယ်သူက ယုံမှာတုန်း။

    • etone

      January 10, 2012 at 2:49 pm

      သူများနိုင်ငံမှာ အနေကြာနေလို့ ဘယ်လို စိတ်တွေဝင်နေလဲတော့မသိပေမယ့် … ဆွမ်းဆန်ထဲ ကြက်ချေးအရောမခံနိုင်လို့ ပြန်ပြောဦးမယ် … ။

      ကျွန်မတို့အလှူလုပ်ဖို့ ယုံကြည်မှုနဲ့ စေတနာ ထပ်တူချပြီးလုပ်နေကြတာ … ဘယ်နာမည်ကြီး ဆလဗရက်တီရဲ့ အရှိန်ဝါကို ယူပြီး မျောက်ပြ ဆန်တောင်းတာမဟုတ်ဘူး ။
      ရှင်အနေနဲ့ကတော့ တစိမ်းတွေလို ဖြစ်ချင်ဖြစ်မှာပေါ့ … လေလှိုင်းထဲမှာတင် ခင်မင်ရင်းနှီးမှုရပြီး အပြင်မှာပါ ပျော်ပျော်ပါးပါး တွေ့ဆုံနေကြတဲ့ ကျွန်မတို့အဖွဲ့တွေကတော့ တစိမ်းမဟုတ်တော့ဘူး ။

      ကိုယ်လုပ်နိုင်တဲ့ အတိုင်းတာနဲ့လုပ်ပြီးပဲ အလှူခံပါတယ် .. ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောပြီး ညောင်စေ့လောက်လှူပေမယ့် ညောင်ပင်ကြီးလောက်ရမယ် လို့ ချဲ့ကားမပြောတတ်ဘူး …. ။
      ဒီလိုပဲ … ချော့ပြီးလည်း အလှူမခံဘူး ၊ မြှောက်ပြီးလည်းအလှူမခံဘူး … ခြောက်ပြီးလည်း အလှူမခံဘူး … ။ စေတနာအလျှောက်လှူတာကိုပဲ တန်ဖိုးထားလက်ခံတယ် … ။

      ရန်ဖြစ်ချင်လို့တော့မဟုတ်ဘူး …. အမှန်တရားကိုတန်ဖိုးထားပြီး ၊ မဟုတ်လျှင် ငြိမ်မခံတတ်လို့ ပြန်ပြောနေရတာ ….

      အသက်ကြီးပြီး အချိန်စီးအောင် ကျောက်ပျဉ်ရွက်ထားဗျို့ … ။ 😆

    • Thel Nu Aye

      January 10, 2012 at 5:35 pm

      ဒေါ်ရွှေဇီးကွက်နဲ့သိလဲကိုယ်တိုင်သွားလှု။ ကြွားမနေနဲ့။ အိတုန်မို့အလှုငွေထည့်မယ်။ ခင်ဗျားဆိုရင်အလှုငွေထည့်ဖို့ဝေးလို့အိမ်တံခါးတောင်ဖွင့်မပေးဘူး။ အိတုန်သူ့ကိုအလှုမခံနဲ့။ ထည့်တာနဲ့မကာမိပဲအပြောခံရလိမ့်မယ်။ ကိုဘုန်းကျော်————-ရှင်တော့တော်တော်မလွယ်တဲ့လူပဲ။ ရှင်တို့လုပ်စားဖူးလို့စိုးရိမ်နေတာလား။

  • moethidasoe

    January 10, 2012 at 1:00 pm

    အိတုံရဲ့ စေတနာကို လေးစားနေချိန်မှာ
    ဘုန်းကျော်ဆိုတဲ့ အဝေးကလူက စော်ကားတယ်
    အောင်ကိုလတ်က ပြောခဲ့ ဆိုခဲ့ဘူးတယ် .. ဘယ်ကိုရောက်နေ မင်းမြဲမြဲမှတ်ပါ မင်းမြန်မာ တဲ့
    ဘုန်းကျော်က မြန်မာ မဟုတ်သလိုပဲ

  • (ဥပမာ အဆိုတော်လေးဖြူက နာယကပါဆိုပြီးလုပ်ပေါ့။ ဥပမာ လူထု ဦးစိန်ဝင်း။ အိတုံက နာမည်ကြီး လူလေးစားရတဲ့လူမှ မဟုတ်တော့ ဘယ်သူက ယုံမှာတုန်း။)
    ကိုဖုန်းကျော်
    အခုအလှူလုပ်တာက မန်းလေးဂေဇက်က လူတွေစုလုပ်တာဗျာ။
    ဘယ်နာမည်ကြီးတဲ့လူမှ ယုံကြည်အောင်ဆိုထည့်စရာမလိုဘူး။
    ကျနော်ဘယ်သူမှမသိဘူး။
    ဒါပေမယ့် ကိုယ့်ရွာထဲကလူ လုပ်တာ ကိုယ်ဝိုင်းပါမယ်။
    ကိုယ်လူ့ကို ကိုယ်ယုံတယ်။
    အဲတော့ ဒီကိစ္စကို ပြောမယ်ဆိုရင် ဖုန်းနံပါတ်တွေပါတယ်ဆက်လိုက်ပြောပြမယ်။
    ကျနော်တို့ဒီငွေတွေဘယ်လောက်ရပြီဆိုတာ မေးလ်တွေနဲ့ပို့ထားမယ်။
    ခင်ဗျားသိချင်ရင်ပို့ပေးလိုက်မယ်။
    ဟုတ်ပြီလား။
    ကျနော်တို့က စိတ်ရှင်းလို့လုပ်တာ။

  • Ko Ko Aung

    January 10, 2012 at 1:48 pm

    ကျွန်တော်ကတော့ မန်ဘာဝင်ထားရုံလောက်သာရှိပြီး စာလဲမရေး ကွန်မင့်လဲ မရေးသလောက်နီးပါးပါ။ အပြင်လူသက်သက်လို့ ဆိုရမလိုပါ။
    အပြင်လူတယောက်အမြင်နဲ့ ဝင်ပြောချင်လို့ပါ။

    ဒီအလှူက ကိုယ်နဲ့တခါမှမသိတဲ့လူတွေ လှူချင်လာအောင်စည်းရုံးပြီး လှူတဲ့အလှူမျိုးမဟုတ်ပါဘူး။
    ကလောင်မှတဆင့် online မှတဆင့် ခင်မင်ရာ သိကျွမ်းရာတွေစုပြီးအလှူလုပ်တဲ့ မိသားစုအလှူမျိုးမှာ အခြားသူတွေလဲ “ကိုယ့်စိတ်နဲ့ကိုယ် ပါဝင်ချင်ရင် ပါဝင်နိုင်ကြောင်း” ကြေညာထားရုံသက်သက်ပါ။ အချင်းချင်း ယုံတဲ့လူတွေ စုလှူတဲ့ကိစ္စ မယုံရင်မပါရုံသာရှိပါတယ်။ ဆရာကြီးဝင်လုပ်စရာမလိုပါဘူး။

    Etone ဟာ ကျွန်တော်နဲ့ဆိုရင် သမီးအရွယ်သာဖြစ်ပါတယ်။ ဒါပေမယ့် သူ့စာတွေဖတ်ရင်းကတဆင့် သူ့စိတ်ကိုဖတ်မိတဲ့အတွက် ယုံကြည်လေးစားပြီးသားပါ။ သူ့ကိုယုံတဲ့ယုံကြည်မှု့ဟာ အဆိုတော်လေးဖြူထက်ရော၊ လူထုဦးစိန်ဝင်းထက်ရော မလျော့ပါဘူး။ ကျွန်တော့်စိတ်မျိုးရှိသူတွေ MG အသိုင်းအဝိုင်းမှာရော MG ပရိတ်သတ်ထဲမှာရော အများကြီးရှိမှာပါ။

    Etone ကို နာမည်ကြီးသူမဟုတ်ဆိုရင် လက်ခံပါတယ်။ လူလေးစားရသူမဟုတ်ဆိုတာကတော့ တိုက်ရိုက်အားဖြင့် သူ့ကိုစော်ကားလိုက်တာဖြစ်သလို သွယ်ဝိုက်သောအားဖြင့် MG တဖွဲ့လုံးကို စော်ကားလိုက်သလိုပါပဲ။ ဒီဆိုက်က တခြားပေါက်ပန်းဈေးဆိုက်တွေလို တွေ့ကရာကောင်တွေ ထင်ရာလျှောက်ရေး လျှောက်ဆဲတဲ့ ဆိုက်မျိုးလုံးဝမဟုတ်ပါဘူး။ ကျွန်တော်တောင် နိုင်ငံရေးဆိုင်ရာလေး နဲနဲရေးချင်ပေမယ့် ဆိုက်ထိခိုက်မှာစိုးလို့ မန်ဘာသက်တမ်းတနှစ်ကျော်တဲ့အထိ ဘာမှမရေးပဲ စောင့်စည်းနေပါတယ်။ ပြောချင်တာက ဒီဆိုက်က လူကောင်းတွေ လေးစားအလေးထားတဲ့ဆိုက်ပါ။ ဒီဆိုက်ထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ အကျိုးပြုစာတွေ ရေးနေသူတွေဟာလဲ လူကောင်းတွေ အလေးထား လေးစားတဲ့စာရေးသူတွေဖြစ်ပါတယ်။

