အထင်အမြင်လွဲတတ်ခြင်း

aye.kkJanuary 11, 20121min13312

ကျမငယ်စဉ်တောင်ကျေးဘဝကတည်းကပင်၊အရင်းနှီးဆုံးဆွေမျိုးရင်းချာပမာနေလာခဲ့သော ဘဘကြီးကိုယ်တိုင်ရေးသားခဲ့သောအကြောင်းအရာလေးအားစာဖတ်သူတိုု့ ဗဟုသုတအဖြစ် ရရှိနိုင်စေရန် မူရင်းအတိုင်း ပြန်လည်ရေးသားဖော်ပြအပ်ပါသည် ။
လူတစ်ဦးနှင့်တစ်ဦးသဘောထားခြင်းမတိုက်ဆိုင်ခြင်း၊အယူအဆလွဲခြင်း၊အထင်အမြင်မှားခြင်း၊ လမ်းချော်၍တွေးခြင်းစသည်များဖြစ်တတ်ကြသည်မှာမဆန်းပါ။
၁။ လူတစ်ယောက်က မိမိရှေ့မှလူအား လက်ဝါးထောင်ပြလျှင် ပြသူကလက်ဖမိုးကိုသာ မြင်ပြီးကြည့်သူ ကလက်ဘဝါးကို မြင်ပါမည်၊ ရှုထောင့်တစ်မျိုးစီဖြစ်၍ အမြင်ခြင်းလည်းတစ်မျိုးစီဖြစ်နိုင်ပါသည် ။
၂။ ဧည့်သည်များပြန်သောအခါ တာ့တာဟုဆိုပြီး လက်ဝါးထောင်ပြီး လှုပ်ရန်း၍နှုတ်ဆက်ကြသည်မှာ တိုင်းပြည်အများရှိ လူူတို့၏ကောင်းသောအပြုအမူဆိုတာ ကျွန်တော်တို့သိရှိကြသော်လည်း ၊ကျွန်တော်ဖတ်ဘူး တာက Greece ပြည်တွင်ထိုအပြုအမူ၏ အဓိပ္ပါယ်မှာ“go to hell”ဟုဆိုပါသည် ၊ သူတို့နှုတ်ဆက်တာကတော့ လက်ဘဝါးကို ကိုယ့်ဘက်ထားပြီး လက်ဖမိုးကို သူ့ ့ဘက်သို့်ထားပြီး လှုပ်ရန်းကြပါသည် ၊ လက်ဝါးလှဲ့မှုပြောင်းပြန်ဖြစ်ပါသည် ၊ ကိုယ့်အပြုအမူကြီးဘဲမှန်သည်ဟုဇွတ်ပြောလို့မရပါ ။
၃။ မဟော်သဓာဇတ်တော်တွင် မဟော်သဓာက အမရာဒေဝီအား တွေ ့သောအခါ လက်သီးဆုတ်ပြ၍ အမရာမြင်သောအခါ ငါ့မှာလက်ဆုတ်လက်ကိုင်(လင်မရှိ)မေးသည်ဟုသိ၍ ပြန်ပြီးလက်ဝါးဖြန့်ပြလိုက်သည် ၊ အဓိပ္ပါယ်က လက်ဆုတ်လက်ကိုင်မရှိ(လင်မရှိအပျို)ဖြစ်သည်။ အကယ်၍သူတို့၏ဂေါင်းအမြင့်လောက်တွင် ထား၍ လက်သီးနှင့်လက်ဝါးကို ပြလျှင်မင်းကိုငါထိုးချင်သည်၊ မင်းကိုငါပါးချချင်သည်ဟုမထင်ရဘူးလား ဇတ်တော်တွင်ဘယ်အနေအထားပြသည်ဟု မဖော်ပြ၍မခန့်မှန်းနိုင်ပါ။
