ကျနော် သိသမျှ Branding -2

ムラカミJanuary 11, 20127min23718

 

Namo Tassa Bhagavato Arahato Samma Sambuddhassa ...

 

သည်တခါတော့ Branding ကို ကျနော် ပုံစံတစ်မျိုးရေးကြည့်ချင်ပါတယ်…..။

(ငြိမ်းချမ်းနွေးထွေးစွာ ဆွေးနွေးငြင်းခုံ ချင်လို့ ရေးတာ ဖြစ်ပါတယ်…အဆဲခံချင်လို့ ရေးတာမဟုတ်ပါ …..

ရွာထဲ ဆဲတာတွေ ရန်စောင်တာတွေ ရပ်စေချင်ပါတယ်…တကယ်ပြောတာပါ ..)

မိုးလင်းလာတာနဲ့ ကျနော် သွားတိုက်ရတယ် .. LION ကထုတ်တဲ့ သွားတိုက်ဆေးနဲ့ ….

ပြီး ….Denim aftershave သုံးပြီး Gillette နဲ့ မုတ်ဆိတ်ရိတ် တယ် …အဲ့ဒါပြီးတော့မှ Biore

နဲ့ မျက်နှာသစ် ရေချိုး …။ AOKI က ထုတ်တဲ့ ဝတ်စုံ ဝမ်းတဆက် ကို ဝတ် … TOEI ရထားကိုစီး

ရုံးသွား… လမ်းမှာ SevenEleven ကိုဝင် …အဲ့သည့်က ထုတ်တဲ့ ပေါင်မုန့်နဲ့ KIRIN လက်ဖက်ရည်ကိုသောက်

ရုံးရောက်တာနဲ့ Lenovo PC ကိုကိုင်ပြီး အလုပ်လုပ် …နေ့လည်ရောက်တော့ Yoshinoya မှာ ထမင်းစား…

နေ့လည် အိပ်မငိုက်အောင် Georgia black coffee သောက်ချင်သောက် ဒါမှမဟုတ် ..သံပုရာပါတဲ့ Lipton ပေါ့..

ညနေ Hanamasa မှာ ဈေးဝင်ဝယ် အိမ်ပြန် …Panasonic ထမင်းပေါင်းအိုး နဲ့ထမင်းချက်ပြီး Tokyo Gas ကိုသုံးကာ

ဟင်းချက်။ Sony တီဗီလေးကြည့်ရင်း Asahi ဘီယာလေးမော့ …။ပြီး ..Dell လက်ပကျွတ်လေးကို e-Mobile နဲ့ချိတ်ပြီး

ကမာ္ဘပတ် …. စိတ်လိုလက်ရရှိတဲ့အခါလည်း Canon ကင်မရာ နဲ့ရိုက်ထားတဲ့ ပုံတွေကို Adobe Photoshop သုံးပြီး

ပြန်တို့ …။ သည်လိုနဲ့ မိုးချုပ် …အင်း Sharp phone လေးသုံးပြီး alarm ပေးဦးမှ …. ကဲကျနော်အိပ်ပြီ ။

Sanyo heater လေးဖွင့်ရင်းနဲ့ပေါ့………

 

သည်လိုနဲ့ ကျနော် အိပ်ပျော်သွားရော …

လူလည်အာရှသား အိပ်မက်မက်တယ်ပေါ့ဗျာ ……ကျနော် ချမ်းသာရင် ဆိုပြီး …။

New York မြို့ …Manhattan အရပ်က Trump Tower Apartment မှာနေမယ် ….

Ferrari စီးပြီး Brooklyn အရပ်က Little Italy မှာ ဝိုင်ပုလင်းနဲ့ ဝက်အူချောင်း သွားဝယ်မယ်. …..

Armani ဝတ်စုံကို ဝတ်လို့ပေါ့ ..။

 

 

ကျနော့် ၂၄နာရီဟာ(အိပ်ချိန်ပါမကျန်) Brand တွေနဲ့ ဖြတ်သန်း ရတယ်ဗျာ …..ဒါဆိုရင် စာဖတ်သူတို့ရော ..?

ပြောချင်တာက သည်လိုပါ …. သည် Brand တွေက ကျနော်တို့ ဘဝ ကို ဘယ်လောက် လွှမ်းမိုးတယ်ဆိုတာ..

ဒါဆို လူအချင်းချင်း ဆက်ဆံရေး ကိုရော Brand လို့ ပြောလို့ရလား မေးမယ် မှတ်ပါတယ်….

ဟုတ်ကဲ့ ရပါတယ်ခင်ဗျား ..သည်အကြောင်း အောက်မှာ သပ်သပ် ဆွေးနွေးပါဦးမယ် ..။

ယနေ့ခေတ် Branding သည် 360 Degree Branding ခေတ်ကို ရောက်ရှိပြီ ဟု အဆိုရှိပါတယ် ။ အာရုံ(၅)ပါး

စလုံးကိုအသုံးချပြီး ဘက်ပေါင်းစုံက Brand Awareness, Recognition ရအောင် လုပ်သည်ပေါ့ဗျာ…။

 

American Marketing Association ကတော့ Brand ကို သည်လို အဓိပ္ပါယ်ဖွင့်ပါတယ်…

“Name, term, design, symbol, or any other feature that identifies one seller’s good or service as

distinct from those of other sellers.”