    “ကိုယ်က ဦးဆောင်ပြီး လုပ်နေတာဆိုတော့ အလုပ်ဖြစ်အောင် ဒိထက်ပိုပြီးအောင်မြင်လာအောင်” ဆိုရင် –
    နေရာတကာ ဆောင့်ကြွားကြွားနဲ့ ဘယ်သူမှဆရာမတင်ပဲ ဆရာကြီးဝင်လုပ်တတ်တဲ့ လူ့ဂလန့် ဖျက်မြင်းတွေ မပါဘို့လိုပါတယ်။
    သူတို့ကတော့ အများအလှူဆိုတော့ကာ မပါနဲ့လို့ပြောမှာမဟုတ်ဘူး။ ယဉ်ကျေးမှု့ရှိသူတွေကိုး။
    ကျွန်တော်ကတော့ အပြင်လူဆိုတော့ – ဒီနေရာကပဲ ကိုဘုန်းကျော်ကို တောင်းပန်ပါတယ်။ ခင်ဗျားလှူချင်ရင် ကိုယ့်ဘာသာပဲ ကြိုက်တဲ့နေရာ သွားလှူပါဗျာ။ သူတို့ကို သွားမနှောက်ယှက်ပါနဲ့။
    ဒီလူလေးတွေစုမိဘို့ ဒီအလှူလေးဖြစ်မြောက်ဘို့ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ဝိုင်းပြော ဝိုင်းဆွေးနွေး ဝိုင်းကြိုးပမ်းခဲ့ကြတာ ။ အခုမှ စရုံတင် စဖြစ်သေးတာပါ။ ခင်ဗျားလိုလူတွေကြောင့် သူတို့ အရှိန်ပျက် စိတ်ပျက်သွားမှာစိုးလို့ပါ။

  • phone_kyaw

    January 10, 2012 at 2:11 pm

    မှားနေတာတော့မဟုတ်ဘူး။လွဲနေတာပါ။ လွဲတာဆိုတာကလည်း သူ ့အယူအဆ ကိုယ့်အယူအဆလွဲနေတာပါ။ ကျနော်မှန်တယ်လို့လည်း မပြောချင်ဘူး။ ဖျက်မျဉ်းလည်း မဟုတ်ပါ။ တစ်ခုတော့ ပြောချင်တယ်။ ကျနော်တို ့မြန်မာတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်မဖြစ်တာက အခုကိစ္စမှာတင်ပေါ်နေပြီ။ ရအောင်ညှိလို ့ရရမယ်။ ကောင်းတဲ့အလုပ်ကို အားလုံးလုပ်နေကြတာပဲ။ မလှူနဲ ့တခြားမှာ သွားလှူပါ။ နာမည်ကြီးစရာမလိုဘူး။ ဂေဇတ်ကလုပ်တာဆိုတော့ ဂေဇတ်နဲ ့တင် ရတယ်ဆိုတာတွေက မရဘူး မဟုတ်ဘူး၊ လုံးဝရတယ်။

    ဒါပေမဲ့ ဒီစကားက မြန်မာလူမျိုးတွေပြောနေတဲ့ လက်လွတ်စပယ်ပြောနေတဲ့ စကားပါ။ တကယ်လို ့တာဝန်ယူချင်တဲ့စိတ်ရှိရင် ဒီလိုစကားကို မပြောရဘူး။ အရမ်းကို အောင်မြင်တဲ့စုပေါင်းအလှူဖြစ်တာ ပိုမကောင်းဘူးလား။ ပိုကောင်းအောင် ပိုပြီးအောင်မြင်လာအောင် လူတွေယုံကြည်လာအောင် လုပ်ဖို ့တာဝန်မရှိဘူးလား။ ဒီအလှူက တစ်ခါတည်းနဲ ့ပြီးမှာမဟုတ်ဘူး။ အိတုံပြောအရ ဆက်ပြီး လုပ်အုံးမှာပါ။

    အင်တာနက်ကနေ စာလေးလေးငါးကြောင်းကောက်ပြီးရေးတာ ၊ အလှူခံတာလွယ်တယ်။ ဒါရဲ ့နောက်ဆက်တွဲက ခက်တယ်။ဒါကို သဘောပေါက်ဖို ့လိုတယ်။

    အလှူခံမယ်။ ပြီးရင် လှူတဲ့ လူတွေရဲ ့နာမည်ကို အင်တာနက်မှာဖော်ပြမယ်။ ဓာတ်ပုံရိုက်ပြီးတင်ပေးမယ်။ ဒါနဲ ့ယုံကြည်မှုရတယ်ထင်ပြီလား။

    သူဌေးတွေတောင် လစ်ရင်လစ်သလို ဘတ်သေးတာပဲ။ အိတုံတို ့အဖွဲ ့ကို သူခိုးလို ့ပြောနေတာမဟုတ်ပါ။

    ဖြစ်နိုင်ရင် စဉ်းစားဖို ့ကို တင်ပြနေတာပါ။ မဖြစ်နိုင်စရာ အကြောင်းလည်း မရှိဘူး။ မယုံရင် လူထုဦးစိန်ဝင်းအိမ်ကို သွားပြီး သူ ့ဆီက အကူအညီတောင်းကြည့်ပါ။ သူပါလာရင် အလှူငွေက ဒိထက်ပိုပြီးများလာမယ်။ ဘဘရယ် နာမည်လေးပဲ ခံပေးပါလို ့ပြောကြည့်။ သူ့ကိုလူအများက လေးစားတယ်။ လူအများအပြားသိတယ်။ အလှူငွေများများရရင် ဆင်းရဲတဲ့လူတွေပိုပြီး ရမယ်။ အလှူငွေများများရဖို ့မလုပ်သင့်ဘူးလား။ လုပ်သင့်တယ်ဆိုရင် ကျနော်အကြံပေးတဲ့ဟာကို မျက်စိမှိတ်ပြီး ငြင်းနေဖို ့လိုသေးလား။

    ဒါ့ကြောင့် လူကြီးတွေမှာ ပိုပြီးတာဝန်ရှိတယ်။

    ဒီရွာထဲမှာ ကျနော်က လူသစ်ပါ။ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူငယ်တစ်ဦးပါ။ ဒါပေမဲ့ နိုင်ငံရေးကို အမြတ်ထုတ်နေတဲ့လူမဟုတ်ဘူး။ ကိုယ်လည်း ဘာကောင်မှ မဟုတ်ဘူး။ ကိုယ့်မှာ ရှိတဲ့ အတွေ ့အကြုံ နဲ ့ဗဟုသုတ အတွေးအမြင်ကို ရှယ်ပေးတယ်။

    ကိုယ်က ဩစတျေးလျမှာနေတယ်။ ဒီနိုင်ငံက ရလာတဲ့အတွေ ့အကြုံကိုလည်း မြန်မာပြည်က လူတွေကို ရစေချင်တယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ကျနော်ပြောတာကို သဘောပေါက်စေချင်တယ်။ မပေါက်လဲနေပါ။ နိုင်ငံခြားမှာနေတဲ့လူတွေက ဆရာလုပ်တယ်လို ့မထင်နဲ ့အုံး။ ကိုယ်လည်း တက်နိုင်သလောက် ကိုယ့်တိုင်းပြည်အတွက် ကူပေးတာပါ။ ဒီလိုပဲသဘောထားစေချင်တယ်။ နဲနဲလေးပြောလိုက်တာနဲ ့စိတ်ဆိုး စိတ်ကောက် ကန်ထုတ်တဲ့အကျင့်ကို မရှိစေချင်ဘူးဗျာ။ ရင်ဘတ်နဲ ့အလုပ်မလုပ်ကြစေချင်ဘူး။ ခေါင်းနဲ ့အလုပ်လုပ်တာ ထိရောက်တယ်လို ့ထင်ပါတယ်။

    • etone

      January 10, 2012 at 3:05 pm

      ပခုံးနှစ်ဘက်ကြားမှာ ခေါင်းပေါက်တိုင်း လူလို့ခေါ်တာ မဟုတ်ကြောင်း … လက်တွေ့သိသွားပြီ ။
      ဘာမှ မပြောတော့ဘူး … 😀 😀 😀

    • Thel Nu Aye

      January 10, 2012 at 5:40 pm

      လစ်ရင်လစ်သလိုက ရှင်ပဲလုပ်။ သူများတွေမလုပ်ဘူး။

  • phone_kyaw

    January 10, 2012 at 3:02 pm

    မြန်မာပြည်က လူငယ်လေးတွေကော လူကြီးလေးတွေကော တော်ကြပါတယ်။ ကောင်းကြပါတယ်။ အမြင်ကျယ်ပါတယ်။ လှူချင်တန်းချင်တဲ့ စိတ်ဓာတ်လည်း ကောင်းပါတယ်။ လေးစားပါတယ်ဗျာလို ့ပြောရင် သဘောကြလား။

    • etone

      January 10, 2012 at 3:15 pm

      HA HA HA HA HA HA ရယ်ရလွန်းလို့ အူတွေတောင်နာလာပြီ … ။ 😆
      နည်းနည်းနောနောတောင်မဟုတ်ဘူး .. ပေါရဲလွန်းလိုက်တာ … ။

