ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး)

1 မနက်အစောအာရုဏ်တက် ဘုရားဖူးလာသူတွေကို စောင့်ပြီး ရောင်းတဲ့ပန်းသည်လေးတွေ(သူူတိုု့ဘယ်အချိန်ကများအိမ်ကထွက်လာလို့ အခုလို မနက် စောစော ရောက်နေတယ်မသိဘူးနော်) ဝမ်းရေးကိုးဗျ
2 ဒါကလဲ မနက်စောစော ဓါတ်မီးတိုင်အောက်မှာ ရွှေတိဂုံဘုရားလာဖူးသူတွေကို ရောင်းဘို့ပြင်ဆင်နေတဲ့ပန်းသည်လေးပါ.(မိဘလုပ်စာအလကားထိုင်စား နေဖင်ထိုးမှအိပ်ယာထတဲ့လူနဲ့နှိုုှုင်းယှဉ်ကြည့်ရင် ကံအကျုးိပေးကြောင့်လို့များပြောအုံးမလား မသိဘူး)
3 မနက်စောစောကြာပန်းတွေကို မြင်ရတော့ မောင်ပန်းမွှေးကဗျာလေးကို သွားသတိရမိပါတယ်
4 ဘုရား အတက်မှာ အင်ကြင်းပန်းစောင့်ရောင်းတဲ့သူလေးပါ နေ့လည်ခင်းလေးတစ်ခု
5 တိရိစာ္ဆန်ဆိုတာ လူူကျွေးမှစားရတာ အဲတော့ သူတို့လေးတွေကို လူက ဝယ်ကျွေးမှ သူတို့စားရသလို သူတို့အတွက်အစာရောင်းသူကလဲ ခိုလေးတွေကို ဝယ်ကျွေးသူရှိမှထမင်းစားရမယ်။သွယ်ဝိုက်သော ဆက်နွယ်မူ့လေးတွေပါ.။ခိုလေးကို အစာကျွေးလိုက်တာ လူကိုပါ ထမင်းကျွေးလိုက်သလိုပါဘဲ။
6 ငှက်ကလေးတွေကို ဝယ်လွွှှတ်မှ သူဝမ်းဝမယ် ။တစ်ခါတစ်လေမှာ မိမိအတွက် သူများဘက်ကို ငဲ့မကြည့်ဖြစ်ဘူးဆိုတာ ဒါမျုးိနေမှာနော်။
7 ကိုယ်ခွဲမရိရှာတော့ ကလေးပါခေါ်လို့ဈေးရောင်းနေရတယ်။ဒါတောင် နောက်က ဆိုင်ရှင်က သဘောကောင်းလို့ တစ်ထိုင်စာနေရာလေးရတာပါတော်။ဝမ်းရေးဆိုတော့လဲ ဒီလိုဘဲလုပ်ကိုင်စားရတာပ။
8 ဒီငှက်ရောင်းတဲ့သူကတော့ ကျနော်မြင်တာနဲ့ ဟိုဘက်မျက်နှာလှည့်သွားရော
9 အမေကြီးလုပ်ရောင်းနေတဲ့ မြင်ရခဲတဲ့ မြန်မာ့ရိုးရာမုုန့်ကလေးတွေ စာုးချင်တယ်ဆိုရင် မယ်လမုဘုရားကို သွားဖူးရင်း ဝယ်စားနော်.
10 နေပူပူမှာ အားအပြည့်အင်အပြည့် နဲ့ လှော်ခတ်နေတဲ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကလှေသမား
11 ဒီလိုအလူတွေမြင်မိရင် အပေါ်ကလူတွေနဲ့ယှဉ်ကြည့်မိတော့ ဘာပြေရမှန်းတောင်မသိသလိုပါဘဲ။

ဖျပ်ကနဲ့ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး)

ရန်ကုန်မှာရောက်ခဲ့သမျှနေရာလေးတွေက အမှတ်တရပေါ့ ။

ထိခို်က်နစ်နာလိုစိတ်မရှိပါ။

မြင်မြင်သမျှ တွေ့သမျှလေးတွေကို စာနာမူ့နဲ့ယှဉ်လို့တင်ပေးလိုက်ပါတယ်

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့

(10-1-2011)

 

 

 

27 comments

  • မောင်ပန်းမွှေးကဗျာလေးက
    “ကြာတတ်တာတွေမကြာစေဘို့
    ကြာပန်းကလေးတွေလှူကြစို့”
    တဲ့စာသားမှားရင်ခွင့်လွှတ်။
    16နှစ်သားက အလွတ်ကျက်ထားတာလေ။

