ကလေးအသည်းနဲ့နတ်ဘုရားပူဇော်…

    အသက်ခုနှစ်အရွယ် မိန်းကလေးတစ်ဦးအား သတ်ဖြတ်ပြီး၊သီနှံထွက်တိုး အောင် အသည်းအား နတ်ဘုရားသို့ လူမျိုးစု ထုံးတမ်းအစဉ်အလာအရ ယစ်ူဇော်သည့် အမူကို အနိ္ဒယအလယ်ပိုင်း ချက်တစ္စဂါ(Chhattisgarh) ပြည်နယ်မှ ရဲများက တနင်္ဂနွေနေ့(၁.၁.၂၀၁၂)တွင်ပြောကြားပါသည်။

လာလီတာ တာတီ(Lalita Tati) ၏ရုပ်အလောင်းအား သူမဒမိသားစုမှ လူပျောက်မူတိုင်ကြားပြီးနောက် တစ်ပတ်ခန့်အကြာတွင် တွေရှိခဲ့သည်ဟုဆိုပါသည်။

အယူသီးသူနှစ်ဦးက သီနှံထွက်တိုးကောင်းစေရန်ဟု ယုံကြည်မူဖြင့် အသက် ခုနှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးအား ယစ်ပူဇော်ခဲ့ခြင်းဖြစ်သည်ဟု ဘီဂျာပူ ခရိုင်မူး နာရာယန်(Narayan Das) u (AFP-Agence France-Presse) သတင်းဌာနသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်။

မိန်းကလေးအား သတ်ဖြတ်ပြီး အသင်္ညးအား ကြောက်မက်ဖွယ် လူမျိုးစု အခမ်းအနားဖြင့် .စ်ပူဇော်ခဲ့မူဖြင့် မင်္စကာသူ နှစ်ဦးအား ဗုဓ္ဒယူးနေ့(၄.၁.၂၀၁၂)တွင် ရဲများက ဖမ်းဆီးခဲ့ကြပါတယ်။ထိုသူနှစ်ဦးက အမူအတွက်ဝန်ခံခဲ့ကြောင်းရဲများက ပြောပါတယ်။

ဘာသာရေး အယူသီးမူများကြောင့် ဆင်းရဲပြီးမသိနားမလည်တဲ့ လူမျိုးစုတွေအပေါ် အနိုင်ကျင့်ခံနေရတာလို့မြင်မိတယ်..ကျွန်တော်တို့တိုင်းပြည်တွေမှာလည်းအဲဒီ အယူသီးမူတွေက ယနေ့ထက်တိုင်တည်ရှိနေတုန်းဘဲ…

ဟိုတစ်လောကလည်း စာစောင်တစ်ခုမှာဖတ်လိုက်ရတယ် နယ်မြို့ရွာလေးတစ်ရွာမှာ မိဘနှစ်ဦးက သမီဖြစ်သူရဲ့ အမျိုးသမီးရောဂါကို ပယောကဆရာနဲ့ကုပါတယ်၊အဲဒီပယောဂဆရာက အမျိုးသမီးငယ်ကို သားမယားအဖြစ်ပြုကျင့်သွားပါတယ်။အဲဒီလို ဝေးလံတဲဒေသတွေမှာ အသိပညာပေးတွေအများကြီးလိုအပ်နေတယ်…ဖြစ်နိုင်ရင်ပေါ့လေ ကျေးလက်ဒေသ အသိပညာဖွံ့ဖြိုးရေးတွေ၊ကျမ်းမာရေးအသိပညာပေးတွေများများလုပ်ဆောင်ဖို့လိုအပ်ပါတယ်။။။။

ဒီရွာကလူတွေစုပြီးအကျိုးပြုလုပ်ငန်းတွေ ဝိုင်းဝန်းလုပ်ဆောင်နိုင်ရန်ရည်ရွယ်မိပါတယ်…

Ref: (news.yahoo.com/child-sacrificed-liver-offer-gods-indian-police-074513654. html)

ကဲ သူကြီးရေ..ဟုတ်မဟုတ်စစ်ပေးပါအုံးဗျာ.. ဒီရွာက သတင်းမှန်မမှန်ရင်ချက်ခြင်းသိရနိုင်တယ်…အမှားပါရင်ပြင်ပေးနော်…ဒါဗျဲ…

17 comments

  • bigbird

    January 11, 2012 at 11:11 pm

    ဒီသတင်းဟာအမှန်လို့ထင်ပါတယ်။ တစ်ခြားသတင်းဝပ်ဆိုဒ်တွေမှာလဲ ဒီသတင်းကိုဖတ်လိုက်ရပါတယ်။
    အင်မတန်မှလွဲမှားနေတဲ့အယူအဆတွေပါပဲကိုဇော်မင်းရေ..စိတ်မကောင်းစရာလဲကောင်းလှပါတယ်ဗျာ။