    • KoNyeinChan

      January 10, 2012 at 3:31 pm

      ကိုဘုန်းကျော်ရေ… ခင်ဗျား ဘာရေးရေး ဘယ်လိုပုံစံနဲ ့ရေးရေး ကျုပ်ခင်ဗျားကို အကောင်းဆုံးနည်းနဲ ့ခင်မင်စွာ အကြံပေးခဲ့ဘူး/ပေးနေဆဲပါ.. ခင်ဗျားပြောချင်တာနဲ ့ပြောထွက်သွားတာနဲ ့က တခြားစီဖြစ်နေတယ်.. အပြောမတတ်တော့ ဆဲသလိုပေါ့ဗျာ.. အခုဆိုလိုက်တဲ့ကိစ္စမှာ အိတုံရဲ ့သိက္ခာတရားကို အရမ်းထိပါးစေပါတယ်.. ခင်ဗျားအနေနဲ ့တခြားသူတွေအပေါ်အလိမ်ခံရမှာစိုးတဲ့ စေတနာနဲ ့ပြောပေမယ့် ကိုယ့်ထမင်းကိုယ်စားပြီး အများကောင်းကျိုးအတွက်ကူညီပေးနေတဲ့ အိတုံအတွက်တော့ သူ ့သိက္ခာနဲ ့မာနကို အစော်ကားခံလိုက်ရတာဘဲ.. ပြောသင့်တာက ဒီလိုငွေတွေကိုလှူရင် ဘယ်သူတွေက ဘယ်ပုံဘယ်နည်းနဲ ့ထိန်းသိမ်းမယ်၊ ဘယ်လိုစီမံခန် ့ခွဲမယ်၊ ဘယ်တွေကို ဘယ်ရက်တွေမှာလှူမယ်ဆိုတဲ့ အစီစဉ်လေးကို သိချင်ပါတယ်ဆိုရင်တောင်လုံလောက်နေပြီ.. ခင်ဗျားပြောတဲ့ လေးဖြူတို ့ လူထုစိန်ဝင်းတို ့မှခင်ဗျားက လေးစားမှာလား.. နာမည်မကြီးတဲ့ ခင်ဗျားရဲ ့အဖေအရင်းကိုယ်တိုင် ကမကထလုပ်ရင်ကော ခင်ဗျားမယုံကြည်တော့ဘူးလား(ဥပမာပြောတာနော)..
      ခင်ဗျားပြောတာက သူဌေးတောင်မယုံရဘူးတဲ့.. ဟုတ်တယ် ကိုဘုန်းကျော်.. ဒါပေမယ့် လူတိုင်း နေရာတိုင်းမှာတော့ မဟုတ်ဘူး.. တချို ့သူဌေးပိုက်ဆံအိတ်ကောက်ရလို ့ ပိုင်ရှင်ကိုပြန်မပေးပေမယ့် တချို ့တချို ့သော သာမန်လူတန်းစားတွေမှာ “ဪ.. ပိုင်ရှင်တော့ အရမ်းပူပန်သောကရောက်နေမှာဘဲလေဆိုတဲ ့ကိုယ်ချင်းစာတရားနဲ ့” ပြန်ပေးတတ်ကြတာကို ခင်ဗျားလူဖြစ်ခဲ့တဲ့တစ်လျှောက်မှာ ရံဖန်ရံခါကြုံဖူးမှာပါ.. ခင်ဗျားပို ့စ်တွေကလေ တစ်ခါတရံလောက်ဘဲ အကျိုးပြုစေတယ်.. ပြောတုန်းခဏဘဲ.. ခွေးမြီးကောက် ကျည်တောက်စွပ်သလိုမျိုးပေါ့..
      နောက်တစ်ခုက အိတုံနေရာမှာ ငါသာဆိုရင်ဆိုတဲ့ အတွေးနဲ ့တင်လိုက်တဲ့ပို ့စ်လားလို ့ကျုပ်တောင်ခင်ဗျားကိုသံသယဖြစ်မိတယ်.. ((((((((((လူလိမ္မာသားပီပီ ယဉ်ယဉ်ကျေးကျေးဖြစ်စေ့ချင်တယ်ဗျာ…)))))))))))))))
      @@ထပ်လောင်းအကြံပြုလိုတာက ခင်ဗျား အိတုံကို တရားဝင်တောင်းပန်စေချင်တယ်@@

  • blackchaw

    January 10, 2012 at 3:25 pm

    ကိုဘုန်းကျော်ရေ။
    ဒါ ဒီပို့စ်မှာ နောက်ဆုံးပေးတဲ့ ကွန်းမန့်ပါဗျာ။
    ကျွန်တော် စာအုပ်တစ်အုပ်မှာ ဖတ်ဘူးတယ်ဗျ။
    အမှန်ပြောပေမယ့် အပြောမှန်ဘို့လိုတယ် ဆိုတာလေးပါ။
    ခင်ဗျားက မှန်တယ်ထင်ရင် ဇွတ်တင်တတ်တဲ့လူတစ်ယောက်လို့
    ကျွန်တော်က သတ်မှတ်ချင်တယ်ဗျာ။
    မနေ့က ခင်ဗျားပြောခဲ့တဲ့ မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်တောင်
    မြန်မာပြည်က ခင်ဗျားနဲ့ အံမဝင်လောက်တော့ပါဘူးဗျာ။
    ကျွန်တော် ဝင်ပြောနေတာက ခင်ဗျားနဲ့ ရွာသူရွာသားတွေ အဆင်ပြေပြေ လေး
    ဖြစ်စေချင်တဲ့ စေတနာနဲ့ပါ။
    သူတို့လို လူငယ်လေးတွေရဲ့ လုပ်ချင်ကိုင်ချင်လှူချင်တန်းချင် တဲ့ စိတ်ကလေးကို
    ခင်ဗျားအနေနဲ့ မနှောက်ယှက်စေချင်ပါဘူး။
    စာရင်းနဲ့ ဇယားနဲ့ စံနစ်တကျ ဖြစ်အောင် သူတို့လုပ်သွားလိမ့်မယ်လို့ ကျွန်တော်တော့ယုံတယ်။
    ခင်ဗျားမယုံတာ ခင်ဗျားရာဇဝင်ပဲ။

  • lu nyo chaw

    January 10, 2012 at 3:34 pm

    ကျွန်တော်ကလည်း မန်ဘာဝင်ထားပေမယ့် စာဖတ်သူသက်သက်ပါ။ကိုဘုန်းကျော်ရေးတာတွေကိုလည်း ဖတ်ရပါတယ်။
    ကျွန်တော်သိချင်တာက ဖန်ခွက်ထဲက ရေတစ်ခွက်ကို ဘယ်လိုမြင်သလဲဆိုတာပါ။
    ရှိပြီးသားတစ်ဝက်ကို အကျိုးရှိအောင် သုံးမလား?
    ဒါမှမဟုတ် တစ်ဝက်ပဲရှိတယ် မြင်ရင်လည်း မရှိတဲ့တစ်ဝက် ကို ဘယ်လိုဖြည့်မယ်စိတ်ကူးထားလည်း?
    ကိုဘုန်းကျော် လက်ခံထားတဲ့ယုံကြည်မှုနဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် လိုအပ်တဲ့ (ဝါ)ကျန်နေသေးတဲ့ရေတွေ ကို ဖြည့်ပေး
    နိုင်မလားဆိုတာကောပေါ့၊

  • phone_kyaw

    January 10, 2012 at 3:38 pm

    ဝိုင်းပြီးဆော်လိုက်တာ ဘုန်းကျော်တစ်ယောက် ခေါင်းကို ကျိန်းထွက်သွားတာပဲ။ ခင်ဗျားတို ့ကလဲပြော။ ကျနော်ကလည်းပြောပေါ့ဗျာ။ ဘာဖြစ်လဲ ဟုတ်ဘူးလား။ လေထိုးလေရော်ပေါ့။ ခင်ဗျားတို ့အုပ်စုတောင့်တာကိုးဗျ။ ဟဲ…ဟဲ။

  • kai

    January 10, 2012 at 3:49 pm

    ကဲ..
    ကိုရင်ဘုန်းကျော်ရေ..
    ရွာထဲ.. တုံမမကို အထင်တော့မသေးပါနဲ့..။သူက.. ကုမ္ပဏီမှာအလုပ်လုပ်နေသူပါ..။
    ဆိုတော့..
    စာရင်းနဲ့အင်းနဲ့.. ကျုပ်ဆီမှာအကုန်ရှိပါတယ်..။ စလုပ်တော့.. အလှူငွေ အဝင်အထွက်အတိအကျ ပေးနေပါတယ်..။ ဘာမှတောင်းလည်းမတောင်း.. မေးလည်းမမေးရပါဘူး.။ သူ့သဘောနဲ့သူကို ပို့နေတာပါ..။
    ပြီးတော့…
    ကိုကျော်သူကလည်း မန္တလေးဂေဇက်နာမယ် ကောင်းကောင်းသိပါလိမ့်မယ်.။
    သိဆို.. သူကိုယ်တိုင်..အယ်လ်အေလာခဲ့ဖူးတာကိုး… 🙂

    တုံမမနဲ့တကွ.. ရွာသူားတို့ရေ..
    ကိုရင်ဘုန်းကျော်ကို နားလည်ပေးလိုက်ပါ..။
    အခုတလောက.. ပြသနာတချို့ရှိတယ်..။ အဓိကက.. နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာပါ…
    .. ကိုဇာဂနာပြောလိုက်တာနဲ့ပါတ်သက်ပြီး.. အပြင်ရောက် ငွေလှူနေသူတွေမှာ ခံစားချက်တခုဖြစ်တယ်..။ ဘာလဲဆိုတော့.. နိုင်ငံခြားကနေ.. လှူတဲ့သူတွေက.. စာရင်းမတောင်းပဲ.. စွတ်လှူနေတာ… ခုလပိုင်းမှ.. ကိုဇာဂနာက.. အထဲကသူတွေများ.. ငါးခြောက်တဖတ်တောင်မရဘူးထပြောတော့.. “ဟာ”ကနဲ့.. ခံလိုက်ရတယ် ဖြစ်နေတာပေါ့…
    အဲဒီခံစားချက်ကို .. ဒီမှာလာ… ရင်ဖွင့်တယ်ပဲမှတ်ပါ…။
    ======
    ဆိုတော့…
    ကိုရင်ဘုန်းကျော် ငွေကို စိတ်ချလက်ချ ပို့လှူနိုင်ပါတယ်..။
    အဲဒီငွေ စရိတ်တပြားမှမပွန်းပဲ.. လှူကြတဲ့ဆီ အပြည့်တန်းရောက်သွားမယ် အာမခံပါတယ်.။
    သိတဲ့အတိုင်း.. မြန်မာပြည်က.. အခွန်ဆောင်တာတွေ..အခွန်ငွေစည်းကြပ်တာတွေ လုပ်ထုံးနည်းလမ်း.. မဖွံ ့ဖြိုးသေးတော့.. လှူတဲ့ငွေရဲ့.. လက်ခံဖြတ်ပိုင်း ပေးမယ်မထင်ပါဘူး..
    အဲဒါမရလို့.. ဩစီမှာ တက်စ်(အခွန်) ပြန်လျှော့ချင်တယ်..ကလိန်းလုပ်လို့တော့ မရပါဘူး..။
    စိတ်ထဲ..မပြတ်ရင်.. မလှူပါနဲ့လို့ပါနော..။

    စိတ်ထဲပြတ်ရင်တော့.. ငွေလှူပြီး..စိတ်ဓါတ်ရေးရာအရ….မြေတောင်မြှောက်တဲ့အနေနဲ့.. စွတ်စွဲသလို သက်ရောက်သွားတဲ့.. အရေးအသားအပေါ် တောင်းပန်ရင်း… အားပေးလိုက်စေချင်ပါတယ်..။
    ရှိတဲ့.. အကြံဉာဏ်တချို့.. ဖြည်းဖြည်းချင်း (အပြုသဘောနဲ့) ပေးစေချင်ပါတယ်.။
    ပြန်လှန်.. ဝိုင်းဆွေးနွေးကြပါလိမ့်မယ်..။