    • titanmandalay

      January 10, 2012 at 6:24 pm

      ကိုပေါက် နှင့်တကွ ရွာသူရွာသားများခင်ဗျား
      photo နှင့် new တင်နည်းလေးပြောပြကြပါ
      မတင်တတ်လို့ အခက်တွေ့နေရပါသည်

    • Nai Wai

      January 11, 2012 at 4:31 am

      ကိုပေါက်ရေ..ဒီကဗျာလေးက ၁၉၇ဝ လောက်က မြန်မာစာဌာနက ဆရာဦးလှမြင့်(မောင်ပန်းမွှေး)ရဲ့ ကဗျာလေးပါ။

      ကြာတတ်တာတွေ
      မကြာစေဖို့၊
      ကြာတွေ လှုကာ
      ဆုတောင်းပါသည်၊
      မကြာခင်ဘဲ
      ပြည့်ပါစေ။

      မောင်ပန်းမွှေး

      • Khin Latt

        January 11, 2012 at 4:40 am

        ကဗျာလေးပြန်ဖော်ပေးလို့ ကျေးဇူးပါရှင်။ 🙂

  • ရွှေဘိုသား

    January 10, 2012 at 6:06 pm

    အမှန်တိုင်းပြောရရင် အဲဒီ ကဗျာကို သိတောင်မသိပါဘူး ဖေကြီးရယ်

    မှန်တယ်လို့တော့ ယူဆပါတယ် ဗဟုသုတ ပေါ့ဗျာ ကျေးဇူးပါ

    နောက်တစ်ချက် ဖေကြီးတွေးသလို ခိုလေးတွေ စားရမှာ ခိုစာရောင်းသူတွေစားရတာ ဆက်နွယ်နေတယ်ဆိုတာ နေ့တိုင်းသာမြင်ကွင်းကိုမြင်နေရတာ အလိုမတွေးမိပါဘူး ကျေးဇူးပါ အမြင်မှန်လေးရလိုက်လို့

  • blackchaw

    January 10, 2012 at 6:15 pm

    ကိုပေါက်ရေ။
    ရန်ကုန်မှာ
    လမ်းလျှောက်ပြီး ဓါတ်ပုံရိုက်ခဲ့တဲ့ အကြောင်းလေးပါ
    ရေးစေချင်တယ်ဗျာ။
    လမ်းလျှောက်ကိုကို အကြောင်းလေးပေါ့။

  • M-Lulin

    January 10, 2012 at 6:18 pm

    သွားနိုင်လွန်းလို့ ဩချ ယူရပါတယ် ဦးပေါက် ရယ်။ ဖျတ်ကနဲ ၂ က ကန်စွန်း ခင်း မှာ ကန်စွန်းရွက် ခူး နေတဲ့ ပုံ က ကျွန်တော် တို့ နားတင် ဗျ။ ဟီး . ကျွန်တော် တော့ တစ်ခါ မှ အဲ့ဒီ့ အချိန် မရောက်ဖြစ်ဘူး….

  • အဲဒီနေရာလေးက လွတ်လပ်ရေးနေ့ ကားပေါ်က ဆင်းဆင်းခြင်း လမ်းလျှောက်ထွက်ရင်းရိုက်လာတာပါ။
    တကယ်စဉ်ရင် ပုံ(3)ကလေးရက်နေ့ရို်က်တာ။
    လေးက ငါးရက်နေ့ရို်က်တာ။
    နှင်းကျတာမှီချင်တော့ စောစောထရို်က်တာ။
    ဂန္ဓမာ ဟိုးဆေးလ်နားမှာ။
    နောက်ပုံတွေရှိသေးတယ် တင်စရာအများကြီးရယ်။

  • titanmandalay

    January 10, 2012 at 6:31 pm

    ကိုပေါက် နှင့်တကွ ရွာသူရွာသားများခင်ဗျား
    photo နှင့် new တင်နည်းလေးပြောပြကြပါ
    မတင်တတ်လို့ အခက်တွေ့နေရပါသည်

