ဝက်သားတုတ်ထိုး………..

hmeeJanuary 10, 20123min16728

<div class="mceTehttps://myanmargazette.net/wp-admin/media-upload.php?post_id=92479&type=image&TB_iframe=1mp”>

ဝက်သားပြုတ်အိုး အခုမနက်ကမှ ရိုက်ထားတာ။
ဝက်သားပြုတ်အိုး။ ညက ကျက်ကျက်ခြင်း ရိုက်လိုက်တာ နည်းနည်းမှောင်နေတယ်။
ကြာဇံကြော်။
ဝက်သားဒုတ်ထိုး လှီးထားတာ။
ကြာဇံနဲ့ ဝက်သားသုတ်တာ၊ မီးမဖွင့်မိလို့ နဲနဲမှောင်သွားတယ်။

သဂျီးတခါကမေးဖူးတယ် ဂျုးတွေရော အာရပ်တွေပါ ဝက်သားမစားလို့ ဝက်သားဆိုင် မရှိဘူးလားတဲ့။ ဝက်သားဝယ်လို့ ရတယ်ဆိုတဲ့ အကြောင်းသက်သေပြတဲ့ အနေနဲ့ ဝက်သားဒုတ်ထိုး တင်လိုက်ပြီ။ အမှန်တော့ ဝက်သားဒုတ်ထိုး စားချင်တိုင်း အပြင်ကဝယ်မစားချင်တဲ့ အိမ်ကြီးရှင်အတွက် သူစားချင်တယ်ဆိုတိုင်း ချက်ကျွေးနေကြမို့ ပြန်ခါနီးလေး ချက်ကျွေးပါဦး ပြောလို့ ချက်ကျွေးတာ။ ဒီမှာ ဝက်သားဆိုင်ရှိပါတယ်။ ရုရှတွေ ရောင်းတာပါ။ ဒါပေမဲ့ ကလီဇာတော့ ဝယ်ရခက်တယ်။ သိပ်ရောင်းလေ့ ရောင်းထမရှိဘူး။ ပြီးခဲ့တဲ့ ရက်က ဈေးသွားရင်း ဝက်သားဆိုင်ဘက်ရောက်တော့ ကလီဇာတွေ ကြုံတောင့်ကြုံခဲ စုံနေတာ တွေ့လို့ အားပါးတရကို ဝယ်ခဲ့တာ။  ဒါနဲ့ပဲ  မနေ့က နေ့လည်ကတည်းက ပြုတ်တာ ဒီမနက်စားဖို့။  မပြန်ခင်  ရွာထဲကလူတွေကိုလည်း လွယ်ကူတဲ့နည်းလေး သိစေချင်လို့ တင်လိုက်ပါတယ်။

ချက်နည်း

ဝက်ကလီဇာတွေကို သေချာရေဆေး။ အူတွေဆို ပြောင်းပြန်လှန်ပြီး အထပ်ထပ်ဆေး မဟုတ်ရင် ခါးတတ်တယ်။  ရေဆေးပြီးရင် အားလုံးကို  ပဲငံပြာရည် အနောက်၊ ခရုဆီ၊ သကြား၊ ငရုပ်ကောင်း၊ တရုပ်မဆလာ၊ ဆား၊ အချိုမှုန့်တွေနဲ့ နယ်ထားပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကိုသေချာ ညက်အောင်ထောင်းပြီး  ကလီဇာတွေထဲ နှံစပ်အောင်ရောနယ်ပါ။ အသည်းကိုတော့ နယ်ပြီးရင် ပန်းကန်တခုထဲ ခွဲထည့်ထားပါ။ တခါတည်း ရောမပြုတ်ပါဘူး။ သူက ပြုတ်တာကြာရင် မာသွားတတ်လို့  အိုးချခါနီးမှ ထည့်ရမှာပါ။  အားလုံးနယ်ပြီးသားကို အိုးတလုံးထဲထည့်  မီးဖိုပေါ်တင်ပြီး ပြုတ်ပါမယ်။ ရေမထည့်ရသေးပါဘူး။ ဝက်သားကထွက်လာတဲ့ရေနဲ့  လုံးရမှာပါ။ လုံးရည်ခန်းသွားမှ ရေအပြည့်ဖြည့်  အဖုံးအုပ်ပြီး   ပြုတ်ရပါမယ်။  ကြိုက်တတ်ရင် ကြက်ဥကိုပြုတ် အခွံခွာပြီး  ဝက်သားအိုးထဲ ပြန်ထည့်ပြုတ်ပါ။  အိုးချခါနီးမှ အသည်းကိုထည့်  ရမိနစ် ၊၈မိနစ်လောက်ဆို အသည်းက ကျက်ပါတယ်။  အိုးထဲမှာ ရေ အနေတော်ကျန်ပြီး ဝက်သားလည်း နူးပြီဆို ချလို့ရပါပြီ။ ဝက်သားက တနာရီကျော်လောက်ဆို ကျက်ပါတယ်။

