မစိုးရိမ်စာသင်သားသို့ ever ကဲ့သို့ အလားတူကျေးဇူးတင်ခြင်း။

kopeaceJanuary 10, 20121min2675

https://myanmargazette.net/91809/uncategorized-other/copypaste post ကိုဖတ်လိုက်မိတော့ ever လိုပဲ မစိုးရိမ်စာသင်သားကို ကျေးဇူးတင်ကြောင်း ရေးချင်လာတယ်။ ရေးတတ်သလို ကျေးဇူးတင်ကြည့်မယ်။

အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားတဲ့ အဖွဲ့ရဲ့ဟောပြောနေမှုများမှ ပစ္စုပ္ပန်ကမ္မဝါဒတို့၊ မိုးပြာတို့ကို ကြားသိနေရပါတယ်။ အရင့်အရင်က ဒီပစ္စုပ္ပန်တို့၊ မိုးပြာတို့၊ ဓမ္မဝိဟာရီဆရာတော်တို့ ရှိမှန်းတောင် မသိခဲ့ရပါဘူး။

ဒါကလည်း ဓမ္မဝိဟာရီဆရာတော်ရဲ့တပည့်ဒကာတွေက အပြင်လူတွေကို သိအောင်စွမ်းဆောင်တာထက် သူတို့အချင်းချင်းပဲ ဟောပြောဆွေးနွေးဖြန့်ချီနေတာကို အဓိကထားနေလို့လည်းဖြစ်မယ်ထင်တယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ဒီဆရာတော်နဲ့ ဒီဆရာတော့်တရားတွေ ရှိနေမှန်းတောင် မသိခဲ့ရတာပဲလို့ ထင်မိပါတယ်။

အခုတော့ IDF တို့ ဘာတို့လို အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားတဲ့အဖွဲ့များနှင့် မစိုးရိမ်စာသင်သားလို ကိုယ်တော်တို့ရဲ့ ကောင်းမှုကြောင့် ဓမ္မဝိဟာရီဆရာတော်(မိုးပြာ)ရဲ့ အရိယသစ္စာတရားတွေကို သိရှိခွင့်ရခဲ့ပါတယ်။

          အထူးသဖြင့် အောင်ပန်းမြို့တွင် အခမဲ့ ဖြန့်ဝေသွားသော ဓမ္မဝိဟာရီဆရာတော်(မိုးပြာ)တရားများကို မစိုးရိမ်စာသင်သားစာအုပ်ကိုင်ပြီး ဖတ်ပြသည့်အထဲမှ ကျနော်တို့ မသိရသေးသော အရိယသစ္စာတရားတော် တွေကို ထပ်မံသိခွင့်ရခဲ့ပါတယ်။ ထို့ကြောင့် ဓမ္မဝိဟာရီဆရာတော်(မိုးပြာ)၏တရားများကို ပိုမိုသိလိုစိတ်များထက်သန်လာသည့်အတွက် အင်တာနက်စာမျက်နှာများမှတဆင့် လေ့လာလာမိပါသည်။

နှစ် ထောင်နဲ့ချီအောင် ဗြဟ္မဏအယူ၊ ဂျိန်းအယူတို့၏ ဝါးမြိုခြင်းခံခဲ့ရသည့် ဗုဒ္ဓ၏အရိယသစ္စာကို သိရှိခွင့်ရခဲ့ပါပြီ။ ရှေးရိုးစွဲ ဝါဒီတို့၏ ချောက်တွန်းမှုကြောင့် ထောင်အကြိမ်ကြိမ်ကျခံကာ အနစ်နာခံပြီး ဗုဒ္ဓ၏အရိယသစ္စာကို ပြန်လည်ဖော်ထုတ်ပေးခဲ့သော ဓမ္မဝိဟာရီဆရာတော်ကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်မိပါတယ်။

ဓမ္မဝိဟာရီဆရာတော်ဟောကြားခဲ့သော အရိယသစ္စာတရားများကို မစိုးရိမ်စာသင်သားတို့လည်း အကြိမ်ကြိမ်ဖတ်ရှုပြီးလောက်တယ်လို့ ထင်မိပါသည်။

