အမှတ်တရ ပုဂံပြည် အပိုင်း – ၃

we R oneJanuary 21, 20121min33512

မနူဟာဘုရား

မနူဟာဘုရားကို ပုဂံရောက် သထုံမင်း မနူဟာမင်း တည်ခဲ့တဲ့ ဘုရားဖြစ်ပါတယ်..။ ကွယ်သုံးကွယ်ဘုရားလို့ လည်း ခေါ်ကြတယ်..။ မနူဟာဘုရားကို မမြင်ရအောင် အနော်ရထာက ဘုရားရှေ့မှာ ဘုရားစောင်းတန်းဆောက်လိုက်တယ်.. ဒီတော့ မနူဟာဘုရားကို မမြင်ရတော့ဘူး.. အဲဒါ ကို မနူဟာ ရဲ့ အမျိုးတစ်ယောက်က အနော်ရထာ ဆောက်ထားတဲ့ စောင်းတန်း ကို မမြင်ရအောင် ရှေ့ ကနေ ညောင်ပင်စိုက်လိုက်တော့ .. ကွယ်သုံးကွယ် ဘုရားဖြစ်သွာတာပေါ့..။ ဘုရား ထဲကို ဝင်လိုက်ရင် တော်တော်ကြီးတဲ့ သပိတ်ကြီးတစ်ခု ကို အရင်တွေ့ရပါတယ်..။ သပိတ်ထဲကို အလှူငွေထည့်လို့ရအောင် လှေကား တစ်ခုလည်း လုပ်ပေးထားပါတယ်..။
ဘုရားဂူအတွင်း မှာ ထိုင်တော်မူ ဆင်းတုတော်ကြီး ၃ ဆူနှင့် အနောက်ဘက်မှာ လျာင်းတော်မူ ဆင်းတုတော်ကြီး တစ်ဆူ ရှိပါတယ်..။  အရှေ့ဘက် က ဘုရားဆိုရင် တော်တော် ကိုကြီးလို့ ဂူအတွင်းနေရာ အပြည့်ဖြစ်နေတယ်..။  ဘုရားရဲ မျက်နှာတော် ကိုမော့ပြီး ဖူးရတဲ့ အတွက် ဦးထုပ်တောင် ကျွတ်ကျတယ်လို့ Guide က ပြောပါတယ်..။ ကျွန်မ က ဦးထုပ် ဆောင်မထားတဲ့ အတွက် တကယ်ကျွတ်မကျွတ် မသိခဲ့ရပါဘူ..။ အနော်ရထာမင်း လာဖုူးရင်တော့ မကိုဋ္ဋ်တော် ကျွတ်ကျပြီး ရာဇ အိဒ္နြေပျက်အောင်လို့တဲ့ တမင်တကာ မော်ဖူးရအောင် တည်ထားခဲ့တာတဲ့..။ ဘုရားဆင်းတုတော်ကြီးကို  မလှုပ်သာ မလှည့်သာ ဖြစ်အောင် ကျပ်ကျပ်တည်းထားခြင်းဖြစ်ပါတယ်..။ ဘုရားဂူထဲ ကို ဝင်သွားမယ် ဆိုရင် စိတ်ကျဉ်ကျပ်ပြီး အသက်ရှုမဝသလို ဖြစ်လာလိမ့်မယ်လို့ Guide က ကြိုပြောထားပါတယ်။ တစ်မျိုးတော့ တစ်မျိုးကြီးပဲ..။ မနူဟာမင်း က အနော်ရထာရဲ့ သုံးပန်းအဖြစ် နေရတုန်းက စိတ်ကျဉ်ကျပ်တာ ကို ပေါ်လွင်အောင် အဲလို ဘုရားဆင်းထုကို အကြီးကြီးနဲ ကျဉ်ကျဉ်ကျပ်ကျပ် ဖြစ်နေအောင်ထားခဲ့တာလို့ ပြောပါတယ်။  သထုံပြည်မှာ ဗုဒ္ဓသာသနာ ထွန်းကားကြောင်း အနော်ရထာ သိရချိန်မှာ  ပိဋ္ဋိကတ် ၃ ပုံ နဲ ရှင်အာရဟံ ကို ခန ငှားပီး ပင့်တယ်ပေါ့လေ..။ အဲဒီ အခါ မနူဟာမင်း က ပုဂံသား အရိုင်းအစိုင်းတွေ ဗုဒ္ဓသာသနာ နဲ တူလို့လား တန်လို့လား.. ဘာညာကွိက လျှောက်ပြောတာပေါ့..။ အဲဒါ ကို အနော်ရထာ က ကြားပြီး စိတ်ဆိုးလို့ သထုံကို ပါသိမ်း ၊ မနူဟာမင်း ကိုလည်း ဖမ်း၊ ပိဋ္ဋိကတ် ၃ ပုံ နဲ ရှင်အာရဟံ ကိုလည်း ပုဂံကို ပင့်ဆောင့်ပြီး ပထမ မြန်မာ တစ်နိုင်ငံလုံးကို ဗုဒ္ဓဘာသာ နိုင်ငံဖြစ်အောင် လုပ်ပစ်လိုက်တယ်။ မနူဟာမင်းဟာ အနော်ရထာရဲ့ သုံပန်းအဖြစ် စိတ်ကျဉ်ကျပ်စွာ တစ်သက်လုံးနေသွား၇ရှာတယ်..။ သူ့ရဲ့ အသုံးမကျတဲ့  အတ္တ ကြောင့်လို့ ကျွန်မ ထင်တယ်..။ တကယ်လို့သာ မနူဟာမင်း သာ ပိဋ္ဋိကတ် ၃ ပုံ နဲ ရှင်အာရဟံ  ကို ကြည်ကြည့်ဖြူဖြူ ပင့်ဆောင်ခွင့်ပေးလိုက်မယ်ဆိုရင် သာသနာ ပြုရာလည်း ရောက်မယ်. သထုံပြည့်ရှင် ဘုရင်မင်းမြတ်အနေနဲလည်း မင်းလုပ်အုပ်ချုပ်ခွင့်ရမယ်.။ တစ်ချက်ခုတ် ၂ချက်ပြတ်ပဲ.။ အနော်ရထာ က သူ့ကို ကျေးဇူးတောင်တင်အုံမယ်..။ 😀