    ဒီလိုနဲ့.. တလှမ်းချင်းရှေ့ဆက်ကြရမှာပါပဲ..။
    လမ်းဆက်လျှောက်ကြပါ….။ 😆

  • (ဖြစ်နိုင်ရင် စဉ်းစားဖို ့ကို တင်ပြနေတာပါ။ မဖြစ်နိုင်စရာ အကြောင်းလည်း မရှိဘူး။ မယုံရင် လူထုဦးစိန်ဝင်းအိမ်ကို သွားပြီး သူ ့ဆီက အကူအညီတောင်းကြည့်ပါ။ သူပါလာရင် အလှူငွေက ဒိထက်ပိုပြီးများလာမယ်။ ဘဘရယ် နာမည်လေးပဲ ခံပေးပါလို ့ပြောကြည့်။ သူ့ကိုလူအများက လေးစားတယ်။ လူအများအပြားသိတယ်။ အလှူငွေများများရရင် ဆင်းရဲတဲ့လူတွေပိုပြီး ရမယ်။ အလှူငွေများများရဖို ့မလုပ်သင့်ဘူးလား။ လုပ်သင့်တယ်ဆိုရင် ကျနော်အကြံပေးတဲ့ဟာကို မျက်စိမှိတ်ပြီး ငြင်းနေဖို ့လိုသေးလား။)

    ဒါကိုဖတ်မိတော့ နာမယ်မရှိသေးတဲ့လူငယ်တွေက ကိုယ်ဘာသာကိုယ်ကြိုးစားမကြည့်ရတော့ဘူးလား။
    နာမယ်ရှိသူရဲ့အရိပ်အောက်ကိုဘဲ တိုးဝင်နေရတော့မှာလား။
    နောက်အခုလုပ်နေတာက ဒီမန်းလေးဂေဇက်မှာရှိတဲ့သူတွေ နိုင်သလောက်လေးကြိုးစားလို့စုပြီးလှူချင်တာ
    ဒါပထမဆုံးသောခြေလှမ်း။
    ဒါပေမယ့် ဘယ်လောက်ရတယ် ဘယ်သူလှူတယ်ဆိုတာကို စာရင်းအင်းအတိအကျနဲ့တင်ပြနေတယ်။
    မေးလ်တွေထဲနဲ့လှူဒါန်းသူတွေကို တစ်ခါထဲပို့ပေးနေတယ်။
    တတ်နိုင်သလောက် တိကျအောင်လုပ်ပေးနေပါတယ်။
    သေချာတာတစ်ခုကတော့ အခုနာမယ်ခံပြီးအလှူခံပေးနေတဲ့သူတွေက လူချမ်းသာတွေမဟုတ်သလို
    လာလှူတဲ့ငွေတွေကို လိမ်မှာမဟုတ်တာကတော့ လုံးဝကို သေချာပါတယ်။
    စောင့်ကြည့်လိုက်ပါလို့ဘဲပြောချင်ပါတယ်။
    အရှင်းဆုံးပြောရရင် ကိုယ့်အင်အား ကိုယ့် ဝိရိယ ကို အားကိုးပြီးလုပ်ကြည့်တာပါ။
    ဘယ်နာမယ်ကြီးသူရဲ့ အရိပ်အောက်ကိုမှဝင်ပြီး အကူအညီမယူချင်လို့ ကိုယ်နိုင်သလောက်လုပ်တာပါ။
    အဲတော့ စောင့်ကြည့်ပါလို့ဘဲထပ်ပြောချင်ပါတယ်။

  • နွယ်ပင်

    January 10, 2012 at 3:57 pm

    ကိုဘုန်းကျော်ရေ ဒီရွာက အုပ်စုဖွဲ့ပြီး အခုလိုပြောနေတယ်လို့ထင်နေပုံရပါတယ်
    အမှန်က ရွာကလူတွေ လူဟောင်း လူသစ် ခွဲခြားပြီး မဆက်ဆံတက်ကြပါဘူး ။ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပါပဲ။ အခုလိုလည်း လူတိုင်းက လိုက်မပြောနေတက်ကြပါဘူး ။
    ဒါပေမယ့် အခုဟာက ဘယ်သူမှားနေတယ် မှန်နေတယ်ဆိုတာ အရမ်းးကို သိသာနေပါတယ်
    ကိုယ်ကမှန်တယ်လို့ထင်နေပင်မယ့် အများအမြင်မှာတော့ တော်တော်လေးကို မှားယွင်းနေပါတယ်
    အပြောမတက်တော့ ဆဲသလိုဆိုတာမျိုးဆိုသလိုပေါ့ စိတ်ရင်းအမှန်က ဘယ်လိုရှိမလဲတော့ မသိပင်မဲ့
    အခု ကိုဘုန်းကျော်ပြောပုံမျိုးက ဒီအလှူကို ဟန့်တားနေပုံပါပဲ ..နောက် လူသိရှင်ကြား ဒီလိုကြီးထုတ်ပြောလိုက်တာလည်း ဦးဆောင်ပြီး လုပ်နေသူတွေကို စော်ကားသလိုဖြစ်နေပါတယ် ….

  • Khin Latt

    January 10, 2012 at 4:05 pm

    ကိုဘုန်းကျော် – လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ် အယူအဆ ကျင့်ကြံနေထိုင် ပုံခြင်း မတူ ကြတာ သိမှာပါ။ တစ်မိတစ်ဘ ထဲက မွေးတဲ့ လူခြင်းတောင် စိတ်ချင်းမတူ ကြတာရှိနိုင်ကြပါဘူး။ တစ်မိတစ်ဘ ထဲကမဟုတ် ပေမဲ့လဲ စိတ်ချင်းတူနိုင်ပါတယ်။
    ဒါပေမဲ့ တကယ်က ကိုယ့်စိတ် သူ့စိတ် ထပ်တူမှလဲ ရင်းနှီးခင်မင်နိုင် တာ မဟုတ်ပါဘူး။
    ဒီလို ဘဲ မတူတာကို ညှိရင်း နှိုင်းရင်းနဲ့ အလုပ်လုပ်ရင်း နဲ့ဘဲ မောင်ရင်းနှစ်မ တွေလို ခင်မင်တတ်ကြပါတယ်

    ကိုဘုန်းကျော် ပြောတဲ့ အခု အလှူကိစ္စ မှာ ကျွန်မ သာဆိုရင် “လူထုဦးစိန်ဝင်း” ဆီမှာ လှူမှာထက် “အိတုန်း” ဆီမှာ လှူပါမယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ ဒီရွာထဲ မှာ စကားတွေ ပြောရင်း သူ့စာ တွေဖတ်ရင်း သူ့စိတ်ကို သိနေလို့ပါ။

    လူတစ်ယောက် ကို ယုံသင့်/မသင့် ချင့်ချိန် တတ်တဲ့ စိတ် ရှိရင် ဒီလူ ဟာ ငါ့ကို ညာမှာ ဘဲ လို့ တွေးပြီး သံသယ ပွါးစရာ မလိုပါဘူး။ ရွာထဲ မှာ နာမည် ဘဲ ရှိပြီး လူမရှိ တဲ့ လူ တွေ လဲ အများကြီးလို့ ကျွန်မ ထင်ပါတယ်။ ဒါပေမဲ့ ရွာထဲ ကနေပြီး ကိုယ့်တိုင်းပြည် ကို တိုးတက်စေချင်၊ ဆင်းရဲတွင်း ကပြည်သူတွေ ကို တတ်နိုင်သ၍ ဖေးမချင် တဲ့ လူတွေ လဲ အများကြီးပါ။ လောက ကြီးမှာ အရာတွေဟာ တူရာ စုတတ်တဲ့ သဘော ရှိပါတယ်။

    ကို ဘုန်းကျော်ရေ – အိတုန်း ရေးထား ဘူးတဲ့ Post လေးတွေကို အရင်ဖတ်လိုက်ပါဦး။
    ကျွန်မ ကတော့ သူရေးထားတာလေး တွေ ကို ဖတ်ပြီး သူ့ဆေးခန်းလေးက လူတွေကိုတောင် လှူချင် နေတာပါ။ ကျွန်မ မချမ်းသာပါဘူး။ ဒါပေမဲ့ ကျွန်မ ရဲ့ ချွေးနဲစာ နဲ့ လှူတာ ကို တော့ ပိုနေ လျှံနေတဲ့ နေရာတွေထက် လူသူမသိလို့ မရ တဲ့လူ တွေကို ပိုလှူချင်ပါတယ်။
    ဒီတော့ ဘယ်နာမည်ကြီး လူ က လုပ်မှ လှူမယ်ဆိုတာ မရှိပါဘူး။

    စကားမစပ်- ဆရာသစ် ရဲ့ Post မှာ ကျွန်မ ဆွေးနွေးခဲ့ ဘူးတဲ့တာလေး ကို ကြုံတုန်း မျှပါရ စေ။ အဲဒီ ပုံပြင်က ကိုဘုန်းကျော် ဖတ်သင့်တယ် ထင်လို့ပါ။

    http://myanmargazette.net/91925/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