ကြာဇံကြော်

ကြာဇံကို ရေစိမ်ပြီး ပျော့လာရင် ရေစစ်ထား။ ဒယ်အိုးထဲ ဆီထည့် ဆီပူလာတော့ ဂေါ်ဖီနဲ့ မုန်လာဥနီထည့် ပဲငံပြာရည် အနောက်ထည့်၊ ဆား၊ ဟင်းခတ်မှုန့်ထည့်။ ရေလေးနည်းနည်းထည့်ပါတယ်။ ဂေါ်ဖီပျော့လာတော့  ကြာဇံထည့်ကြော်။ ကြာဇံ နူးရင် ချလို့ရပါပြီ။

အချဉ်ရည်

ငရုပ်ဆီ မရှိလို့  ငရုပ်သီးအချို အရှည်တောင့် အမှည့်ကိုပြုတ်ပြီး ဘရန်ဒါနဲ့ မွှေပါတယ်။ ပြီးတော့ ငရုပ်သီးနှစ်ထဲကို မန်ကျည်းမှည့်ရည် နည်းနည်း၊ ငံပြာရည်၊ ကြက်သွန်ဖြူထောင်း၊ ထန်းလျှက် နှစ်ခဲထည့် ဖျော်ပါတယ်။ အရသာ ကိုယ်ကြိုက်တဲ့ အနေတော်လား မြည်းကြည့် လိုတာထပ်ထည့်ပါ။

အားလုံးပြင်ဆင်ပြီးတော့ ဝက်သားတုတ်ထိုးလေးကို ကြာဇံလေးနဲ့ သုတ်စားလိုက်ပါတယ်။

28 comments

  • ငပေါက်ဖော်

    January 10, 2012 at 7:26 pm

    စကားမစပ်..
    ဝက်သားတုတ်ထိုးက အချဉ်ရေလဲ မတွေ ့ပါရား…
    သများက အချဉ်ရေရယ်..ငြုပ်သီးစိမ်းရယ်..ကြက်သွန်ဖြူရယ်..မပါရင် ဝက်တား မချားတတ်ဘူး 😆
    ပြောရင်း သရေကျလာဘီ..
    သရေကျတယ်ဆိုတော့ ဘတူမှ နိုင်ဘူးပေါ့ဂျာ

    • Moe Z

      January 11, 2012 at 9:23 am

      စောစောစီးစီး (မြန်မာစံတော်ချိန်နဲ့) ဖတ်ပြီး စားချင်စိတ်ကပေါက်နေပြီ 🙂
      ညနေထိစောင့်ရဦးမယ် ရက်စက်ပါ့ မမမှီရယ်
      အိမ်ကြီးရှင်ကိုတော့လုပ်ကျွေးပြီး သများကို သရေကျအောင်လုပ်တယ် 😀 😀

      • ငပေါက်ဖော်

        January 11, 2012 at 10:34 am

        တလုတ်တန်းမှာ သွားစားကြရအောင်..
        ၃ထောင်ဖိုးလောက်ပဲ ဆွဲမှာပါ..
        ကုန်ကျစရိတ်ကို ဇိခဏ စိုက်ထားလိုက်..

