တီးတိန်မြို့ အဝင်လမ်း……….နှင့် ဝေဘူလရူ့ခင်း ………..

yaungchikhaJanuary 11, 20121min23121

ကျနော့်ဆီမှာ သင်တန်းလာတက်တဲ့ ဦးလေးတစ်ယောက် ရိုက်ထားတဲ့ပုံတွေပါ၊ ချင်းပြည်နယ် တီးတိန်မြို့အဝင်လမ်းကနေ မနက်ခင်းအလှကို ရိုက်ထားတာပါ၊ ကျနော်မရောက်ဘူးသေးပါဘူး၊ ရူ့ခင်းလေးတွေလှလို့ ရွာသူရွာသားတွေအတွက် တင်ပေးလိုက်ပါတယ်နော်…………….

အမှောင်ခွင်းပြီး အလင်းစချိန် နံနက်ခင်း တိမ်အလှနဲ့ တီးတိန်မြို့ အဝင်

ဒါကတော့ နံနက်ခင်းအလင်း၊ တိမ်တွေနဲ့ယှဉ်တွဲ တီတိန်မြို့အဝင်လမ်းလေး………

နေရောင်ခြည်ကျရောက်ပြီး တမ်တွေနဲ့အလှ…………..

ဝေဘူလရွာမှ အသွားတောလမ်းလေ…………

တောင်တန်းနဲ့ လယ်ထွန်ပြီးခါစ စပါးစိုက်ခင်းအလှ…….

 

21 comments

  • koyinmaung

    January 11, 2012 at 9:54 am

    တော်တော်သာယာတဲ့ရှု့ခင်ပါ
    တိမ်ပင်လယ်ကြီးကလဲရှု့မညီးပါလား
    သဘောကျတယ်ဗျာ ကူးထားလိုက်ပါတယ်….

  • weiwei

    January 11, 2012 at 10:03 am

    ချင်းပြည်နယ်ဘက်ကို မရောက်ဖူးသေးဘူး ….
    သွားလည်နိုင်ဖို့ ကြိုးစားအုန်းမယ် … ရှုခင်းတွေ အရမ်းလှတာပဲ …

  • fatty

    January 11, 2012 at 10:51 am

    ွှအဲယားကွန်းမလိုတဲ့အဲဒီမြို့လေးကိုစိတ်ကူးနဲ့သွားနေကြည့်မိတယ်ဗျို့ …..။

  • Yan Shin

    January 11, 2012 at 11:14 am

    မဂျီးရေ
    ဟိုးတောင်တန်းကို ဖုံးနေတဲ့ တိမ်တွေက
    မြို့လေးထဲကိုဝင်လာဘူးလားဟင်..
    ကျွန်တော်တို့ မြေပြန့်မှာက
    အဲလို တိမ်တွေကြားမှာ နေရတယ်ဆိုတာ
    လုံးဝ မဖြစ်နိုင်တာတွေမို့ပါ။
    လာလည်နိုင်အောင်ကျိုးစားပါအုံးမယ်။

  • zaymdy

    January 11, 2012 at 11:40 am

    အရမ်းကိုလှတည်း ရူခင်းလေးပါဗျာ ရောက်အောင်တော. သွားဦးမယ်ဗျို…

  • yaungchikha

    January 11, 2012 at 11:52 am

    ကိုယဉ်မောင်ရေ…. ကျနော်တင်တဲ့ ပုံလေးတွေကို သဘောကျလို့ ကူးထားတယ်ဆိုလို့ ကျေးဇူးပါနော်….
    မမဝေရေ….. ချင်းပြည်နယ်ဘက်ကို လာလည်ဖြစ်အောင် လည်ပါလို့ ဖိတ်ခေါ်ပါတယ်၊ မြန်မာပြည်ရဲ့ သဘာဝအလှတွေရှိတဲ့ နေရာပါ………….
    ကို fatty ပြောသလိုပဲ အဲယားကွန်းမလိုတဲ့မြို့ပေါ့………….
    ကိုရန်ရှင်းရေ…….. ကျနော်မရောက်ဘူးသေးလို့ မေးပြီးရင် ပြန်ပြောပေးမယ်နော်…….. 🙂

  • နွယ်ပင်

    January 11, 2012 at 12:01 pm

    မြို့လေးက တော်တော်လေးသာယာပြီး လှတယ်နော်
    ရောက်ဖူးချင်လိုက်တာ အခုတော့ ဓာတ်ပုံတွေထဲကပဲ
    ခံစားသွားပါတယ် ….

