ဝင်ငွေကောင်းသော အမျိုးသမီးကိုယ်ရံတော်များ မဖြစ်ခင်…

bigbirdJanuary 11, 20122min29319

တရုတ်နိုင်ငံပင်လယ်ကမ်းခြေတစ်ခုက သဲသောင်ပြင်ပေါ်မှာ မိန်းမလှလေးတစ်စုဟာ

ရေကူးဝတ်စုံsexy လေးတွေဝတ်ဆင်ထားပြီး ရေလာကစားကြတယ်လို့တော့မထင်လိုက်

ကြပါနဲ့နော်။ အမျိုးသမီးဘော်ဒီကတ်တွေ ဖြစ်ဖို့အတွက် ကြမ်းတမ်းခက်ခဲတဲ့ဒီသင်တန်းကို လာရောက်ကြခြင်းပါပဲ။

ထိုအမျိုးသမီးအယောက်၂ဝတို့ဟာ သင်တန်းဆရာရဲ့ကန်ခြင်း၊ထုထောင်းခြင်း
အစရှိသောပုံတွင်ပါရှိကြသညိ့အတိုင်းပြင်းထန်သောလေ့ကျင့်ခန်းများကိုလေ့ကျင့်ကြရပါတယ်။

အရည်အချင်းပြည့်ဝတဲ့သင်တန်းဆရာများရဲ့ လက်တွေ့သင်တန်းလေ့ကျင့်မှုကို တစ်လ
ကြာ သင်ကြားကြရပါတယ်။ နူးညံ့အားနွဲ့တဲ့ မိန်းခလေးများအဖြစ်မှ သန်မာအားကောင်းတဲ့
မိန်းခလေးများဖြစ်လာအောင် အပင်ပန်းကြမ်းတမ်းခံသင်ကြားကြရပါတယ်။

အဆိုပါလက်တွေ့သင်တန်းတက်ရောက်နိုင်ဖို့အတွက် အရည်အချင်းကို ၁ဝလကြာ
စောင့်ကြည့်လေ့လာစစ်ဆေးပြီးမှ တက်ရောက်ခွင့်ရကြတာလဲ ဖြစ်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သဌေးကြီးတွေမှာ မိမိတို့ရဲ့အသက်အိုးအိမ်
စည်းစိမ်ကို ကာကွယ်ဖို့အတွက်ကိုယ်ရံတော်တွေလိုအပ်လာမှာသေချာပါတယ်။
ဒီထဲမှာ အမျိုးသမီးကိုယ်ရံတော်တွေက ဈေးကောင်းပိုပြီးရကြတယ်လို့ဆိုပါတယ်။
သူတို့တွေဟာ နေရာ၊အချိန်ခါ၊အခြေအနေနဲ့လျှော်ညီအောင် ပုံသဏ္ဍန်အမျိုးမျိုးပြောင်းလဲနိုင်ကြ
တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။

19 comments

  • ဦးဦးပါလေရာ

    January 11, 2012 at 11:46 pm

    ကျုပ်တို့မြန်မာနိုင်ငံမှာလဲ အဲဒါမျိုးတွေ လိုအပ်ပါတယ်။

    ဝါသနာပါတဲ့ အမျိုးသမီးတွေလဲ အလုပ်ဖြစ်တာပေါ့။

    ပြောသာပြောရ အခုရှိတောင်ရှိနေပြီလားမသိ ??

  • bigbird

    January 12, 2012 at 12:14 am

    ဦးဦးက သင်တန်းဆရာလုပ်ပြီး သင်တန်းသူတွေလက်ခံမှာလား???