သည်လို တစ်မျိုး Define လုပ်ကြည့်ရင်ရောဗျာ…။

 

ကျနော်တို့ …ပထမဦးဆုံးအကြိမ် Brand တခုကို စတွေ့တယ် ဆိုပါစို့ ….

(များသောအားဖြင့် ပြောပါတယ် ..Brand အစ မျက်စိက လို့ပေါ့…)

 

ဥပမာ အနေနဲ့ CocaCola ကို သုံးမယ်နော ….

 

 

ပဋိစ္စသမုပ္ပါဒ် ကိုစွဲပြီး ပြောရမယ်ဆိုရင်ဖြင့် ….

အခံဓာတ် ဖြစ်တဲ့ (မျက်စိအကြည်) ကနေ Coca-Cola Brand ရဲ့ logo ဖြစတဲ့ အတိုက်ဓါတ် (အဆင်း) ဆိုတာကို

အပွင့်ဓာတ် (မြင်စိတ်) နဲ့ မြင်တယ် ပေါ့ဗျာ …တရားသံနဲ့ပြောရရင် တော့

မြင်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု ‘ဖဿ’၊ ပေါ့ဗျာ …

 

စိတ္တါနုပဿနာ အနေနဲ့ ပြောရရင်တော့ မြင်တာကို မြင်တယ် ဆိုရုံနဲ့မပြီးဘဲ ..

လိုချင်တော့ လောဘစိတ် ဖြစ်လာမယ် …..။ မလိုချင်တော့ ဒေါသစိတ် ဖြစ်လာမယ်။

ဘာမှန်းမသိဘဲ ချာချာလည်မယ်ဆိုရင်တော့ မောဟ ပေါ့….။ သို့တည်းမဟုတ်သော် အဒေါသ။

အဲ ..အတွေးပွားစရာလေး ဖြစ်လာမယ်ဆိုရင်တော့ တွေးတောစိတ် ပေါ့ခင်ဗျ။ အတွင်းဧည်သည်စိတ်(၅)ခုနဲ့

သည် Brand ကိုခံစားမိမယ် လို့ ဆိုချင်ပါတယ်။

 

ဟုတ်ကဲ့ … မြင်စိတ် နဲ့ မဟုတ်ဘဲ အခြားသော အခံဓါတ် တွေဖြစ်တဲ့ နားအကြည် နှာခေါင်းအကြည် စတာတွေနဲ့

Brand (Brand elements )တွေ ကို ထိတွေ့မယ် ..ဆိုရင်လည်း သည်သဘောပဲ သွားပါတယ်ခင်ဗျား…။

အာယတနခြောက်ပါးဟူသော အကြောင်းကြောင့် ဖြစ်သော တွေ့ထိမှု ‘ဖဿ’ တွေလို့ ပြောလို့ ရမယ်ထင့် …. ။

 

 

သည်လိုနဲ့ နောက်ထပ် တခါ ..တနေရာရာမှာ Coca-Cola အမှတ်တံဆိပ်(Logo) ကို ထပ်တွေ့တယ်ပေါ့..

အရင်တခါက ကြော်ငြာမှာ ကြည့်ခဲ့ဖူးတဲ့ အချိုရည် ပါလား ဆိုတာ သွားအမှတ်ရလိုက်တယ် စမ်းပြီး ဝယ်သောက်ကြည့်မလား

တွေးမိပြီ ဆိုရင်…လေးခုအလွှာထဲက အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ နဲ့ ဆက်စပ်သွားပြီ

လို့ ဆိုနိုင်မယ် ထင်ပါတယ်။

 

 

Marketing သမားတွေကတော့ ဒါကို Brand awareness လို့ ခေါ်ကြတယ်ဗျ…။

 

အလွယ်တကူ ရလို့ သောက်တယ်.. ရေဆာလို့ သာသောက်တယ် ..ကိုယ်မှတ်မိနေတဲ့ တံဆိပ်မို့ ကြုံတုန်း

စမ်းကြည့်ချင်လို့သောက်တယ် .. ကြော်ငြာ ကောင်းလို့ သောက်တယ် ..ဘာကြောင့်ပဲသောက်သောက်

သည် Brand ကို စတင် မြည်းစမ်းကြည့်မိပြီး နှစ်သက်သွားပြီဆိုတာနဲ့ ..တဏှာစိတ် ဝင်တော့တာပါပဲ ..။

 

သည်အဆင့်ကို Brand Recognition ရသွားပြီ အသိအမှတ်ပြုသွားပြီ ..တခြားသော

Brand တွေနဲ့ ကွဲပြားခြားနားစွာ လူ့ဦးနှောက်က လက်ခံသွားပြီ လို့ …Marketer တွေ သတ်မှတ်ကြပြန်ရော…

 

