ဂေဇက်ရွာအတွင်းမှီတင်းနေထိုင်ကြကုန်သော ရွာသူ၊ရွာသားအပေါင်းနှင့်ဂေဇက်မိသားစုအပေါင်းတို့အတွက်နှစ်သစ်၂၀၁၂ သည် မင်္ဂလာရှိသော အောင်မြင်မူများရရှိစေသောနှစ်သစ်မင်္ဂလာဖြစ်ပါစေဟု ဆုတောင်းမင်္ဂလာပို့သလိုက်ပါတယ်ခင်ဗျာ…

ကျနော်သည်လည်း ဤမန်းဂေဇက်အတွင်းသို့ ၀င်ရောက်နေထိုင်ခဲ့သည်မှာ နှစ်ဝက်ကျော်မျှရှိပါသည်၊၂၀၁၁နှစ်နှောင်းပိုင်းအချိန်မှစ၍ ဂေဇက်သည် သိသိသာသာပြောင်းလည်းတိုးတက်လာပါသည်ဟုထင်ပါသည် ။ရေးသားကြသူများမှာလညိးပိုမိုအစွန်းထက်လာကြပါသည်။ပြောရမယ်ဆိုရင် ၂၀၁၁သည် ဆိုရှယ်မိဒီယာများရဲ့အကောင်းဆုံးနှစ်ပါပဲ…

ဆိုရှယ်မိဒီယာများ၏ကျေးဇူးကြောင့်၂၀၁၁ သည်လူ့အခွင့်အရေးလူပ်ရှားမူအားအကောင်းဆုံးနှစ်နှင့် အထိရောက်ဆုံးနှစ်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲကလည်း ပြီးခဲ့တဲ့လ ဒီဇင်ဘာလ ၁၀ရက်နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာပြောကြားခဲ့ပါတယ်။

“2011 ဟာ လူ့အခွင့်အရေးလူပ်ရှားမူတွေနဲ့ပက်သက်ရင်သိပ်ကို တက်ကြွတဲ့နှစ်လို့ပြောနိုင်ပါတယ်၊ဆိုရှယ်မီဒီယာတွေရဲ့ ကူညီပံ့ပိုးအားကလည်း တစ်ကယ်ကို ထိရောက်မူရှိပါတယ်” ဟုလူ့အခွင့်အရေးကော်မရှင် အကြီးအကဲ နာဝီ ပီလေး ကပြောကြားလိုက်ပါတယ်။

တူနီးရှား

“လူ့အခွင့်အရေးအတွက် လူပ်ရှားခဲ့တဲ့ ကျဆုံးသွားကြသော သူရဲကောင်းတွေအတွက်ကတော့ စိတ်မကောင်းစရာပါ၊ တူးနစ်မှကိုင်ရို၊ ကိုင်ရိုမှဘန်ဂါဇီ၊ဒါရာမှာ ကျဆုံးခဲ့တဲ့ လူအခွင့်အရေး လူပ်ရှားခဲ့တဲ့ သူရဲကောင်းတွေကို ကမ္ဘာသူ၊ကမ္ဘာသား အားလုံးက အမှတ်ရနေကြမှာပါ၊လူပ်ရှားခဲ့တဲ့ ပုံစံခြင်း၊အခြေအနေခြင်း မတူပေမယ့် ကျန်ဒေသတွေဖြစ်တဲ့ မက်ဒရစ်မှနယူးယောခ့် မှ လန်ဒန် မှ ဆန်တီယေဂို မှ စတဲ့ စတဲ့ဒေသတွေက သူရဲကောင်းတွေကိုလည်း အားလုံးက အမှတ်ရနေမှာဖြစ်ပါတယ်၊လူသားတိုင်းရဲ့ ရပိုင်ခွင့်အတွက် တိုက်ပွဲဝင် တောင်းဆိုခဲ့တဲ့ အလွှာအသီးသီးက သူရဲကောင်း အားလုံးအတွက် ကမ္ဘာသူ ကမ္ဘာသားအားလုံးက ဂုဏ်ယူနေမှာပါ” ဟု ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

Tahrir Square

ကိုယ် ရသင့်ရထိုက်သည့် လူ့အခွင့်အရေးကို တောင်းဆိုရန် သိနားလည်ခြင်း မရှိသေးသူများလည်း ကိုယ့်ရပိုင်ခွင့်မားကို တောင်းဆိုတတ်လာအောင် သိရှိပြီးသူများက ၀ိုင်းဝန်းကူညီကြဖို့လိုကြောင်း ၎င်းကဆကလက်ပြောကြားသွားပါတယ်။

“ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မူတွေ ရှိနေသေးသရွေ့ လူအခွင့်အရေးလူပ်ရှားမူတွေကလည်း ဆက်လက်ပြီးရှိနေအုံးမှာပါ”

ကျနော်တို့ပြည်တွင်းပြည်ပ ဆိုရှယ်မီဒီယာများအားလုံးလည်း ၂၀၁၁၏အောင်မြင်မူများကို လက်ကိုင်ထားပြီး ရဲဝင့်စွာနဲ့ လူအခွင့်အရေးလူပ်ရှားမူများကို အောင်မြင်မူပန်းတိုင်သို့ရောက်ရှိအောင် ဆက်လက်ချီတက်ကြပါစို့…

About sitminnaing

has written 3 post in this Website..

   Send article as PDF