ပြည်သူတွေရဲ့ကျမ်းမာရေးကဏ္ဍ ဘယ်တော့များမှပြည့်စုံမှာလဲ

Phaung PhaungJanuary 10, 20121min10520

အခုတလော ခံစားရတာလေးတခုရှိတယ်။ ကိုယ့်အမျိုးဖြစ်မှပဲသိတော့တယ်လေ။ ဒါကြောင့် ကိုယ့်လိုပဲ ပြည်သူအားလုံးရဲ့ကိုယ်စား ခံစားချက်ချင်းတူနိုင်မယ်ထင်လို့ ဒီPost ကိုရေးဖြစ်တာပါ။

ပြည်သူတရပ်လုံးရဲ့ ကျမ်းမားရေးကဏ္ဍပါ… ရန်ကုန်ဆေးရုံကြီးမှာနည်းပညာ၊ဆေးဝါးကအစ အားလုံးလိုအပ်ချက်တွေနဲ့ဆိုတာ အားလုံးသိကြမှာပါ… အခုက ကင်ဆာရောဂါဝေဒနာရှင်တွေ ဓါတ်ကင်ချင်ရင် ရန်ကုန်မှာကင်လို့မရပါဘူး … စက်ပျက်နေလို့တဲ့ ။ မန်းတလေး နဲ့ တောင်ကြီးမှာပဲသွားကင်လို့ရပါတယ်။ ရန်ကုန်ကနေ တောင်ကြီးကို ဓါတ်ကင်ဖို့သွားရတဲ့လူနာတွေဟာ နေဖို့ထိုင်ဖို့အခက်အခဲရှိကြပါတယ်။ တကယ်လို့ တည်းခိုဖို့အမျိုးရှိရင်တောင် တစ်လခွဲလောက်တည်းရမှာ အားနာစရာကြီးလေ။ အခုခောတ်ကြီးက တစ်ရက်တောင် ဧည့်သည်လုပ်ဖို့ခက်ခဲရချည်ရဲ့။ ဒါကြောင့် ဓါတ်ကင်တဲ့ဌာနဘေးမှာ အဆောင်လေးတွေဆောက်ပြီး ငှားရမ်းတဲ့သူတွေ (အဆောင်ပိုင်ရှင်တွေ)ရှိပါတယ်။ ဓါတ်ကင်ရမယ့်လူနာဟာ အနည်းဆုံး ရက်သတပတ် 6 ပတ် ကင်ကြရပါတယ်။ အဲဒီမှာ နေထိုင်စရိတ်ကြီးပဲ (စားသောက်စရိတ်မပါ) သုံးသိန်းနီးပါးကုန်ခဲ့ကြောင်း သွားရောက်ကုသခဲ့သူကပြောပြပါတယ်။ ပြီးတော့ လူနာကိုဖေးမရမယ့် လူနာဖော် 1 ဦးကတော့ အနည်းဆုံး လိုက်ရမှာပါ။ တကယ်လို့များ အိမ်လုံးစေ့လူတွေ စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာနေရရင် လူနာနဲ့ဘယ်သူလိုက်နိုင်မှာလဲ ။

မန်းတလေးမှာတော့ ဦးလှထွန်းကင်ဆာဖောင်ဒေးရှင်းမှာ တည်းလို့ရတယ်။ လူနာအပြင် လူနာစောင့် – ပေါင်း(2)ဦး တည်းခိုဖို့လက်ခံတယ်။ အစားအသောက်အခမဲ့စီစဉ်ပေးတယ်။ လူနာ ဓါတ်ကင်သွားဖို့ ကားကအစ စီစဉ်ပေးတယ်။ ဒါကတော့ ဝမ်းသာစရာပေါ့။ ဒါပေမယ့်လည်း အဲဒီမှာလည်း လူများလွန်းတော့ စောင့်ရပြန်ရော။

ပြောချင်တာက အစိုးရအနေနဲ့ ဒီလိုလိုအပ်ချက်တွေကို အမြန်ဆုံးဖြည့်ဆည်းပေးစေချင်ပါတယ်။ ဓါတ်ရောင်ခြည်ကင်တဲ့စက်အသစ် ဝယ်လို့မရဘူးလား ။ အဲဒီလို တနယ်တဝေးထိသွားကင်နေရရင် စားစရိတ်+သွားစရိတ်+နေထိုင်စရိတ် အပြင် ကြာရင်လူနာပါပင်ပန်းပြီး လုုံးပါးပါးနိုင်ပါတယ်။ ရန်ကုန်မှာ ဓါတ်ကင်လို့မရတာကြာပြီတဲ့။ ကိုယ်ကလဲ ကိုယ့်အမျိုးဖြစ်မှပဲ ဒီကိတ်စတွေကို သိရတော့ အံ့တောင်ဩမိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအကြောင်းအရာကို မီဒီယာကနေတဆင့် အစိုးရအဖွဲ့များသိအောင် ကြိုးစားကြည့်ပါဦးမယ်………….