    ~~~~ (၂) မိမိဟာ သူတပါးရဲ့ ပါတ်ဝန်းကျင် ဖြစ်နေတယ်ဆိုတာလုံးဝ မမေ့ပါနဲ့။ ~~~~
    သူတစ်ပါးဟာလဲ မိမိ အလေးထားရမဲ့ ပါတ်ဝန်းကျင် လို့ အပြန်အလှန် ညွန်းချင်ပါတယ်။
    ဒီတော့ မိမိက ပါတ်ဝန်းကျင်အပေါ်ထားတဲ့ အမြင် နဲ့ မိမိ ရဲ့စိတ်ဟာ ဆက်စပ်နေမှာပါ။
    ကျွန်မ ဖတ်ဘူးတဲ့ ဆရာဖေမြင့် ဘာသာပြန် “မြို့သားများ” (ထင်ပါရဲ့ – မှားနိုင်ပါသည်) ဆိုတာ နဲ့ တွဲပြချင်ပါတယ်။ အများဖတ်ဘူးပြီးသား၊ ကြားဘူးပြီးသား တော့နေမှာပါ။
    ————
    ဇာတ်လမ်းကိုပြန်နွှေး ပေးရရင် –
    မြို့တစ်မြို့ ကို ခရီးသွား လူစိမ်းတစ်ယောက် ရောက်လာတယ်။
    တကယ်တော့ အဲဒီလူက ဒီမြို့လေးမှာ အခြေချ ချင်လို့လာလေ့လာသူပါ။
    ဒီမှာတင် သူက မြို့ ရဲ့ အဝင် တံခါးပေါက် မှာ ထိုင်နေတဲ့ အဖိုးအိုတစ်ယောက် ကို “အဖိုး ဒီမြို့ မှာ နေလို့ကောင်းရဲ့လား၊ မြို့သူ/သား တွေ ကရော ဘယ်လို စိတ်ထား ရှိလဲ” ဆိုပြီးသွားမေးတယ်။
    ဒီတော့ အဖိုးအိုက “မင်းအရင် နေခဲ့တဲ့ အရပ်မှာ ရော ဘယ်လိုလဲ ကွယ်” လို့ပြန်မေးတယ်။
    အဲဒီလူက “မပြောချင်ပါဘူး အဖိုးရယ်။ ကျွန်တော် အရင်နေခဲ့ တဲ့ အရပ်မှာ လူတွေ က တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင် ဝန်တို နေကြတာ။ စည်းစည်းလုံးလုံး လဲမရှိ၊ စည်းကမ်း လဲ မရှိ၊ တစ်ယောက် နဲ့ တစ်ယောက် လိမ်ညာ နေကြတာဘဲ။ ကျွန်တော် မပျော် ခဲ့ပါဘူး” လို့ ပြန်ဖြေတယ်။
    ဒီတော့ အဖိုးအိုက “အခု မြို့မှာလဲ မင်း အရင်နေခဲ့တဲ့ မြို့ကလူတွေ အတိုင်း လိုပါဘဲ လူလေးရယ် ” လို့စိတ်မကောင်းစွာ ပြန်ပြော ခဲ့သတဲ့။
    ခဏနေတော့ နောက် ခရီးသွား တယောက် ရောက်လာပြန်ပြီး အဖိုးကို ပထမ လူမေးသလို မေးပြန်ပါတယ်။
    ဒီတော့ အဖိုးကလဲ အရင်မေးခွန်း ဘဲ ပြန်မေးခဲ့တယ်။
    ဒီလူက “အဖိုး ရယ် – ကျွန်တော့ အရင်မြို့ မှာ လူတွေ ဟာ တစ်ယောက်ကိုတစ်ယောက် အလွန် ချစ်ခင်လေးစား ကြပါတယ်။ အချင်းချင်း ရဲ့ ယိုင်းပင်းပြီး ကူညီတတ်ကြပါတယ်။ အတော်ကြင်နာ တတ်တဲ့ လူတွေ မို့ ကျွန်တော့ မှာ မဖြစ်လို့သာ ခွဲရတယ်။ သတိရလှ တယ်ဗျာ” လို့ ဖြေပါတယ်။
    ဒီတော့ အဖိုး ကလဲ “အခု မြို့မှာလဲ မင်း အရင်နေခဲ့တဲ့ မြို့ကလူတွေ အတိုင်း လိုပါဘဲ လူလေးရယ် ” လို့ ဝမ်းသာစွာ ပြန်ပြော ခဲ့သတဲ့။
    ————
    ကျွန်မ အတွေး အမြင် ကို အနှစ် ချုပ်ရရင်ဖြင့်
    ကိုယ်ဟာ ပါတ်ဝန်းကျင် ကောင်း မှာ နေချင် ရင် ကိုယ်ကိုယ်ကို အရင်ကောင်း အောင် နေဖို့ လိုပါသည် ဟု ထင်မိပါကြောင်း။

    PS – လူတိုင်း အမြင်ကွဲ နိုင်လို့ ဒါဟာ တော့ ကျွန်မ အမြင်ပါဘဲ ကိုဘုန်းကျော်ရေ။
    ကျွန်မ လဲ လူသစ်ပါဘဲ။ ဒါပေမဲ့ ကျွန်မ ရွာထဲ က လူတွေရဲ့ စာတွေကို သေသေချာချာ ဖတ်ပြီးမှ ရွာထဲကို ဝင်လာတာပါ။ ကိုယ်မကြိုက် တဲ့ နေရာ ဆို အချိန်ကုန်ခံပြီး လာစကား ပြောနေစရာ မဟုတ်ဘူး မဟုတ်လား။
    ကျွန်မတို့ အားလုံး စေတနာ နဲ့ ပြောခဲ့ တာတွေကို ကိုဘုန်းကျော် နားလည်ပါစေ ဆုတောင်းပါတယ်။ 🙂

    မေတ္တာဖြင့်

  • (ဝိုင်းပြီးဆော်လိုက်တာ ဘုန်းကျော်တစ်ယောက် ခေါင်းကို ကျိန်းထွက်သွားတာပဲ။ ခင်ဗျားတို ့ကလဲပြော။ ကျနော်ကလည်းပြောပေါ့ဗျာ။ ဘာဖြစ်လဲ ဟုတ်ဘူးလား။ လေထိုးလေရော်ပေါ့။ ခင်ဗျားတို ့အုပ်စုတောင့်တာကိုးဗျ။ ဟဲ…ဟဲ။)
    မှားနေပြီ ကိုုဖုန်းကျော် ခင်ဗျားတင်ပြတဲ့အယူအဆကို ပြန်ပြီးချေပတာ ဝိုင်းဆော်တာမဟုတ်ဘူးနော်။
    အုပ်စုတောင့်တာမဟုတ်ဘူး။
    ကိုယ်ယုံကြည်တဲ့ဘက်ကိုယ်ရပ်တာလေ။
    ခင်ဗျားအတွေးအခေါ်မျိုးလက်ခံထားသူတွေကြားထဲမှာဆိုရင်လဲ ခင်ဗျားအုပ်စုတောင့်မှာအသေအချာဘဲ။
    ကိုယ်ကြိုက်တဲ့ ကိုယ်နှစ်သက်တဲ့ဘက်ကနေ အကျိုးအကြောင်းခိုင်လုံစွာနဲ့ ငြင်းပိုင်ခွင့် ဆွေးနွေးပိုင်ခွင့်ရှိတယ်။
    အဲတော့ ခင်ဗျားလဲ အချက်ကျကျနဲ့ ပြန်ဆွေးနွေးပေါ့။
    ခင်ဗျားရေးတာ သူများလက်ခံရင် သဘာဝကျရင် ဖြစ်နိုင်ရင် ခင်ဗျားဘက်ရောက်လာမှာအတိအကျဘဲလေ။

    (ခင်ဗျားတို ့အုပ်စုတောင့်တာကိုးဗျ။ ဟဲ…ဟဲ။)
    အဲလိုသာပြောကြေးဆိုရင် ……………
    သိပ်ကျယ်ပြန့်သွားမယ်။

  • kai

    January 10, 2012 at 4:34 pm

    အောက်ကသတင်းကို.. ရွာသူားတွေ အသိပေးစေလိုတဲ့ စိတ်နဲ့.. ကူးတင်ပါတယ်..။
    နိုင်ငံရပ်ခြားနေတဲ့..အလှူရှင်တွေစိတ်ကို.. နည်းနည်းနားလည်ပေးနိုင်ကြဖို့ပါ…။
    အဲဒီငွေတွေက.. အထင်မမှားရင်.. သိန်းသန်းချီလောက်ပါလိမ့်မယ်..။
    ပုံမှန်သွားနေတာတွေပေါ့..။
    ဒီလိုပြောလို့.. လှူသူရော..အလှူခံသူများရော.. လုပ်ပေးနေသူများရော ကို.. အပြစ်ဖို့တာမဟုတ်ရပါ..။
    ဘာမှမလုပ်ပဲ..ထိုင်နေတာထက်တော့ ..မွန်မြတ်ကြတယ်လို့.. ခံယူပါတယ်..။
    ဒါပေမဲ့.. နည်းနည်းချင်း..ညှိနှိုင်းဆွေးနွေးရင်း လုပ်သွားကြ..ပြင်သွားကြရမယ်ပေါ့..။
    အဲဒါလေး..စကားချပ် ထည့်ချင်ပါတယ်..။

    တခုသိထားစေချင်တာက.. တရားဝင်ထောင်ထားတဲ့.. အန်ဂျီအို၊အန်ပီအိုတွေအလုပ်ကိုပါ..။
    အဲဒါတွေနဲ့လည်း မရောထွေးစေလိုပါဘူး..။
    အဲဒါတွေက.. သာမန်အားဖြင့် အလှူငွေအားလုံးရဲ့.. ၇၀-၈ဝလောက်ကို စရိတ်အဆင့်ဆင့်အတွက် ကျခံဖယ်ပြီးမှ.. အလှူလက်ခံရသူတွေဆီ.. ၃ဝရာခိုင်နှုန်းလောက်ရောက်တာပါ..။
    ရက်ခရောစ့်တို့..၊ ဝါ့လ်ဗစ်ရှင်းတို့လည်း.. ၃ဝရာခိုင်နှုန်းတောင် အနိုင်နိုင်တွေပါ..။
    ဒါတွေကလည်း… မွန်မြတ်ပြီး.. တရားမျှတတဲ့.. လူမှုရေးအလုပ်တွေပါပဲနော.။