ဘုရားရှေ့ က သပိတ်ကြီး..
ဘုရားရှေ့ က သပိတ်ကြီး..မနူဟာဘုရား..
မနူဟာဘုရား..
မနူဟာဘုရား..
မနူဟာမင်း..(ရွာထဲ က အန်ဇာတုံးရဲ့ နှတ်ခမ်းမွေးနဲ တူသလိုလို... )
မနူဟာမင်း..(ရွာထဲ က အန်ဇာတုံးရဲ့ နှတ်ခမ်းမွေးနဲ တူသလိုလို... ) 😀

 

မနူဟာ ဘုရားလည်း ဖူး ပြီးရော. နေ့လည် ၂ နာရီကျော်နေပြီ.. လူတွေကလည်း တော်တော် ပင်ပန်းနေပြီ။ ဘောစိ ကိုAyar River View Hotel ကို လိုက်ပို့ပြီး.. ကျွန်မ တို့တည်းမယ့် ယာခင်းသာ ဟိုတယ် ကို လိုက်ပို့ပါတယ်..  ဟိုတယ် ရောက်တော့ ၂ နာရီခွဲနေ ပြီ.. ၄ နာရီမှာ ပြန်ထွက်မှာ မို့ ကောင်းကောင်း နားချိန်မရခဲ့ပါဘူ..။ အချိန်တစ်နာရီခွဲအတွင်းမှာ လူသုံးယောက် အလူအယက်ရေချိုးပြီး ပြင်ဆင်ရပါတယ်.. ။ညနေ ၄ နာရီထိုးမှာ ဘောစိတို့ ကို ဟိုတယ်မှာ သွားခေါ်ပြီး. ဓမ္မရံကြီးဘုရား ဆီသို့ ခရီးဆက်ခဲ့ ကြပါတော့တယ်.. ..

ဆက်ပါအုံးမည်…

we R one

 

 

 

12 comments

  • စိန်ပေါက်ပေါက်

    January 21, 2012 at 11:57 am

    အဲဇာတုံးက အဲသလို နှုတ်ခမ်းမွေးကြီးနဲ ့ဆိုပါကလား..
    ဟာရေး..ဟာရေး..