၄။ ကုမ္ပဏီကြီးတခုမှ စာရေးများသည် ၎င်းတို့စာအဆုံးတိုင်းတွင် with regard,best of regards စသည်ရေးသောကြောင့် မန်နေဂျာက အပိုရေးသည်ကိုမလိုလားသောကြောင့် “ at the end of every letter write no regard” ဟုအမိန့်ထုတ်လိုက်သည် ၊ ထိုနေ့မှစ၍ စာရေးတိုင်းအဆုံးတွင် “no regard” ဟုထည့်ရေးသည် ကိုမန်နေဂျာတွေ ့သောအခါ မျက်လုံးပြူးပြီးအမိန့်ချက်ချင်းထပ်ထုတ်ရသည် ၊ “at the end of every letter don`t write regard” ဒီတော့စာရေးများသဘောပေါက်ကြသည် ၊ထိုစကားနှစ်လုံး၏ အဓိပ္ပါယ်မှာ တူသလိုဖြစ်သွားသော်လည်း လက်တွေ ့မှာကွာခြားနေပါသည် ၊ပြောတာတမျိုး နားလည်တာတမျိုးဖြစ်နေသည် ။
၅။ ဘုရားလက်ထက်က မိဂါရ သူဌေးကြီးစားသောက်နေစဉ် ရဟန်းတစ်ပါးဆွမ်းခံလာရပ်သည်ကို ဂရုမစိုက်ဘဲနေသည်ကို ချွေးမဖြစ်သူဝိသာခါမြင်၍ “တပည့်တော်မ၏ယောက္ခမသည် အဟောင်းကိုသာစားသူဖြစ်ပါသည်ဘုရား” ဟုလျှောက်လိုက်၏ ၊ သူဌေးကြီးကသူ့ကို မစင်စားသည်ဟု ပြောရမလား ဟုဝိသာခါကိုနှင်ချဘူးပါသည် ၊အဟောင်းစားဆိုသည်မှာ အတိတ်ဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှု အကျိုးကိုသာခံစားသည်ဟု ဆိုခြင်းဖြစ်သည် ၊အဟူအဆလွဲသည်ကိုသတိပြုရမည် ။
၆။ ကါတွန်းထဲတွင်မိခင်နှင့်ခလေးစောင့်ရှောက်ရေးအဖွဲ ့မှဆရာဝန်တစ်ယောက်,တောမြို့လေးသို့ရောက်သွားရာ တောသူများမီးဖွားသောအခါ လက်မှတ်ရဝမ်းဆွဲ ကိုသုံးလား အရပ်ဝမ်းဆွဲကိုသုံးသလား သိလို၍ ခလေးချီထားသော မိန်းမတစ်ယောက်ကို “အခုခင်ဗျားရင်ခွင်ထဲက ကလေးကဘယ်သူနဲ့မွေးတာလဲ ”ဟုမေးရာ ထိုမိန်းမက “ကျွန်မယောက်က်ျားနဲ့ရပြီး မွေးတာပါတော် ၊ အရပ်ကိုလဲမေးကြည့်ပါဦး ” ဟုပြောသည် ၊ အတွေးမတူဘဲအထင်လွဲခြင်းဖြစ်ပါသည် ၊ ဆရာဝန်မေးခြင်းမှာ သူမကိုမသင်ကာ၍ စစ်ကြောမေးမြန်းသကဲ့ သို့ဖြစ်သွားပါသည် ။
(အားလုံးသန္တာ န်၊အမြင်မှန်၊လျှင်မြန်ရစေသော်) ။ G.S
ဗဟုသုတအဖြစ်စေတနာထားကာရေးသားဖော်ပြခြင်းဖြစ်၍နားလည်ခွင့်လွတ်ကြပါကုန်။
(မိမိ၏အမြင်များနှင့်တကွဝေဖန်အကြံဉာဏ်ပြုပေးကြ
ပါရန်တောင်းခံအပ်ပါသည်)