တော်သေးပြီ…………………… ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။

20 comments

  • Phaung Phaung

    January 10, 2012 at 4:54 pm

    ဟွန့် view ပဲကြည့်လို့ရပြီး Post တက်လား/မတက်လားမသိ

    • တောင်တန်း က မောင်ဆန်း

      January 10, 2012 at 11:08 pm

      ကမှော့်ပိုစ့်မှာ တက်မေးတာ ဒီပိုစ့်ကို ရေးဖို့လား
      အကျိုးပြုတဲ့ပိုစ့်ပါ ..
      ငှက်တစ်သောင်း နားနှိုင်ပါစေ …

  • memeseku

    January 10, 2012 at 7:47 pm

    ဟွန်. တက်ပါတယ်..ဟွန်.
    ဓါတ်ကင်ချင်တာများ…….ကျနော်ကင်တတ်တာပေါ. အိမ်မှာပိုးဟပ်မိရင်ကင်နေကျ…..

  • ငပေါက်ဖော်

    January 10, 2012 at 8:00 pm

    ဟွန် ့
    သများလဲ ခုမှ သတာပါရို ့

    ကားတွေ..လေယာဉ်ပျံတွေ..ဖုန်းဈေးတွေ..မပေါရင်နေ..
    စားဝတ်နေရေး.ကျန်းမာရေးအတွက်တော့ ပေါပေါလျှံလျှံ စီမံပေးသင့်တယ်.ဂျာ

  • water-melon

    January 10, 2012 at 8:06 pm

    ဓာတ်ကင်တဲ့စက်က ဆားကစ်တွေကြွက်ကိုက်သွားလို့ပါတဲ့
    ပြီးတော့ မီးအားက တက်လိုက်ကျလိုက်ဖြစ်လို့ Diode တို့ Condenser တွေလောင်သွားလို့တဲ့
    အခု မှာထားတယ် ရန်ကုန်ဆေးရုံအုပ်ကြီးက
    micro wave မီးပူရယ် အသားကင်စက်ရယ်
    အိမ်မှာ ကင်စားမလို့တဲ့

  • Swal Taw Ywet

    January 10, 2012 at 8:31 pm

    Good point of view, Please let me fill up some sketch.
    Do you know how to maintain the machines / Medical equipments at the hospital?
    I knew that there was a department named ” Bio- Medical Engineering “.
    Before 2000, there were only 2 bases in Myanmar.
    One at the Yangon General Hospital and second at Mandalay General Hospital.
    It was true there was no enough Man- Power at that department to take care all medical equipments such as X’ Ray Machines, Radiology, Laboratory equipment, Operation room equipments, etc:.
    Before 1990 there were several well trained engineers at that department.
    But I knew only one AGTI was appointed at Mandalay General Hospital and he got a one year training at Japan by JICA.After his resignation, no substitution there until 2000.
    Yes, we can get the medical Equipments by donations but the root causes are how to maintain it and the essential environment of the equipments such as room condition, power supply condition and readiness of spare parts.
    So………
    With respect,
    Swal Taw Ywet.

  • water-melon

    January 10, 2012 at 8:51 pm

    စက်တွေကိုဘယ်လိုထိန်းသိမ်းရမှန်းတော့ သိဘူးဗျ
    အနော်က machine ပညာရှင်တော့ ဟုတ်ပါဘူး electrician တစ်ယောက်ပါဂျာ့
    AGTI က လူက ဘာလို့နှုတ်ထွက်သွားတာလဲ ဂျာပန်မှာသင်ပြီးတော့
    ပစ္စည်းစိတ်ပိုင်းက ရှားလို့လား

    • Swal Taw Ywet

      January 10, 2012 at 11:04 pm

      Around 1982, Japan donated some advanced X’Rays machines to Myanmar and some Asian country. We though their main aim was to sell spare parts. As example, 1 X’ Ray machine was out of service. That department ( only 1 AGTI, 2 THS and 2 Evening course technicians ) took over 2 months to find faulty IC. After it, requested to YGH to get spare part. YGH requested to JICA. And so on..
      Total nearly 6 months that machine was out of service.
      By the way, that department had to take care all medical equipments including Air Conditioners of all hospitals and dispensaries of upper Myanmar.
      Thanks for interesting,
      With respect,
      Swal Taw Ywet.