        တဂျီးဆီက တစ်သိန်းထုတ်ရင် ပြန်ဆပ်မှာပါ..ပူနဲ ့နော်..ပူနဲ ့..
        နှစ်သစ်မှာ အကြွေး တင်မခံနိုင်ပါဘူး..နှစ်ဟောင်းက အကြွေးတွေလဲ ဆပ်လေ့ မရှိဘူး
        😆

        • Moe Z

          January 11, 2012 at 10:43 am

          သဂျီးဆီကများမျှော်နေသေးတယ်
          သူတောင် ဦးဖက်ရဲ့အကြွေးတောင်းခံနေရတာ
          ဘယ်သူ့မှမယုံဘူး 😀 😀 နောက်တာ
          မွေးနေ့မှာ ရန်ကုန်မှာရှိနေရင်ကျွေးမယ်နော်

        • inz@ghi

          January 11, 2012 at 10:45 am

          ဂယ်လား …
          အမီပြန်ခဲ့မယ် မွေးနေ့ပြော ….ဘယ်တော့တုန်း ..
          ရုံးက စားရိတ်ထုတ်မပေးတောင် ကနွန်း ရောင်းပီး စားရိတ်လုပ်လာခဲ့မယ် …ဟီး …..

          😀
          ခင်တဲ့
          ကိုအင်ဂျီး..

  • ငပေါက်ဖော်

    January 10, 2012 at 7:27 pm

    ဟမငေး..
    ဗိုက်ချာလာဘီ..
    မေတို ့ဖေတို ့ကယ်ကြဘာဦး..ရှလွတ်

  • ရွှေ မင်း သား

    January 10, 2012 at 8:05 pm

    ဒုတ်ထိုးနဲ့ ထမင်း ဆီစမ်းလေး မစားရတာ တောင် ကြာပေ့ါ။
    ဟိုး ငယ်ငယ်တုန်းက နေလည်စာ လေးတွေ ပြန်အမှတ်သွားပြီ။

  • water-melon

    January 10, 2012 at 8:09 pm

    ဟေး တွတ်ပီမှာ သွားစားမယ်
    မန်းလေးက ရွာသူရွာသားတွေ ဘယ်သူလိုက်မလဲ
    အခုတောင် သရေကျနေပြီ
    ဂလု ဂလု

  • windtalker

    January 10, 2012 at 9:26 pm

    ကဲ…ရွာစားရေ ချစ်တို နဲ ့ဆွဲဘီဗျို ့
    အားပါး ရှလူး ရှလဲ
    ပြွတ်စ် ပြွတ်စ်
    စားသောက်ပြီး ငရုတ်သီး စပ် တာနဲ ့ အရသာရှိတာနဲ ့ရောထွေးသွားသံ

  • koyinmaung

    January 10, 2012 at 9:33 pm

    အသိမပေးဘဲနှိုက်စားသွားပါကြောင်း
    ခုလိုနည်းပေးတာကျေးဇူးပါ…

  • inz@ghi

    January 10, 2012 at 9:33 pm

    ၁၉လမ်း ကို တအား သတိရတွားဘီ ..မမမီ ရေ ….ကျေးကျေးနော်.. …

    စကားမစပ်….
    ညနေက ဂီ ဝက်နားရွက်တွေ ဝယ်လာတယ် ခင်ည …စနေနေ့ သုတ်စားမလို့ …..
    အားပေးပါဦးနော ….လာမယ် စနေ ..