  • ငပေါက်ဖော်

    January 11, 2012 at 12:56 pm

    ရှုခင်းလေးတွေလှ၏..
    နောက်ခါ ကိုယ်တိုင် သွားရိုက်နိုင်ပါစေဗျား

  • amatmin

    January 11, 2012 at 2:11 pm

    ချစ်သုဝေ ဆိုထားတဲ့ တိမ်တွေနေတဲ့အရပ် ဆိုတာဒီလိုနေရာတွေကို ပြောတာကိုး
    အတော်လေး ကိုလှတဲ့ရှူခင်းတွေပါဗျာ..
    ဒါနဲ့ ကလေးမြို့မှာလည်း တခါတလေ အဲလိုမျိုး တိမ်တွေရံထားတတ်တယ်ဆိုလားပဲ.

  • M-Lulin

    January 11, 2012 at 2:39 pm

    ချင်းပြည်နယ် ဘက် မရောက်ရောက် အောင် လာခဲ့ပါဦး မယ်။

  • pooch

    January 11, 2012 at 3:10 pm

    ရောင်ခြည်ရေ ပုံလေးတွေ ကြိုက်လို့ ရှယ်သွားတယ်နော် ..
    ဂျူး ရဲ့ တိမ်နဲ့ ချည်တဲ့ကြိုးမှာလည်း ဒီလို ရှုခင်းတွေကို မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်မြင်အောင် ရေးသွားတာ …..
    ခုတော့ ယုံလိုက်ပြီ လှချက်ကတော့ ….

    သဘာဝအလှတွေ ကဗျာဆန်နေတာလေးကတော့ ဘယ်ပန်းချီ ရေးလို့မမှီပါပဲ…

  • windtalker

    January 11, 2012 at 3:20 pm

    လှလိုက်တာဗျာ…
    ချင်းတွေနဲ ့ပတ်သက်ပြီး
    ဆိုရိုးသတင်းစကားလေးတွေ က လည်း
    မွှေးမွှေးလေးတွေ မို ့လို ့
    အရမ်း လာလည်ချင်ပါတယ် ဗျို ့
    မြန်မြန် လာနိုင်ပါစေဗျာ

  • yaungchikha

    January 11, 2012 at 3:46 pm

    zaymdy၊ မနွယ်ပင်၊ ဦးပေါက်ဖော်၊ M-Lulin၊ ကိုတော်ကာ တို့ရောက်အောင်လာခဲ့ကြပါနော်၊ ချင်းပြည်နယ်က ကြိုဆိုနေပါတယ်……….
    ကိုအမတ်မင်းရေ ကလေးမြို့မှာတော့ တစ်ခါတစ်လေ ရှိပါတယ်၊ ဒါပေမယ့် တောင်ပေါ်နဲ့တော့ မတူပါဘူး၊ မြူပုံစံမျိုးပါ…………
    ကိုရန်ရှင်းမေးတာလေးကို တီးတိန်သူလေးတစ်ယောက်ကိုမေးပြီး ပြန်ဖြေပေးလိုက်ပါတယ်….
    တာင်ပေါ်မှာကျတော့ တိမ်တွေက အထပ်လိုက်အဆုတ်လိုက်နဲ့ တောင်တန်းတွေကြားမှာ နေမထွက်ခင်မှာရှိနေပြီး နေထွက်ပြီဆိုတဲ့အချိန် ကျတော့မှ ရွာထဲကို ခဏဖြတ်ပြီး အမြင့်ကိုတက်သွားတတ်ပါတယ်၊ လေတိုက်မြန်လေလေ တိမ်သွားတာ မြန်လေပါပဲ …………
    အခုလို တိမ်တွေနဲ့ တောင်တွေတွဲမြင်ရတာက ဆောင်းရာသီမှပါ၊ အထူးသဖြင့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ အတွင်းလောက်ပါပဲ၊ ဖော်ဖဝါရီလဆိုရင်တော့ တိမ်မရှိနိုင်ပါဘူးလို့ပြောပါတယ်၊ ရွာက သူငယ်ချင်းများလည်း လာလည်မယ်ဆိုရင် ဆောင်းရာသီက အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်…….
    မpooh ရေ တင်ထားတဲ့ပုံလေးတွေကို သဘောကျလို့ share သွားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်……

