လှူဒါန်းရခြင်းရဲ့ အကျိုးတရားများ

manawphyulayJanuary 10, 20121min27614

အဝတ်သင်္ကန်းလှူရကျိုး (၈) မျိုး
၁။ ဖြစ်လေရာ ဘုံဘဝတို့၌ ရွှေနှင့်တူသော အဆင်းရှိခြင်း။
၂။ အညစ်အကြေး ကင်းစင်ခြင်း။
၃။ ကိုယ်ရောင် ထွက်ခြင်း။
၄။ နူးညံ့ပျော့ပျောင်းသောကိုယ် ရှိခြင်း။
၅။ ဦးခေါင်းထက်၌ အရော်င်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။
၆။ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ဝါထည် အဝတ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။
၇။ မဟာလတာတန်ဆာကို ဝတ်ဆင်ရခြင်း။
၈။ ဧဟိဘိက္ခူ ခေါ်ခံရခြင်း။

ခါးပန်းကြိုးလှူရခြင်းအကျိုး (၆) ပါး
၁။ သမာဓိ မပျက်စီးခြင်း။
၂။ သမာဓိကို စိုးပိုင်ခြင်း။
၃။ ပရိသတ် မပြိုမကွဲခြင်း။
၄။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း။
၅။ သတိခိုင်မြဲခြင်း။
၆။ ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း။

သပိတ်လှူရခြင်းအကျိုး (၈) မျိုး
၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို သုံးဆောင်ရခြင်း။
၂။ ဘေးဥပါဒ် မရှိခြင်း။
၃။ ရောဂါရန်မန်ဒဏ် အမျိုးမျိုးတို့မှ ကင်းရှု်းခြင်း။
၄။ လူနတ်အပေါငးတို့၏ ပူဇော်မြတ်နီုးသည်ကို ခံရခြင်း။
၅။ လာဘ်များခြင်း။
၆။ စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း။
၇။ စိတ်နှလုံး တည်တံ့ခြင်း။
၈။ ကိလေသာ အာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း။

သင်ဓုန်းဓားလှူရခြင်းအကျိုး (၇) ပါး
၁။ ရဲရင့်ခြင်း။
၂။ ထိတ်လန့်တုန်လှုပ်မှု ကင်းခြင်း။
၃။ ရဲရင့်မှု ဝေသာရဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း။
၄။ မယိမ်းမယိုင် ခိုင်ခံ့ခြင်း။
၅။ ဝီရိယစွမ်းအင် ထက်သန်ခြင်း။
၆။ စိတ်နေစိတ်ထား မြင့်မားခြင်း။
၇။ ကိလေသာကို ဖြတ်နိုင်သော အရဟတ္တမင်္ဂဉာဏ်နှင့် ပြည့်စုံခြင်း။

ရေစစ်လှူရခြင်းအကျိုး (၆) မျိုး
၁။ သူများထက် အသက်ရှည်ခြင်း။
၂။ ရန်သူများ မဖျက်ဆီးနီုင်ခြင်း။
၃။ လက်နက်များ မထိရှနိုင်ခြင်း။
၄။ အဆိပ်ဘေးမှ ကင်းလွတ်ရခြင်း။
၅။ အများလက်ချက်ဖြင့် မသေနိုင်ခြင်း။
၆။ အေးအေးချမ်းချမ်း သန့်သန့်ရှင်းရှင်း နေထိုင်ရခြင်း။

အပ်လှူရခြင်းအကျိုး (၅) မျိုး
၁။ ထက်မြက်သောအသိဉာဏ်ပညာ ရှိခြင်း။
၂။ ရုပ်အဆင်းအင်္ဂါ လှပတင့်တယ်ခြင်း။
၃။ ဥစ္စာပစ္စည်း ပေါများကြွယ်ဝ ချမ်းသာခြင်း။
၄။ ယုံမှားသံသယမှ ကင်းလွှတ်ခြင်း။
၅။ ယုံမှားခြင်းကို ဖြတ်နိုင်သော ဉာဏ်ပညာရှိခြင်း။


