အလွမ်း

htet wayJanuary 11, 20121min14714

အနီးဆုံးကငေးမောခဲ့ပြီး
အခု
အဝေးမှာရင်ကွဲနာကျနေခဲ့ ပြီ။

ရွှေပွင့်လွှာ စီးရီးထဲက
ကိုသိန်းဇော် တယ်လီဖုန်းဂဏန်းကိုနိပ်ပြီး စိတ်လျှော့လိုက်သလိုမျိုး
အားငယ်စိတ်နဲ့ လွမ်းတယ်။

အမှန်တရားကိုရှာနေခဲ့ တာပါ
အမှားမှားအယွင်းယွင်းတွေကိုမှ ချဉ်ချင်းတပ်မိတဲ့ ဘဝ
နက်ဖြန်ဆိုတာ အားတင်းစရာပဲ။

ကြီးထောင်ကြီးမား လွမ်းစိတ်နဲ့
စိတ်ကူးထဲမှာ ချစ်ခဲ့ မိပါတယ်
ကျောခိုင်းတတ်တဲ့ စိတ်နဲ့ မာနကို မြင်လျက် မိုက်မဲသူ
ဘယ်သူပြောလဲ
ပိုင်ဆိုင်မှအချစ်ဆိုတာ…..။

ကိုယ်ဘေးလွတ်ရာ ရှောင်သလို
အများကိုလည်းဆောင်ချင်တဲ့ စိတ်
ကိုယ်ကျိုးရှာရင်း အများအကျိုးလည်းပါချင်တဲ့ ဆန္ဒ
ညီမလေးရယ်
မခေါ်ရက်ပါဘူး လိုက်ဝံ့ရင်တော့ အားရှိမယ်ထင်မိရဲ့။

အခုတော့ ညနေညိုရင်
ကြွေကွဲငေးရီရင်း
တောက်ပတဲ့ မျက်ဝန်းကိုပဲ ပြန်ပြန် မြင်ယောင်နေမိတော့တယ်။

14 comments

  • thit min

    January 11, 2012 at 10:36 am

    အမှားမှားအယွင်းယွင်းဆိုတော့ တော်တော်မှားခဲ့တာဘဲ။
    ဒါဆိုမနက်ဖန် ဆို သင်ခန်းစာတွေအရ ကောင်းအောင်လုပ်နိုင်မှာပါ။
    အဲဒီလောက်မှားနေတာဆိုပြီးစိတ်ပျက်ချိန်မှာတောင် လွမ်းတယ်ဆိုတော့
    တော်တော်ပြင်းအားကောင်းလို့ဘဲ။
    အိုး ………………..အချစ်။

    ~~~~~~~~~~~~~~~~~~~~~~~~
    ပေါ့သေးသေးလို့တော့မထင်နဲ့နော်
    အလွမ်းဖြစ်ဖို့ ချစ်နေဖို့လိုတယ်
    အလွမ်းအတွေးဟာ ဝေးနေလို့ဘဲဖြစ်တယ်
    တွေ့ချင်စိတ်ဝင်လာရင် အလွမ်းဟာမုန်းတိုင်းဆင်တယ်
    အတူတူနီးလိုမှုဟာ အလွမ်းကိုမီးလိုပြုစေမယ်
    ဘာဘဲဖြစ်ဖြစ် ဝေးလို့တွေးရင်းဆွေးရင်းနဲ့ အလွမ်းဖြစ်တာ ချစ်လို့
    မုန်းတိုင်းကဆုန်စိုင်းတာဖြစ်ဖြစ် မီးတောက်ဟုန်းဟုန်းတောက်တာဘဲဖြစ်ဖြစ် လွမ်းတာဖြစ် ချစ်လို့
    ————–
    အချစ်ဆိုတဲ့အပင်ကနေ အချစ်အဖူးအငုံတွေကရင့် လာရင် အလွမ်းပန်းတွေပွင့်သတဲ့။
    ဆရာမောင်စိန်ဝင်းက ဆိုဘူးတယ်မဟုတ်လား။
    ချစ်လို့လွမ်းတာမဆန်းပါဘူး၊ ချစ်ဖူးငုံရင့်လွမ်းပန်းပွင့်သတဲ့။
    —————
    အချစ်
    ခေါ်ဘူးတဲ့စကားလုံးလေးကိုမှန်းရွယ်
    ဖက်နမ်းခဲ့ဘူးတဲ့ပါးပြင်လေးရယ်
    ဒီအချိန်မှာအရမ်းသိပ်လွမ်းတယ်….. တဲ့။

    (ကိုင်ဇာကြီးက)

  • blackchaw

    January 11, 2012 at 10:45 am

    ချစ်သူကို တစ်ခါလွမ်း
    ပန်းတစ်ခါပွင့်ရင်
    ကမ္ဘာမြေတစ်ခွင်လုံး
    ပန်းပွင့်တွေဖုံး။
    ချစ်သူကို လွမ်းတိုင်းသာ
    ကြယ်တစ်ခါကြွေရင်
    မိုးကောင်းကင်တစ်ခွင်လုံး
    ကြယ်ပွင့်တွေသုဉ်း။
    ကိုထက်ဝေးရေ
    ကျွန်တော်လွမ်းတုန်းကအဲဒီလိုဗျ။

  • ငပေါက်ဖော်

    January 11, 2012 at 10:53 am

    ဟမငေး..
    ရွာ့ဒိတ်ဒိတ်ကျဲ..အလွမ်းသမားတွေစုနေပါကလား 😆
    မဆိုင်..မဆိုင်..
    သများနဲ ့ မဆိုင်..
    သများက အလွမ်းသမား မဟုတ်ဘူး..နပန်းသမား..
    ယိစ်..ယားစ်..ယိစ်..ဇိစ်..အုစ်.အားစ်..(သိုင်းကွက်ပြင်သံ)
    😆

