ဇာတ်လမ်းလေးတစ်ပုဒ်

moethihaMay 31, 20101min961

ကျွန်တော်တို့ကျောင်းတတ်တုန်းအရွယ်တုံးကပေါ့နော်။ကျွန်တော့စီမှာကောင်မလေးတစ်ယောက်ရှိတယ်။ရည်းစားပေါ့နော်။အဲ့ကောင်မလေးနဲ့တွဲနေတုံးကိုကျွန်တော့သူငယ်ချင်းတစ်ယောက်က

ခေါ်လို့သူ့သူငယ်ချင်းတွေရှိတဲ့နေရာကိုလိုက်သွားမိတယ်။အဲ့ဒီမှာယောက်ျားလျှာလိုကောင်မလေးတစ်ယောက်ပါတယ်။ယောက်ျားလျှာလုံးလုံးတော့မဟုတ်ဘူးပေါ့။ယောက်ျားလေးတွေနဲ့ခင်ခင်မင်မင်

နေတတ်ပြီးတော့ပေါ့။အဲ့ဒီကောင်မလေးရဲ့ပုံစံကိုကျွန်တော်ကြိတ်ခိုက်သွားတယ်။မယဉ်ပေမယ့်မရိုင်းဘူးပေါ့ဗျာ။ဒါပေမယ့်သူမှာစကားပြောပုံဆိုပုံလေးကချစ်စရာကောင်းနေတော့အပြစ်ကိုဘယ်လိုရှာရှာမြင်လို့မရဘူးပေါ့ဗျာ။

သူတို့နဲ့ကျွန်တော်တို့နေတဲ့နေရာနဲ့ကတော်တော်ကြီးကိုဝေးတယ်ဗျ။အဲ့ဒီနေ့တွေ့တွေ့ချင်းညမှာသူငယ်ချင်းကခေါ်လို့အဲ့ဒီကိုစက်ဘီးနဲ့ရောက်သွားတယ်။သူကဖော်ဖော်ရွေရွေဆက်ဆံတော့ပိုပြီးတော့သဘောကျတာပေါ့ဗျာ။

အဲ့ဒီမှာရင်နာစရာကောင်းတာကနောက်တစ်နေ့မနက်ရောက်တော့သူငယ်ချင်းကသူ့ကိုကြိုက်နေကြောင်းသိခဲ့ရတယ်။ငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းဆိုတော့ကောင်မလေးတစ်ယောက်နဲ့ပါတ်သက်ပြီးတော့ရန်မဖြစ်ချင်ဘူးပေါ့ဗျာ

အဲ့ဒါနဲ့အလျှော့ပေးလိုက်တယ်။ဒါပေမယ့်အဲ့ကောင်မလေးကိုမြင်ရင်ကျွန်တော့စိတ်တွေကမနေနိုင်တော့ဘူးသူ့အနားမှာပဲနေချင်နေတာပေါ့ကျွန်တော့ရဲ့ကောင်မလေးနဲ့လည်းသွားမတွေ့ဖြစ်တော့ဖြတ်စာရောက်လာတာပေါ့ဗျာ။ဒါပေမယ့်ကျွန်တော်သိပ်မမှုပါဘူး

တကယ်ချစ်တဲ့ကောင်မလေးကကျွန်တော့ဘေးနားမှာရောက်နေတာကိုး။နောက်တော့ကျွန်တော့သူငယ်ချင်းကအဲ့ကောင်မလေးကိုဖွင့်ပြောတော့မယ်တဲ့အဲ့ဒါသူမပြောရဲလို့ကျွန်တော့ကိုပြောခိုင်းတယ်။ကျွန်တော်ကလည်းသူ့ကိုငြင်းပါသေးတယ်ဒါပေမယ့်ငြင်းမရနိုင်တဲ့

အခြေအနေနဲ့ကြုံနေတော့ကျွန်တော်ပြောပြပေးလိုက်ပါတယ်။ဒါပေမယ့်ကောင်မလေးမှာရည်းစားရှိပြီးသားလို့ဆိုပြီးငြင်းပါတယ်။ကျွန်တော်ရင်ထဲဆတ်ခနဲဖြစ်သွားပါတယ်။ကိုယ်မရပေမယ့်ကိုယ့်သူငယ်ချင်းကရတယ်ဆိုရင်ကျေနပ်တာပေါဒါပေမယ့်မဖြစ်နိုင်တော့တဲ့အခြေအနေကိုရင်ဆိုင်လိုက်ရတယ်

ကျွန်တော်အဲ့ဒီနေ့ကရင်ထဲကိုဟာတာတာကြီးဖြစ်နေတာပေါ့ကျွန်တော့သူငယ်ချင်းကလည်းမင်းဘာဖြစ်နေတာလဲလို့မေးတော့ကျွန်တော်ကအဲ့ကောင်မလေးကိုချစ်နေပါတယ်လို့ပြောလိုက်တယ်။မင်းကလည်းချစ်နေတယ်ဆိုတော့ငါကနောက်ဆုတ်ပေးလိုက်တာဒါပေမယ့်သူကသူများလက်ထဲကိုပါသွားပြီကွ။လို့ပြောတော့မှ

သူကကျွန်တော့ကိုတောင်းပန်ပါတယ်မင်းကြိုက်နေတယ်ဆိုလဲစောစောပြောပေါ့ကွာမင်းကိုဘယ်ပြောခိုင်းမှာလဲလို့ဆိုပြီးတော့ပေါ့။ကောင်မလေးမှာရည်းစားရှိတယ်ဆိုတာကိုဘယ်လိုမှယုံလို့မရဘူးဗျာ။သူှဆီဘယ်ချိန်သွားသွားသူကတစ်ယောက်ထဲပဲ။သူ့ရည်းစားဆိုတဲ့လူကအပြင်လူဖြစ်နေတော့ကျောင်းထဲမှာလဲမမြင်ရသေးဘူး

အပြင်မှာကျတော့လဲမတွေ့ပြန်ဘူးဆိုတော့ကျွန်တော်ကတော့မယုံဘူးပေါ့ဗျာ။ကျွန်တော်ကသူ့ကိုတကယ်ချစ်နေတယ်လို့ကိုယ်ကိုကိုယ်ယုံကြည်တယ်ဗျာ။နောက်ပြီးသူ့ဆီကအချစ်ကိုမရရင်တောင်မှသူ့ကိုကျွန်တော်ချစ်နေကြောင်းကိုပြောပြချင်တယ်။သူ့ကိုပြောပြဖို့အတွက်ကကျွန်တော့်သူငယ်ချင်းကိုပြောပြပေးဘူးတဲ့အကြောင်းကပြဿနာဖြစ်နေတယ်။

အဲ့ဒါကြောင့်ကျွန်တော့ကိုအကြံလေးပေးစေချင်တယ်ဗျာ။

နောက်ပြီးကျွန်တော့ရဲ့အရင်ကောင်မလေးကိုဒီစာနဲ့ပဲသူ့ဆီကိုဘာလို့မလာကြောင်းကိုပြောပြရင်းတောင်းပန်ပါတယ်လို့။

One comment

  • tunkhann

    August 4, 2010 at 3:01 pm

    ညီရေမင်းတော့မှားနေပြီကွ ဘာလဲဆိုတော့ ရှေ့မျက်နှာနောက်ထားပြီးပြောရတယ်ကွ အချစ်မှာမျက်စိမရှိဘူးလေ

Leave a Reply