ပစ္စက္ခအခြေအနေ

naywoon niJanuary 10, 20121min1366

• ပြတော့ ပြနေတာပဲ
မြင်ကွင်းက ကျဉ်းပြီး
ရှင်းလင်းပြတ်သားမှုမရှိသေးဘူး…..။
• ပြောတော့ ပြောနေတာပဲ
အသံတွေက တုန်ခါနေပြီး
တိုးလွန်းနေသေးတယ်….။
• ချစ်တယ်လို့တော့ ပြောနေတာပဲ
ဘယ်အတိုင်းအတာထိလဲဆိုတာတော့
မစမ်းသပ်ရသေးဘူး……..။
• ဖြစ်တယ်လို့တော့ ပြောနေတာပဲ
ဒါပေမဲ့ ဖဲချပ်တွေကို
သူခင်းမပြသေးပါဘူး……….။
• ထိတယ်ဆိုတာတော့ သိနေတယ်…..
ဒါပေမဲ့ နူးညံ့သလား
ကြမ်းရှ သလားဆိုတာကိုတော့
ငါမခံစားနိုင်သေးဘူး…………။

နေဝန်းနီ

6 comments

  • pooch

    January 10, 2012 at 3:40 pm

    ပြောင်းတော့ပြောင်းနေတာပဲ..
    ဒါပေမဲ့ အပေါ်ယံ အပြောနဲ့ …
    အနှစ်သာရကတော့ တက်မလာဘူး…..

    သူငယ်ချင်းတော့ သူငယ်ချင်းပဲ…
    ဒါပေမဲ့ ဝှက်ဖဲတွေကိုင်ပြီး ….
    ပုံပြင်တွေ ပြောတတ်တာမို့…
    ရိုးသားမှုက ဝေးနေဆဲပဲ…..

  • yaungchikha

    January 10, 2012 at 4:36 pm

    ဝေးတော့ဝေးတာပဲ
    ဘယ်လောက်ထိဝေးလဲ
    မသိသေးဘူး…………. 🙂

  • ငပေါက်ဖော်

    January 10, 2012 at 5:30 pm

    သောက်တာတော့ သောက်နေတာပဲ
    ဒါပေမဲ့
    ဘယ်နှခွက်ပြည့်ရင် မူးသလဲ မသိသေးဘူး

    မူးတာတော့ မူးနေတာပဲ
    မကုန်မချင်း မရပ်ချင်သေးဘူး..

    ရေးတာတော့ ရေးနေတာပဲ
    တစ်လုံးမှလဲ ကိုယ့်ကိုယ်ကိုနားမလည်ဘူး..

  • naywoonni

    January 10, 2012 at 9:02 pm

    ကပေါက်ဖော်ကတော့ အရက်သမားပီသပါပေ့….။

    • naywoonni

      January 10, 2012 at 9:56 pm

      ကပေါက်ဖော်ရေ့……. နင့်ကိုဖဲပြင်တတ်တယ်တဲ့ဟေ့ မောင်ပေကပြောနေပြီ ဟုတ်လား?

  • windtalker

    January 10, 2012 at 9:37 pm

    ဘိုနီ က ဖဲချပ်တွေ လည်း ရတာဘဲလား
    ပေါက်ဖော် နဲ ့တော့ သွားမယှဉ်လိုက်နဲ ့နော်
    သူ က ဖဲကောင်းကောင်းပြင် တတ် တာ ကလားဗျ
    ဟီဟိ

Leave a Reply