ထီးလှူရခြင်းအကျိုး (၈) မျိုး

၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။

ယပ်လှူရခြင်းအကျိုး (၉) မျိုး
၁။ ပူပန်မှုသောကမရှိခြင်း။
၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။
၃။ စိတ်အေးမြချမ်းသာခြင်း။
၄။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။
၈။ မာနမီးပူကင်းရှင်းခြင်း။
၉။ ရန်သူများကိုအောင်နိုင်ခြင်း။

ဖိနပ်လှူရခြင်းအကျိုး (၄) မျိုး
၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။
၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။
၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။
၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။

သားရေနယ်အခင်း လှူရခြင်းအကျိုး (၆) မျိုး
၁။ တင့်တယ် လျောက်ပတ်သော လုံးရပ်သဏ္ဍာန်ရှိခြင်း။
၂။ ကောင်းစွာ စေ့စပ်သောကိုယ်ရှိခြင်း။
၃။ ဉာဏ်ပညာကြီးမားရခြင်း။
၄။ အဝတ်ကောင်းများကို သုံးဆောင်ရခြင်း။
၅။ အခင်းကောင်းများကိုသာ သုံးဆောင်ရခြင်း။
၆။ မြတ်သောဈာန်သမာပတ် ချမ်းသာကို ခံစားရခြင်း။

14 comments

  • htoosan

    January 11, 2012 at 10:02 am

    မနောရေ ..ဒါက ဘုန်းဘုန်းတွေကို လှုတာမဟုတ်လား ..
    ခေတ်က နဲနဲပြောင်းလာနေပြီ။ ဘုန်းကြီးတွေက်ို လှုတာထက် ပရဟိတ ဘက် များလာတော့ အဲ့ဒီ့ အလှုတွေ လှုရင် ဘာ တွေ အကျိုးရမယ်ဆိုတာ ပြောပြဦးလေ။

    • manawphyulay

      January 11, 2012 at 10:59 am

      ဟုတ်ကဲ့ပါ ပရဟိတဘက်လှူရင် ဘယ်လိုအကျိုးတရားရမလဲဆိုတာလည်း ပြောပြပေးပါမယ်။

  • Phaung Phaung

    January 11, 2012 at 11:19 am

    သံဃာကို လှူရတဲ့အကျိုးတရားအသေးစိတ်သိရလို့ ကျေးဇူးတင်ပါတယ်….htoosan ပြောသလို ပရဟိတအဖွဲ့အစည်းတွေမှာ လှူနိုင်ရင်လဲအကျိုးများမယ်ထင်ပါတယ်….
    လှူလို့ရနိုင်တဲ့ ပရိဟိတအဖွဲ့အစည်းတွေကို Post တစ်ခုလေးအနေနဲ့ တင်ပေးပါဦးမယ်

  • ကြောင်ကြီး

    January 11, 2012 at 11:25 am

    ဘုန်းကြီးတွေ ဦးဆောင်ပြီး ပရဟိတလူမှုရေးဖက် ပြန်လှူတာ အရမ်းကောင်းတယ်။ ဘာသာတရားအရကြည့်ရင် အလှူခံပုဂ္ဂိုလ်စင်ကြယ်မြင့်မြတ်ရမယ်ဆိုလို့ သံဃာကို ရည်မှန်းလှူကြတယ်၊ သူတို့ကတဆင့် လူတွေကိုပြန်မျှပေးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားတာပေါ့။ သံဃာအဖို့ သူ့ထက်မြင့်မြတ်တာ မရှိတော့ဘူးလေ၊ ဒီတော့ အောက်ပြန်ဆင်းကြည့်ပေးရမှာပေါ့။ စာနယ်ဇင်းမီဒီယာများ၊ လူကြီးသူမ ဆရာတော်ကြီးများမှ ဝိုင်းဝန်းအားပေးသင့်တယ်။ ဒါန သီလဆိုတာ ဓမ္မတာပဲ၊ အစဉ်အလာဖြစ်သွားရင် လူတွေရဲ့စိတ်ထဲစွဲသွားပြီး မပင်မပန်းလုပ်နိုင်သွားကြတယ်။ ဘုရားစေတီများမှာလည်း သက်ဆိုင်ရာ ဂေါပကအဖွဲ့များ ပရဟိတဖောင်ဒေးရှင်းများထောင်ပြီး အလှူငွေတွေကို လိုအပ်တဲ့နေရာများမှာ အသုံးချပေးနိုင်ရင်ကောင်းမယ်။ ဒါဆို ဘုရားပြောင်ပြောင် ဝမ်းခေါင်ခေါင် မဖြစ်တော့ဘူးပေါ့။ ပြောင်းလဲနေတဲ့ ခေတ်နဲ့အညီ အနာဂတ်သာသနာအတွက်လည်း ပြင်ဆင်ပြီးသားဖြစ်သွားမယ်။။။