12 comments

  • windtalker

    January 11, 2012 at 3:14 pm

    အေး.ကေကေ ခင်ဗျာ
    ကျွန်တော် ရန်ကုန် သွားတုန်းကတော့
    အရက်မူးနေတဲ့ တရုတ်ကလေး တစ်ယောက် နဲ ့တွေ ့ရာမှာ
    လက်ဝါးဖြန် ့ပြ နေလို ့ပိုက်ဆံတောင်းတယ် မှတ်ပြီး
    ၂၀ဝ တန် တစ်ရွက် ပေးလိုက်ရာ
    ပေါက်ဖော် ဖြစ်နေတာ ကလား ဗျ ။
    🙂

  • aye.kk

    January 11, 2012 at 3:23 pm

    တရုတ်လေးနဲ့ပေါက်ဖော်အတူတူပါဘဲနော်..
    ဝင်ဖတ်သွားပေးတာကျေးဇူးနော်..

  • amatmin

    January 11, 2012 at 3:35 pm

    အဒေါ်ရေ..
    ခဏခဏ အထင်အမြင်အလွဲခံရလွန်းလို့ ငြင်းစရာ မလိုအောင်ထောက်ခံပါကြောင်း.
    ထပ်ပြောရရင် ကိုယ်တိုင်ကိုက တလွဲတွေးမိ တာအတော်များတာကိုး.. 🙂

  • ငပေါက်ဖော်

    January 11, 2012 at 3:39 pm

    ဒေါ်အေးကေရေ
    အထင်အမြင်က ကောင်းသောလွဲခြင်းတွေရှိသလို.မကောင်းတဲ့လွဲခြင်းတွေလဲ ရှိတယ်နော်
    အယူအစတွေကလဲ..အပြောအဆိုကလဲ တစ်ရပ်ကွက်နဲ ့တစ်ရပ်ကွက်တောင် မတူဘူးမိုလို ့.ရေခြားမြေခြား ဝေးသွားသမျှ
    ပိုလို ့မတူတော့ဘူးခင်ည..
    ဒေသဆိုင်ရာ ဗဟုသုတလေးတွေရှိထားရင် ပိုကောင်းပေါ့နော့်..ကောင်းတဲ့လွဲခြင်းတွေနဲ ့ပဲ လွဲချင်ပါ၏ဗျာ

    စကားမစပ်
    အပေါ်က ကိုလေပွား
    ပြန်တာတောင် အေးဆေးမပြန်ဘူး.ဝင်ကြပ်သွားသေးတယ်.တွေ ့မယ်..ဒေါ်လှတူလေး ငပေါက်ဖော်အကြောင်း.
    ညှင်း.ညှင်း..ညှင်း..

    မောင်ပေသည် မဒမ်ပေကို ပိုးပန်းစဉ် အခါက မဟော်သဓာကို အားကျပြီး လက်သီးထောင်ပြလေသည်
    မဒမ်ပေလဲ လက်သီးထောင်ပြရမလားဆိုပြီး လက်ဝါးဖြန် ့၍ ပါးချထလိုက်ရာ
    မောင်ပေ့ အောက်ရှဲ၂ချောင်းကျွတ်သွားလေသတည်း

    ကြုံရင် ကြည့်ကြ.မောင်ပေ.သွားအတုကြီးတပ်ထားတယ်. 😆

  • Moe Z

    January 11, 2012 at 3:54 pm

    အန်တီအေးကေကေရေ မိုးစက်ကတော့ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကလည်း ကိုယ့်ကိုသွယ်ဝိုက်ပြီးအကျိုးပြုတယ်လို့ ယူဆပါတယ် ဘာလို့ဆို ကိုယ်ပြောသမျှထောက်ခံနေတဲ့သူတွေပဲတွေ့နေရင် idea အသစ်တွေထွက်လာမှာမဟုတ်ဘူးလေ
    ပြီးတော့ ကိုယ်ကမှန်နေရင် မှားနေတဲ့လူတွေကြားမှာ ပိုပြီးထင်ရှားတယ်
    မှားနေရင်လည်း အများနဲ့တစ်ယောက်ဖြစ်နေရင် ကိုယ်ဘာမှားလည်းဆိုတာပြန်စဉ်းစားမိသွားတယ် 🙂

  • aye.kk

    January 11, 2012 at 4:05 pm

    အမတ်မင်း,ရေနောင်ကိုလည်း..
    ကိုယ့်အမြင်ကိုယ့်အတွေးလေးတွေတည့်တည့်မြင်အောင်တွေး
    တတ်ပါစေလို့အံတီဆုတောင်းပေးလိုက်ပါတယ်နော်..။
    စေတနာထားကာဘဝင်နှလုံးစိတ်ဝမ်းအေးချမ်းပြုံးအောင်ဝင်ဖတ်ကာရေးသွားပေးတဲ့
    ငပေါက်ဖော်ကိုကျေးဇူးတင်မိပါကြောင်း..။