သည်လိုနဲ့ ..Coca-Cola ပဲစွဲ သောက်သွားတော့ တယ် ဆိုရင်တော့ Brand Loyalty အဆင့် ဖြစ်သွားပါပြီ …

သည် Brand ကိုချစ်သွားပြီ ..သည် Brand ကို မကောင်းပြောရင် defend လုပ်မယ် …သူ့ပြိုင်ဘက်တွေကို

တိုက်ခိုက်မယ် … Facebook fan page မှာ like လုပ်မယ် ။ comment ရေးမယ် ..ဒါတွေကို လျောက်လုပ်နေတဲ့

အဆင့်ပေါ့ဗျာ .. သမုဒယသစ္စာ တွေနော …ဒုက္ခသစ္စာ ပါ ပါတယ် ပြောလို့ ရလာပြီ …..။

 

 

Marketing ဘက်ကလူတွေကတော့ ….Customer သည်လောက် အဆိပ်တက်နေပြီဆိုရင် Customer Advocacy

ရပြီ တို့ …Evangelism ဖြစ်ပြီတို့ ..ကြွေးကျော်လေ့ ရှိကြပါတယ်…..။နောက်ဆုံး အန္တိမ ရည်မှန်းချက်ဖြစ်တဲ့

Brand Resonance ရတဲ့အထိ ကို အဝိဇ္ဇာ ဖုံးအောင် လုပ်တတ်ကြတယ်ပေါ့ဗျာ….။

 

သည်နေရာမှာ ပြောစရာ တခုရှိလာတာက Word-of-Mouth ဆိုတာပါပဲ ….

လူဆိုတာ ဘယ်အရာကိုမှ ဘယ်သူမှ အပြည့်အစုံ မသိ မတတ် ပါဘူး ..အတိုင်းအတာ တစုံတရာ

အထိတော့ ကျွမ်းကျင်မှု ရှိကြမယ်ပေါ့…. ။ ဆိုတော့ လူတွေဟာ…Brand ရွေးချယ်မှု နဲ့ ပါတ်သတ်လာရင်

အနှီ ကျွမ်းကျင်သူ(ဝါ) experience ရှိတဲ့ဆိုတဲ့ လူတန်းစားကို ချဉ်းကပ်လေ့ ရှိကြတယ်…

ဘာတံဆိပ် ဝင်ရင် ကောင်းမလဲ ဟင် လို့ မေးဖို့ပါ …။

 

(တကယ်တော့ သူတို့ မေးတဲ့  သူတွေလည်း Brand တွေလုပ်လို့အဝိဇ္ဇာ ခပ်ထွားထွားကြီး ဖုံးနေကြသူတွေပါပဲ ….)

သည်လို လူတွေကို Marketing ဘက်ကတော့ influencers တွေလို့ သမုတ်တယ်ဗျ…။ သည်လို လုပ်ထားနိုင်တာကို

ပဲ Brainwash လုပ်ထားနိုင်တယ်လို့ ကို ဂုဏ်ယူတတ်ကြသေးသကိုး … …

 

အချိုရည်ဝယ်သောက်တာက အစ အောက်ကပုံကိုကြည့်ရင် Word-of-Mouth ရဲ့ အစွမ်းထက်ပုံကို သိနိုင်ပါတယ်…

 

 

ပုံထဲမှာ ပြထားတဲ့အတိုင်း အပြင်မှာ တကယ် ဖြစ်ပျက်တာပါ ….

ငွေတွေသောက်သောက်လဲ ကုန်အောင် ကြော်ငြာထားသမျှ စကားလေး တစ်ခွန်းတည်းနဲ့

အလဲထိုးသွားနိုင်လို့ပါပဲ … ဒါကြောင့်မို့လို့ … Word-of-Mouth သည် ကြော်ငြာ၏ သေမင်း ဖြစ်သည်

လို့တောင်ဆိုနိုင်ပါတယ်….။

 

အချိုရည် ဘာဟုတ်သေးလဲ …ပိုမိုပီး impact ကြီးတဲ့ ..အစားထိုးလဲလှယ်ဖို့ခက်တဲ့ ..(တနည်း)

ငွေပိုကုန်တဲ့ ပစ္စည်းမျိုးတွေဆိုရင် ပိုတောင် စွမ်းပါသေးတယ်….။ဥပမာ ကား ၊ ရေခဲသေတ္တာ ၊ ကွန်ပျူတာ..

အများကြီးပေါ့ဗျာ … သည်တော့ အထက်မှာဆိုခဲ့သလို လူတွေကို တတ်နိုင်သလောက် Brand Evangelism လုပ်တာ

Brand Loyalty တည်ဆောက်ကြတာပေါ့ …… ။

 

သည်တော့ ထိပ်ဆုံးမှာ ကျနော်ရေးခဲ့တဲ့ ကျနော့် တစ်နေ့တာ Brand များနှင့် ဖြတ်သန်းမှု ကို Word-of-Mouth ကိုင်ပြီး

ပြန်ကောက်ရရင် ကျနော်တို့ ဟာ လူ-လူချင်း စကားပြောဆို ဆက်ဆံရတဲ့အခါတိုင်းမှာ Brand တွေအကြောင်း …

မသိလိုက် မသိဘာသာရော ..သိသိသာသာကြီးပါ ပြောဖြစ်ကြတယ် မဟုတ်လားခင်ဗျာ ….

