မင်းကောင် လျှားသွောက် နေသည် (အပိုင်း-၁)

KingJanuary 11, 20123min24517

အခုရက်ပိုင်း လေးပေါက် ရန်ကုန်လာပြီး ရန်ကုန်မှာရှိတဲ့ ရွာထဲကလူတွေနဲ့ တွေ့ဆုံပွဲ လုပ်ပေမယ့် … ခရီး သွားရမယ့်အကြောင်း ရှိနေပြန်တော့ မတွေ့ဖြစ်ပြန်ဘူးဗျ … ရွာထဲက ဓါတ်ပုံဆရာတွေကို အားကျတာရော … မဝေတို့ မမှီတို့လို ခရီးသွား ဆောင်းပါး၊ အစရှိသဖြင့် ရွာထဲ ရွာထဲက ဆရာ့ ဆရာ များရဲ့ ပို့စ်တွေ ကိုဖတ် မိရင်း မရိုက်တတ် ရိုက်တတ်တဲ့ မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံလေးတွေကို မဝံ့မရဲ တင်ပြလိုက်ပါတယ် … ဟူးးးး Connection ကောင်းပါစေ …

(မှတ်ချက်။ ပတ်ဆင့်ရေးမရသောကြောင့် ပတ်ဆင့်များအား အသံထွက်အတိုင်း ရေးသားခြင်းဖြစ်သောကြောင့် နားလည်ပေးနိုင်ပါရန်)

အောင်ပန်းမြို့ ချယ်ရီပျော်ပွဲစားရုံမှာ ကုံလုံ ဆရာတော်ဘုရားရဲ့ကျောင်းဆီသို့ သွားရောက်ဖို့ ဗိုက်ဖြည့်နေကြပုံ … ကျွန်တော်ပုံတော့ ပါဘူးးးးးး

ပုတ်တလုတ် ရေကန်ကို ဖြတ်အသွား မမှီမကမ်း မှတ်တမ်းတင်လိုက်တာပါ

ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ် ….

ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ထားရှိရာ ကျောင်းဆောင်

ဆရာတော်ဘုရားကြီးရဲ့ ထူးခြားချက်များကို အခုလို မှတ်တမ်းတင်ခဲ့ပြန်ပါသေးတယ်

ဆရာတော်ဘုရားရဲ့ ရုပ်ထုပုံ

ကျောင်းဆောင်အတွင်းမှ သစ်သားကို ထွင်းထုထားသော လက်ရာပုံများ

ဘာပန်းမှန်းမသိလို့ ရိုက်ယူလာတာ သိရင် ပြောပေးကြပါ

ကျွန်တော်တို့ဆီက ပုံနဲ့ ဒီကပုံ နည်းနည်းများ ကွဲနေမလားလို့ မြင်သမျှ ပြောကြပါအုံးဗျ

ပင်းတယူဂူ ထမ့်စမ်းဂူ အင်းလေး စသည် စသည်များကို ဆက်လက်မျှဝေပေးပါအုံးမယ်ဗျ

အားလုံးကိုခင်မင်လျှက်

!!! အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING !!!

ဟူး ကိုယ့်နာမည်ကိုယ်ရေးမှပဲ မောတော့တယ် … 😛

 

 

17 comments

  • blackchaw

    January 11, 2012 at 9:19 pm

    ခရီးသွားဓါတ်ပုံတွေထဲမှာတော့ ကင်း ပဲဗျို့။
    အရဂါး စဒါ။
    ဗဟုသုတပေးတဲ့ကိုကင်းရေ ကျေးဇူးဗျို့။

  • MaMa

    January 11, 2012 at 9:48 pm

    ရိုက်ခဲ့ပြီးမှ ရွာထဲပြန်လာမေးနေသေးတယ်။ ဘာပန်းလဲတဲ့။
    စက္ကူပန်းပဲ မဟုတ်ဘူးလား။
    ခြင်္သေ့က အစွယ်ထွက်နေတယ်။

