အခုရက်ပိုင်း လေးပေါက် ရန်ကုန်လာပြီး ရန်ကုန်မှာရှိတဲ့ ရွာထဲကလူတွေနဲ့ တွေ့ဆုံပွဲ လုပ်ပေမယ့် … ခရီး သွားရမယ့်အကြောင်း ရှိနေပြန်တော့ မတွေ့ဖြစ်ပြန်ဘူးဗျ … ရွာထဲက ဓါတ်ပုံဆရာတွေကို အားကျတာရော … မဝေတို့ မမှီတို့လို ခရီးသွား ဆောင်းပါး၊ အစရှိသဖြင့် ရွာထဲ ရွာထဲက ဆရာ့ ဆရာ များရဲ့ ပို့စ်တွေ ကိုဖတ် မိရင်း မရိုက်တတ် ရိုက်တတ်တဲ့ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးတွေကို မ၀ံ့မရဲ တင်ပြလိုက်ပါတယ် … ဟူးးးး Connection ကောင်းပါစေ …

(မှတ်ချက်။ ပတ်ဆင့်ရေးမရသောကြောင့် ပတ်ဆင့်များအား အသံထွက်အတိုင်း ရေးသားခြင်းဖြစ်သောကြောင့် နားလည်ပေးနိုင်ပါရန်)

အောင်ပန်းမြို့ ချယ်ရီပျော်ပွဲစားရုံမှာ ကုံလုံ ဆရာတော်ဘုရားရဲ့ကျောင်းဆီသို့ သွားရောက်ဖို့ ဗိုက်ဖြည့်နေကြပုံ … ကျွန်တော်ပုံတော့ ပါဘူးးးးးး

ပုတ်တလုတ် ရေကန်ကို ဖြတ်အသွား မမှီမကမ်း မှတ်တမ်းတင်လိုက်တာပါ

ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ် ….

ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ထားရှိရာ ကျောင်းဆောင်

ဆရာတော်ဘုရားကြီးရဲ့ ထူးခြားချက်များကို အခုလို မှတ်တမ်းတင်ခဲ့ပြန်ပါသေးတယ်

ဆရာတော်ဘုရားရဲ့ ရုပ်ထုပုံ

ကျောင်းဆောင်အတွင်းမှ သစ်သားကို ထွင်းထုထားသော လက်ရာပုံများ

ဘာပန်းမှန်းမသိလို့ ရိုက်ယူလာတာ သိရင် ပြောပေးကြပါ

ကျွန်တော်တို့ဆီက ပုံနဲ့ ဒီကပုံ နည်းနည်းများ ကွဲနေမလားလို့ မြင်သမျှ ပြောကြပါအုံးဗျ

ပင်းတယူဂူ ထမ့်စမ်းဂူ အင်းလေး စသည် စသည်များကို ဆက်လက်မျှဝေပေးပါအုံးမယ်ဗျ

အားလုံးကိုခင်မင်လျှက်

!!! အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING !!!

ဟူး ကိုယ့်နာမည်ကိုယ်ရေးမှပဲ မောတော့တယ် … :P

 

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................