  • E.T

    January 12, 2012 at 12:29 am

    တူတို ့ဘဝလေးတွေက မီလွယ်ပါလားနော်။ ဒါနဲ ့ အပေါ်ဆုံးပုံ အကြိုက်ဆုံးပဲ 😛

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 12, 2012 at 12:34 am

    ဝုတ်ဒယ်
    မိန်းဂလေးဆိုဒါ
    ကိုခံပညာကျွမ်းကျင်ဘို့ အောက်ပါအရည်အချင်းနဲ့ပြည့်ဆုံဘို့လိုဒယ်
    ဘာညာဘာညာ
    ကွိကွကွိကွ

    • KoNyeinChan

      January 12, 2012 at 9:36 am

      ကိုကိုပုက ဖိုက်တာလားဟင် !!!!!!!!!!!!!!!!!!!!!!!!!!

  • titanmandalay

    January 12, 2012 at 10:18 am

    တင်ပေးတော့လည်းငန်းရ အဲ့အဲ့ ကြည့်ရတာပေါ့
    ဗဟုသုတ အတွက်ပြောပါတယ် 😀

  • saiias.027

    January 12, 2012 at 11:07 am

    သင်ပေးနေရတဲ့ သူတွေ သူတို့ ကုသိုလ်ကံ တော်တော်ကောင်းတဲ့လူလို့ ပြောရမယ် …… ဆုတောင်းလိုက်အုံးမယ်…….

  • ငပေါက်ဖော်

    January 12, 2012 at 11:08 am

    ကြိုုက်သလောက် ကျင့်စမ်းပါ
    တို ့ရွာက ဂျမ်းစိန်နဲ ့ နပန်းဖက်လုံးရင် သူတို ့လဲ နားပြားသွားမှာပဲ

    မယုံရင် လောင်းမလား 😕

  • htet way

    January 12, 2012 at 11:34 am

    အင်း ရွာမှာနေတုန်းက မိုးတွင်းဆို ကောက်စိုက်မ တက်ချိန်ညနေဆို သီချင်းသံ ကြားရတယ်
    တောသူဆိုတာ တကယ့်ကို ရိုးတယ်…ဘာဘာညာညာတကယ်လည်းနားမလည်းမြို့ ကြီး
    သူမယ်တို့လို မပြင်တတ်တယ် မဆင်တတ်တယ် ………..။
    သွားတော့ မကြည့်လိုက်နဲ့ဆန်အရက် တစ်ပုလင်းလောက်သောက်ပြီးလာတာဗျာ
    ထမိန်ကွင်းသိုင်းနဲ့ ဒီ လေံကျင့်တာလေခာက်တော့ သူတို့ ပျင်းတောင် ပျင်းသေးတယ်။

    • ငပေါက်ဖော်

      January 12, 2012 at 11:39 am

      ပြောလိုက်ချမ်းဘာ..
      သိများတို ့ စိတ်ကြီးခနောင်တို ရွာတစ်ခေါက် သွားလည်တုန်းက
      ဂျမ်းစိန် ထင်းပေါက်နေတဲ့ပုဆိန်ကြီး..
      သများတောင် မမ.နိုင်ဘူး..တိရဲ့လား..တိရဲ့လား
      😆

  • etone

    January 12, 2012 at 11:47 am

    အဲ့ဒီလို လုပ်ငန်းမျိုး မြန်မာနိုင်ငံမှာလည်း ရှိသင့်ပါပြီ ။ ဒါမှ မိန်းမဆိုလျှင် ထစ်ခနဲရှိ အားနွဲ့တယ် ၊ ပျော့ညံ့တယ်တွေးပြီး အမြတ်ထုတ် အနိုင်ကျင့်ချင်နေသူတွေ လျှော့နည်းသွားမှာ …. ။ မုဒိမ်းမှုတွေလမ်း လျော့နည်းသွားမယ်ထင်တယ် … ။

    သဘာဝတရားရဲ့အလိုအရ မိန်းမဖြစ်ရတာကို …. တဆင့်နိမ့်လူတန်းစားလိုလို၊ အားနွဲ့နေသလိုလိုလုပ်နေတာတွေကြောင့် တချို့သော အလုပ်တွေ … လိင်ခွဲခြားမှုရှိလာခဲ့ပြီး … အလုပ်ကိုင်အခွင့်လမ်း ရရှိမှု နည်းလာတာ သတိထားမိတယ် …… . ။ 🙂