    ပ ဆင့် ရိုက်ဖို့ ကီးဘုတ်ရဲ့ ဘယ်အစွန် အပေါ်ဆုံးက Ecs ကီးအောက်မှာရှိတဲ့ ~ ကီးလေးနဲ့သုံးရင် ရတယ်။
    ဥပမာ- အက္ခရာ ရိုက်ချင်ရင် အောက်ပါအတိုင်း အစဉ်လိုက်ရိုက်ကြည့်လိုက်ပါ။
    (အ က ` ခ ရ ာ ) အစဉ်လိုက် ရိုက်ကြည့်လိုက်ပါ။

    • amatmin

      January 12, 2012 at 9:40 am

      ကျေးဇူးတင်လိုက်တာ အန်တီမမရယ်.
      ပတ်ဆင့် တွေနဲ့တိုင်ပတ်နေတာ ကြာနေပြီ..ကျေးဇူးကမ္ဘာနော် 🙂
      ကိုကင်းရေ ပုတ်တလုတ်ရေကန်ဆိုတာ ဒွေးမယ်နော် ဇာတ်လမ်းထဲက လားဗျ..

  • မှော်ဆရာ

    January 11, 2012 at 9:59 pm

    အဲဒီ့ပန်း မသေမချင်းမှတ်ထား
    မြောက်ပေ ပန်း …
    ပုံ
    သီဟသူရ သူရသီဟ ရဲသီဟ မရဲသီဟ အောင်ဆန်းသူရိယ မှော်ဆရာ …

  • windtalker

    January 11, 2012 at 10:04 pm

    သူကမှ တစ်ကယ့် အောင် ပန်း သား ဂျီး ဘဲ
    ဟဲဟဲ

  • ဦးဦးပါလေရာ

    January 12, 2012 at 12:12 am

    ဂေဇက်အဖွဲ့သားတွေ လွပ်လပ်ရေးနေ့အထိမ်းအမှတ်နဲ့ ကိုယ့်ကိုယ်ကို ဘွဲ့တွေ ချီးမြှင့်နေကြပါလား … 😀

    ဆရာတော်ကြီးရုပ်ထုပေါ်ငွေတွေတင်ပူဇော်တာတော့ နဲနဲရုပ်ဆိုးတယ်။ ငွေဖလားလေး ရှေ့ချထားရင်ပိုကောင်းမှာ။

    မြန်မာခြင်္သေ့က အစွယ်တွေ လက်သည်းတွေ ထုတ်ထားတော့ တရုတ်ခြင်္သေ့နဲ့ ဟန်ပန်ချင်း ဆင်သွားတယ်။

  • Moe Z

    January 12, 2012 at 8:47 am

    ဦးကင်း ရပုံမြောက်က တည့်တည့်ရိုက်ထားတဲ့ပုံမရှိဘူးလား
    သစ်သားပန်းပုလေ …

  • Thel Nu Aye

    January 12, 2012 at 9:36 am

    တော်တော်ဖွံ့ဖြိုးသွားပြီကိုး။ ကျွန်မတို့ရှိတုန်းကဆရာတော်ဖူးဖို့ခက်ခက်ခဲခဲသွားခဲ့ရတာ။ ဒီလောက်လဲမစည်ပင်သေးဘူး။ အခုမှတ်တောင်မမှတ်မိဘူး။ ငယ်ဘဝပြန်သတိယစေလို့ကျေးဇူးပါ။