“ဒါ..ကောင်းတယ်…”

“ဒါ…မကောင်းဘူး …”

“ငါတော့ …ဒါကို ပိုကြိုက်တယ်…”

“ဟိုဟာ ကဈေးချိုပေမယ့် …ပိုက်ဆံတတ်နိုင်ရင်တော့ ဒါသုံးတာ ပိုကောင်းတယ်….”

“စိတ်ချ …ငါ ဒါသုံးလာတာ ဘယ်လောက်ရှိပြီ …အာမခံတယ် …တကယ်ပြောတာ…”

“သည်မှာ ကိုယ့်လူ ဒါသာ အကောင်းဆုံး …စိတ်ကူးမလွဲနဲ့ ……”

“သည်မှာ ကြည့် …ငါ သည်လိုယှဉ်ပြမယ် …. တွေ့လား …. ဘယ့်နှယ့် ယုံပြီမှတ်လာ း…”

 

Brand choice နဲ့ ပတ်သတ်ရင် သည်လို တဆင့်ချင်းစီ ကီးမြှင့်ပြီး ပြောဆိုတတ်ကြတာ တွေ့ရပါလိမ့်မယ် …

 

 

အပေါ်မှာ အကြွေးထားခဲ့တဲ့ လူအချင်းချင်း အကြောင်းလေး ပြန်ဆက်မယ်နော ….။

 

လူဟာလည်း Brand ပါပဲဗျာ …..။ ကျနော့်ကိုပဲ အရင်မြင်ကြည့်ပါ ..ရွာထဲမှာ Inz@ghi လို့ပြောလိုက်ရင်

“နှူးဘာ”

“ရွာထဲ လှည့်ပတ်သောင်းကျန်းတတ်…”

“marketing အကြောင်း ပြောလား ပြောရဲ့”

“IT ဘက်က ဟုတ်လား ဟုတ်ရဲ့”

“ဒါ့ပုံ ရိုက်လား ရိုက်ရဲ့ ….”

“တရွာလုံး မနေရအောင် ပေါက်ပန်း၄ဝ ရေးလား ရေးရဲ့ ….”

 

ဒီ properties တွေထွက်ကျ လာမယ်မဟုတ်ပါလားဗျာ..

သည်တော့ လူတယောက်ကို တယောက် ခင်မင်တာ ရင်းနှီးတာ ..ချစ်တာ မုန်းတာ အစချီလို့ …

Four Noble Truth ဆိုတဲ့ သစ္စာလေးပါး အခြေခံထားပြီး ပြောဆို ဆက်ဆံကြတယ်ဆိုရာဝယ်..

အထက်ပါ properties တွေ အလိုက် လိုက်လျောညီထွေ ဆက်ဆံပြောဆိုကြတယ် မဟုတ်ပါလားခင်ဗျား …..။

 

လူတယောက်ချင်းစီမှာ ကိုယ်ပိုင် brand image ရှိတာကိုး…..။ ရွာထဲမှာပဲကြည့် …သဂျီးbrand … ကိုသစ် brand

ကိုကြောင့် brand ..ကိုဘလက် brand ..ဖွားဆူး brand …အဘဖော brand ကိုဘုန်းကျော် brand .. တပ်မ ၇ရ brand

ကိုရင်စည် brand …အားလုံး ကိုယ်ပိုင်ဟန် ကိုယ်ပိုင် ပုံစံတွေနဲ့ချည်း……။

ပဋိပက္ခတွေ ..သဘောထား ကွဲပြားမှုတွေကို Branding ဘက်ကပြောရရင် brand elements လေးတွေ ..

opposite ဖြစ်တဲ့အခါ …တန်ဖိုးထားတဲ့ evangelize လုပ်တဲ့ value တွေ ကွာခြားတဲ့အခါ ဖြစ်တတ်တဲ့ အရာလို့သာ …

မှတ်ကြောင်းပါခင်ဗျား …..။

 

နောက်ဆုံးပိတ် ကတော့ …individual တိုင်းသည် Brand ဆိုလျင် အဆိုပါ individual များ စုဝေးထားသည့် ….

မိသားစု ..မြို့ ….နိုင်ငံ … သည်ပင်လျင် brand တွေပင်ဖြစ်တော့သည် ……။brand တို့၏ သာတူညီမျှ ယှဉ်ပြိုင်

 

ရပ်တည်နိုင်ရန် အခွင့်အရေးပေးသော စနစ်ကို ဒီမိုကရေစီ စနစ်ဟု သတ်မှတ်လျင် ငြင်းမလား မသိ…

(a marketer’s definition of democracy..)