      • water-melon

        January 10, 2012 at 11:39 pm

        ဂျပန်က နောက်မလှူတော့ဘူးလား
        လှူတာတောင် ပစ္စည်းအစိတ်ပိုင်းရောင်းချဖို့တွက် ရည်ရွယ်တယ်
        X’ Ray က IC လောင်တာထင်တယ် ( ထင်တာပြောတာနော့ 😀 )
        ပညာရှင်တွေက ရှိတော့ရှိတယ် ကြောက်လို့ပုန်းနေတာနဲ့ ပြည်ပထွက်တာနဲ့ဆိုတော့
        ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ ပညာတော်သင်တွေ ရှိလာရင် ကောင်းလာပြီဗျ
        အခုပေါ်နေတာက စက်တစ်စက်က ပျက်တယ် နောက်စက်က ကောင်းရင် program နဲ့ code ကူးပြီးပြင်လို့ရနေပြီဗျ

  • memeseku

    January 10, 2012 at 9:41 pm

    လခမပေးလို.တဲ.နောက်ပြီးတော.အဲ.ဒိအလုပ်ကအောက်ဆိုဒ်မရှိဝူး……အာရကေ weak တယ်…
    :):)

  • memeseku

    January 10, 2012 at 9:44 pm

    စက်တွေကအများဂျီးရယ် …. စက်ထိန်းသိမ်းတဲ.ပညာရှင်ကတယောက်ထဲ………
    သူတော်ပါတယ်….စက်မပျက်ခင်အရင်ထွက်တာ……မဟုတ်ရင်သူခဲကြွတော့မှာ…
    🙂 🙂

    • Swal Taw Ywet

      January 10, 2012 at 11:23 pm

      One more story of MGH ( around 1989 ). The Radiology machine’s timer system was malfunctioned.
      The root cause was the frequency of power supply ( only 49 Hz received to hospital). Our talented Myanmar engineers had to solve the problem by using Inverter for that machine. 49 Hz power supply connected to an China Inverter. The 50 Hz output of Inverter connected to the machine and the machine was OK.
      I meant important of surrounding. I do respect them because of their best trying hard for the patients. They did their best. And I realized one new idea = the engineers are saving the life of patients by supporting the doctors and medical technicians.
      With respect,
      Swal Taw Ywet.

      • htoosan

        January 11, 2012 at 9:54 am

        အဲ့ဒီ့ နှုတ်ထွက်သွားတယ် ဆိုတဲ့ AGTI က စွယ်တော်ရွက်လေးများလား 😀 😀 နောက်တာနော်.. ကြိုဆိုပါတယ် စွယ်တော်ရွက်ရေ.. အားပါးတရ ပြောနိုင်ရေးနိုင်အောင်လို့ မြန်မာ လို ရိုက်နိုင်အောင် ကျင့်ပါလား .. မကြာပါဘူး .. ရိုုက်တတ်လာပါလိမ့်မယ် .။

        • Swal Taw Ywet

          January 11, 2012 at 2:19 pm

          Sorry, He was not me. I was just a volunteer of that department in a short period and I understood how difficult of their works.
          I just want to high light the important of Maintaining , repairing and readiness of spare parts.
          Thank you for your advice to try on Myanmar font. Yes, Sure, I will.
          With respect,
          Swal Taw Ywet.

  • padonmar

    January 10, 2012 at 10:10 pm

    ဓာတ်ရောင်ခြည်ကင်တဲ့စက်အသစ် အလှူရှင်များဝိုင်းဝန်းထည့်ကြလို့ ရန်ကုန်ရောက်နေပါပြီ။
    လှူတုံးကတော့ 2010 ဒီဇင်ဘာဆို ရောက်မယ်ပြောခဲ့ပါတယ်။ အကြောင်းကြောင်းသော အကြောင်းတွေ ကြောင့် 2011 နှစ် ကုန်ခါနီးကျမှ ရောက်လာပါတယ်တဲ့။
    ဘာဖြစ်လို့ စတင်အသုံးမပြုသေးလဲ လေ့လာလိုက်ပါအုံးမယ်။

  • water-melon

    January 10, 2012 at 10:19 pm

    function တွေစုံလို့ထင်တယ် ❓
    ပစ္စည်းအသစ်လေးဆိုတော့ သုံးဖို့နှမြောတယ်ထင်တယ်
    သုံးပါတော့ လူနာတွေစောင့်နေတယ်

  • Foreign Resident

    January 10, 2012 at 10:42 pm

    ပြည်သူတွေရဲ့ကျမ်းမာရေးကဏ္ဍ ဘယ်တော့များမှပြည့်စုံမှာလဲ ???