    ==

    http://www.voanews.com/burmese/news/political-prisoners-12-26-11-136242863.html

    နိုင်ငံရေးအကျဉ်းသားများ ငွေကြေးထောက်ပံ့မှု လိုအပ်

    By မစုမြတ်မွန်

    မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အောက်တိုဘာလတုန်းက ပြန်လွတ်လာခဲ့တဲ့ ကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့သူ နံမည်ကျော် လူရွှင်တော် ကိုဇာဂနာဟာ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ်နဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေကို ဒီဇင်ဘာလ ၁၆ ရက်ကနေ ၂၁ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။ သူ ဘန်ကောက်မှာ ရောက်နေစဉ်မှာ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးဆိုင်ရာ အထောက်အကူတွေ လိုအပ်နေတဲ့အကြောင်း သူ့ရဲ့ စိုးရိမ်မကင်း ဖြစ်မှုတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    မစုမြတ်မွန်။ ။ ကိုဇာဂနာ ထောင်ထဲက ထွက်လာပြီးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တော်တော်လေး ကူညီစောင့်ရှောက်မှုတွေ ပြန်ပြီးတော့ လုပ်ပေးတာ သိရပါတယ်။ ဆိုတဲ့အခါကျတော့ ဒီ ထောင်ထဲမှာရှိနေတဲ့ အကျဉ်းသားတွေ အနေနဲ့ အပြင်မှာရှိတဲ့သူတွေရဲ့ အကူအညီ ဘယ်လောက် အတိုင်းအတာအထိ လိုနေတဲ့အတွက်ကြောင့် ကိုယ်က လုပ်ပေးရတယ်လို့ ပြောနိုင်ပါလဲရှင့်။ –

    ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀ဝ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။

    “ဥပမာ၊ ယုတ်စွအဆုံး ကျနော် စိတ်အရမ်းမကောင်းတာ တစ်ခုရှိတယ်။ ကျနော့်သူငယ်ချင်း လှမျိုးနောင်၊ အခုတော့ မန္တလေးထောင် ရောက်သွားပါပြီ။ မြစ်ကြီးနားမှာ အတူနေခဲ့တယ်။ မျက်လုံးတစ်လုံး ဆုံးသွားတယ်။ ထောင်ထဲမှာ မျက်လုံးတစ်လုံး ဆုံးသွားတယ်ဆိုတာက တကယ်ပြောတာ၊ ထောင်ထဲက ရိုက်လို့နှက်လို့ ဆုံးတာမဟုတ်ပါဘူး။ နဂိုရှိတဲ့ ရောဂါကြောင့် ဆုံးတာ။ သို့သော် တကယ်လို့များ သူဟာ proper treatment သင့်လျော်တဲ့ ဆေးဝါးကုသမှု တစ်ခုခု ရလိုက်တယ်ဆိုရင် အဲဒီလောက် မြန်မြန် မဆုံးရှုံးဘူးပေါ့။ အခုဆိုရင် မျက်လုံးတစ်လုံး ဆုံးရှုံးရုံတင်မကဘူး။ နောက် မျက်လုံးတစ်လုံးကပါ ဆုံးရှုံးတော့မယ်၊ သုံးပုံတစ်ပုံလောက် ဖြစ်လာပြီဆိုတော့ စာတောင် မဖတ်နိုင်တော့ဘူး ဖြစ်လာတယ်။ ဆိုတော့ ဒီလူတစ်ယောက်မှာ အရေးပေါ် ဆေးကုသဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ မှန်ပါတယ်။ သူတို့ ဖမ်းထားတာကိုး။ သို့သော် အဲဒီဟာကို ဆေးကုဖို့အတွက် moral encouragement စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလည်း လိုတယ်။ financial encouragement ငွေကြေးအရ ပံ့ပိုးကူညီမှုလည်း လိုတယ်။ သူ့မှာက မရှိဘူး။ စီးပွားရေးအရ မပြေလည်ဘူး။ ပိုက်ဆံလေး သုံးသိန်းလောက် ရှိရင်ကို မျက်လုံးကို လေဆာနဲ့ပစ်လို့ ရရဲ့သားနဲ့ အဲဒီ ပိုက်ဆံလေး သုံးသိန်းလောက် မရှိတဲ့အတွက် သူ့ရဲ့ မျက်လုံး နောက်တစ်လုံးဟာ သုံးပုံတစ်ပုံ ဆုံးရှုံးလာရပြီ။ ဘယ်သူကူမှာလဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပါတယ် ကူညီပါတယ်လို့ ပြောပြီးတော့ လှမျိုးနောင်ရဲ့ မျက်လုံး တဖြည်းဖြည်းချင်း ဆုံးရှုံးနေတာကို Retinal Detachment လို့ ပြောတာပဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ်။ ကျနော့် သူငယ်ချင်းကို ဒီလိုလူ အခန်းချင်း ကပ်နေတဲ့သူတောင် ကျနော် မကူနိုင်တော့ဘူး။ သူ စိတ် ဘယ်လောက် ထိခိုက်ထားမလဲ။ ငါတို့ကတော့ တိုင်းပြည်အတွက်လို့ ပြောတယ်၊ လုပ်လိုက်ရတာ တိုင်းပြည်အတွက်လို့လည်း ပြောတယ်။ ငါတို့ကို ဘယ်သူကမှလည်း လုပ်မပေးပါလား။ ပေးနေတာကတော့ အကြီးအကျယ်ပဲ။ ဘယ်သူကပေးတယ်၊ ဘယ်လောက်ပေးလိုက်ပြန်ပြီ ဆိုတာက အကြီးအကျယ်ပဲ။ ဘယ်သူ ပေးလို့မှမရတာ အမှန်ပဲ။

    “နောက်ထပ် ကျနော် ထပ်ပြောမယ်။ ဒါ တရားဝင် တကမ္ဘာလုံးကို ပြောလို့ရတဲ့စကားဖြစ်တဲ့အတွက် ကျနော် ပြောချင်သေးတယ်။ ဘုန်းကြီးတွေကို ထောက်ပံ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေကို ထောင်ထဲမှာ ထောက်ပံ့လို့ဆိုပြီး ဆုတွေလည်း ပေးလိုက်ကြတာ ဟိုးအမေရိကားကနေ နည်းတာမဟုတ်ဘူး။ ကျနော်တို့နဲ့ အတူတူနေတဲ့ ဘုန်းကြီးလေးပါး ရှိတယ်။ နံမည်တပ် ကျနော် ပြောလို့ရတယ်။ တနေ့က ဒေါ်အောင်ဆန်းစုကြည်က အညတရ သူရဲကောင်းဆု ပေးလိုက်တဲ့ ဘုန်းကြီး ဦးဉာဏ ကျနော်နဲ့အတူတူ ရှိတယ်။ ဘုန်းကြီး ဦးဓမ္မသာမိ၊ ကျနော်နဲ့အတူတူ မြစ်ကြီးနားထောင်မှာ နေခဲ့တယ်။ ဘုန်းကြီး ဦးဂန္ဒသာရ မန္တလေးက ဘုန်းကြီး ကျနော်တို့နဲ့အတူတူ နေခဲ့တယ်။ အဲဒီ ဘုန်းကြီးလေးပါးလုံး ဘာမှမရဘူး။ ကျနော်ပြောတာ ရှင်းရှင်းလေးနော်။ ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘုန်းကြီးတွေ ရှိတယ်။ ကျနော်နဲ့အတူတူ သုံးနှစ်ခွဲလုံးလုံး နေခဲ့တာ။ အဲဒီတော့ ကျနော်တို့ စိတ်ထဲမကောင်းဘူးခင်ဗျ။ အပြင်က ပြောလိုက်ရင်တော့ ဂုဏ်တွေယူပြီးတော့ အကြီးအကျယ်ပေးတယ်။ ဘယ်လိုပေးတယ်ချည်း ပြောတယ်။ ပြောပြီးတော့ နံမည်တွေ ယူနေကြတယ်။ တကယ့်တကယ် ထောင်ထဲကကောင်တွေက ဘာမှမရတော့ နေ့တိုင်း ဒီအသံကြားနေရလေ စိတ်တိုလေပဲ။ ကြာရင် အဲဒီထောင်ထဲကလူတွေ လွတ်လာရင် သတ်ချင်စိတ်တောင် ပေါက်လာလိမ့်မယ်။ ဆိုတော့ ဘာမှလည်းမပေးဘဲနဲ့ ပေးတယ်ပြောနေတာ။ ဒီကိစ္စရဲ့ နမူနာတစ်ခုဆို ကျနော် ပြောပြမယ်။