မည်ကဲ့သို့လေ့လာဖတ်ရှုသည်တော့မသိပါ။ အဲဒီလောက် ဖတ်ရှုမိပြီးပြီဆိုလျှင် မစိုးရိမ်စာသင်သားတို့လည်း အရိယသစ္စာကို သိမြင်လောက်ပြီဟု ပြောလို့ရပါပြီ။ အဘယ့်ကြောင့်ဆိုရသော် ဒီနောက်ပိုင်း မစိုးရိမ်စာသင်သားရေးသား၊ ဟောကြားသောတရားများတွင် ဓမ္မဝိဟာရီဆရာတော်၏ အသုံးအနှုံးများပါနေတာကို တွေ့နေရလို့ပါ။

ဆေးကို ဘယ်လိုပဲသောက်သောက်၊ မသောက်ချင်၊ သောက်ချင်နဲ့ပဲ သောက်သောက် သောက်မိပြီဆိုရင်တော့ ဆေးက အာနိသင်ပြပါလိမ့်မယ်။

မစိုးရိမ်စာသင်သားတစ်သက်သာလေ့လာသင်ယူခဲ့ရသော် ဗြဟ္မဏအယူ၊ ဂျိန်းအယူလွှမ်းနေသောတရားများနှင့် ဗုဒ္ဓ၏အရိယသစ္စာတရားများကို နှိုင်းယှဉ်မိပြီလို့ ယူဆမိပါသည်။ သို့သော် ရှေးရိုးစွဲ ဆရာ့ဆရာကြီးများ၏ ခိုင်းစေချက်ကြောင့် အတင်းကို ဇွတ်မျက်လုံးမှိတ်ငြင်းဆန်ပြီး လုပ်နေရတယ်ဆိုရင်တော့ မျက်လုံးလေးတော့ ရဲရဲဖွင့်ကြည့်လိုက်ပါ မစိုးရိမ်စာသင်သားရယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုးဆန့်ကျင်ဘက်အသွင်နဲ့ပဲ ဗုဒ္ဓ၏ အရိယသစ္စာတရားတော်တွေ လူတွေစိတ်ဝင်စားအောင်လုပ်ပေးနေတာသည် ကျနော်တို့အတွက် ကျေးဇူးကြီးလှပါပြီ။

ဒါ့ကြောင့် IDF တို့ ဘာတို့လို အဓမ္မဝါဒဖော်ထုတ်ရေးအမည်ခံထားတဲ့အဖွဲ့များနှင့် မစိုးရိမ်စာသင်သားတို့၏ ကျေးဇူးကြောင့် ဓမ္မဝိဟာရီဆရာတော်ပြန်လည်ဖော်ထုတ်နိုင်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ အရိယသစ္စာတရားတော်များကို သိရှိခွင့်ရတဲ့အတွက် ever ကဲ့သို့ ကျေးဇူးတင်ကြောင်း ဒီပို့စ်ကို ရေးသားပြီးပြောကြားလိုက်ပါသည်။

IDF ဝိုင်တော်သားများခင်ဗျာ

အခုအခါမှာတော့ ပို၍ ဝမ်းသာဖို့ကောင်းတာက http://www.ariyathitsa.org တွင် တွေ့ရတာက ဗုဒ္ဓ၏အရိယသစ္စာတရားများကို ပြည်တွင်းတင်မက ကမ္ဘာ့နို်င်ငံအသီးသီးကပါ စိတ်ဝင်တစားလေ့လာ သိရှိနေကြာင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။

 

 

 