  • ကြောင်ကြီး

    January 12, 2012 at 11:08 am

    ဆရာတော်ကြီးကို ဝိဇ္ဇာဂန္ဓာရီလိုင်းသန်သူတွေကလည်း ဝိဇ္ဇာလို့ဆိုတယ်၊ ဒယကာအချို့ကလည်း ရဟနာ္တလို့သမုတ်တယ်။ ဆြာကင်းပြထားတဲ့ ပုံတော်များအရ ရုပ်ကလပ်တော် မပုပ်မသိုးဘူး၊ ထူးခြားချက်များရှိတယ်။ အနည်းဆုံးတော့ သမထပေါက်တယ် ပြောနိုင်တယ်။ ဆရာတော်ကြီး သက်ရှိထင်ရှား ရှိစဉ်အခါများမှာတုန်းကတော့ (လက်လှမ်းမှီသလောက်) အဘိဓမ္မာတရားနဲ့ ဆိုင်တာတွေ သိပ်ပြောလေ့မရှိဘူး။ များသောအားဖြင့် ဒါန သီလ သမထမှုများ ပြုဖို့လောက်သာ ပါတယ်ထင်တယ်။ သိသူများရှိရင်ပြောကြပါအုံး~~~~~~~~~~
    ကျနော် ဘုရားတန်ဆောင်းတခုရဲ့ ရှေ့ဆုံးတန်းမှာ ပုတီးစိပ်နေတုန်း ကုံလုံဆရာတော်ကြီးနဲ့ကြုံတယ်။ မူလအစီအစဉ်မရှိဘဲ တန်ဆောင်းထဲဝင်လာပုံရတယ်၊ ဘုရားပရဝုဏ်အခြားနေရာများမှာပဲ ပြင်ဆင်မှုတွေလုပ်ထားပြီး တန်ဆောင်းထဲမှာ ဘာမှလုပ်မထားဘူး၊ လူလည်းရှင်းနေတယ်။ ပုတီးစိပ်နေတုန်း လူသံတွေကြားရတယ်၊ ဓာတ်ပုံမီးရောင် တဖြတ်ဖြတ်လက်နေတာလည်း သိတယ်။ ဆရာတော်နဲ့ ပါလာတဲ့ ဒကာအချို့က ရှေ့ဆုံးရောက်နေတဲ့ ကျနော့်ကို ဖယ်ဖို့အချင်းချင်းပြောနေတာလည်း ကြားရတယ်။ ဆရာတော်ကြီးက နေပါစေဆိုပြီး ဘေးလွတ်တဲ့နေရာကနေ ဘုရားဖူးပုံပေါ်တယ်။ ဆရာတော်သင်္ကန်းစနဲ့ ထိုင်နေတဲ့ကျနော်ထိနေတာ ခံစားမိတယ်။ (မျက်စိမှိတ်ထားလို့ အခြားလူလည်းဖြစ်နိုင်တယ်) ကျနော်လည်း မျက်စိဖွင့်ဖူးအုံးမလို့၊ ဒါပေမဲ့ ဂုဏ်တော်ပွားနေတာကို မဖျက်သင့်ဘူးလို့ တယူသန်စိတ်နဲ့ ကိုယ်ထိလက်ရောက် မဖူးလိုက်ဘူး၊ စိတ်ထဲကနေ လှမ်းကန်တော့ မေတ္တာပို့ပြီးနေလိုက်တယ်။ အမှန်တော့ ဖူးသင့်တယ် ဘာလို့လည်းဆိုတော့ ကိုယ်တကယ်အာရုံမရဘဲ စွတ်ကြိတ်နေတာ၊ ဘာမှမထူးဘူး။ နောက်မှ ကုံလုံဆရာတော်ကြီးကို အနီးကပ်မဖူးလိုက်ရလို့ နောင်တရတယ်။

  • ငပေါက်ဖော်

    January 12, 2012 at 11:13 am

    ဘာညားရဲလို ့..
    အူးကင်းလျှောက်သွားနေတာဂိုး..