    “ကျနော် ဒီလာခါနီးလေးမှာပဲ စင်ကာပူက လမ်းပြကြယ်အဖွဲ့ ရန်ကုန်ကို ရောက်လာတယ်။ သူတို့တွေက အကျဉ်းသား ၄ဝ ကို လတိုင်း သူတို့ တာဝန်ယူ ထောက်ပံ့နေပါတယ်တဲ့။ ၁,၇၀ဝ ပို့ပေးပါတယ်တဲ့။ သူတို့ပို့ပေးတဲ့စာရင်းထဲမှာ ပါတဲ့ မျိုးအောင်နိုင်။ သူ့မိန်းမ ကျနော့်အိမ်မှာ။ သူတို့ရောက်တဲ့အချိန်မှာ ရှိနေတယ်။ ဟောဒီမှာ ကိုမျိုးအောင်နိုင်ကို ထောင်ဝင်စာသွားတွေ့မယ်။ ကျနော်လည်း ခရီးသွားမှာမိုလို့ မျိုးအောင်နိုင်ဆီသွားမယ့် သူ့မိန်းမ မနေခြည်ကို ပစ္စည်းတွေ ထည့်ပေးနေတယ်။ စာအုပ်တွေ ထည့်ပေးတာ။ အဲဒီ မနေခြည်က ကျမ တပြားမှ မရပါဘူးတဲ့။ သူတို့က ကျနော်တို့ပေးနေတာ ၁၃ လရှိပြီတဲ့။ ဟုတ်ကဲ့… ကျမ တပြားမှမရပါဘူးတဲ့။ ဒါတော့ သူလည်း မလိမ်ဘူး။ ဒီကလူတွေ မရတာကလည်း မရဘူးပဲ ပြောရမှာပေါ့။ အဲဒါတွေ ကျနော် ပြောတာ။ ပေးတဲ့သူတွေကလည်း ပေးတယ်။ မရတဲ့သူကလည်း မရဘူးဆိုတော့ ကြားထဲမှာ တစ်ခုခုတော့ လွဲနေပြီလို့ ကျနော် ထင်တယ်။ အဲဒီခံစားချက်ကြောင့် ကျနော် ထောင်ထဲက ထွက်ထွက်ချင်းမှာ ကျနော့် သူငယ်ချင်းတွေကို ကျနော် ပြန်ပို့ချင်တယ်။ အဲဒီတော့ ကျနော် ဘယ်သူ့ဆီက ပိုက်ဆံမှမတောင်းဘူး။ ဘယ်သူ့ကိုမှ ကျနော် အလှူမခံဘူး။ သို့သော် နံပါတ်တစ်။ ကျနော့် သူငယ်ချင်းတွေဖြစ်တဲ့ ရုပ်ရှင်နဲ့ ဂီတနယ်ကလူတွေပေးတာ ကျနော် ယူတယ်။ ဆိုပါတော့ ထွန်းအိန္ဒြာဗို ပေးတယ်၊ ဝေဠုကျော်ပေးတယ်၊ ဇင်ဝိုင်းပေးတယ်။ မင်းမော်ကွန်း ပေးတယ်။ ကျနော် ယူတယ်လေ။ သူတို့ဆီကို ကျနော် အားမနာ လျှာမကျိုး ကျနော် တောင်းလို့ရတယ်။ ကျနော်နဲ့ နီးစပ်တဲ့သူငယ်ချင်းတွေကို ကဲ ပေးပါဦး တစ်သိန်းလောက်၊ ပေးပါဦး သုံးသိန်းလောက် လိုက်တောင်းတယ်။ ကျနော် မျက်နှာ အောက်ကျခံပြီး တောင်းရပါတယ်။ ဒီလိုပဲ နိုင်ငံခြားရောက်နေတဲ့ ကျနော် သူငယ်ချင်းတွေ တချို့က ပိုက်ဆံစုပြီး သူတို့အတွက် အမေရိကားရောက်နေတဲ့ သူတွေဆီက နှစ်ဆယ်မျိုး သုံးဆယ်မျိုး စုလိုက်တယ်။ ငါးယောက်လောက် စုလိုက်ရင်လည်း ဒါက ၁၅ဝ လောက် ဖြစ်သွားတာ။ အဲဒီသူငယ်ချင်းတွေက ဝိုင်းစုပြီးပေးတဲ့ပိုက်ဆံလေးတွေနဲ့ပဲ ကျနော် ရအောင်ပို့တယ်။ သို့သော် ကျနော် ဒီထက် ပို့ချင်ပါတယ်။ အခု ကျနော် ထောင်ပေါင်း ၄၂ ထောင် ရှိတဲ့အထဲမှာ ၂ ထောင်ကလွဲရင် ထောင် ၄ဝ ကို ကျနော် ပို့ပြီးသွားပါပြီ။ ထောင် ၄ဝ မှာ နှစ်ခါပြန်ကြော့တဲ့ထောင်တွေ၊ ဥပမာ တောင်ငူဆို နှစ်ခါပြန်သွားပြီ။ လွိုင်ကော်ဆို နှစ်ခါ ပြန်သွားပြီ။ ဘူးသီးတောင်၊ မောင်တော ဆို နှစ်ခါပြန်သွားပြီ စသည်ဖြင့်ပေါ့။ မြစ်ကြီးနားဆို နှစ်ခါ ပြန်သွား ဖြစ်သွားပြီ။ အဲဒီလို ပို့တဲ့အခါမှာ အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်း အနည်းဆုံး ပို့နိုင်ပါတယ်။ နောက်ပြီးတော့ အင်္ကျီပို့နိုင်တယ်။ စာအုပ်တွေ ကျနော် ပို့နိုင်တယ်။ လိုအပ်တဲ့ဆေးဝါး ကျနော်တို့ ဝယ်ပြီးတော့ ပေးနိုင်ပါတယ်။ သို့သော် တစ်သောင်းဆိုတော့ မများပါဘူးဗျာ။ သို့သော် သူတိုစိတ်ထဲမှာ ကျနော်တို့ကို ပစ်မထားဘူးဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အား ပေးမှုတစ်ခုရတယ်။ အဲဒါကတော့ ကျနော် မဏ္ဍပ်တိုင်တပ်ပြီး ပြောနေ့တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲကို ဒီပစ္စည်းတွေ ရောက်တယ်ဆိုတာလည်း ကျနော်တို့က သူတို့ဆီကလာတဲ့ document တွေ အပြည့်စုံ ကျနော်တို့ဆီမှာ ရှိပါတယ်။ ဆိုတော့ အဲဒီစိတ်ကလေး တစ်ခုတည်းနဲ့ ကျနော် လုပ်တာပါ။”

    မစုမြတ်မွန်။ ။ စောစောကပြောတဲ့ ဒီအဖွဲ့အစည်းတွေက ပေးနေပါတယ်လို့ ပြောနေတဲ့အဖွဲ့တွေက ဘယ်အဖွဲ့တွေလို့ ရည်ညွှန်းပြီးတော့ ပြောလို့ရနိုင်ပါလား။ –

    ကိုဇာဂနာ။ ။ “ကျနော် နံမည်တွေလည်း မပြောတတ်တော့ဘူး။ အဖွဲ့တွေ တပုံကြီးပဲ။ နိုင်ငံခြားကနေ ပေးနေတာ။ စင်ကာပူရောက် မြန်မာများရော။ ဂျပန်နိုင်ငံရောက် မြန်မာများရော။ အမေရိကန် နိုင်ငံရောက် မြန်မာများရော ပေးနေတာပဲ။ နေ့တိုင်း ပေးနေတာပဲ။ မပေးဘူးလို့ ကျနော် ပြောတာမဟုတ်ပါဘူး။ သူတို့ပေးချင် ပေးလိမ့်မယ်။ တကယ်လည်း သူတို့ပေးနေပါတယ်။ မရတာ။ ကျနော်တို့ ပေးတဲ့သူကလည်း ပေးနေလိမ့်မယ်။ ဆိုတော့ ပေးတဲ့လူနဲ့ မရတဲ့လူနဲ့ကြားထဲမှာ ဒီဟာက ထူးဆန်းစွာ ပျောက်ဆုံးမှုကြီးပေါ့။ ဒီလိုပြောရမှာပေါ့။”

    လူရွှင်တော် ဇာဂနာကို ဗွီအိုအေက မစုမြတ်မွန်က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

  • FattyCat

    January 10, 2012 at 4:37 pm

    ကျွန်တော် ခင်ဗျားရေးသမျှအားလုံး ဘာမှဝင်မပြောဘူး…ထိုင်ကြည့်နေတာကြာပြီကွယ်…
    ဒါပေမယ့် အလှူလှူတယ်ဆိုတာ ကိုယ့်စိတ်မှာလှူလိုက်တယ်…
    အလှူခံတဲ့လူက အရက်ပဲသောက်သောက်၊ ဖဲပဲရိုက်ရိုက် အဲဒါသူ့ကိစ္စ၊ သူ့သမိုင်း
    ခင်ဗျားရင်ထဲမှာ လှူတယ်လို့ရည်စူးတဲ့အတွက် အဲဒီအလှူအထမြောက်သွားပြီ…
    ကျုပ်သိတဲ့ ဗုဒ္ဓရဲ့အလှူနဲ့ ပတ်သက်တဲ့ခံယူချက်…
    အဲဒီတော့ ရှင်းတယ်၊ လှူချင်လို့လှူလိုက်တယ်..
    အလှူခံတဲ့လူ…လာပြီးအလှူခံသွားတယ်…
    ကျုပ်လှူလိုက်တယ်…စေတနာရှိလို့လှူတယ်၊ သဒ္ဓါလို့လှူတယ်…ကျုပ်ဖက်က တာဝန်ကျေပြီ…
    ဒီအလှူဖြစ်မြောက်အောင်လုပ်မယ့်လူတွေ သူ့တာဝန်အတိုင်း ကျေအောင်လုပ်မယ်လို့ ယုံကြည်တယ်…
    မလုပ်ရင် ခင်ဗျားပြောသလို ခိုးရင်…သူ့သမိုင်း…
    အဲဒီတော့ ရှင်းတယ်…
    ကျုပ် ယုံယုံကြည်ကြည်နဲ့လှူတယ်….

  • သူကြီးရေ
    သိပ်ဟုတ်တာပေါ့။
    အဲဒီ အင်ဂျီအိုတွေရဲ့ အလှူက ဘယ်သူ့ဆီကိုဘယ်လိုရောက်မှန်းမသိ ပေါ်တင်လှူကြတာမှာမဟုတ်တာဗျာ။
    အခုရွာကလူတွေလုပ်နေတာ ဘယ်သူတွေက ငွေကောက်ခံတာကူပါမယ်လို့ အတိအကျညွှန်းပြီးရေးထားတာကိုးဗျ။
    နောက်ပြီးရင်ဘတ်တံဆိပ်ကပ်ပြီးခွက်တစ်လုံးနဲ့လိုက်တောင်းမှာမှမဟုတ်တာ။
    ဒီလိုုလုပ်မယ်။
    ဒီဖုန်းနံပါတ်လေးပေးထားပါတယ်။
    လှူချင်တယ်ဆိုရင်ရပါတယ်။
    လူတိုင်းကိုပြောတာမဟုတ်ပါဘူးဒီရွာထဲကစာကို ဖတ်မိသူများကို သာရည်ညွှန်းတာပါ။
    အလိမ်မခံရအောင်လို့ရေးထားတာကတော့ မကောင်းဘူးဆိုတာထက်လွန်ကဲနေပါတယ်။
    အခုအလှူငွေလက်ခံမယ်ဆိုတဲ့ကျနော်တို့တစ်တွေက နာမယ်ပျက်နေတဲ့သူခိုးတွေ သူများဆီကလက်ဖြန့်ခံနေသူတွေ သူများကျွေးတာစားနေတဲ့သူတွေ မဟုတ်ဘူးဗျ။
    သူများအထောက်အပံ့နဲ့ရပ်တည်ပြီး ဒီရလာမယ့် အလှူငွေကို ကော်မရှင်စားနဲ့နုတ်ယူမယ့်သူလဲတစ်ယောက်မှမပါဘူး။
    လူမှန်ရင်စကားပြောတာ ဆင်ခြင်တတ်ရတယ်။
    ဟုတ်တယ်ဟုတ်.