  • ဦးဦးပါလေရာ

    January 11, 2012 at 11:52 pm

    အဲဒါမျိုးတွေဟာ အယူသည်းတဲ့ လူမျိုးစုတွေမှာ ဖြစ်လေ့ရှိပါတယ်။

    တကယ်တော့ မြန်မာပြည်မှာတောင် မဆလ ခေတ်ဦးလောက်အထိ အစွန်အဖျားနေရာတွေမှာ လူ့အသက်နဲ့ နတ်(ယစ်)ပူဇော်တာတွေ ရှိခဲ့ဘူးကြောင်း လူကြီးတွေပြောပြဘူးတယ်။

    ဥပဒေနဲ့ ပြင်းပြင်းထန်ထန်အရေးယူမှ ပျောက်သွားမှာပါ။

  • zaw min

    January 12, 2012 at 12:00 am

    ဟုတ်ပါတယ်ကိုဌက်ရေ..ကျွန်တော်ဆီမှာလဲ အဲဒီလိုလွဲမှားတဲ့ အယူအဆတွေကို မသိနားမလည်တဲ့ ရိုးသားတဲ့ကျေးလက်နေလူတန်းစားတွေကို အသိပညာပေးတွေလက်ဆင့်ကမ်းပေးဖို့များစွာလိုအပ်နေပါတယ်။

  • kai

    January 12, 2012 at 12:59 am

    သတင်းအစစ်ပါခင်ဗျား..။အော်ရီဂျင်နယ်ပါ.. ခရက်ဒစ်နဲ့ကူးတင်ပေးလိုက်ပါတယ်..။
    ပြောရရင်.. မြန်မာပြည်ရန်ကုန်မှာတောင်… တချို့ ရှေးစွန်းစွဲဘာသာရေးသမားတွေလုပ်ပုံကို..
    မြန်မာတွေကသာ.. သာမန် ဘာသာရေးကိုင်းရှိုင်းတယ်ထင်နေတာလေ…။
    ကမ္ဘာက.. အစွန်းရောက်တယ်မြင်နေတာတွေ တော်တော်များသပေါ့… 🙂

    ==

    http://news.yahoo.com/child-sacrificed-liver-offered-gods-indian-police-074513654.html
    Child sacrificed, liver offered to gods: Indian police
    AFPAFP – Sun, Jan 1, 2012
    A seven-year-old Indian girl was murdered in a tribal sacrifice and her liver offered to the gods to improve crop growth, police in the central state of Chhattisgarh said on Sunday.

    The body of Lalita Tati was found in October one week after her family reported her missing.

    “A seven-year-old girl was sacrificed by two persons superstitiously believing that the act would give a better harvest,” Narayan Das, the police chief of Bijapur district, told AFP by telephone.

    The two men was arrested on Wednesday on suspicion of killing the girl and offering her liver to the gods in a grisly tribal ceremony. Police said the men had confessed to the crime.

    The girl was murdered in a jungle district of Chhattisgarh that is a stronghold of rebel Maoists who have tapped into disaffection among local tribal groups.

    Human sacrifices occasionally make headlines in deeply religious and superstitious India, and usually occur in poor areas where some people revere practitioners of black magic.

    Two suspected child sacrifices were reported in Chhattisgarh in 2010, while in the same year the decapitated body of a factory worker was found in a temple in the eastern state of West Bengal.

    The victims are often ritually killed by witchdoctors to appease gods, spirits or deities.

  • zaw min

    January 12, 2012 at 1:27 am

    ကျေးဇူးပါ…ဒီရွာမှာမှတ်ကျောက်လာတင်မယ်နော်…သူကြီးကို အလုပ်ပေးတာမဟုတ်ဘူးနော်..ကိုယ့်ကိုယ်ကိုစမ်းသပ်နေတာပါ…
    ရှဲရှဲနီ….

  • ငပေါက်ဖော်

    January 12, 2012 at 11:32 am

    အဲဒေသကို မြန်မာ့ဩဘာတို ့..ဘာတို ့.ညာတို ့ဓာတ်မြေဩဇာ သွားရောင်းဦးမှပဲ..

  • ကြောင်ကြီး

    January 12, 2012 at 11:48 am

    သဂျီးပြောမှ အမှန်လားဗျာ….။ ဆက်သာလုပ် ကြောင်ကြီးခွင့်ပြုတယ်….

  • etone

    January 12, 2012 at 11:55 am

    လူလူချင်းအတူတူပေမယ့် ပင်ကိုယ်ပိုင်းဖြတ်နိုင်တဲ့စွမ်းအားနည်းတဲ့လူအနည်းစုတွေမှာသာ အယူစွဲတာတွေရှိတာလို့ထင်ခဲ့တာ … တကယ်တော့ မဟုတ်ဘူးပဲ … ရှေးအယူစွဲတွေက ယနေ့ ခေတ်လူငယ်တွေကြားမှာပါ ပျံ့နှံ့နေသေးတာပဲနော် … ။

  • နွယ်ပင်

    January 12, 2012 at 12:03 pm

    ဒီလို အယူသည်းတဲ့ လူမျိုးစုတွေလည်း အခုထိရှိသေးတာပါပဲလား
    သူတို့အတွက် သီနှံထွက်တိုးကောင်းမကောင်းတော့ မသိဘူး အခုတော့
    ခုနှစ်အရွယ် လူမမယ်ကလေးမလေးကတော့ အသက်ဆုံးရှုံးသွားရပါပြီ .. 🙁

