ဆင်ဆာဖြတ်ခံရသောအတွေး …

kotun winlattJanuary 11, 20121min1038

ဆင်ဆာဖြတ်ခံရသော အတွေးစတွေ

အခန်းထဲမှာ သွန်ချလို့

ကြမ်းပြင်တွေကျွံကျပြီး

အမိုးအကာတွေပျောက်ရင် ပျောက်မယ် …။

ကယောင်ကတမ်း အိပ်မက်တို့ရဲ့

ဇာတ်လမ်းတစ်ပုဒ် ဟုတ်ရင်လည်း ဟုတ်လိမ့်မပေါ့ …။

လွတ်လပ်ခွင့်ရဲ့ သုံးအချိုးတစ်ကို မျှော်လင့်ရင်

မျှော်လင့်နိုင်မယ်…..။

ကမ္ဘာမြေထုကိုတော့ သက်သေပြုခွင့် မရနိုင်ဘူး …။

လက်ကိုင်ဖုန်းတွေက လိုင်းမမိလိုနေရမယ်

ဒါ တိုးတက်နေတဲ့ခေတ်ဆိုပဲ ….

ခေတ်တွေကပဲ လူတွေကို ဖြတ်သွားသလား ?

လူတွေကပဲ ခေတ်တွေကိုဖြတ်သလား ?

ဘဝရဲ့ လမ်းမှာတော့

အမှားတစ်ရံနဲ့ ကျားကန်ထားလို့

ခြေလှမ်းခြေချ မှန်မှန်ပါပဲ ….။

တစ်ခါတစ်ရံကျတော့လည်း

နံရံတစ်ဘက်ခြားမှာ

တရားမျှတခြင်းတွေရှိတယ်ဆိုတာ

သံသယဝင်မိပြန်ရော ….။

ပုံပြင်တွေကလည်း များလှပြီမဟုတ်လားဗျာ…

မေတ္တာတရားတို့ကလည်း အသံဆိတ်

တိတ်တိတ်နေတာက စိတ်ချရလိမ့်မလား ?

ယုံကြည်ချက်ဆိုတာကလည်း

ကောင်မလေးတစ်ယောက်ရဲ့ ဆံပင်တွေလို

ခဏခဏ အရောင်ပြောင်းတတ်တာမျိုးမဟုတ်ဘူးလေ …။

 အဖြေတစ်ခု အတွက်

လ္ဘက်ရည်ဆိုင်ကပေါ့ဆိမ့်တစ်ခွက် ဈေးတက်ရင်တက်ပါစေ

အခန်းထဲကထွက်ပြီး

ငါ စောင့်နေမိတယ်…..။

8 comments

  • ငပေါက်ဖော်

    January 11, 2012 at 6:41 pm

    သများကတော့ အပျင်းကြီးလို ့အခန်းထဲကပဲ စောင့်မယ်..
    ပေါ့ဆိမ့်တစ်ခွက်လောက်.ပေးဘာ

  • windtalker

    January 11, 2012 at 7:29 pm

    ကိုထွန်းဝင်းလတ်ရေ
    မယ်လမင်းဓါတ်တွေ မပါတဲ့
    သကြားကော်ဖီ ခါးခါးလေးနဲ ့
    ခံစားပစ်လိုက်စမ်းဘာဗျာ

  • zaw min

    January 11, 2012 at 9:03 pm

    စာသားလေးတွေ အသွားအလာတွေနှစ်သက်သဘောကြပါ၏။ဆက်ရေးပါ..အားပေးပါမယ်…

  • tree

    January 11, 2012 at 10:10 pm

    ကဗျာလေးကိုသဘောကျတယ်

  • padonmar

    January 12, 2012 at 1:26 am

    စာသားရော အဓိပ္ပါယ်ရော ကာရန်ချိတ်တာလေးပါ သဘောကျပါတယ်။

  • yaungchikha

    January 12, 2012 at 4:35 pm

    ကဗျာဖတ်ပြီး လက်ဖက်ရည်ပေါ့ဆိမ့်တစ်ခွက်သောက်ချင်လာပြီ၊ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တာ ကြာပါပေါ့လား……………. ကဗျာလေးကောင်းပါတယ်ဗျို့………

  • htet way

    January 12, 2012 at 6:14 pm

    ယုံကြည်ချက်ဆိုတာကလည်း

    ကောင်မလေးတစ်ယောက်ရဲ့ ဆံပင်တွေလို

    ခဏခဏ အရောင်ပြောင်းတတ်တာမျိုးမဟုတ်ဘူးလေ …။
    ကောင်းလိုက်တဲ့ ကဗျာ…. ဗျာ။ဆက်ရေး သံသယပျောက်တော့မယ်
    အမှန်ဘဝရောက်တော့မယ် ဆက်ထား ဆရာရေ….။

  • အမှားတစ်ရံနဲ့ ကျားကန်ထားလို့
    ခြေလှမ်းခြေချ မှန်မှန်ပါပဲ ….။
    တစ်ခါတစ်ရံကျတော့လည်း
    နံရံတစ်ဘက်ခြားမှာ
    တရားမျှတခြင်းတွေရှိတယ်ဆိုတာ
    သံသယဝင်မိပြန်ရော ….။

    မိုက်တယ်ဗျာ။အတွေးကောင်းလေးမို ့ကူးယူ၍ပြန်မန် ့လိုက်ပါတယ်

Leave a Reply