  • water-melon

    January 10, 2012 at 6:36 pm

    titanmandalay ရေ ဒီမှာကြည့်လိုက်ကွယ် ကိုမှော်ဆရာက ဒီလိုုပြောထားပါတယ်
    စာမျက်နှာရဲ့ အပေါ်ဆုံးမှာ add new ဆိုတာရှိပါတယ် ..အဲဒီအောက်က post ကို နှိပ်လိုက်ပါ
    ့ပြီးရင် စာရေးလို့ရပါပြီ …
    ရေးပြီးရင် publish ဆိုတာကို နှိပ်လိုက်ပါ …
    အဲဒါ အလွယ်ဆုံး ပိုစ့်တင်နည်းပါပဲ ..
    အဲဒါတွေ မတင်မှီ
    http://myanmargazette.net/64188/education/learn-how-to-do-just-about-everything ဟောဒီပိုစ့်ရယ်
    http://myanmargazette.net/rules-for-writers ဒါရယ်
    http://myanmargazette.net/writing-guidelines ဒီကောင်ရယ် .. ကို သေချာဖတ်ကြည့်စေချင်ပါတယ် ..
    အဲဒီ့အပြာရောင် စာသားလေးတွေပေါ်ကို နှိပ်လိုက်ရင် ပွင့်လာပါလိမ့်မယ်…

  • (1) Site Admin
    Log out
    Entries RSS
    Comments RSS
    WordPress.org

    ဒီနေရာကနေ Site Admin ကို ကလစ်ခေါက်ဝင်လိုက်ပါ။
    Dashboardကိုရောက်သွားပါမယ်။
    ဘယ်ဘက်အစွန်က ပုံလေးတွေကို ကလစ်နှိပ်ရင် ပိုစ်တွေဓါတ်ပုံတွေတင်ရမယ့်နေရာကိုတွေ့ပါလိမ့်မယ်။
    အဲဒီအထဲက အက်နယူးဆိုတာလေးကိုနှိ်ပ်လိုက်ပါ။
    ဘောက်စလေးကျလာပါမယ်။
    စာရေးချင်တယ်ဆိုရင် အလွတ်နေရာမှာရေး
    ပုံတင်ချင်ရင်လေးဒေါင့်ကွက်ကလေးကို နှိပ်လိုက်ပါ။
    စမ်းကြည့်လိုက်နော်

  • ကိုချောရေ အင်းလျားကန်က ပုံတွေတင်တဲ့အခါကျရင်
    ဘယ်လိုလမ်းလျှောက်ခဲ့ရတယ်ဆိုတာ တင်မယ်လေဗျာ။

  • windtalker

    January 10, 2012 at 9:29 pm

    နံပါတ်(၈)
    ရန်ကုန် ရဲမှူးကြီးနဲ ့မန်းတလေး ရဲမှူးကြီး ကို တွေ ့သွားလို ့ကြောက်သွားရှာတာနဲ ့ တူပါရဲ ့

  • padonmar

    January 10, 2012 at 10:42 pm

    ကိုပေါက်ရေ
    ပရိယေသန ရှာမှီး ကြတာတူပေမယ့် ကိုယ့်လုပ်အားဖြင့် ရှာတာ နဲ့ သူတပါးလုပ်အားကို တောင်းယူတာ ကွာတာ ထောက်ပြလိုက်တာလား။
    ကိုပေါက်ပြောချင်တာတွေ အများကြီးပဲ တွေ့နေရတယ်။
    ပြောမပြတတ်ဘူး။

  • ဟုတ်ပါတယ် မပဒုမ္မာရေ လူတွေထမင်းတစ်လုပ်စားရဘို့အတွက်
    နည်းမျိုးစုံနဲ့ခက်ခဲစွာရှာဖွေစားရတာကိုရော သူတို့ ဘဝအခက်အခဲတွေကိုရော
    လုပ်မစားနိုင်တာလား အချောင်ခိုချင်တာလား မသိနို်င်တဲ့သူတွေကိုရော
    မြင်လိုက်ရင် ဘယ်လိုအတွေးတွေပွားနိုင်ကြမလဲဆိုတာကို သိချင်လို့ တင်ပြပေးတာပါ။