 

လူသားအားလုံးတွင် ကိုယ်ပိုင် brand များရှိသည်ဟု ဆိုပါက လူတွေအားလုံးသည် (အနည်းဆုံး ..ကိုယ့်အတွက်ကိုယ်တော့

marketer) များပင်ဖြစ်တော့ သည် …. ။

 

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝကျော်က မွေးဖွားခဲ့သော ဂါတမ ဟုခေါ်ဆိုသည့် philosopher ကြီးကတော့ marketing နှင့်

မလွတ်သော လောကကြီးတွင် ဤသို့ ကျင့်ကြံနေထိုင်ရန် မိန့်ကြားခဲ့လေသတည်း……။

 

Do not go upon what has been acquired by repeated hearing,

nor upon tradition,

nor upon rumor,

nor upon what is in a scripture,

nor upon surmise,

nor upon an axiom,

nor upon specious reasoning,

nor upon a bias towards a notion that has been pondered over,

nor upon another’s seeming ability,

nor upon the consideration, “The monk is our teacher.”

Kalamas, when you yourselves know: “These things are good; these things are not blamable;

these things are praised by the wise; undertaken and observed, these things lead to benefit and happiness,”

enter on and abide in them.’

 

ကျနော် သိသမျှ branding သည် ဤတွင် အဆုံးသတ်၏။

 

Ref:

http://www.dhammaweb.net/MyanmarTipitaka/view.php?id=45

http://www.knowledgenetworks.com/business-solutions/brand-equity.html

http://en.wikipedia.org/wiki/Brand

http://en.wikipedia.org/wiki/Brand_management

http://rubydhamma.com/Circle.aspx

http://en.wikipedia.org/wiki/Kalama_sutta

http://en.wikipedia.org/wiki/Abhidharma

 

 

Panca gunam aham vandami

</EOF>

 

18 comments

  • blackchaw

    January 11, 2012 at 11:01 am

    လူသားအားလုံးတွင် ကိုယ်ပိုင် brand များရှိသည်ဟု ဆိုပါက လူတွေအားလုံးသည် (အနည်းဆုံး ..ကိုယ့်အတွက်ကိုယ်တော့ marketer) များပင်ဖြစ်တော့ သည် …. ။

    အင်ဇာဂီ ဆိုတဲ့ brand ကိုတော့ ကျွန်ုပ်ဘလက်က
    တဏှာစိတ်ဝင်တဲ့ အဆင့်လောက်တော့ ရှိနေပြီဗျာ။
    အသဲယားထှာ။

    • inz@ghi

      January 11, 2012 at 12:50 pm

      ထုံးစံအတိုင်း အစောဆုံး အားပေးသွားတာ ကျေးကျေးပါ ဘဘ ဘလက်ရေ….
      အသည်းတော့ အယားသား….ဟီး …..

      ခင်တဲ့
      ဂီ

  • Moe Z

    January 11, 2012 at 11:28 am

    ဒီပေ့ချ်ကို ဖွင့်ထားတာကြာပြီ အလုပ်လုပ်ရင်းဖတ်လိုက် ဖုန်းပြောလိုက်လုပ်နေတာ
    ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကိုမြင်တော့ နည်းနည်းတောင်ကြောင်သွားတယ်
    ဘာများနှိပ်မိလဲဆိုပြီး 😛
    မားကတ်တင်းအကြောင်းတော့နားမလည်လို့ မပြောတော့ပါဘူး
    တစ်ခုမေးချင်လို့ ရောသမမွှေဆိုရင် သားစိုးကိုမြင်တာ
    အဲဒါလည်း brand ပဲဟုတ် 😀

    • inz@ghi

      January 11, 2012 at 11:57 am

      ဟုတ်ပါတယ် ကိုရင်မိုးဇီး ရေ …
      အဲ့ဒါ brand awareness ကောင်းကောင်းရထား လို့ brand recall ပြန်လုပ်နိုင်တာပါကွယ်…
      သများ ကို …ပဋိစ္စသမုပ္ပါဒ် နဲ့ မအပ်စပ်တဲ့ ဒိဌိ လို့များ aware ဖြစ်ထားလို့ ..ကြောင်သွားတယ်လို့ ပြောတာလားဟင်င်င်င်…

      ဟုတ်ပါဒယ် ဟုတ်ပါဒယ် …. သများ..တို့တွေက ..လူတကာကို အဝိဇ္ဇာပွားများအောင် လုပ်နေတဲ့
      အကုသိုလ် အတုံးအခဲဂျီးဒွေဘာ ……ရေးရင်း မျက်ရည် မခိုင်တော့ ……
      (……ရှိုက်သံများ …………..)

