1 မနက်အစောအာရုဏ်တက် ဘုရားဖူးလာသူတွေကို စောင့်ပြီး ရောင်းတဲ့ပန်းသည်လေးတွေ(သူတို့ဘယ်အချိန်ကများအိမ်ကထွက်လာလို့ အခုလို မနက် စောစော ရောက်နေတယ်မသိဘူးနော်) ၀မ်းရေးကိုးဗျ

2 ဒါကလဲ မနက်စောစော ဓါတ်မီးတိုင်အောက်မှာ ရွှေတိဂုံဘုရားလာဖူးသူတွေကို ရောင်းဘို့ပြင်ဆင်နေတဲ့ပန်းသည်လေးပါ.(မိဘလုပ်စာအလကားထိုင်စား နေဖင်ထိုးမှအိပ်ယာထတဲ့လူနဲ့နှိုင်းယှဉ်ကြည့်ရင် ကံအကျိုးပေးကြောင့်လို့များပြောအုံးမလား မသိဘူး)

3 မနက်စောစောကြာပန်းတွေကို မြင်ရတော့ မောင်ပန်းမွှေးကဗျာလေးကို သွားသတိရမိပါတယ်

4 ဘုရား အတက်မှာ အင်ကြင်းပန်းစောင့်ရောင်းတဲ့သူလေးပါ နေ့လည်ခင်းလေးတစ်ခု

5 တိရိစ္ဆာန်ဆိုတာ လူကျွေးမှစားရတာ အဲတော့ သူတို့လေးတွေကို လူက ၀ယ်ကျွေးမှ သူတို့စားရသလို သူတို့အတွက်အစာရောင်းသူကလဲ ခိုလေးတွေကို ၀ယ်ကျွေးသူရှိမှထမင်းစားရမယ်။သွယ်ဝိုက်သော ဆက်နွယ်မူ့လေးတွေပါ.။ခိုလေးကို အစာကျွေးလိုက်တာ လူကိုပါ ထမင်းကျွေးလိုက်သလိုပါဘဲ။

6 ငှက်ကလေးတွေကို ၀ယ်လွှတ်မှ သူဝမ်းဝမယ် ။တစ်ခါတစ်လေမှာ မိမိအတွက် သူများဘက်ကို ငဲ့မကြည့်ဖြစ်ဘူးဆိုတာ ဒါမျိုးနေမှာနော်။

7 ကိုယ်ခွဲမရိရှာတော့ ကလေးပါခေါ်လို့ဈေးရောင်းနေရတယ်။ဒါတောင် နောက်က ဆိုင်ရှင်က သဘောကောင်းလို့ တစ်ထိုင်စာနေရာလေးရတာပါတော်။ဝမ်းရေးဆိုတော့လဲ ဒီလိုဘဲလုပ်ကိုင်စားရတာပ။

8 ဒီငှက်ေ၇ာင်းတဲ့သူကတော့ ကျနော်မြင်တာနဲ့ ဟိုဘက်မျက်နှာလှည့်သွားရော

9 အမေကြီးလုပ်ရောင်းနေတဲ့ မြင်ရခဲတဲ့ မြန်မာ့ရိုးရာမုန့်ကလေးတွေ စာုးချင်တယ်ဆိုရင် မယ်လမုဘုရားကို သွားဖူးရင်း ၀ယ်စားနော်.

10 နေပူပူမှာ အားအပြည့်အင်အပြည့် နဲ့ လှော်ခတ်နေတဲ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကလှေသမား

11 ဒီလိုအလူတွေမြင်မိရင် အပေါ်ကလူတွေနဲ့ယှဉ်ကြည့်မိတော့ ဘာပြေရမှန်းတောင်မသိသလိုပါဘဲ။

ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုံး(၀မ်းတစ်ထွာအရေး)

ရန်ကုန်မှာရောက်ခဲ့သမျှနေရာလေးတွေက အမှတ်တရပေါ့ ။

ထိခိုက်နစ်နာလိုစိတ်မရှိပါ။

မြင်မြင်သမျှ တွေ့သမျှလေးတွေကို စာနာမူ့နဲ့ယှဉ်လို့တင်ပေးလိုက်ပါတယ်

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(10-1-2011)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1605 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။