5 comments

  • AYAN KHA

    January 10, 2012 at 9:50 pm

    ကျွန်တော့်အထင်တော့ မစိုးရိမ်စာသင်သား ကိုယ်တိုင်ကိုက အရိယသစ္စာတရားတော်တွေကို နားလည်ပြီးဖြစ်တဲ့ ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်မယ်နဲ့တူတယ်ဗျ။ သူ့အနေနဲ့က အရိယသစ္စာတရားတွေကို ပြန့်ပွားစေလိုပေမယ့် သူကိုယ်တိုင်က သင်္ကန်းအဝါဝတ်ထားတာဆိုတော့ ရုတ်တရက် သူ့နဲ့ဝန်းကျင် အသိကိုယ်တော်တွေ၊ သီတင်းသုံးဖော်အခြားကိုယ်တော်တွေကြားမှာ နားလည်မှုလွဲတာ၊ သူ့ပေါ် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ မိုးပြာဂိုဏ်သားအဖြစ် သတ်မှတ်ပြီး အချင်းချင်းငြိစရာလေးတွေ ဖြစ်လာနိုင်တော့ အသိသတိရှိရှိနဲ့ လှည့်ကွက်ကြီးကြီးသုံးပြီး ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်အစစ်ဖြစ်တဲ့ အရိယသစ္စာသဘောတရားကို တစ်ဖက်လှည့်နဲ့ လေ့လာလိုက်စားသူတွေကြားမှာ ပေါ်ပြူလာဖြစ်ပြီးလေ့လာဖြစ်အောင် ပြုလုပ်လမ်းကြောင်းဖောက်ပေးလိုက်တာနဲ့တူတယ်ဗျာ။
    ကျွန်တော်ဒီစာတွေကို ရေး၊မရေး တော်တော်စဉ်းစာလိုက်ရတယ်။ တော်ကြာ မစိုးရိမ်စာသင်သားကိုယ်တော် အပေါ်မကောင်းဖြစ်သွားမှာကြောက်လို့။ ဒါပေမယ့် အဲ့ဒီကိုယ်တော်အပေါ် ကျေးဇူးတင်မိတဲ့စိတ်က များနေလို့ ခုလိုရေးသားလိုက်ရတာပါ။

  • mggwa

    January 12, 2012 at 1:30 pm

    ယောက်ျားတစ်ယောက်ကို မကျေနပ်လို့ ဘယ်တော့မှ လင်မယူတော့ဘူးလို့ အပြောကြီးထားတဲ့အပျိုကြီးတစ်ယောက် —- ။
    အဲဒီယောက်ျားကောင်းတဲ့အကြောင်းကို သေသေချာချာ သိသွားတော့ တိတ်တခိုးလေးကြိုက်သွားတယ်။
    ဒါပေမယ့် ခက်တာက သူက ဘယ်တော့မှ လင်မယူတော့ဘူးလို့ ရပ်ကွက်ထဲမှာ ကြွေးကြော်ခဲ့တော့ – – – -။
    ဒီယောက်ျားကို ပွင့်ပွင့်လင်းလင်း ပြန်ကြိုက်ဖို့က ခက်နေတဲ့ အပျိုကြီးလို မစိုးရိမ်စာသင်သား ဖြစ်နေပုံရတယ်နော်။ အရိယသစ္စာကို သူ တိတ်တခိုးလေး သဘောတော့ကျနေပြီ၊ အခွေထဲမှာကြည့်ပါလား။ အဲဒီစာအုပ်ဖတ်ပြနေတဲ့ပုံက စပ်ဖြီးဖြီးကြီးနဲ့။ ဒါပေမယ့် အပြောကကြီးထားခဲ့တော့ ခက်နေတာနော်။
    ပွင့်ပွင့်လင်းလင်းသာ ကြိုက်လိုက်ပါတော့။ သဘောတူမှာပါ။ (ကြားထဲကဝင်ပြောတာနော်၊ လိုအပ်ရင် နားဖောက်ပေးမယ်။)