      :'(

  • ငပေါက်ဖော်

    January 11, 2012 at 11:41 am

    Brand ကို တရားသဘောတွေနဲ ့ နှောသွာပါလား
    ကောင်းလေစွတကား..
    တရားသဘောနဲ ့ရှင်းမှ သများလဲ ပိုလည်သွားတယ်.. 😆
    တရားနဲ ့နီးလို ့ထင်တာပ

    • ငပေါက်ဖော်

      January 11, 2012 at 4:01 pm

      ဟမငေး..ဟမငေး..
      တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း သတင်းကောင်းပါးသွားတယ်..
      သများကိုကျတော့ အုပစ်ခါ ပြုထားဒယ်..အကြောင်မပြန်ဘူး.
      သဂျီးအရေးယူပေးပါချင့်..
      😆

      • inz@ghi

        January 11, 2012 at 5:16 pm

        ပစ်မထားဘာဘူး သများရယ် …..
        သများ လည်သွားတယ်ဆိုလို့ …
        နားလည်တာလား ..မျက်စိလည်တာလား …တွေးရင် း….
        ဂီလည်း လည်သွားလို့ပါ ….

        ခင်တဲ့ဂီ

        P.S သများ ၏ သများ ကို သများဆီမှ ခွင့်မတောင်းဘဲ သများ သများဟု
        နေရာအတော်များများတွင် ယူသုံးမိပီ ဖြစ်၏ ။ သများ၏ ဘရန်းအင်းမေ့ချ်သည်ကြီးပေစွ…

  • thit min

    January 11, 2012 at 11:44 am

    လူဟာ ဘရဲန်းဆိုတာထက် အဲဒီလူဟာဘယ်လိုလူမျိုးဆိုတာဘရဲန်းလို့
    (သို့မဟုတ်) အဲဒီလူ့ရဲ့အင်မေ့ချ်ကဘရဲန်းဆိုတာ ပို တိကျမယ်ထင်ပါရဲ့။

    အို ဘရဲန်းတို့ တဦးကိုတဦးရန်သတ္တရုပြုခြင်းကိုရပ်တန့်လော။
    သူတပါးအား သူတပါးတို့၏အမျိုးအနွယ်အား သူတပါးတို့၏ရပ်တည်မှုအား သူတပါးတို့၏
    တိုင်းနိုင်ငံအားတိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်းစော်ကားမော်ကား
    ပြောဆိုခြင်းသည် ဘရဲန်းမဆန်သောအပြုအမူများဖြစ်ပေတော့သည်။ လို့ဖြစ်နေမှာပေါ့။
    ချစ်လို့ စ တာနော် ညီ။စိတ်မဆိုးနဲ့နော်။
    ~~~~~~~~~~~~~~~~~~~~
    ဒါဆို လူ့ပုံရိပ် ဘရဲန်းကချိန်းနိုင်တာပေါ့နော်။
    သူ့ဘရဲန်းကို သူ့ပရော်ဒတ်ရဲ့ ကွာလတီ က အတက်အကျဖြစ်နိုင်တယ်ပေါ့နော်။
    ကာယကံ ကွာလတီကွန်ထရိုး၊ မနောကံကွာလတီကွန်ထရိုး၊ ဝစီကံကွာလတီကွန်ထရိုး ဆိုပြီး
    ကရူ(ကျူူ)စီတွေ ရှိရမှာပေါ့။
    အဲဒီ ကျူစီ=ကွာလတီကွန်ထရိုးကတော့ အပမ္မာဒေန သမ္မဒေထ ဖြစ်မှာပေါ့နော်။
    ကဲ မမေ့မလျှော့မပေါ့၊မဆသော “self-awareness” လေးတွေနဲ့
    ကိုယ်ကိုကိုယ် ယောနိသောမနသိကာရ နိုင်ပါစေပေါ့ကွာ။

    • inz@ghi

      January 11, 2012 at 12:04 pm

      ဟုတ်ပါတယ်ကိုသစ်ရေ
      brand image လို့ပြောရင် ပိုတိကျပါတယ်ဗျ …
      Brand Q/C ဆိုတာ ..brand reinforcement တို့ brand rejuvenation တို့ စတဲ့အပိုင်းတွေပါဗျာ…
      individual brand image မှသည် national brand image အထိဆိုပါတော့ ….
      (အားလုံးကိုယ်စီ တာဝန်ရှိပါသည် ကို ပြန်ညွှန်းရမယ်ဗျ…. ဆြာရေးပါဦး …:P )

      အားပေးတာကျေးဇူးပါဗျာ…
      မရဲတရဲ ရေးသာရေးလိုက်ရတယ် …လက်ထွယ် သင့်ကင်း သမား ..လစ်ဘရယ် တွေနဲ့…
      ကွန်ဇာဗေးတစ်ဗ်တွေ ဝိုင်းလှီးမှာ လည်းကြောက်တော့ကြောက်သား ..အဟီး …..

      ဒါနဲ့ ကျနော် Brand color ချိန်တဲ့အကြောင်း ကိုတော့ မဆွေးနွေးဘဲ ချန်ထားခဲ့ကြောင်းပါခင်ဗျား…..
      မစိတ်ဖွေးပိစိ ရေးတဲ့ ကာလာသီအိုရီ ရယ် …CSR ရယ် ညှပ်ပြောမှ ကာဘာဖြစ်မှာမို့ ပါ….
      နောက်အပိုင်းမှာ ရေးရင်ကောင်းမလား ..ကျမဘဝ ကျမဇာတ်ကြောင်းမှာ ပဲ ပါးပါးလေး ရေးရင်ကောင်းမလား…
      တွေးတုန်းပါ ….(သည်ရက်ပိုင်း မိတ်ကပ်ဆို စိတ်နာလို့ ….မရေးဖြစ်သေးကြောင်း….)

