မဲပြာပုဆိုး (ဉာဏ်ဦး)

kaiMay 30, 20101min922

မဲပြာပုဆိုး

တစ်ယောက် မကောင်း

တစ်ယောက် ပြောင်းမလား

တစ်ခု မသစ်

တစ်ခု ပစ်မလား

အဟောင်း အညစ်တွေများလို့

ပြောင်းပစ်ဖို့ စဉ်းစားတိုင်း

ညစ်နေတဲ့ ခေါင်းကြောင့်

သစ်ပေမယ့်

ကောင်းမယ် မဟုတ်ကြောင်း

ကောင်းကောင်းပဲ သိနေပြန်ပေါ့။  ။

(ဉာဏ်ဦး)

2 comments

  • yannaingech

    June 8, 2010 at 6:57 am

    ညစ်နေတဲ့ခေါင်းတွေလည်း ကြာကြာခံမှာ မဟုတ်ပါဘူးဗျာ။ သူတို့လည်း တစ်နေ့ သေမှာပါ။ ခေါင်းအသစ်တွေ ထပ်မညစ်ဖို့ပဲ လိုမှာပါ။

  • Alinsett @ Maung Thura

    May 7, 2015 at 1:37 pm

    .ခေါင်းလျှော်ရည် ကောင်းကောင်းသုံးလေ…
    အဲဒီခေါင်း မညစ်အောင်…

    😆

Leave a Reply