    ကန်မလေးတွေများကြီးပါလား..
    ရုပ်ထုကလဲ တော်တော်တူတယ်ဗျာ..
    နောက်ခါသွားရင် သများလဲလိုက်ပါရစေ..
    😆

    • ငပေါက်ဖော်

      January 12, 2012 at 11:50 am

      ဟမငေး..ဟမငေး..
      လူနာမည်တွေ တန်းစီဖော်ပြပြီး ကျေးဇူးတင်သွားတယ်..
      အဲအထဲ သများနာမည် မပါဘူး..
      ရက်စက်ပါပေ့ကိုကင်းရယ်..
      သများ အိပ်လို ့တောင်မပျော်ဘူး…. (ကြမ်းပိုးကိုက်လို ့)

  • @ ဦးဘလက်
    ကျေးဇူးပါ … ဗဟုသုတပေးတယ်ဆိုတဲ့အတွက်ပေါ့

    ====================================================================================
    @ မမရေ
    ကျွန်တော် အခုသုံးနေတဲ့ စက်မှာ ဇော်ဂျီ installer မရှိတဲ့အတွက် ရိုက်လို့မရတာ ဖြစ်ကြောင်း တွေ့ရှိသွားပါသည် … 🙂
    ====================================================================================
    @ အမတ်မင်းထံသို့
    ပုတ်တလုတ်ရေကန်ဆိုတာ ဒွေးမယ်နော် ဇာတ်လမ်းထဲက ရေကန်ပါပဲ ငွေတောင်ပြည်ကနေ ရေလာချိုးတဲ့နေရာပေါ့ ….

    ====================================================================================
    @ မှော်ဆရာ
    ဘွဲ့တွေက မီးသတ်တို့ ရဲတို့ကို ပေးတဲ့ ဘွဲ့တွေပဲ စွန့်စားမှုတွေ တော်တော်လုပ်ခဲ့ပုံပဲ …. 😛
    ====================================================================================
    @ ဦးဦးပါလေရာရေ
    ငွေဖလား ရှေ့ချထားလည်း လူတွေက ………….. !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
    မပြောတော့ပါဘူးဗျာ

    ====================================================================================
    @ Moe Z ဆိုတဲ့ကလေးနှမ
    သစ်သားပန်းပုက ရိုက်တော့ရိုက်မိတယ် ဘယ်နေရာက ပန်းပုကို ရိုက်မိမှန်း မသိဘူး .. အင်းလေးမှာတော့ ရိုက်ခဲ့တာတွေရှိတယ် ဆက်ပြီး တင်ပေးပါအုံးမယ်
    ====================================================================================
    @ မသဲနုအေး
    ဟုတ်တယ်ဗျ ….. လမ်းတွေက တော်တော်ကောင်းတယ်ဗျ … ရန်ကုန်က တစ်ချို့တစ်ချို့သော လမ်းတွေထက် သာတယ်ဗျ

    ====================================================================================
    ခင်မင်စွာဖြင့်
    KING
    (စာကြွင်း။ ကိုယ့်နာမည် ကိုယ်ရေးရမှာ မောလို့ အတိုပဲရေးတော့တယ်) …. 😛

    • မှော်ဆရာ

      January 12, 2012 at 1:23 pm

      စွန့်စားတာတော့ မှော်ဆရာကို ဘယ်သူမှ မှီမယ်မထင်
      အိမ်မှာ ဆွမ်းတော် ကောင်းကောင်း ကပ်ရင် မှော်ဆရာ ကို အလွတ်မပေးရဲဘူး …
      လူလစ်တာနဲ့ စွန့်တော်မူပါ ဘုရားဆိုပြီး စားပြစ်တာပဲ …
      ပုံ
      စွန့်စားသူ …
      သီဟသူရ သူရသီဟ ရဲသီဟ မရဲသီဟ အောင်ဆန်းသူရိယ မှော်ဆရာ …

  • Thel Nu Aye

    January 12, 2012 at 11:57 am

    ဟုတ်တယ်။ လမ်းတွေကကျွန်မတို့သွားတုန်းက သွားတိုင်းဒုက်ခရောက်တာ။ မြေစီးလမ်းဖြစ်နေတော့ ကားတွေမနဲမောင်းရတာ။ စလစ်ခဏခဏဖြစ်တာ။ မြင်းလှည်းနဲ့သွားလဲဆရာတော်ကမကြိုက်ဘူး။ သတ္တဝါတွေကိုညှင်းပမ်းလို့ဆိုပြီး။ ကားကြုံရှာရတာ။ မရှိရင်ခြေကျင်သွားရတာ။