      ခုတော့ တော်သေးဘီ
      ညောင်းတွားဘီ….

      ခင်တဲ့
      ဂီ

  • yaungchikha

    January 11, 2012 at 11:48 am

    ကျနော် ကွန်ပျူတာသွားသင်တဲ့ အိမ်က အစ်မက သူကိုင်တဲ့ လက်ကိုင်အိတ်အကြောင်းပြောဘူးတယ်၊ ဆီဒိုးနားမှာပဲရောင်းတာတဲ့ နာမည်ကြီး brand ပေါ့၊ ကျနော်ကတော့ သူ့အိတ်တန်းဖိုးကြားပြီး မျက်လုံးပြူးသွားဘူးတယ်၊ သူကိုင်တဲ့အိတ်ကိုမြင်ပြီး ကျနော်လည်း brand ချင်သွားတယ်၊ ဒါပေမယ့် ကိုယ့်အခြေအနေက brand တွေနားမှမကပ်နိုင်တာနော်……ကိုယ်နဲ့ အဆင်ပြေတာလေးတွေပဲ ဝယ်သုံးရတာပေါ့…….. brand……. brand…..brand…… ကိုအင်ဇာဂီပို့စ်လေးဖတ်ရလို့ ဗဟုသုတရပါတယ်၊ တရားသဘောနဲ့ ယှဉ်တွဲပြီးဖော်ပြပေးလို့ ကျေးဇူးပါနော်………..

    • inz@ghi

      January 11, 2012 at 12:06 pm

      မ ရောင်ခြည်ခ ရေ ….
      (နာမည်ကြီးကလည်း အသည်းယားထှာ ..သည်မှာ ဓါတ်ပေါင်းဖို ကွဲထားပါတယ်ဆိုမှ ..)

      Brand ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ..ကျနော် သိသမျှ Branding – ၁ ကို ဖတ်ရင်
      ပိုပြည့်စုံမယ် ဟု ယူဆပါကြောင်း လက်တို့လိုက်ရပါသည်ခင်ဗျား…

      ခင်တဲ့
      ဂီ

  • windtalker

    January 11, 2012 at 2:36 pm

    ဘရန်းဒင်း
    ပန်းခြင်း
    လမ်းနင်း
    စန်းဝင်း
    ကြမ်းခင်း
    မန်းခြင်း

  • pooch

    January 11, 2012 at 3:02 pm

    Word-of-Mouth ဆိုတာလေးကို အရင်တုန်းက ဆရာတယောက်ပြောဖူးတယ် ဒေါ်လှတွေသွင်းပြီး ဖြေရတဲ့ စာမေးပွဲတခုကို နပန်းလုံးနေစဉ်အခါကပေါ့ ..

    ပြောသမျှတွေ အကုန်လိုက်မှတ်နေရလို့ ဘာမှ မမှတ်မိတော့ပေမဲ့ ဒါလေးတော့ မှတ်မိနေတယ်

    ဈေးကွက် သုတေသန နဲ့ပတ်သတ်ပြီး ပြောပြတာ

    မြန်မာပြည်မှာတဲ့ အဲ့ဒီအချိန်က ဈေးကွက်ကို သုတေသနလုပ်ကြည့်တာ တဲ့ အရမ်းထူးဆန်းတာ ကိုတွေ့ရတယ်တဲ့
    မြန်မာ လူမျိုးများက ပြောတဲ့လူကို ကြည့်ပြီး ဝယ်တာတဲ့ ပစ္စည်းကို brand ကို အများစုက ကြည့်ဝယ်တာ မဟုတ်ဖူးတဲ့ …..
    အပြောကောင်းလို့ကတော့ အဲ့ဒါဝယ်ပြီး ပြန်တာပဲတဲ့ …..

    word-of-mouth ဆိုတာကို ဒီကလူများက အရင်တုန်းကထဲက တတ်နေတာများလားလို့ ….

    • inz@ghi

      January 11, 2012 at 3:24 pm

      မမပုချ်ရေ… ဟုတ်တယ်ဗျ…
      ပထမတချက် digital divide ကြောင့်လို့ပြောရမယ် …
      နောက်တချက်က information avaliability သိပ်မဖြစ်တာလည်းပါတယ်…
      သည်တော့ …အချင်းချင်း လက်တို့တာကိုပဲ အဝယ်များသပေါ့ ..
      မြန်မာပြည်ရဲ့ လူနေမှု စနစ်အရ ..influencers တွေရဲ့ အခန်းကလည်း အလွန်အရေးပါသကိုး ..
      ကျနော်တို့ ဗမာတွေရဲ့ ချစ်ရင် hero မုန်းရင် Zero စရိုက်ကြောင့်လည်း ပါမယ်ဗျ….
      (ဖယားဖယား …သဂျီး မမြင်ပါဇေနဲ့ ….)