    • we ren thu

      January 13, 2012 at 8:05 pm

      ကိုကြီးရော ကြိုက်သွားပြီပေါ့ အဲဒီအရသာကိုလေ—

  • we ren thu

    January 12, 2012 at 10:00 pm

    ဘာစာမှမတတ် ဘာမှမသိပဲနဲ့ ကိုယ့်ဟာကိုယ် သူတော်ကောင်း အရိယာလို ့ကြွေးကြော်နေတဲ့ မိုးပြာဘိုးတော်ငမိုက်သားကိုမှ ဆရာတင်နေတဲ့ ပေါကြောင်ကြောင် လူမျိုးတွေ(ကြာပေါကြီးကြောင်- ကြာလေပေါလေ ကြီးလေကြောင်လေ)တွေ ရှိသေးပါလား—-ကိုယ့်ကိုယ်ကို လူပေါ်လူဇော်လုပ်လို ့မရလို ့ ထေ၇ဝါဒကိုများ ဖျက်ဆီးဖို ့ကြံနေလား မသိပါဘူးဗျာ— နောက် ဘယ်ဘုရားက sponsor ပေးထားမှန်းမသိတဲ့ ဝတ်ရုံပြာကြီးနဲ ့ ——-ကိုယ့်ကိုယ်ကို ဘုန်းကြီးလုပ်နေတဲ့ ကောင်ကိုမှ ဘုရားထူးနေကြတဲ့ဘဝ အော် အော်အော်—-လူတွေများ ဦးနှောက် ထဲမှာ ချီးတွေပဲရှိကြလား—အရိယာစကားသိပ်မပြောကြနဲ့ ပါးစပ်ဝဲပေါက်နေဦးမယ်—(ခွေးပါးစပ်က နတ်စကားထွက်ဆိုတာလိုပေါ့–နောက် ဘုရားရဲ့ ပဋိစသမုပါဒ်ကိုလည်း အင်္ဂ ါ ရပါးထဲရှိအောင်လုပ်လို လုပ် — ပြည်သူပိုင် ခိုးတာ အပြစ်မဟုတ်ဘူး ပြောလိုပြော–လူတွေအသက်ကလွဲရင် တခြားအသက် သတ်ကောင်း တယ် ပြောလိုပြော— —–
    -ကျော်ချင်ခွ ချင်ရင် ဆိုက်ကားသွားနင်း အော်ချင် ငေါက်ချင်ရင် spare သွားလုပ် three -shadow u don’t know တော့လာမလုပ်နဲ့ ——အပြာစာပေ အပြာစကား အပြာအယူဝါဒများကို ဖြန့်နေတဲ့ မိုးပြာနောက်လိုက်တို့ ရေ——-ကာမပိုင်လဲ မိစ္ဆာစာရဖြစ်

    “ကာမဂုဏ် မှားယွင်းကျက်စား ရှောင်မူဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို မေထုန်မူပြုလို့ အဓိပ္ပါယ် ရမှာမဟုတ်ဘူး။
    ပစ္စည်းအသုံးအဆောင် အားလုံးမှာ အကြောင်းမဲ့ သုံးဆောင်မူ (ဖြုန်းတီးမှု) တွေ ဖြစ်လာမယ်။ လိုအပ်တာထက် ပိုပြီး စားတာ၊ ဝတ်တာ၊ သုံးဆောင်တာတွေဟာ ကာမဂုဏ် မှားယွင်းကျက်စားမူတွေပဲ။ ကာမပိုင် ဖို မ ပင်ဖြစ်ပါစေ အကြောင်းမဲ့ လိင်ဆက်ဆံမူ ဖြစ်ရင် ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်မယ်”(ဘုရား၊ စာအုပ်- စာ-၁၅၄)

    “စားတယ်၊ ဝတ်တယ် သုံးဆောင်တယ်၊ ကြည့်တယ် အစရှိတာတွေလဲ ကိုယ်နဲ့ပဲ လုပ်ရတာ ဖြစ်တယ်။ ဒီကိုယ်နဲ့ အမှုတွေမှာ မှားယွင်းကျက်စားတာတွေဟာ ကာမဂုဏ် မှားယွင်းကျက်စားတာတွေပဲ။(ဘုရား၊ စာအုပ်- စာ-၁၅၅)