    • Anzartone

      January 21, 2012 at 1:26 pm

      ဟိုက် … ပေါ်ကုန်ပြီ ။
      အံစာတုံး နှုတ်ခမ်းမွေး အဲဒီလောက် မရှည်ပါဘူးဂျ … ။ ရေးတေးတေးလေး ပါပဲ။
      မမ We R One ကတော့ လုပ်ချလိုက်ပြန်ပါပြီ … 😀 😀

  • ဒုတိယမြောက်ပုံက ပုဂံသွားရင်အောက်ကနေပင့်ရိုက်မယ့်လို့ ကြုံးဝါးထားတဲ့ပုံဗျာ
    တစ်ခါတော့ရောက်ဘူးတယ်

    • we R one

      January 21, 2012 at 5:39 pm

      ကိုပေါက် ကိုယ်စား ရိုက်ပေးထားတာ.. အဟီး.. 😀

  • windtalker

    January 21, 2012 at 2:12 pm

    သာဓု သာဓု သာဓု ပါ ခင်ဗျား
    ကျုပ် စိတ် ကျပ်တည်းနေချိန်မှာ
    မနူဟာ ဘုရား ကို ဖူးမျှော်ခွင့်ရတဲ့အတွက်
    တစ်ခုခုထူးခြားတိုးတက်လာမှာပါ
    ကျေးဇူးတင်ပါတယ်

    • ဆူး

      January 21, 2012 at 4:17 pm

      ရွာထဲ မဝင်တာ နည်းနည်းပဲ ရှိသေးတယ် မောင်ပေ တယောက် နဖူးတင်မကဘူး ထိပ်ပါ ပြောင်သွားတယ်။ ဖြစ်မှ ဖြစ်ရလေ.. နောက် ကြုံမှ သင်တုန်းဓါး လက်ဆောင်ပေးမယ်။ အားလုံး ညီသွားပြီး ဘောသမား ကေ ဖမ်းနိုင်အောင်.. ဟဲဟဲ..

  • Anzartone ရဲ့နှုတ်ခမ်းမွေးဆိုတဲ့ဗျား။
    ပုဂံကို သုံးကြိမ်ရောက်ဖူးပေမယ့် ဓါတ်ပုံမရိုက်ဖြစ်ခဲ့တာ
    နှမျောမိပါတယ်။ကျေးဇူးပါနော့။

  • ဖားသက်ပြင်း

    January 21, 2012 at 2:53 pm

    အားပေးသွားပါသည် …
    ပုဂံဘုရား ပုံတွေ မျှော်နေပါသည်..

    ခင်တဲ့
    ဂီ

  • pooch

    January 21, 2012 at 3:57 pm

    ကျမလည်း အဲ့လိုပဲ အမြဲတွေးမိတယ် ဘာလို့များ မတွန့်တိုရမှာကို တွန့်တိုပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာခဲ့သလဲလို့ သူ့နှုတ်ကြောင့် ဒုက္ခ ရောက်ခဲ့ရတာပါ မျှဝေလိုတဲ့စိတ်မရှိပဲ တကိုယ်ကောင်းဆန်ဆန် အတ္တကြီးတယ်လို့ ကျမလည်း ထင်မိတယ်

    ဆက်ပါအုန်းနော် ဒီတခါ တင်တာ ၂ နဲ့ ကြား နည်းနည်း ကြာသွားသလားလို့ မအားဘူးထင်ပါရဲ့

    • we R one

      January 21, 2012 at 5:40 pm

      ဟုတ်ပါ့ မpooch.. အလုပ်နည်းနည်း များနေတာနဲ.. နောက်တစ်ခါ မကြာစေရပါဘူးရှင့် ..

  • ဆူး

    January 21, 2012 at 4:15 pm

    မနူဟာ ဘုရင်ကြီးက အဲဒီ ဘုရားကြီးကို တည်ပြီးတော့ ရေစက်မချခင်မှာ ပုဂံက ထွက်ပြေးရင်း လမ်းမှာ ရေနစ် သေဆုံးသွားတယ်။

  • Khin Kha

    January 24, 2012 at 11:27 am

    မနူဟာဘုရားပွဲနဲ့ ဆွမ်းသပိတ်လောင်းပွဲက ပုဂံမှာနာမည်ကြီးပြီး၊
    အလွန်စည်ကားတယ်လို့ကြားဖူးတယ်။

Leave a Reply