      အဟမ်း ….
      Business sector အလိုက်ခွဲပြောရရင် ..
      WoM ကြောင့် ဝယ်ဖြစ်တာ.. ၅၀% အထက် ရှိတာ အစားအသောက် လို့ ပြောစမှတ်ရှိတယ်ဗျ…
      High Tech ကတော့ 1/3 လောက်လိုက်တယ်တဲ့ …

      WoM မှာ positive ရှိသလို negative လည်းရှိသဗျ….A က နေ B ကို
      အဲ့ တံဆိပ် မသုံးနဲ့ သိလား မကောင်းဘူး ဆိုပြီး ကျပ် လိုက်လို့ Mr.B ခဗျာ..
      တခါဖူးမှ မတခါဖူးပါပဲနဲ့ အနှီတံဆိပ် မကောင်းဘူး အရိုးစွဲသွားတာမျိုးပေါ့…….

      စိတ်တော့မပျက်လိုက်နဲ့ဦး စစ်တမ်းတွေကပြောတယ် …လူဆိုတာ အဆိုးမြင်သမား များတယ်တဲ့
      (+)ive WoM ထက် (-)ive WoMက ပိုများတယ်ဆိုပဲ ..(7 Vs 11 ထင်၏ မသေချာ…)

      အင်ဂုလိ WoM တွေလည်း ရှိသမို့ ..
      ဗုဒ္ဓဘုရား ဟောသလိုသာ ကာလာမသုတ် နဲ့သာ ချိန်ညှိယူကြပါကုန် လို့….

      ခင်တဲ့ ဂီ

      • pooch

        January 11, 2012 at 3:55 pm

        မစ္စတာဂီရေ အင်ဂုလိ WoM ကြောင့်ကိုယ်တိုင် အထိနာခဲ့ဖူးပါတယ်..
        သူများပြောတာ ယုံမိလို့လည်း ဆံပင်တွေ ကျွတ်လာတာမို့ မလွန်ခင် အမြန်ရပ်လိုက်ရပါတယ်..
        ခုတော့ ခံရပါများတော့ ကိုယ်ယုံတာကို ပဲ ဝယ်တယ် သုံးတယ် information avaliability ဖြစ်လာတာလဲ ပါမှာပေါ့…

        ခေတ်စနစ်အမြင်တွေ ပြောင်းလာတာ ပွင့်လင်းလာတာတွေကို ကြိုဆိုတယ်… မျက်စိရှင်ရှင်နဲ့ ကြည့်နေရမယ်ဆိုတာလည်း သိလာတယ် .. …

        ဒါနဲ့ branding ကို တရားသဘောနဲ့ဖွင့်သွားတာ တယ်ဆိုတဲ့စာပါလားတောင် ဖြစ်သွားတယ် …
        ဟယ်ခနဲပဲ ….ကြိတ်ထားကွ ဒါမှ မစ္စတာဂီ 🙂

  • amatmin

    January 11, 2012 at 4:10 pm

    ကိုဂီ ပြောထားတဲ့အတိုင်းရွာထဲက လူဘရဲန်းတွေ နဲ့ ပြန်ညှိကြည့်လိုက်တော့
    ကိုယ်ကြိုက်တဲ့ လူဘရဲန်းဆို အကောင်းအမြင်က တစက်မှမလျော့ချင်ဘူး
    အကြိုက်မတွေ့တာဆို ကိုယ့်အကြိုက် ဘရဲန်းကြီးနဲ့ချိန်ထိုးကြည့်နေတာ.. အစွန်းမလွတ်တာပေါ့နော်
    အခုတော့ ဘရဲန်းတွေအပေါ်အစွဲလျော့ဖို့အတွက် ကာလာမသုတ်ကိုအလွတ်ကျက်ရတော့မယ်..
    ဖတ်ရလို့ ကျေးဇူးပါ ကိုဂီရေ..

  • pwa gyi

    January 11, 2012 at 8:37 pm

    နောက်ဆုံးပိတ် ကတော့ …individual တိုင်းသည် Brand ဆိုလျင် အဆိုပါ individual များ စုဝေးထားသည့် ….
    မိသားစု ..မြို့ ….နိုင်ငံ … သည်ပင်လျင် brand တွေပင်ဖြစ်တော့သည် ……။brand တို့၏ သာတူညီမျှ ယှဉ်ပြိုင်

    ရပ်တည်နိုင်ရန် အခွင့်အရေးပေးသော စနစ်ကို ဒီမိုကရေစီ စနစ်ဟု သတ်မှတ်လျင် ငြင်းမလား မသိ…

    အင်း အဲအဆို အရဆိုလျှှင် စာအုပ် အနီ ကိုင် ထားသော မြန်မာ brand တွေက နိုင်ငံ တကာ မှာ တကယ်. မြန်မာ brand စစ် စစ် ပဲဗျို.

  • black chaw

    May 30, 2017 at 8:39 am

    ပြန်လည်တူးဆွ ဖတ်ရှုမှတ်သား သွားသည်။

Leave a Reply