  • manawphyulay

    January 11, 2012 at 11:50 am

    အလွမ်းတွေနဲ့ မျက်ဝန်းတွေ သိပ်မြင်မနေနဲ့
    ခလုတ်တိုက်ချော်လဲဦးမယ်
    လမ်းလျှောက်ရင် သတိထားဦးနော်…

  • yaungchikha

    January 11, 2012 at 11:53 am

    တစ်ချို့ကတော့ တကယ်ချစ်ရင် ပိုင်ဆိုင်မှု့ရချင်ကြတာပဲလို့ပြောကြတယ်………….
    ကိုထက်ဝေးကတော့ ……….ဘယ်သူပြောလဲ ပိုင်ဆိုင်မှအချစ်ဆိုတာ….. တဲ့………
    အလွမ်းကဗျာလေးကို ခံစားသွားပါတယ်…………

  • htet way

    January 11, 2012 at 1:35 pm

    ကျေးဇူးပါ ဆရာမခင်ဗျား လမ်းလျှေက်ရင် သတိထားပါ့မယ်။
    နပမ်းသမားကြီးခင်ဗျား နပမ်းလည်းလွမ်းတာပါပဲ နပမ်းသမားလွမ်းရင် ကြောက်စ
    ရာကောင်းပါတယ် အိမ်ဘေးနားက နပမ်းသမားကြီးသူမိန်းမ ရွာပြန်သွားတော့ လွမ်းပြီး
    အိမ်ရှေ့မြောင်းထဲ ဆရာအော်သလို ယား အိ အူး ဆိုပြီးလူးနေတော့တာပဲ၊ ဘာလုပ်တာ
    လဲမေးတော့ လွမ်းတာတဲ့…။ခံစားပေးတဲ ့yaungchikha ကို လေးစားပါတယ်။ကိုမဲချော
    လွမ်းတာလောက် ကိုမမှီပေမယ့် နီးပါး ထပ်တူကျနိုင်မှာပါ
    ကိုသစ်မင်းရေ အချစ်ပြင်းအားကတော့ ကိုသစ်မင်း လွမ်းသလိုပါပဲ။

  • ကိုရင်စည်သူ

    January 11, 2012 at 1:41 pm

    အော်.. အချစ်… အော်.. အချစ်…
    ကဗျာလေးဖတ်ပြီး ကိုရင် မှော်ဘီ အဘခြံထဲမှာ ပညာသင်တုန်းက
    မှော်ဘီသူလေးကိုတောင် လွမ်းမိသွားပါရဲ့…
    အခုတော့ သူလည်း ဗိုလ်ကြီးဆိုတဲ့ စစ်ခွေးနဲ့ယူပြီး
    တစ်အိုးတစ်အိမ်ဖြစ်နေပြီပေါ့…. 😥 😥 :crying:

    • inz@ghi

      January 11, 2012 at 2:05 pm

      စကားမစပ် ကိုရင်ရေ့ …
      ကိုရင် မလိမ့်ခင် ….ကျုပ်လည်း မလိမ့်ခင်…
      အိသဒ္ဒါမိုး ဂိမ်းလေး ဆက်ဆော့ရအောင်လားဗျ…
      စိတ်ပြေလက်ပျောက်…ပေါ့ … သည်တခါ ခညားအလှည့် ….
      😀

  • zarlay

    January 11, 2012 at 2:30 pm

    အလွမ်း ဆိုတဲ့စကားလုံးက ဘာမှန်းမသိပေမယ့် လောလောဆယ်တော့ ဘဲက ခရီးသွားတော့မှာဆိုတော့ ငိုချင်သလိုလိုပဲ….. ဟဲ…ဟဲ

  • htet way

    January 11, 2012 at 2:38 pm

    အော် မသိဘူးတဲ့လားကွယ်
    အချစ်ရှိရင် အလွမ်းရှိတာပေါ့
    မြင်ချင်တာအလွမ်းပဲ ဝေးပါစေအုံး..သိလာလိမ့်မယ်
    မျက်ရည်ချောင်းမှာခေါင်းအုံးကလေးမျောနေမှ…

  • bluerose

    January 11, 2012 at 2:51 pm

    ကိုထက်ဝေးရဲ့ကဗျာလေးဖတ်ပြီးတစုံတယောက်ကိုတော့လွမ်းမိပါရဲ့
    လွမ်းလို့ငိုချင်လာပြီ 🙁

  • htet way

    January 11, 2012 at 2:57 pm

    လွမ်းဖို့ လက်တို့ မျက်ရည်စို့မှ ..တကယ်ချစ်သတဲ့လားလေ

  • memeseku

    January 11, 2012 at 9:13 pm

    အမာရွတ်ရဲ့ မလှပခြင်းကို ဒဏ်ရာရဖူးတဲ့သူမှ သိလိမ့်မယ်.. မျက်ရည်ရဲ့ ခါးသီးခြင်းကို ငိုဖူးတဲ့သူမှ သိလိမ့်မယ်…. အလွမ်းရဲ့ နာကျင်ခြင်းကို ချစ်ဖူးတဲ့ သူမှသိလိမ့်မယ်

  • htet way

    January 11, 2012 at 9:42 pm

    မှန်ပါတယ်ဗျာ အလွမ်းရဲ့ နာကျင်ခြင်းကို ချစ်ဖူးသူပဲ သိမှာပါ
    ကျွှန်တော်အလွမ်းကတော့ ဆွတ်ဆွတ်ဖြူ အလွမ်းပါ ပန်းထက်မွေးတဲ့ အလွမ်းပါ
    နှင်းထက်အေးတဲ့ အလွမ်းပါ ။

Leave a Reply