  • ဆူး

    January 22, 2012 at 4:42 pm

    သားရေနယ် ဆိုတာ နေကထိုင်.. နေရာထိုင်ခင်း ကို ဆိုလိုပါတယ်။
    ရွေးကောက်ပွဲဝင်ပြီး အမတ်တွေ ဘာတွေ လုပ်တော့မယ်ဆိုရင် နေကထိုင်လေး ဘာလေး လှူပေါ့.. နေရာလေး ရအောင်.. ဟိဟိ.. ပြီးခဲ့တဲ့ နိုဝင်ဘာ နီးတုန်းက အကြောင်းလေး သွားသတိရလို့..

  • snow white

    February 28, 2012 at 6:24 pm

    ညီမကတောကထိန်ဆိုအမြဲတမ်းတံမြက်စည်းနဲ့ဂေါ်ပြားတံမြက်စည်းနဲ့ဂေါ်ပြား အမြဲလှူလေ့ရှိတယ်မမမေနော အကျိုးလိုချင် လို့လှူတာတော့ဟုတ်ဘူးနော်ဒါပေမယ့်သိ ချင်လို့မမမနောသိရင် ပြန်ပြောပြပေးနော်တံမြက်စည်းနဲ့ဂေါ်ပြားလှူရင်ကော ဘာအကျိုးရှိလဲဟင်မမမနောဖြေပေးနော်

  • aye.kk

    February 28, 2012 at 7:37 pm

    မနောလေးရေ..
    အန်တီဖတ်မိဘူးတာက..
    ခါးပန်းကြိုးလှူရခြင်းအကျိုး(၅)မျိုးဆိုတာကိုပါ…
    သိထားတာလေးပေါ့နော်..
    ၁။တုန်လှုပ်ခြင်းမရှိ
    ၂။သမာဓိ၌တည်ခြင်း
    ၃။အခြွေအရံမပျက်ခြင်း
    ၄။အခြွေအရံတို့မိမိစကားနားထောင်ခြင်း
    ၅။သတိရှိခြင်း
    အန်တီသိထားတာလေးထပ်ဖြည့်ပေးလိုက်ပါရစေ..
    လက်သုတ်ပုဝါလှူဒါန်းခြင်းအကျိုး(၅)ပါး
    ၁။ပညာကြီးခြင်း
    ၂။အသက်ရှည်ခြင်း
    ၃။တည်ကြည်ခြင်း
    ၄။ပင်ပန်းကင်းခြင်း
    ၅။ကေါင်းခြင်းလက္ခဏါနှင့်ပြည့်စုံခြင်း
    (ကထိကဒေါ်မြင့်သန်း၊ဓမ္မရံသီ7/90မုံတိုင်ပင်ဆရာတော်မှ)

  • ဖိနပ်လှူရခြင်းအကျိုး (၄) မျိုး
    ၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။
    ၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။
    ၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။
    ၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။
    ခုလိုပြန် သိခွင့်ပေးလို ့ကျေးဇူးပါနော်။

