သင့်စာအုပ်တွေကော ဒီလိုမျိုးပဲလား…
စာအုပ်တွေလေ။ ပြန့်လို့ ကျဲလို့။ ဖုန်တွေလည်းတက်။ ပင့်ကူမြှေးတွေလည်း ငြိလို့။ ဒါတောင် လျှောအိတ်နဲ့ ထည့်ထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်။ ခဏခဏ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ခေါင်းအုံးနားနဲ့ စားပွဲခုံပေါ်မှာ လှန်တချို့ မှောက်တချို့။ အသစ်လက်ဆောင်ရထားတဲ့ စာအုပ်တွေကတော့ စားပွဲပေါ်တချို့၊ အိတ်ထဲက မထုတ်ရသေးတာ တချို့။ စာအုပ်စင်လေး တစ်ခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် ခုထိ အကောင်အထည်မဖော်နိုင်သေး။
စာအုပ်ထူထူကြီးတွေဟာ ရေးရသူအဖို့ အတော်ဒုက္ခများခဲ့ပေလိမ့်မယ်။ အထူးသဖြင့် အဲဒီစာအုပ်အထူကြီးတွေဟာ အတော်ကို သပ်သပ်ရပ်ရပ် ရှိလှပါပေတယ်။ ဒါပေမယ့် သူတို့ကို အပျင်းပြေ အိပ်ရာထဲမှာ ပက်လက်လှန်ပြီး ဖတ်ဖို့ဆိုတာ အတော် မဖြစ်နိုင်တဲ့အရာပါပဲ။ ဒီတော့ စိတ်ဝင်စားပြီး အချိန်ပေးနိုင်မှသာ ဖတ်ဖြစ်ပါတယ်။ ဥပမာ မြန်မာဝတ္ထဲတိုအညွှန်းလို စာအုပ်ကြီးလိုမျိုးတွေပေါ့။ ဘယ်စာအုပ်ဖြစ်ဖြစ် ဗဟုသုတတွေ ဒုနဲ့ဒေးဆိုတော့လည်း သူ့တို့ကို ကိုင်ဖြစ်တဲ့အချိန်ကလည်း ဗဟုသုလိုလားချိန် ဖြစ်လို့သာနေတော့တယ်။ ကျွန်မကလည်း စာအုပ်စင်မလုပ်နိုင်သေးတော့ စားပွဲအကြမ်းရိုက်ထားတဲ့ ၃ ဆင့် စားပွဲပေါ်မှာ သူ့နေရာနဲ့သူ နေရာယူနေတတ်တာကတော့ အသေအချာပါ။ သူတို့ကို ဖတ်ဖြစ်သည် ဖြစ်စေ၊ မဖတ်ဖြစ်သည် ဖြစ်စေ အခါအားလျော်စွာ ဖုန်သုတ်ပေးရတတ်တာမျိုး၊ အဖုံးဘာညာစုတ်ပြဲနေတဲ့အခါ ပြုပြင်ထိန်းသိမ်းပေးရတတ်တာမျိုးတွေဟာ သူတို့ရဲ့ အကျိုးပေးတစ်ခုပါပဲ။ ဒါကြောင့် စာအုပ်ဈေးကြီးလာပြီးနောက်ပိုင်း သိပ်မ၀ယ်ဖြစ်တော့တာလည်း ပါတယ်။ များသောအားဖြင့် လက်ဆောင်ရတဲ့ စာအုပ်တွေသာ များလို့နေပါတော့တယ်။ ကျွန်မကလည်း စာအုပ်သရဲဆိုတော့ ကံကောင်းချင်တော့လည်း ကျွန်မရဲ့ အကျင့်စရိုက်ကိုသိတဲ့ စာအုပ်လက်ဆောင်ပေးမယ့်သူတွေနဲ့ပဲ တွေ့ကြုံရတာ အလွန်တရာမှ တန်ဖိုးမဖြတ်နိုင်ပါဘူး။ တချို့စာအုပ်တွေကျတော့ နိဒါန်းကနေ နိဂုံးအထိ ပြည့်ပြည့်စုံစုံရှိနေနိုင်တဲ့ စာအုပ်မျိုးတွေ ဖြစ်လို့ နေတတ်ပါတယ်။ အဲဒီစာအုပ်တွေထဲမှာ မိခင်ဘာသာစကားနဲ့ မဟုတ်ဘဲ၊ ဒုတိဘာသာစကားတစ်ခု ယေဘုယျအားဖြင့် အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေလည်း အတော်အတန်ပါနေတတ်ပါတယ်။ သူတို့ဟာ ပိုင်ဆိုင်သူကို အတော်အတန် ဂုဏ်တက်စေတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ သူ့နယ်ပယ်နဲ့သူ အနှစ်သာရအားဖြင့်လည်းကောင်း။ ပညာအရာအားဖြင့်လည်းကောင်း ရှိလှပေတယ်လို့လည်း ဆိုင်ရာတွေက ချီးကျူးပြောဆိုပီးသား စာအုပ်တွေ ဖြစ်လို့နေတတ်ပါတယ်။ သို့သော်လည်း သူတို့ဟာ အခါအားလျော်စွာ မဖတ်ဖြဟ်ဘဲ အထားခံရလေ့ရှိတဲ စာအုပ်များ ဖြစ်လို့နေပြန်ပါတယ်။ မိမိနဲ့ မသင့်လျော်သောအရပ်ကို အရောက်ဆုံးစာအုပ်တွေ စာရင်းမှာ သူတို့ဟာ အမြဲတမ်းထိပ်ဆုံးက နေရာယူထားတတ်ကြပါတယ်။ တတ်နိုင်သူတွေနဲ့ သပ်ရပ်စွာ ကိုင်တွယ်တတ်သူတို့ဆီမှာ တောက်ပောင်စွာ နေရာယူနေတတ်တာလည်း သူတို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီစာအုပ်ထူကြီးတွေဟာ ရှိမှဖြစ်မယ်ဆိုတာထက်ရှိရင် မဆိုးဘူးပေါ့လို့ ယူဆခံထားရတဲ့ စာအုပ်အမျိုးအစား စာရင်းမှာတော့ အသေအချာ နေရာယူထားပေတာပေါ့။ ဒါပေမယ့် တစ်ခါတစ်ခါတော့ ခံ့ညားခြင်း။ ခမ်းနားထည်ဝါခြင်းဆိုတဲ့ သူတို့ရဲ့ ဂုဏ်ပုဒ်တွေကနေ ဖတ်သူတွေကို တစ်ဖက်သတ် ဆွဲခေါ်သွားတာမျိုးတွေဟာလည်း ဒီစာအုပ်တွေရဲ့ လက္ခဏာရပ်တွေထဲက တစ်ခုဖြစ်လို့နေပြန်ပါတယ်။ စဉ်းစားခွင့်ဆိုတာထက် လိုက်နာရမယ့်ဆိုတဲ့ အနေအထားမျိုးပါ။ သူတို့ကို ဖတ်တဲ့သူတွေ သို့မဟုတ် သူတို့ကို ကိုင်တွယ်ကြည့်ရှုနေသူတွေဟာလည်း မြင်ရသူအဖို့ အဲဒီရဲ့ ဘက်တော်သားတွေ သို့မဟုတ် လိုက်နာဖို့ ကြိုးစားနေသူတွေလို့လည်း အထင်ခံရတတ်ပြန်ပါတယ်။ ဒီစာအုပ်အမျိုးအစားတွေဟာ နေရာတစ်ခုနဲပအတူ သီးသီးသန့်သန့် ဖြစ်နေတတ်တာကတော့ သူတို့ရဲ့ ထူးခြားချက်တစ်ခုပါပဲ။
စာအုပ်တင်တဲ့ စားပွဲရဲ့ အောက်ဆုံးအထပ်မှာတော့ ပြန့်ပြန့်ကျဲကျဲ ရှုပ်ရှုပ်ထွေးထွေး နေရာယူနေတတ်ကြတာကတော့ ကျောင်းစားအုပ်တွေ အဖြစ်များတတ်ပါတယ်။ ကျောင်းနဲ့ဝေးတာကြာပြီဆိုပေမယ့် ထပ်တက်ခဲ့တဲ့ ဘွဲ့လွန်တန်းက စာအုပ်တွေကတော့ ခုထိ နေရာယူမင်းမူနေဆဲပါပဲ။ ဒါပေမယ့် အကုန်တော့ မရှိတော့ပါဘူး။ များသောအားဖငြ့် စာမေးပွဲ မဖြေခင်ထိသာ အရေးတယူပြုခြင်းခံရတဲ့ စာအုပ်အမျိုးအစားဆိုရင် မှန်နေပေလိမ့်မယ်။ သိပ်ပြီးတော့ ပြန်မကြည့်ဖြစ်ပေမယ့် လိုတဲ့အချိန် ပြန်မွှေနှောက်ဖို့ ရှိနေသင့်တယ် ထင်မိတာပါပဲ။ တချို့စာအုပ်တွေတော့ မရှိတော့ပဲ လက်ဆင့်ကမ်း ပြန်လည်ပေးလိုက်တာတွေလည်း ရှိပါသေးတယ်။ တချို့ကျတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေ တချို့ကျတော့ စာအုပ်အသစ်ဖိုး သက်သာလိုပင်ဖြစ်စေ ကောင်းတဲ့ဘက်ကတော့ အလေးသာလို့နေပါတယ်။
အများအားဖြင့် စုမိတာတွေကတော့ စာအုပ်သေးသေးကလေးတွေဖြစ်ပြီး စားပွဲခုံပေါ်မှာ စုစည်းတင်ထားပြီး လက်လှမ်းမှီသလောက် အမြဲကောက်ယူဖတ်လေ့ရှိတာတွေကတော့ ကဗျာစာအုပ်လေးတွေပဲ ဖြစ်ပါတယ်။ ခဏခဏလည်း စာဖတ်သူရဲ့ ပြန်လည်ဖတ်ရှုခြင်းကို ခံရတတ်ပါတယ်။ ဥပမာ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာများ၊ ထီလာစစ်သူရဲ့ ကဗျာအမျိုးမျိုး စတဲ့ ရှေ့ခေတ်ကော ခုခေတ်ကော ကဗျာစာအုပ်အတော်များများပါပဲ။ တစ်ခါတလေ သူတို့က စာအုပ်ကြီးတွေ ညှပ်နေတတ်ပြန်ပါသေးတယ်။ ဖတ်တော့မယ်ဆိုလည်း ရှာရဖွေရ၊ တွေ့ပြန်တော့လည်း ခါရပြုရနဲ့လေ။ သူတို့ကတော့ လူတိုင်းနဲ့ ရင်းနှီးစွာ မရှိလွန်းတာမို့ ရှိမှဖြစ်မယ်ဆိုတဲ့ စာအုပ်အမျုးအစား မဟုတ်ပေဘူးပေါ့။ ကျွန်မကတော့ စာအုပ်ဈေးပွဲတော်မှာ ဈေးသက်သက်သာသာနဲ့လည်းရမယ် ဖတ်ချင်လို့ ရှာဖွေဝယ်တဲ့အခါတိုင်းမှာ စာအုပ်ဆိုင်တိုင်းက စာအုပ်ကြီးတစ်အုပ်ဝယ်ရင် ပိုက်ဆံမယူပဲ အလကားထည့်ပေးလိုက်တာများပါတယ်။ တစ်ခါတလေကျပြန်တော့ စာဖတ်လေးတဲ့ စာအုပ်မျိုးကို ရှောင်ပြီး ဖုန်တက်အောင် ထားမိတတ်ပါတယ်။ ကျွန်မ ဆန္ဒကတော့ စာအုပ်စင်လေးတစ်ခု ဖန်တီးချင်မိပြီး ငှားချင်သူများအတွက်လည်း ပြန်လည်မျှဝေချင်နေမိပါတော့တယ်။
မမမနောရေ မိုးစက်ကတော့ စာအုပ်တွေကိုချစ်တယ် ရိုရိုသေသေလည်းကိုင်တယ်
တစ်အိမ်လုံးက စာဖတ်တဲ့သူတွေချည်းဆိုတော့ စာဖတ်ခန်းလေးလုပ်ထားရတယ်
စာအုပ်တွေကတော့မျိုးစုံပဲ ဘာသာရေး ပညာပေး သမိုင်းစာအုပ်တွေရော
တစ်ခါတစ်လေဆို စာအုပ်ပုံကြားမှာဒီအတိုင်းအိပ်ပျော်သွားတာ
အခုနောက်ပိုင်း အပြင်စာတွေသိပ်မဖတ်နိုင်သေးဘူး ဒီရွာထဲတောင် ရုံးချိန်မှာဝင်နေတာလေ
နောက်မှ လဲဖတ်မယ်နော် :P
Was this answer helpful?