  • manawphyulay

    January 12, 2012 at 12:08 pm

    ခရီးသွားဆောင်းပါးတွေကော ပုံတွေနဲ့အတူ တွေ့ချင်ပါတယ် ကင်းရေ… ကိုယ့်ဘာသာပေးထားတဲ့နာမည်ကို ကိုယ်ရအောင် ရေးလေ… ပုံလေးတွေနဲ့ နေရာလေးတွေကို ရောက်အောင် လာခဲ့ပါတယ်နော်။

  • @ ဦးကြောင်
    ဦးကြောင်သိသမျှ ပြောပြတဲ့အတွက် ကျေးဇူးပါ … ကျွန်တော်သိတာလည်း ဦးကြောင်ထက်မပိုလောက်ပါဘူး … ဒါပေမယ့် ဆရာတော်ကြီးရဲ့ စာအုပ် ဝယ်လာပေမယ့် မဖတ်ရသေးလို့ နောက်မှ ထပ်တင်ပေးပါအုံးမယ် …
    =============================================================================
    @ ဦးဖော်
    ကန်မလေးတွေ များတယ်ဗျ …. ဒါပေမယ့်လည်း …… ( ! _ ! )
    ဦးဖော်နဲ့ ဦးကြောင်က ကျွန်တော်ရေးပြီး Submit လုပ်လိုက်မှ တွေ့လာလို့ပါဗျ …
    တမင်တတ်တတ် ချန်ထားတာ မဟုတ်ရပါ …. အိပ်ပျော်အောင် အိပ်နော် ကြမ်းပိုးအတွက် ဘာမှမပူနဲ့ မင်္ဂလာတောင်ညွန့်က ဂိုဒေါင်တွေလို မီးရှို့ပေးလိုက်မယ်
    အရဂါးနောက်ဒါ ….. 😛

    ==============================================================================
    @ မသဲနုအေး
    အမတို့ သွားတုံးက ဘယ်ခုနှစ်များကလဲ သိချင်ပါတယ်ဗျ …. တောတောင်ရေမြေသဘာဝတွေကတော့ တော်တော်လှတယ်နော်
    =============================================================================
    @ မမ မနော
    အခုလောလောဆယ်ဆယ်တော့ ဓါတ်ပုံလေးတွေကို အရင်မျှဝေပေးလိုက်ပါမယ် … နောက်မှ တစ်ချို့ရိုက်ယူလာခဲ့တဲ့ ဓါတ်ပုံနဲ့ ခံစားချက်တွေကို ထပ်တင်ပေးပါအုံးမယ် ….. ကိုယ့်ဘာသာပေးထားတဲ့နာမည်ကို ရေးရတာညောင်းတယ် … ကချင်နဲ့ တကယ့် ငြိမ်းချမ်းရေးရမှ ဘွဲ့တံဆိပ်တွေကို ဖြုတ်ပစ်မယ်လို့ ဆုံးဖြတ်ထားလို့ အခုတော့ အခုတော့ ….. 😛

    =============================================================================
    ခင်မာစွာဖြင့်
    တစ်ခါက
    KING

  • kyeemite

    January 12, 2012 at 1:38 pm

    အက္ခရာ…ဂွတ်တယ်ဗျို့…ကျေးဇူးပါမမကြီး…
    အသက်ကြီး မှသင်တန်းလဲမတက်ချင်..ကလေးတွေလဲမမေးရဲ
    ကိုယ့်ဘာသာကြိုးစာပီးစမ်းတဝါးဝါး..ရိုက်နေတာ..ခုမှပတ်ဆင့်တတ်သွားတယ်..
    သင့်ခရုပါမမ..
    လေးစားခင်မင်စွာဖြင့်
    ကြီးမိုက်

Leave a Reply