  • yaungchikha

    January 11, 2012 at 4:10 pm

    မမအေးရေ …….. သေချာဖတ်သွားပါတယ်နော်၊ ဗဟုသုတရလို့ကျေးဇူးပါ…………

  • aye.kk

    January 11, 2012 at 5:19 pm

    moe z,ရဲ ့အမြင်လေးကိုလေးစားမိပါတယ်ဆိုတာ..
    ပြောလိုက်ပါရစေကွယ် ။
    yaungchikha,အားပေးတာဝမ်းသာမိပါတယ်ကွယ်..။

  • inz@ghi

    January 11, 2012 at 5:29 pm

    အန်တီ အေးကေကေရေ …

    ကျနော်လည်း ကိုယ်တွေ့ ကြုံဖူးတာလေး တစ်ခု ဖောက်သည်ချချင်လို့ပါ …
    အဲ့ဒါကတော့ လက်ပိုက်တဲ့ အလေ့အထပါပဲ ……

    ကျနော်တို့ တိုင်းပြည်မှာ လက်ပိုက်တယ်ဆိုတာ (တပည့်က ဆြာကို) အရိုအသေပေးတာ တည်ကြည်လေးနက်စေတာ …
    စတဲ့ အဓိပ္ပါယ် ကိန်းပေမယ့် …

    အနောက်တိုင်းကတော့ ဒါဟာ ရင်ကိုကော့ပြီး ရင်မဆိုင်ရဲတဲ့အတွက် လက်ကို
    ယှယ်ထားတာ …defensive position လို့ ယူဆသတဲ့လေ…

    အရှေ့ကျွန်းမှာတော့ လက်ပိုုက်တယ်ဆိုတာ(လူကြီးက လူငယ်ကို ပြုမူတဲ့အပြုအမူဖြစ်သတဲ့ …)
    လူငယ်ကသာ ပြုမူမိရင် မာန်တက်တာ …မလေးမခန့်ပြုတာကို ဖော်ပြသတဲ့ဗျာ ….

    ထို့ကြောင့် အထင်နဲ့ အမြင် သည် ကာလ ဒေသ ပရောဂ ကိုလိုက်၍ ကွဲပြား ခြားနားမှု …ဆန့်ကျင်ဘက်အဓိပ္ပါယ်
    သက်ရောက်မှု များ ပေါ်ပေါက်တတ်ကြောင်း … အားဖြည့် ဆွေးနွေးပါသည်ခင်ဗျား….။

  • aye.kk

    January 11, 2012 at 5:48 pm

    inz@ghi,ရေ..အားဖြည့်ဆွေးနွေးပေးတာ..
    အန်တီကလည်းကျေးဇူးတင်ပါတယ်ကွယ်..။

  • ကောင်းမြတ်သူ

    January 11, 2012 at 7:44 pm

    အထင်အမြင်လွဲတယ်ဆိုတာ ညှိနှိုင်းခွင့်သာရှိခဲ့ရင်အထင်အမြင်လွဲမှားမှုတိုင်း အကောင်းဆုံးအဖြေတစ်ခုထွက်လာမှာပဲ။ ညှိနှိုင်းမှုမပေးပဲ ထားမယ်ဆိုရင် အလွန်ဆိုးတဲ့နစ်နာမှုပဲ

  • aye.kk

    January 11, 2012 at 8:15 pm

    ကောင်းမြတ်သူမောင်လေးရေ..
    မောင်လေးပြောသလိုလည်းမှန်ပါတယ်ကွယ်။
    အချို ့ကကိုယ့်အတွေးကိုယ့်အမြင်ကမှမှန်တယ်ဆိုပြီးတစ်ယူသန်တာမျိုးကြတော့..
    ညှိနိုင်းလို့လည်းမရ၊အကောင်းဆုံးဆိုတဲ့အဖြေမရဘဲ..
    ရုံးရောက်ဂါတ်ရောက်ဆိုသလိုထိဖြစ်ကုန်ကြပါတယ်..။

Leave a Reply