    😀
    ခင်တဲ ဂီ…

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 10, 2012 at 9:50 pm

    ကျနော် တောင်းပန်ပါဒယ်
    ကျနော် မတ္တာရပ်ခံဘာဒယ်
    ကျနော် ဒီ……..
    မန်းဂေးဇက် ဟုတ်ပါဘူးယောင်လို့ မန်းဂေဇက် ဂို ဝင်လာဒါ
    မတူဒဲ့အတွေးဒွေဂိုဘာ
    ဝက်သားဒုန်ထိုး ဆိုတာကို ကန့်ကွက်ပါတယ်
    စိတ်မရှိပါနဲ့ခင်ဗျ
    ဂျီးဒေါ်ဂျီးမှားနေပျီခဗျ
    ဝက်သားဒုန်ထိုး မဟုတ်ပါဘူးခင်ဗျ
    ဝက်ကလီဇာ ဒုတ်ထိုးပါ
    ထပ်ပျီးဝေဖန်ဘာဒယ်
    ဒုတ်
    မရှိပါဘူးခင်ဗျ
    ဝက်ကလီဇာအစီမံ ဟုသာ အမည်ပေးသင့်ပါဂျောင်း

    • Khin Latt

      January 11, 2012 at 3:33 am

      လက်ခံဘာဒယ်၊ လက်ခံဘာဒယ်။ ဘကြီးဘု။
      စိတ်ချမ်းသာအောင်သာ နေပါ။ 😉

      မှီရေ – ဒီအပါတ် လုပ်စားမယ်။ အူတွေ၊ နားရွက်တွေ တော့ ပါမှာ မဟုတ်ဘူး။
      ကြာဇံလဲ ကြော်စားမယ်။ သင်းခရု နော်။
      နောက် Post တွေကိုလဲ မျှော်နေမယ်။ 🙂

      • hmee

        January 11, 2012 at 2:57 pm

        ကိုအောင်ပု ပြောသလို ပြင်ရမလို ဖြစ်နေပြီး။ လက်မှာနေလို့ လက်မြှောင်ဖြစ်သလိုပေါ့။ 😀
        ကျွန်မလည်း နားရွက်နဲ့ လျှာပဲ ဝယ်ရတယ်။ ကျန်တာတွေကို ၁/၂ ကီလိုစီ ဝယ်တော့ ဆိုင်ရှင်က ဒီကလေးမ သနားပါတယ် ဈေးချိုတဲ့ ကလီဇာတွေပဲ ဝယ်နေရတယ် ပိုက်ဆံမရှိဘူးထင်လို့ သနားတယ်ထင်ပါတယ် အသည်း၊ ကျောက်ကပ်၊ နှလုံးတွေ အလကားပေးလိုက်တယ်။ ဥပတိရုပ်က အဲ့လိုကောင်းတာ။ 🙂

  • ဦးဦးပါလေရာ

    January 11, 2012 at 12:14 am

    အမလေး မမှီရယ်..
    မတည့်လို့ ရှောင်နေရတာ။
    ရန်ကုန်တရုတ်တန်းနားနေတာဆိုတော့ ကြာကြာတော့ မရှောင်နိုင်ပါဘူး။

    • hmee

      January 11, 2012 at 3:00 pm

      ဦးပါလေရာရေ ကျွန်မလည်း မတည့်မှန်း ကိုယ့်ဘာသာ သိရက်နဲ့ စားတာ မူးလိုက်တာ မထနိုင်ဘူး။ 🙂

  • ရင်နင့်

    January 11, 2012 at 3:18 am

    ကိုုဖရဲရေ တွတ်ပီတော့မလိုုက်တော့ဘူး ကျွန်တော်နဲ့မတည့်ဘူး ပိုုင်ရှင်နဲ့မဟုုတ်ဘူးနော် အချဉ်နဲ့တည့်တာ 🙂 အဲ့ဒီက အချဉ်စားမိရင် ဗိုုက်တန်းနာတာ
    ၃၂*၇၄ ထောင့်ကဆုိုင်မှာသွားစားမယ် လိုုက်မလား 😛

    • pooch

      January 11, 2012 at 1:31 pm

      ကျမတော့ ၃၁ လမ်းက ဆိုင်ကို ပိုသဘောကျတယ် နောက်ကျလို့ကတော့ ကုန်ပြီသာမှတ်
      အကျွတ်ကြော် အရမ်းကောင်း …. ပြောရင်းနဲ့ စားချင်လာပြီ 😛

      • M-Lulin

        January 11, 2012 at 3:11 pm

        စိမ်းလန်းစိုပြည် က ဆိုင် လဲ ကောင်းတယ်။ .. အချဉ် ရေ အလွန်ကောင်း..