LikeDislikeမနောဆီမှာ ရှိတဲ့စာအုပ်တွေက အတော်ကိုတော့ များတယ်။ ဒါပေမယ့် အကုန်ဖတ်ပြီးသားတွေကြီးဖြစ်နေတယ်။ လဲဖတ်ချင်တယ်ဆို အမြန်လဲဖတ်မယ်နော်… ခုဖတ်နေတဲ့ သိန်းဖေမြင့်ရဲ့ စစ်အတွင်းခရီးသည်စာအုပ်ပြီးရင် မြသန်းတင့်ရဲ့ ၀တ္ထုတိုပေါင်းချုပ်ပြီးရင် စာအုပ်က နည်းနည်းပဲ ဖတ်ဖို့ကျန်တော့တာမို့လို့နော် မိုးဇက်…
Was this answer helpful?
LikeDislikeစာအုပ်တော်တော်များများ ကြိုက်ပါတယ်။ ဆရာမ ဂျူး၊ ဆရာ ချစ်ဦးညို၊ ဆရာ အတ္တကျော်၊ ဆရာ ရွှေဥဒေါင်း ကြိုက်တယ်။ ဆရာ ထင်လင်းနဲ့ မင်းခိုက်စိုးစန် ဘာသာပြန်တာ ကြိုက်တယ်။ ပေါ်လီယာနာကြိုက်တယ်။ ခုတော့ အင်္ဂလိပ်စာ လေ့လာဖို့ လိုနေပြီထင်တယ်။ အင်္ဂလိပ်စာ Website ကောင်းကောင်းလေးများရှိရင် ညွှန်းပါဦး။
Was this answer helpful?
LikeDislikeမနော လက်ရှိဝင်လေ့လာနေတဲ့ ဆိုက်တွေ ပေးလိုက်မယ်လေ… မြန်မာက ဆိုက်ဆို http://www.myanmar-network.net နဲ့ အင်္ဂလိပ်ကဆိုက်ကတော့ နိုင်ငံစုံဝင်တဲ့သူတွေများတယ် အဲဒီမှာလည်း ကိုယ်တိုင်ဆရာလုပ်လို့ရသလို ကိုယ်တိုင်တပည့်လုပ်လို့ရတယ်။ အဲဆိုက်ကတော့ http://www.myenglishclub.com နောက် လိုချင်သေးရင် လေ့လာနေတဲ့ဆိုက်တွေ အများကြီးရှိပါသေးတယ်။ ပီအမ်ပို့ပေးပါမယ်ရှင်…
Was this answer helpful?
LikeDislikeနောက်တစ်ဆိုက်လည်း လေ့လာလို့ကောင်းတယ်။ ဒီမှာလည်း သွားကြည့်ပါလား http://www.thebestenglish4you.com သိပ်မဆိုးဘူး။ ကွန်ကောင်းရင် အသံဖိုင်တောင် ရတယ်။
Was this answer helpful?
LikeDislikeမနောလိုပဲ ကျနော်လည်း စာအုပ်စင်သီးသန့်ရယ်လို့တော့ မထားဖြစ်သေးဘူး၊ အိပ်ရာဘေးနဲ့ ကွန်ပျူတာတင်ထားတဲ့ စားပွဲပေါ်မှာပဲထားဖြစ်နေတယ်၊ ကျနော်လည်း စာဖတ်ဝါသနာပါတဲ့သူဆိုတော့ ကျနော့်ရဲ့ အားလပ်ချိန်တိုင်းက စာဖတ်တာနဲ့ပဲ အချိန်ကုန်တာများပါတယ်……….
Was this answer helpful?
LikeDislikeဒီလို ကိုယ့်စာအုပ်လေးတွေ ကို သူများ ကို ဖြန့်ဝေချင်တဲ့ စေတနာ ကို လေးစားပါတယ် မနော ရေ။
Post လေးအတွက် ကျေးဇူးနော်။ :-)
Was this answer helpful?
LikeDislikeကျွန်တော်က လေးတန်းလောက်ထဲ က စွဲစွဲ မြဲမြဲ ဖတ် ခဲ့တာပါ။ အိမ် မှာရှိတာ
နဲ့ ဝယ်တာနဲ့ မနဲပါဘူး၊ဒါပေမယ့် ခဏ ခဏ ပြောင်းနေ ရတော့ ဟိုတကွဲ ဒီတကွဲ နဲ့ ဖြစ်နေပြီ။
Was this answer helpful?