    အလုပ်မရှိအကိုင်မ

  • Thel Nu Aye

    January 10, 2012 at 5:17 pm

    အိတုန်ရေဘယ်သူဘာပြောပြောလုပ်စရာရှိတာရဲရဲဝံ့ဝံ့လုပ်ပါ။ အားပေးနေပါတယ်။ လှုစရာလဲဒို့တွေလှုမှာပါ။ အနားနီးရင်ဖုန်းဆက်လိုက်မယ်။ ကိုဘုန်းကျော်အကြောင်းလဲသိနေတာပဲ။ သူကဖွရမယ်ဆိုလာထား။ လွှတ်ထားလိုက်ပါ။ သူကဘာလဲတော့ မသိပေမဲ့သိပ်တော့အဆင်မပြေဘူး။ အပြင်မှာစကားပြောရရင်တော့ကောက် ရိုက်မိမလားပဲ။ သူ့လုပ်ငန်းခွင် မှာတော့ဘယ်လိုဆက်ဆံနေလဲမသိဘူး။ ဒီအတိုင်းဆိုလူရိုက်ပေါက်ပဲ။ ကိုဘုန်းကျော်ရေ။ မြို့မေတ္တာခံယူနေ တာလား။ ကြည့်နေကြည့်စားပါ။ ဝင်ဝင်ပြီးဆရာကြီးမလုပ်ပါနဲ့။

  • (အလုပ်မရှိအကိုင်မ)
    ဒီလိုတစ်ဝက်တစ်ပိုင်းလေးပါသွားတာကတော့
    ကျနော်တို့က အလုပ်မရှိအကိုင်မရှိလူတွေမဟုတ်ဘူး။
    အဲဒီပေးလာမယ့်အလှူငွေကိုမျှော်ကိုးနေတဲ့လူမဟုတ်ဘူး။
    ကိုယ့်ထမင်းကိုယ် ရိုးသားစွာရှာစားနေတဲ့လူတွေပါ။
    လူထုစိန်ဝင်းလို လေးဖြူလို မြန်မာမကျော်ပေမယ့်
    ကိုယ့်အသိုင်းအဝိုင်းနဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိရပ်တည်ရဲတဲ့သူတွေဆိုတာသေချာလို့
    လူမသိအောင်အမည်ဝှက်တွေနဲ့ရေးနေကြတဲ့ ဝက်ဆိုဒ်မှာ ဆက်သွယ်စရာဖုန်းနံပါတ်ကို
    ထည့်ပေးပြီး အပြင်လက်ရှိဘဝနဲ့ဆက်စပ်ယူရဲတာပေါ့ဗျာ။

  • koaung

    January 10, 2012 at 6:43 pm

    လေးစားပါတယ် အိတုံ အားပေးကူညီရန်အသင့်ရှိပါကြောင်း(အပြောသက်သက် ) မဟုတ်ပါ
    mg aung

  • zaw min

    January 10, 2012 at 7:15 pm

    အင်း…ဒီလူနဲ့တော့ ခက်နေပါပြီ၊ လူတိုင်းကိုတော့ ကိုယ့်စိတ်နဲ့မနှိုင်းနဲ့ပေါ့…၊ကိုယ့်ကိုယ်ကိုသာ အထင်ကြီး ဘဝင်စိတ်နဲ့တွေး၊ရေးနေမယ်ဆိုရင်တော့ ရည်ရွယ်ချက်နဲ့အလှမ်းဝေးနေအုံးမှာပါပဲ… လက်တွဲခေါ်ယူတယ်ဆိုတာလည်း ကမ်းလာတဲ့ လက်ရဲ့အနေအထားပေါ်မှာမူတယ်လို့ထင်ပါတယ်…စေတနာမှန်ဆိုရင် စေတနာမှန်မှန်း လူသိအောင်ချပြတတ်ဖို့လိုပါလိမ့်မယ်…

  • captainamerica

    January 10, 2012 at 9:20 pm

    လူဆိုရင်တော့လူလိုရှင်းပြနေတာနားလည်မယ်ထင်တာပဲ။
    ဒီလူကိုကျွန်တော်လည်းကြည့်နေဒါကြာဘီ။သူစေတနာသူအကျိုးပေး
    လိမ့်မယ်။လောကကြီးကဘာမှမတည်မြဲပါဝူး။အချိန်တန်လို.သူ.ကို
    ကျွန်တော်တို.အသိုင်းအဝိုင်းကလက်မခံဝူးဆိုတာသိရင်သူဘာသူ
    နောက်ဆုတ်ရင်နောက်ဆုတ်သာွးပေါ့။အချိန်တန်ရင်သူအလိုလို
    ပျောက်သာွးမယ့်လူပါ။

  • padonmar

    January 10, 2012 at 9:54 pm

    ကျွန်မတို့ အလှူက အိပ်စိုက် ဖုန်းစိုက် စားရိတ်စိုက် အချိန်စိုက်ပြီး
    ရွာ့အလှူဖြစ်စေချင်လို့ စုပေါင်းအားကိုပြချင်လို့ လုပ်ကြတာပါ။
    ဒီ post ကို ရေးတဲ့သူရော ဖတ်မိတဲ့သူတွေရော သံသယ မဝင်စေလိုပါ။
    ကျွန်မတို့က အိတုန်၊AKKO၊ ရွှေတိုက်စိုး၊ကိုပေါက် နဲ့တကွ နာရေး အသင်းကြီးကိုပါ ယုံယုံကြည်ကြည်နဲ့ အလှူထည့်လိုက်ပါတယ်။

  • Foreign Resident

    January 10, 2012 at 10:17 pm

    E Tone နှင့် ကိုဘုန်းကျော်ရေ
    အဘ ” အဆဲခံခြင်လို့ကိုရေးတယ် ( ၄ ) ” မှာ
    နည်းနည်း တို့ထိထားတယ် ။

  • awra-cho

    January 11, 2012 at 10:18 am

    ဘုန်းကျော် တော့ ကုန်းကာ မှ ပေါ်ပြီ၊

  • kyeemite

    January 12, 2012 at 9:21 am

    ကိုဇာဂနာ။ ။ “ဘယ်လောက် အတိုင်းအတာ လိုလဲဆိုတော့ ၁၀ဝ % လိုတယ်ဗျ။ ဒီအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် စိတ်လည်း မကောင်းဘူးခင်ဗျ။ စိတ်လည်း မကောင်းဘူး ဆိုတာက ကျနော် ကိုယ်တိုင်ပင် အဲဒီဝေဒနာ ခံစားခဲ့ရတယ်။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပံ့ပိုးတယ်၊ ဘယ်နိုင်ငံက ဘယ်သူတွေက ပံ့ပိုးတယ်။ ဘယ်သူတွေက ပေးတယ်၊ ဘယ်သူတွေကနေပြီးတော့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ဘယ်လောက် ပေးလိုက်တယ်။ အဲဒါက အမြဲကြားနေရတယ်။ ကျနော် ထောင်ကလွတ်လာတဲ့အထိ ဘယ်သူ့ဆီကမှ မရခဲ့ဖူးဘူး။ ငါးခြောက် တစ်ဖက်တောင် မစားခဲ့ရဘူး။ ကျနော်တို့နဲ့နေတဲ့သူတွေလည်း ဘယ်သူမှ မရခဲ့ကြရှာပါဘူး။

    ဒါလေးက သဂျီးမင်းထောက်ပြသွားတဲ့ထဲကအကြောင်းအရာတပိုင်းတစပါ……..
    ကျွန်တော့သဘောကတော့ အခုဂေဇက်ကလုပ်မယ်ဆိုတဲ့ အလှူနဲ့ အပေါ်ကထောက်ပံ့ပေးမှု့ နဲ့လုံးဝမတူပါဘူး…နှိုင်းယှဉ်စဉ်းစားလို့လဲမရပါဘူး…

    မြန်မာပြည်တွင်းကထောင်တွေမှာကျခံနေရ တဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာတော်တော် ကျယ်ပျံ့ပါတယ်
    နေရာကလဲအနှံ့…လူတွေကလဲအများကြီး….နိုင်ငံခြားကအလှူငွေ ကိုပြည်တွင်းကလက်ခံ တဲ့လူကလဲဘယ်သူမှန်းမသိ….ဆိုတော့ကာ အတော်ရှုပ်ထွေးပွေလီတဲ့ ကိစ်စပါ…ထားလိုက်ပါလေ…
    အခု etone အော်ဂနိုက်ဇ် လုပ်တဲ့အလှူ က ရိုးရိုးစင်းစင်းလေးပါ…
    လှူတဲ့လူတွေလဲတိတိကျကျရှိတယ်…အလှူငွေလက်ခံမဲ့ အဖွဲ့ကလဲတိတိကျကျရှိတယ်…ကိုကျော်သူဦးစီး
    တဲ့ နာရေးကူညီမှု့အသင်း..ပြီးတော့ ပိုက်ဆံလာလှူတာလား..အဲဒီစားပွဲပေါ်တင်ထားခဲ့လေ..ဆိုပီးလက်လွတ်စပပယ် လက်ခံနေတဲ့ အသင်း
    မဟုတ်ဘူးဗျ…ဆိုတော့ဗျာ…လုံးဝယုံပါတယ် အားလဲပေးပါတယ်…လေးလည်းလေးစားပါတယ်..
    ဂေဇက်အဖွဲ့သားများ အနေနဲ့ မလိုတမာပြောစကားများကို လစ်လျူ ရှု့ ပြီး ဆက်လုပ်ကြပါလို့အာပေးပါတယ်…
    ဂေဇက်စာဖတ်ပရိပ်သတ်တဦး…ကြီးမိုက်

  • htet way

    January 12, 2012 at 11:39 am

    ဒီလူတော်တော်ဆိုးနေတယ်
    အကောင်းလုပ်တဲ့ ကိစ္စကို သင်းကြောင့်တော့ မပျက်စေနဲ့ ဒေါက်တာတို့ရေ
    နောက်တခုက ကျွန်တော်ဆို သိပ် ဉာဏ်မမှီရင် ဒီစကားတွေကို ဥပက္ခောပြုထားတတ်ပါတယ်

Leave a Reply