    ဘယ်သူ့အာရုံ ငါးပါးဖြစ်ဖြစ် မှားယွင်းကျက်စားက ကာမေသုမိစ္ဆာစာရပဲ။ အလှအပတစ်ခုကို အပျော်သဘောသက်သက်နဲ့ ကြည့်မယ်ဆိုရင် ကာမဂုဏ်မှားယွင်းကျက်စားမူက လွတ်ဖို့မရှိဘူး။ အဲဒီ အာရုံကို အပျော်သဘောသက်သက် ဆွဲမြူညို့ယူလဲ ဒီလိုပဲ။ သိချင်း၊ ဂီတ ကို အကြောင်းတစုံတစ်ရာမရှိဘဲ ခံစားရဖို့အတွက် နားထောင်သီဆိုတာလဲ အပျော်သက်သက်ပေါ့။ ဒါဆိုရင် ကာမမိစ္ဆရ ပဲ။ ကိုယ်က မွေးထားတဲ့ ခလေးကို အကြောင်းမရှိဘဲ နမ်းရှုံ့ ပွေ့ဖက်တာလဲ
    ကာမဂုဏ် မှားယွင်းကျက်စားမူ ဖြစ်တယ်။ ခလေးရဲ့ ကျန်းမာရေး၊ ကိုယ်အနံ့၊ အငွေ့သိဖို့ နမ်းတာ၊ ပွေ့ဖက်တာတွေဟာ
    အဲဒါတွေရဲ့ အကြောင်းတွေပဲ။ ကာမပိုင် လင်မယားလည်း ဒီအတိုင်းပဲ။ ကာမပိုင်ဖြစ်ပေမယ့် အပျော်သက်သက်နမ်းရှုံပွေ့ဖက်ရင် အမှားပဲ။ တစ်စုံတစ်ခုကို တွေ့သိဖို့ နမ်းရှုံ့ ပွေ့ဖက်မှ ကာမဂုဏ်မှားယွင်းကျက်စားမှုက လွတ်မယ်။”(ဘုရား၊ စာအုပ်- စာ-၁၅၅)

    ယင်းတို့ကား မိုးပြာဂိုဏ်းခေါင်းဆောင် ရှင်ဉာဏ၏ ဟောပြောရေးသားထားချက်များ ဖြစ်ပါသည်။

    ရှင်းလင်းချက်

    အရှင်ဉာဏသည် “ကာမေသုမိစ္ဆာစာရ” ၌ ကာမေသု ကို “အာရုံငါးပါး” ဟု ဘာသာပြန်၍ အာရုံငါးပါးကို ခံစားပါက ကာမေသုမိစ္တာစာရကံ” ထိုက်သည်ဟု ဆိုထားပါသည်။ ကိုယ့်သားသမိးကို ပွေ့ဖက်နမ်းရှုံ့မူ ကိုပင် ကာမေသုမိစ္ဆာစာရ ဟု ဆိုထားပါသည်။
    ဟောဗျ— ကိုယ့်အမေကိုယ်တောင် ကိုယ့်အဘွားကိုယ်တောင် ကိုယ့်နှမကိုယ်တောင် စေ့စေ့မကြည့်ရဲတော့ဘူးတော်ကြာသူတို ့ကို စကားလေးပြောမိလို ့ကာမေသုဖြစ်သွားဦးမယ်—-

  • ကိုသစ္စာ

    January 13, 2012 at 5:41 pm

    we ren thu က အရိယသစ္စာတရားတွေကို အပေါ်ယံစကားအကျလိုက်ကောက်ပြီး မိန်းမဆန်ဆန် ဝေဖန်ပြနေတာပဲ။ တရားတွေကို အသေးစိပ်လေ့လာပြီးမှ ပြောရတယ်။ သူများတွေပြောတဲ့ပါစပ်မှာကြားဖူးနားဝနဲ့ လမ်းမဆုံးပါနဲ့။ အသေးစိတ် လေ့လာလိုပါက http://www.ariyathitsa.org/html/mp-3.html မှာ လေ့လာကြည့်ပါဦး။

Leave a Reply