LikeDislikeကျွန်တော့မှာ စာအုပ်တွေကို စာရေးဆရာအလိုက်သေချာခွဲပြီးသိမ်းထားပါတယ်…
ဘယ်တော့မှ ဖုံတက်ခြင်း၊ ပင့်ကူမျှင်တွယ်ခြင်းမရှိပါဘူး…
Computer ထဲက Hard Disk ထဲမှာ သန့်သန့်ရှင်းရှင်းနဲ့ အမြဲရှိနေပါတယ်…
အကြံတစ်ခုပေးပါ့မယ်…
EBook တွေကို သေချာစုထားတာ 2GB လောက်ရှိပါတယ်…မြန်မာစာရေးဆရာတော်တော်များများရဲ့ လက်ရာတွေရှိပါတယ်…
Kindle e-Reader လိုမျိုး တစ်ခုလောက်ဝယ်လိုက်ပါ…စာအုပ်ကို စာထိုင်ဖတ်သလိုမျိုးဖတ်လို့ အရမ်းအရမ်း
အဆင်ပြေပါတယ်…
http://www.amazon.com/Kindle-eReader-eBook-Reader-e-Reader-Special-Offers/dp/B0051QYGXA
ရန်ကုန်မှာ တစ်သိန်းဝန်းကျင်နဲ့ရလို့ ၀ယ်ထားသင့်တဲ့ Ebook Reader ပါ…
ကိုယ့်စာအုပ်စင်ကြီးကို သွားလေရာ သယ်သွားလို့ရပြီပေါ့ဗျာ… အဲဒီအတွက်တော့ နဲနဲချွေတာလိုက်ပါနော်..
Was this answer helpful?
LikeDislikeသွားလေရာ သယ်လို့အဆင်ပြေပေမယ့် ကွန်ပျူတာမရှိတဲ့အချိန်နဲ့ မီးပျက်တဲ့အချိန်တွေမှာ ဖတ်လို့အဆင်မပြေပါဘူးဖြစ်နေတယ်။ စာအုပ်ဆို လက်က ကိုင်ဖတ်တာအကျင့်ပါနေတော့ အဲဘက်ကုပြောင်းဖို့ဆိုတာ သိပ်တော့မလွယ်လှဘူးဖြစ်နေတယ်။ ကွန်ပျူတာနဲ့ဖတ်တော့ မနောက မျက်စိမကောင်းတော့ အဆင်မပြေပြန်ဘူးဖြစ်နေတယ် လေးဖက်ရယ်… ဒီပြင်ကိုကော အကြံပေးပါဦး။ ebook တွေကတော့ လေးနီလည်း ပို့ပေးတယ်။
Was this answer helpful?
LikeDislikeမမနောရေ….
Website တွေ ညွှန်းပေးလို့ ကျေးဇူးတင်ပါတယ်။ မမနောပေးတဲ့ website အားလုံး ဖွင့်ကြည့်နေပါတယ်။
Was this answer helpful?
LikeDislikeမမမနောညီမကိုစာအုပ်လေးတွေငှားနော်မမမနောပေးတဲ့website
တွေလည်းအချိန်အားရင်အားသလိုဝင်ကြည့်လေ့လာပါ့မယ်
Was this answer helpful?
LikeDislikeGood habit.
Books are most valuable for the soul.
I have a dream to request Tha Gyee ( U Kai ) to make E books for MG’s posts.
Monthly or collected by author or Editor’s choice.
We must prepare for the future, especially for our next generations.
Please advice how we can make E books?
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeတို့ကခုမှလေ့လာနေတာလေဘာလို့အနုတ်လပြထားတာလဲဟွန်း ငိုချင်တယ် မပြောတက်သေးတာကို အနုတ်လာပြထားတယ်နော် မရက်စက်ပါနဲ့
Was this answer helpful?
LikeDislikeတို့ကခုမှလေ့လာနေတာလေဘာလို့အနုတ်လပြထားတာလဲဟွန်း ငိုချင်တယ် မပြောတက်သေးတာကို အနုတ်လာပြထားတယ်နော် စိတ်စိုးတယ်
Was this answer helpful?
LikeDislike