  • ရွာထဲတွင် သင်တန်းဖွင့်မည်
    သင်တန်းကို အောင်မြင်ပြီးဆုံးစွာ တက်ရောက် လေ့ကျင့် ဖြေဆိုနိုင်သူများအား
    တစ်လလျှင် ဒေါ်လ ၁၀၀၀၀ဝ ဖြင့် ၁ဝ နှစ် စာချုပ်ချုပ်မည်
    အောက်ပါအရည်အချင်းများ ပြည့်ဝသူများ တက်ရောက်နိုင်သည် (အလုပ်ခေါ်စာတွေရဲ့ ထုံးစံအတိုင်းပေါ့လေ … 😛 )
    ရုပ်ရည်သန့်ပြန်ပြီး အသက် (၁၆)နှစ်မှ (၂၀)နှစ်အတွင်း အမျိုးသမီးအပျိုစင်စစ်များသာ (မှတ်ချက်။ ညှိနှိုင်းလို့ရပါသည်)
    😀 😛 🙂

  • ဆူး

    January 12, 2012 at 3:14 pm

    သိုင်းပညာ တခုခု သင်ထားရင် အလိုလို ကို လေ့ကျင့်ရင်း သန်မာလာတယ် ထင်တာပဲ..
    ရုပ်ရှင်ထဲမှာတော့ အဝေးကနေ အပ်နဲ့ လှမ်းပေါက် လိုက်တာ.. တခါတည်း ဂွိသွားကော..

    • inz@ghi

      January 12, 2012 at 3:17 pm

      ဟုတ်လားဗျ …သိုင်းမတတ်တော့ စက်သေနတ်ဆောင်ထားရတာပေါ့ ….ဟီဟိ…
      ကျည်ဆံများကို Matrix ရုပ်ရှင်ထဲမှ Secret Agent Neo အထှာအတိုင်း ရှောင်တိမ်းရင်းထွက်ပြေးတွားဘာသည် ….

      😀
      ဒက်ဂလောက် ဒက်ဂလောက်….

  • water-melon

    January 12, 2012 at 5:30 pm

    မိုက်တယ်မိုက်တယ်မိုက်တယ်
    ဖရဲက လက်ဝှေ့တက်တယ်
    အခုမကစားတော့လို့ ဝနေတယ်
    ပိန်ဆေးလေးများရှိရင် မစာပါ

  • Phaung Phaung

    January 12, 2012 at 5:35 pm

    အဟီး. ကိုယ်ရံတော်မဖြစ်ချင်နေပါ… မသက်သာလိုက်တာ

  • Ka Yin Lay

    January 12, 2012 at 5:59 pm

    အင်းနော် … အဲ့ဂလို … ကိုယ်ရံတော် ၃ ယောက်လောက် ရှိရင် ကောင်းမှာ …
    ( တလွဲမတွေး ရဘူးနော် … လုံခြုံစီမံ အတွက်ပါ) …

  • windtalker

    January 12, 2012 at 7:54 pm

    အရမ်းလေးစားသွားပြီ ကိုငှက်ကြီး
    အရမ်းကြိုက်
    အားကီးကြိုက် မိဒလယ်ဗျာ
    လန်းဒလယ် ဗျို ့
    ရှဲရှဲ

  • windtalker

    January 12, 2012 at 7:59 pm

    စကားမစပ်
    ကျုပ် အာကေအချီကြီးပွတဲ့ တစ်နေ ့ကြရင်
    အဲဒီပုံထဲက အားလုံး ကို ငှားဖို ့စိတ်ကူးရမိသွားတယ်
    အဲ့ခါကြ ကိုငှက်ကြီး ကူညီပေးပါနော

Leave a Reply