  • Khin Latt

    January 11, 2012 at 3:46 am

    ရင်ကိုလာမှန်သော စကားပြောနေတဲ့ ပုံလေးတွေပါဘဲ ကိုပေါက်ရယ်။ 🙁

  • thit min

    January 11, 2012 at 8:44 am

    ကိုပေါက်ရေ
    ဘယ်လိုမှစိတ်ထဲမထားစေချင်ပါဘူးခင်ဗျာ။
    ကျနော် ကိုပေါက်ရဲ့စာတွေကိုကော်မန့်ပေးဖို့တော်တော်ပျက်ကွက်ရပါတယ်။
    ကိုပေါက်တင်မကပါဘူး မဒုမမ မဝေဝေ၊ကိုကမ်းကြီး၊ကိုထက်ဝေး၊ကိုပါလေရာ၊ကိုရင်စည်သူ၊မှော်ဆရာ
    ဦးဖက်တီး၊ကိုရှုံး၊ကိုကြောင်လေး၊ရွှေဘိုသား၊မနောဖြူ၊ ဟာ အကုန်နီးပါး ပါဘဲ ဗျာ။
    ကော်မန့်ပျက်ကွက်ခြင်းအတွက်အားလုံးကိုတောင်းပန်ပါတယ်။ဖတ်ဖြစ်ပေမဲ့ ရေးစရာ အိုင်ဒီယာမပေါ်
    လာတဲ့အခါမျိုးမှာ ဖတ်သွားပါတယ်ဗျာ ဆိုတဲ့ကော်မန့်မျိုးတော့မပေးချင်တော့ဘူးဗျာ။
    လေးစားလွန်းလို့မပေးဖြစ်တာများပါတယ်။လေးလေးစားစားရေးချင်လို့ပါခင်ဗျာ။
    ———————
    ကိုပေါက် ခုတလောဓာတ်ပုံတွေကိုနံပါတ်တပ်လာတာကျနော်တော့ တော်တော်ဝမ်းသာမိပါတယ်။
    ပြောရညွန်းရလွယ်လို့ပါ။
    အမှတ် ၆ ဓာတ်ပုံကကျနော့ကို စာတပုဒ်ပေးတယ်ဗျာ။
    အဲဒီလူငှက်ရောင်းတဲ့ လူရဲ့ မျက်လုံးတွေ၊ပုံစံတွေနဲ့ ဘေးကမြေကြီးပေါ်မှာ ချထားတဲ့ ထမင်းဖြူ ထုပ်လေး
    ဟာ အတွေးတွေအများကြီးဖြစ်စေတယ်ဗျာ။
    သူဟာ ဘယ်လောက်ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုကိုခံစားရဘူးတယ်၊ ဒါမှမဟုတ်ခံစားနေရဆဲဆိုတာကို
    မြင်သာလှတယ်၊အဲဒါကို ဟိုးနောက်ဖက်နားက ဖြစ်သလို ချထားတဲ့ ထီးကလည်း သူ့ဘဝရဲ့အနေအထားကို
    မီးမောင်းထပ်ထိုးထားလိုက်ပြန်တယ်။ လုပ်ရတဲ့အလုပ်၊နေရတဲ့ဘဝမှာ လူတယောက်ရဲ့ ခံနိုင်ရည်ဟာ
    ဘယ်အထိလဲ၊ အဲဒီဟိုဘက်ကရောဘာတွေလဲ၊ ကျနော်နာမည်ကြီးတဲ့လူတယောက်ရဲ့ အောင်မြင်ရေးအကြောင်း
    ထက် အဲဒီလူရဲ့ ဘဝကို ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်နေသလဲဆိုတာမျိုးကို ပိုနားထောင်ချင်တယ်။
    သူ့ရဲ့ စိတ်ဒါဏ်ရာလက်တွေ့ကုထုံးတွေက ပိုလို့အဖိုးတန်တယ်လို့ထင်မိတယ်။
    တွေးမိတာလေးပါ။
    ကျေးဇူးပါအကို။
    လေးစားခင်မင်စွာ
    မောင်သစ်မင်း

    • thit min

      January 11, 2012 at 8:46 am

      မဒုမမ အား မပဒုမ္မ္မ္မာဟုပြင်ဆင်ဖတ်ပေးပါရန်။
      တောင်းပန်ပါသည်ဗျို့။

  • pooch

    January 11, 2012 at 3:40 pm

    လေးပေါက်ရေ ဒီတခါ ဓာတ်ပုံများက စကားတွေ အများကြီး ပြောပြီး အတွေးတွေ အများကြီး ပေးတယ်နော်

    ဘဝတွေ ဘဝတွေ နည်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေ … ကိုယ်ချင်းစာတရားတွေ အကူအညီတွေ အားပေးမဲ့ လက်အစုံတွေ လိုနေသလားလို့ …

    ကိုယ်တိုင်လည်း ဘာအကူအညီမှ မပေးနိုင်ပဲနဲ့ ထိုင်ကြည့်နေရသလို ခံစားလိုက်ရတယ်….
    လေးပေါက်ရဲ့ ဒီတခါ ရိုက်ချက်ကတော့ ပြင်းလိုက်တာ

    ရင်တွင်း ခပ်နက်နက်ထိကို မှန်သွားတယ်…

  • ငပေါက်ဖော်

    January 11, 2012 at 4:11 pm

    ကျနော်မမြင်ဖူးတဲ့ ရှုခင်းတော်တော်များတာပဲ
    အားပေးသွားပါ၏…
    ကိုပေရေ
    ငှက်တစ်ကောင် ဘလောက်လဲ ခင်ည