    တိုင်းပြည် အရမ်းချမ်းသာမှပဲ ဖြစ်နိုင်ပါတယ်ကွယ် ။
    အခုက တိုင်းပြည်က အရမ်းဆင်းရဲနေပါသေးတယ် ။
    ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး ။
    လက်ရှိ တိုင်းသူပြည်သားတွေ တစ်သက်လောက်မှာတော့ မဖြစ်နိုင်ပါဘူးကွယ် ။

  • maungmoenyo

    January 11, 2012 at 9:21 am

    လက်ရှိမြန်မာအစိုးရဟာ မြန်မာလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လက်တွေ့အလုပ်နိုူင်ဆုံးအချိန်၊ အခွင့်အလမ်းသာတဲ့အချိန် ဟာ ခုဆိုက်ရောက်နေတဲ့ကာလပါဘဲ။
    ကျန်းမာရေးစောင့်ရှောက်မှုကပ်ကြီးဆိုက်နေတာ၊ မြန်မာပြည်တင်မကပါဘူး။ တိုးတက်တဲ့အမေရိက၊ဥရောပလိုနိုင်ငံတွေမှာ လူနာကုတင်ပေါ်ထိုင်ရင်း ခံစားရတဲ့ရောဂါထက်အဆမတန်ကြီးမားတဲ့ ဒုက္ခတွေခါးဆီးခံနေရတဲံအချိန်ပါ။ ပြဿနာ အခြေအမြစ်ကလေးတွေ ချကြည့်ရအောင်-
    (၁) အဆမတန်ဈေးကြီးလာသော ဆေးဝါးနှင့်ကုသစရိတ်၊
    (၂) ဆရာဝန်အပါအဝင်ကျန်းမာရေးဝန်ထမ်းများ အပေါ် တရားစွဲဆိုမှု နှုန်းမြင့်မားလာမှု
    (၃) ကျန်းမာရေးစောင့်ရှောက်မှုလောကကြီးတခုလုံးကို privatization စီးပွားဖြစ်လုပ်ငန်းအဖြစ်အသွင်ကူးပြောင်းအောင် ဥပဒေပြုလွှတ်တော်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက အဓမ္မကြိုးစားလာကြခြင်း၊
    (၄) ကျန်းမာရေးစောင့်ရှောက်မှု စံနစ်တခုလုံးကို ဆေးနည်းတိုနည်းသုူံး၍ပြဿနာဖြေရှင်းအောင်ကြိုးစားနေကြခြင်း၊
    စသည်တို့ဘဲဖြစ်ပါတယ်။
    ဒီအရင်းအမြစ်တွေကို တကယ်လက်တွေ့မြန်မြန်ဖြေရှင်း ရမဲ့နည်းဗျူဟာကို၊ လုပ်နိုင်တဲ့အနေအထားကို လက်ရှိ မြန်မာအစိုးရက မြင်အောင်ကြည့်တတ်ဖို့ဘဲလိုပါတယ်။

  • Phaung Phaung

    January 11, 2012 at 11:13 am

    အသိအမှတ်ပြု ထင်မြင်ချက်ပေးကြတာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်………
    ဟုတ်တယ်နော်… ကျမ်းမာရေးက စီးပွားရေးလိုဖြစ်နေတယ် ( ပုဂလိကဆေးရုံတွေတအားများလာတာကို ကြည့်ခြင်းဖြင့်) ။ ပိုက်ဆံမရှိရင် သေဖို့ထိုင်စောင့်နေရသလိုဖြစ်နေပြီ။ နာမကျန်းဖြစ်ရမှာတောင် တော်တော်ကြောက်လာပြီ……….

  • etone

    January 11, 2012 at 4:13 pm

    အင်း … သူငယ်ချင်းတယောက်ရဲ့ အမေ အစာအိမ်ကင်ဆာဖြစ်တာ … တောင်ကြီးမှာ ဓါတ်သွားကင်ရရှာတယ် … နေစရိတ်စားစရိတ်အပါဝင် အသွား အပြန်စရိတ်ထောင်းတာနဲ့ တစ်မိသားစုလုံး ချွေတာခဲ့သမျှ သုံးလိုက်ရရှာတယ်ကြားတာ စိတ်တောင်မကောင်းဘူး … ။

Leave a Reply