  • ချင်းပြည်နယ်က ရောက်ဘူးချင်ပြီး စာတွေထဲမှာဘဲ ဖတ်ပြီးကျေနပ်နေခဲ့ရတဲ့နေရာ.
    အဲ ဂျုးရဲ့ တိမ်နဲ့ချည်တဲ့ ကြိုးကိုဖတ်တော့ ရောဂါသဲလာပြီး
    လွင်မိုးခရီးသွားနေသည်မှာ သွားရည်ကျမိပါကြောင်း

  • zaw min

    January 11, 2012 at 4:55 pm

    ကျနော်ဆိုင်က ကလေးတွေက ကလေးမြို့ကပဲ…ဒီကပြန်ရင် သွားလည်ဖို့စိတ်ကူးထားတယ်…မဟာမြိုင်တောထဲကိုလည်းဝင်ချင်သေးတယ်….တီးတိန်မြို့ကလေးကသာယာတယ် မြန်မာပြည်ရဲ့သဘာဝရူခင်းတွေက ပကာသနမပါပဲ သဘာဝနဲ့ လှပတင့်တည်နေပါတယ်လေ…

  • nozomi

    January 11, 2012 at 4:57 pm

    မြင်ကွင်းလေးတွေက လှလိုက်တာ ၊ကွန်နက်ရှင် မကောင်းတော့ ပုံ (၃)ပုံ ပဲ တွေ့ရတယ် ၊ တွေ့ရတဲ့ ပုံလေးတွေကိုက လှနေတာ

    လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်ကလို့ ထင်တယ် ဆေးရောင်စုံနဲ့ ရုပ်ရှင်တကားကြည့်ဘူးတယ် ညွှန့်ဝင်းတို့ရိုက်ထားတာ ၊ သူ့သားပါတယ် ချင်းပြည်နယ်မှာ ရိုက်တာ ရှုခင်းတွေ အရမ်းလှတာပဲ အခု ဇာတ်လမ်းကို သေချာ မမှတ်မိတော့ပေမဲ့ အရမ်းလှတဲ့ မြင်ကွင်းတွေ ဆိုတာတော့မှတ်မိနေတယ် ၊ အခုချိန် ဖွံ့ဖြိုးမှုနောက်ကျ နေသေးပေမဲ့ တိုင်းပြည်တိုးတက်လာရင် ခရီးသွားလုပ်ငန်း နဲ့ အမှန်တကယ် စည်ကားလာမဲ့ နေရာတွေပါ အခုကတဲက အခြေခံအဆောက်အဦးတွေ ပြည့်စုံနေအောင်လုပ်ထားရမယ်

    သူငယ်ချင်းတွေထဲမှာ ချင်း တွေရှိတယ် ၊
    မိန်းကလေးတွေတော့ မသိပေမဲ့ ( သက်မွန်မြင့်လို ချောမှာတော့ သေချာတယ် )
    ယောကျင်္ားလေးတွေကတော့ လည်လည်ဝယ်ဝယ် ရှိကြတယ် ၊ သူ့ကို ချယ်လူလင်း လို့ နောက်ကြတယ် ၊ မလေး မှာလဲ ယူအက်စ် ကို ဆက်ထွက်ဘို့ စောင့်နေတဲ့ ချင်းတွေလဲ တွေ့ဘူးတယ်