  • MaMa

    January 11, 2012 at 8:14 am

    မှီရေ- ဝိတ်ချရေး အစီအစဉ်ကို နောက်ဆုတ်ပြီး မှီရဲ့ သင်တန်းကို လက်တွေ့ဆင်းဖို့ပဲ ဦးစားပေးလိုက်တော့မယ်။ 😀

  • FattyCat

    January 11, 2012 at 9:14 am

    သွားမယ်…နေ့လည်ထမင်းစားချိန်…Taxi ငှားပြီးကိုသွားစားမယ်…စမ်းချောင်းထဲမှာဆိုင်တွေရှိတယ်….
    ဂလု…

  • Thel Nu Aye

    January 11, 2012 at 9:22 am

    များဝက်တားမချားဘူး။ တော်ပြီ။ ဒီပိုစ့်ကျော်တယ်။

  • နွယ်ပင်

    January 11, 2012 at 9:25 am

    မမှီရေ မနက်စာ အခုထိမစားရသေးတာနဲ့ ဒီပိုစ့်ကိုဖွင့်တာနဲ့
    တိုးနေပါရောလား အလုပ်နားမှာ ဝက်သားဒုတ်ထိုးဆိုင်တော့မရှိဘူး
    ရှိတဲ့ ခေါက်ဆွဲသုပ်ကိုပဲ မမှီရဲ့ ပုံလေးကြည့်ပြီး စားတော့မယ် ရှလွတ် ………. 😀

  • favourite

    January 11, 2012 at 12:06 pm

    ဟင့် သူများတို့ကို သရည်ကျအောင်လုပ်နေတယ် မမှီကတော့
    ရဘူး ဒီပြန်လာရင်တော့ MG ကလူတွေကို ဝက်သားဒုတ်ထိုး လုပ်ကျွေးရမယ်
    ဒါဗြဲ

  • nozomi

    January 11, 2012 at 12:28 pm

    ပို့စ် တွေ ဖတ်ရတာနဲ့တင် မမှီရဲ့ အချက်အပြုတ်စွမ်းရည်ကို အထင်ကြီးသွားပြီ
    ရန်ကုန်ပြန်ရောက်ပြီးလို့ အချိန်ရရင် မမှီလက်ရာနဲ့ ရွာသားတွေကို တပွဲလောက် ဧည့်ခံပေးဘ်ို့ တောင်းဆိုချင်ပါတယ်

    ဟင်းချက်ကောင်းတဲ့ မိန်းမတွေကို ယောင်္ကျားတွေက သဘောကျတယ်တဲ့၊ မမှီ အိမ်ကြီးရှင်က မမှီကို တော်တော်ချစ်မှာပဲနော

    • hmee

      January 11, 2012 at 3:09 pm

      ကိုနိုဇိုမီရေ အိမ်ကြီးရှင်က မမှီကို ကြောက်နေပြီ။ အစမ်းထွင်လွန်းလို့။ 🙂 ပိုက်ပိုက်ကလည်း ကုန်တာကိုး။ အရှေ့တိုင်း အစားအစာချက်နည်း စာအုပ်ကို ဝယ်ပြီး ဘာသာပြန်လိုက် ချက်လိုက်လုပ်နေတာ။ 🙂 အင်ဒိုးနီးရှား အစားအစာချက်တော့ ပြောတယ် နောက်ဘယ်တော့မှ မချက်နဲ့တဲ့။ 🙂

  • Phaung Phaung

    January 11, 2012 at 1:15 pm

    ဒါ မြန်မာနိုင်ငံမှာ ဟုတ်ဖူးပေါ့ …ဘယ်နိုင်ငံလဲဟင် ရရှားမှာလား ??? အစ်စရေးမှာလားဟင် ????

Leave a Reply