  • Moe Z

    January 12, 2012 at 12:30 pm

    အင်မတန်စိတ်မကောင်းစရာသတင်းပါပဲ ကျေးလက်တောရွာတွေ အစွန်အဖျားဒေသတွေကို ကွင်းဆင်းပြီးပညာပေးအစီအစဉ်တွေ စာပေဟောပြောပွဲတွေများများလုပ်သင့်ပါတယ်
    ပြောသာပြောရတယ် ရန်ကုန်မှာတောင် နတ်ကိုးကွယ်တဲ့သူတွေက တိရစာ္ဆန်တွေသတ်ပြီး ယဇ်ပူဇော်တဲ့သဘောမျိုးတွေအများကြီးတွေ့နေရသေးတယ် …..

  • ဆူး

    January 12, 2012 at 2:58 pm

    ယစ်ပူဇော်မှုမျိုးတွေ မြန်မာပြည် အစွန်အဖျားတွေမှာ ယခု အချိန်အထိ ရှိနေတုန်းပါပဲ။
    ဓါတ်ပုံတွေ မြင်ဖူးတယ်။ လူတော့ မဟုတ်ဘူး ကြက်တွေ ဝက်တွေ နွားတွေ.. ခေါင်းကြီးတွေ တင်ပြီးတော့ မြင်ရတာ စားချင်စိတ်တောင် ကုန်တယ်။

  • cobra

    January 12, 2012 at 3:02 pm

    အမလေးကြောက်စရာကြီး
    ဘယ်လူရိုင်းအရူတွေရှိနေသေးတာပဲ

  • windtalker

    January 12, 2012 at 3:18 pm

    ကိုဇော်မင်း ခင်ဗျား ကို တစ်ကယ်လေးစားတယ် ဗျာ
    သဂျီး ကို အလုပ်ပေးနိုင်တာ ခင်ဗျား ဘဲ တွေ ့ဖူးသေးတယ်
    နောင်လည်း များများ ပေးပါနော….

  • zaw min

    January 12, 2012 at 4:47 pm

    ကိုတော်ကာရေ…အချွန်နဲ့မ မနဲ့နော်..တော်ကြာသူကြီး ဒေါခီးပြီး ပွိုင့်တွေနုတ် ရွာကနင်ထုတ်နေအုံးမယ်….
    ဟုတ်ပါတယ်…အီတုံး၊ဆူး၊မိုးဇတ်၊နွယ်ပင် ကျွန်တော်တို့တိုင်းပြည်မှာလည်း အဲဒီလို ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုပြီး ရိုးယာ။ရိုးယား နဲ့နတ်ကတော်တွေလိမ်စားညာစားနေတာကြာပါပြီ၊ ဒါတွေကို နောင်လာနောင်သားတွေခေတ်ပညာတတ်တွေအနေနဲ့ ကျေးလက်နေလူတန်းစားတွင်က မြို့နေလူတန်းစားကိုပါ အသိပညာပေးတွေဝေမျှပေးဖို့ဝိုင်းဝန်းဆောင်ရွက်ကြနိုင်အောင်နည်းလမ်းများရှာကြည့်ကြအောင်လားဗျာ…..

  • zarlay

    January 26, 2012 at 1:43 pm

    ကြားရတာစိတ်မကောင်းလိုက်တာ ဒါကြောင့် ကိုယ်ကိုးကွယ်တဲ့ မြတ်စွာဘုးရားကလွဲပြီး ဗေဒင်မေးတာတောင် ဝါဒနာ မပါဘူး

  • yanway7

    August 8, 2012 at 5:54 pm

    ဟုတ်သော်ရှိမဟုတ်သော်ရှိ ဗျာ အဲဒါကတော့ ဆိုးဝါးလွန်းအားကြီးပါတယ်………

    ကြားရတာနဲ့တင်စိတ်မချမ်း မသာ ဖြစ်ရလွန်းပါတယ်….
    မလိုလားအပ်တဲ့ခံယူချက်တွေကို ပယ်ဖျက်သင့်ပါတယ်…ဗျာ

    ဘာပဲပြောပြော အစ်ကို တင်ပေးတော့ ဖတ်ရတယ်
    ဖတ်ရတော့ သိရတယ်…. သိရတော့ ဆင်ခြင်ရတာပေါ့

    ကျေးဇူးပါ …….

  • မောင်သုည

    August 9, 2012 at 12:23 am

    ညီလေး yanway7 ေ၇…အမှန်တော့ ဒီကမ္ဘာလောကကြီးထဲမှာရှိကြတဲ့ လူသားတွေအားလုံးဟာ ကိုယ်စီကိုယ်စီ မိမိတို့သန်ရာကို စွဲလန်းတတ်ကြသူတွေပါပဲ…အဲဒီအထဲမှာ ရှေးရိုးစွဲ အမှားတွေကို မသိသေးသရွှေ့တော့ ဆက်လက်ပြီး မှားနေကြအုံးမှာပါပဲ…

Leave a Reply