  • Nai Wai ရေ
    ကျေးဇူးပါဗျာ။
    ကဗျာလေးကို အမှန်ရောက်အောင်ပြင်ပေးဘို့၊
    ဒီကဗျာလေးက ကျနော့်သိမ်းထားတဲ့ပို့စ်ကဒ်တွေထဲမှာ ရှိတဲ့ကဗျာလေးပါ။
    ဆရာပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံနဲ့ပြန်ရှာပြီးတင်ပေးဦးမယ်ဗျာ။
    ကြည့်သူအားလုံးကိုကျေးဇူးတင်ပါတယ်။
    ဒီဓါတ်ပုံတွေကို ရိုက်နေတုန်း ပြန်တင်ဘို့ ရွေးနေတုန်းတင်နေတုန်းမှာကို
    ကျနော်ရင်မှာထိရှစွာခံစားရသလို ဘယ်သူ့အတွက် ဘာကိုမှလုပ်မပေးနိုင်တဲ့လူတစ်ယောက်အဖြစ်
    ကိုယ့်ကို ကိုယ် သတ်မှတ်လိုက်မိပါတယ်.

    • Nai Wai

      January 12, 2012 at 1:50 am

      ကိုပေါက်ပြောမှ ဆရာပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံနဲ့ ဒီကဗျာလေးပို့စ်ကဒ်ကို သတိရမိတော့တယ်။ အဲဒိ ပို့စ်ကဒ်တမျိုးထဲကို ၁ဝကဒ်ပါတဲ့ တဘူးလုံးဝယ်ပြီး ရူးခဲ့တာ။ ကဒ်တွေတော့ မရှိတော့ဘူး။ အလွတ်ကျက်ထားလို့ မှတ်မိနေတာ။ ရာဇူးမှာ ဆရာဦးလှမြင့်(မောင်ပန်းမွှေး) မျက်မှန်အနက်လေးပင့်တင်ပြီး နှုတ်ခမ်းပါးပါးလေးကိုစေ့ကာ
      လက်ချာပေးရင်း ဆိုပြလို့၊ တခန်းလုံး ဆူညံသွားတာ ခုအချိန်အထိမှတ်မိနေပါ့ဗျာ။ ငယ်ငယ်တုံးကတော့ အချစ်အတွက်၊ အခုအရွယ်ကျတော့လည်း နေရာတကာကြာတတ်တဲ့ ခောတ်ကြီးနဲ့ လိုက်ဖက်နေတဲ့ ကဗျာလေးပါဘဲ။ ဌာနဆိုင်ရာက စာရေးမချောချောလေးတွေကို အဲဒိကဗျာကဒ်လေးနဲ့ ပိုက်ပိုက်သာ ညှပ်ပေးလိုက်၊ ကိစ္စတွေမြန်စေရမယ်။ အပြုံးလေးတောင် အပိုဆုရနိုင်သေးတယ်။
      ဆရာပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံလေးနဲ့ ကဒ်ကိုမျှော်နေမယ်ဗျို့။
      ကျေးဇူးတင်လျက်။

  • ကျနော်ရဲ့ သိမ်းထားတဲ့ပိုစ်ကဒ်တွေကို အရင်ပြန်ရှာမယ်ဗျာ.
    ပြီးရင် ဓါတ်ပုံရိုက်ပြီးတင်ပေးမယ်နော်။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 8:44 pm

    ဦးပေါက် ခင်ဗျား
    ( 10 နေပူပူမှာ အားအပြည့်အင်အပြည့် နဲ့ လှော်ခတ်နေတဲ့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကလှေသမား )
    ဟု ရေးသားခြင်းမှ
    ( 10 နေပူပူမှာ အားအပြည့်အင်အပြည့် နဲ့ ( တော ) နှစ်ပက်ထည့်ပြီး လှော်ခတ်နေတဲ့
    ဗိုလ်တစ်ထောင်ဆိပ်ကမ်းက သမ္ဗာန်ကက်ပတိန် )
    ဟု ပြင်ဆင်ရေးသားပေးဘို့တောင်းဆိုပါတယ်ခင်ဗျ

  • အဲဒီကပ္ပိတိန်က ဖောရှောတွေ မသောက်ဘူး ကိုယ့်လူ ခေတ်မှီသွားပြီ.။
    ဝီမှ
    ကိုင်တာတဲ့။

Leave a Reply