    ချင်းတောင်တန်း ရဲ့ ရှုခင်းလှလှတွေ ၊ နေ့စဉ်လူနေမှုဘဝတွေ ၊ နွားနောက်မွေးတာတွေ လဲ မျှော်နေပါမယ်

  • manawphyulay

    January 11, 2012 at 5:08 pm

    အတော့်ကို သာယာတယ်နော်.. ရှုခင်းတွေကော နယ်မြေအလိုက် မျက်စိပဿဒရှိလိုက်တာ။ ရောက်ဖူးချင်တယ်။ ဘယ်တော့များမှ အဲဘက်တွေ ရောက်မလဲဆိုတာတော့မသိဘူး။ တောတောင်ရေမြေသဘာဝကို ကြည့်ရတာ သာယာစိုပြေတယ်နော်။

  • captainamerica

    January 14, 2012 at 11:31 pm

    ချင်းမြို.တွေကပုံစံတူတူတွေပါဘဲ။ဒါပေမဲ့ကိုယ်တိုင်ကိုယ်ကျရောက်ဖူးမှဘဲတကယ့်
    သဘာဝရှူခင်းအလှဘယ်လောက်လှမလဲစဉ်းစားသာကြည့်တော့။တကယ့်ရှူခင်း
    အလှကဓာတ်ပုံထဲမှာထက်ဆယ်ဆမကလှပါတယ်။ရောက်ဖူးလို.ပြောတာပါ။ကိုပေါက်
    ဦးဆောင်သောမန်းဂေဇာတ်ဓာတ်ပုံဆရာများချင်းပြည်နယ်ကိုအမြန်ဆုံးခရီးထွက်နိုင်
    ကြပါစေဗျာ။

  • Foreign Resident

    January 15, 2012 at 6:51 am

    အော် yaungchikha က ချင်းပြည်နယ်ကကိုး

    နေရာဒေသတိုင်းဟာ သူ့အလှလေးနှင့် သူ ရှိကြပါတယ်ကွယ် ။
    ချင်းပြည်နယ်က အစားအသောက်တော့ နဲနဲ ပါးရှားသလားလို့ ။

    ဝိတိုရိယ တောင်ကတော့ တောင်တက် စစမ်းချင်တဲ့သူတွေအတွက်
    နေရာကောင်းတစ်ခုပဲ ။ ပြေပြေလေးနှင့် မြင့်တယ် ။
    ပေ ၁၀၀၀ဝ ကျော်တော့ အောက်ဆီဂျင်လည်း နဲနဲငတ်တယ် ။
    အဲဒီတော့ မြန်မြန်လျှောက်လို့မရတော့ဘူး တစ်လှမ်းချင်း လျှောက်ရတယ် ။
    ကိုပေါက်တို့ ၊ M-Lulin တို့ သွားစမ်းသပ်သင့်တယ် ။

  • Khin Latt

    January 15, 2012 at 7:12 am

    ဂျုးရဲ့ “တိမ်နဲ့ချည်တဲ့ ကြိုး” ကတော့ ချင်းပြည် ကိုလဲ ချည်ထားပြီး ပြီလို့ တွေးမိနေတယ်။
    နောက်ပြီး – ထူးအိမ်သင် ရဲ့ “စကားပြောရင် ကျွန်တော် ကျွန်တော် နဲ့ …. ဂျင်းဘောင်းဘီ အမြဲ ဝတ်တယ်၊ သိပ်လှတဲ့ ကောင်မလေး ……. ” ဆိုတဲ့ စာသားပါ သီချင်းနာမည် ကိုလဲ စဉ်းစားနေမိတယ်။
    ကဲ Good Night အိပ်ပြီ “ကျွန်တော်” ရေ။ 🙂

    • inz@ghi

      January 15, 2012 at 7:28 am

      သီချင်းနာမည်-ညီမလေး ဖြစ်ပါတယ် အရီးတော်ခင်ဗျား..

      ခင်တဲ့
      စိန်ဇာဂီ

Leave a Reply