  • Oo Oo

    February 28, 2012 at 10:42 pm

    ကျနော်ကတော့..တတ်နိုင်သလောက်..လှူခဲ့ဖူးတယ် လှူလည်းလှူနေဆဲပဲ နောင်လည်းလှူဦးမှာပဲ..သို့သော်
    ဘယ်သောအခါမျှ အကျိုးလို လို့ ညောင်ရေမသွန်းပါ။
    ဘာအတွက်အကျိုးရချင်လို့ ဘယ်ဟာကိုလှူတယ် ဆိုတာကတော့ အတ္တ အတွက်လုပ်တဲ့စိတ်လို့ ခံယူထားလို့
    ဘယ်သောအခါမျှ အဲ့လိုစိတ်နဲ့လှူဖို့စိတ်မကူးခဲ့ပါဘူး..
    ကိုယ်လှူလိုက်လို့ တစုံတရာအတိုင်းအတာလေးတခု တစ်ဖက်သားမှာကောင်းကျိုးဖြစ်သွားရင်ပဲ ဝမ်းသာစိတ်ကြောင့်
    ပိတိဖြစ်ပြီး ကိုယ်လဲ တဒင်္ဂ တော့စိတ်ချမ်းသာမိတာပါပဲ..တခြားတော့ဘာမျှမမျှော်လင့်ပါဘူး

  • kai

    February 29, 2012 at 9:55 am

    ဘယ်လိုမှကို လက်ခံနားလည်လို့မရဘူး..
    တရားဓမ္မနဲ့ညှိညှိ..။ သိပ္ပံနဲ့ညှိညှိ.. အလွဲလွဲအချော်ချော်တွေ..လို့ ထင်မိတယ်..။

    အလှုပစ္စည်းကိုလိုချင်လို့.. မားကက်တင်းလုပ်ထားတာတွေလို့ထင်တယ်..။ 😆
    =
    အဲဒီလိုနဲ့..
    ရဲရင့်သူဖြစ်ချင်တာနဲ့.. သင်ဓုန်းဓားချည်းစွတ်လှူတာမျိုးတွေဖြစ်လာပြီး.. တဖက်ကလိုမှန်းမသိ.. မလိုမှန်းမသိ.. ဘုန်းကြီးတပါး.. သင်ဓုန်းဓာ. ၅ချောင်းရတော့.. ဒုက္ခရောက်ရော… 😕

    အလှူလှူမဲ့သူဟာ.. ငါ့လက်ကလွတ်ဗြွတ်အလှူမလှူရသလို… ကိုယ်ကဘာပြန်ရမလည်း .. တွက်ချက်မကြည့်ရပါဘူး..။
    သူ.. သူ..သူက ဘာလိုချင်သလည်းကို.. တတ်နိုင်သလောက် တိတိကျကျဖြစ်အောင်.. လေ့လာပြီး.. ပေးလှူရမှာဖြစ်ပါတယ်…။
    ကိုယ်ကဘာရမလည်းထက်.. သူကဘာလိုသလည်း..ကြည့်ရသိရပြီးမှ.. လှူသင့်လှတယ်..။

    • ဆူး

      February 29, 2012 at 10:17 am

      ဘုန်းကြီးတွေ လက်ထဲမှာ များနေတော့ မရှိနွမ်းပါးတဲ့ သံဃာတွေ အများကြီးပါ။
      သူတို့ ပြန်မျှပြီး လှူပါတယ်။

      နာမည်ကြီး ဘုန်းကြီးတွေမှာသာ ပေါများတွေတာပါ။
      စာပေ လေ့လာသင်ကြားနေတဲ့ စာသင်သား ရဟန်း သံဃာများ အဖို့ကတော့ စာအုပ်တစ်အုပ် ဘောပင် တစ်ချောင်းရဖို့တောင် မလွယ်လှပါဘူး။
      သံဃာ အချင်းချင်း ဘယ်မှာ နွမ်းပါးသလဲ ဆိုတာသိကြပါတယ်။ ပြန်လှူပေးတယ် ဆိုရင်လည်း အလှူရှင် က ၂သီးစားလို့တောင် ပြောလို့ ရသေးတယ်လေ။
      ပထမ လှူတော့ တခါ ကုသိုလ်ရတယ်။
      ဒုတိယ အကြိမ်က တကယ်လို အပ်တဲ့ သံဃာဆီ ရောက်သွားတဲ့ အတွက် နောက်တစ်ကြိမ် ကုသိုလ်ရတယ်။

      မှတ်ချက်။ ။ ကုသိုလ် အကုသိုလ် အကြောင်း စိတ်မဝင်စားရင် ဒါမျိုး နောက်မပြောပါနဲ့.. ဘာသာခြားတွေ ထိကပါး ရိကပါး လာလုပ်လိမ့်မယ်။
      ကိုယ်တိုင် ယုံရင်လှူပါ မယုံရင် မလှူပါနဲ့ ဘယ်သူမှ အလှူ မခံပါဘူး။
      သဂျီး ကို အလှူခံတဲ့ သူ ရှိရင် ဆူး ဆီ ကိုသာ လွတ်လိုက်ပါ။ သဂျီး အစား လှူပေးလိုက်မယ်။
      ကိုယ်လက်ခံရင် ယုံကြည်ပါ လက်မခံရင် လာမထောက်ပါနဲ့.. ဗုဒ္ဓဘာသာကို ကိုးကွယ်နေတဲ့ လူထုကြီး တခုလုံးကို စော်ကားသလို ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်ခြင်းပါပဲ။

    • water-melon

      February 29, 2012 at 10:26 am

      သူကြီးရေ
      ဘာသာရေးကို အဲလိုမပြောပါနဲ့
      သူကြီးဘာသာ ဓမ္မနဲ့မြင်မြင် သိပ္ပံနဲ့ မြင်မြင်
      အလကားနေရင်း အကုသိုဟ်စိတ်ပွားမနေပါနဲ့

      6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ နဲ့ညှိနေပြီနော် 😆

    • ကြောင်ကြီး

      February 29, 2012 at 10:40 am

      စိတ်သာရှင်စော ဘုရားဟောတဲ့ သဂျီးရဲ့…မိမိထက်မြင့်မြတ်သူကို ဘာလှူလှူ စိတ်ထားမှန်ရင် အကျိုးမဲ့အချီးနှီး မဖြစ်ဘူး…။ ဘေးထိုင်ဘိုင်ကျ ဘုတောသူမှာသာ အပြစ်ရတယ်။ စေတနာနဲ့ ဝေဖန်တယ်လို့ ဆင်ခြေမပေးနဲ့..ကိုယ့်စိတ်ကိုယ်ပြန်စစ်ကြည့်..ငါမှန်တယ်ဆိုတဲ့မာနနဲ့ သူတပါး မှားတယ်ဆိုတဲ့ ဒေါသနဲ့ ငါအတ္တအရင်းခံတယ်..။ အဲဒီ စိတ်ရိုင်းတွေကနေ လွတ်နိုင်ဖို့ဆိုတာ အထက်အရိယာကြီးများသာ ဖြစ်ကောင်းတယ်။ ဒါကြောင့် ဝစီဗေဒထိတိုင်းရှလို့ ဘုရားဟောထားခဲ့တာ..။ စာလိုမတွေးဘဲ ရိုးရိုးလေး စဉ်းစားရင် မိမိကိုယ်တိုင် အယူမစင်ကြယ်ဘဲ သူတပါးကို ဝေဖန်တာ တဖက်သက်ဆန်တယ်။ မပြောရဘူး မဟုတ်ဘူး..ပြောပါ ဆွေးနွေးပါ သို့သော် တဖက်သားကို မကဲ့ရဲ့နဲ့၊ မနောကံလောက်ပဲ ထိုက်မယ်…ဒါဆို မနောဖြူလေး ခွင့်လွှတ်ရင် ကျေဒယ်….။ 😆

  • winkyawaung

    February 29, 2012 at 11:36 am

    အားလုံးကို လှူချင်ပါတယ်။ ဒါပေမယ့် အားလုံးအကျိုးပေးတာကိုတော့ လိုချင်၍ မဟုတ်ပါ။ လိုချင်လို့ မရဘူးဟု သိရပါတယ်။

Leave a Reply