ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား

kaiJanuary 15, 20101min19411

အီးမေးလ်ကရတာလေးပါ။ ဘယ်သူရေးမှန်းမသိ..ကဗျာလား..စာလား..မသိ..ဘာဘာ..ဘာမှမသိ….။

==================================

သူငယ်ချင်းတို့ကို
ချစ်ခြင်းအားဖြင့်
ပြန်လည်မျှဝေလိုက်တယ်

KT

ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ

ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…?
ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

ကံတရားက ဆန်းကြယ်တယ်။
ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ

အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်

တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
လိုပါလိမ့်မယ်။

ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။

အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘဝမှာ နောင်တဆိုတာ မရှိမှာ…

သူငယ်ချင်းဆိုတာ…
ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

——————————

———-

သာမန်နဲ့ အစစ်အမှန်

.

တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
…. ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ…..?

သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ဝိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။

သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူ်းဇာတ်ကို စပ်စုမယ်။

အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။

သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။

အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

လောကကြီးတွင်လူတစ်မျိုးရှိသည်.. …
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်

ကိုယ့်ဘက်မှရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။

ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက
ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

——————————

ဘဝရဲ့ ဇာတ်ဆရာ စေညွှန်ရာအတိုင်း ဝေးခဲ့ကြလဲ လူတိုင်းမှာ ကျွန်မလိုပဲ

ဘဝမှာ မေ့လို့မရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
ကျေးဇူး အထူးတင်ပါတယ်။

သတိရချင်ရင်
သတိရစရာလေးတွေ
တမင်ရှာနေစရာမှ
မလိုတာ……
အမှတ်မထင်ပြောဆို
ဆက်ဆံမှုလေးတွေက
ဘဝတစ်လျောက်
သက်ရှိထင်ရှားနေသရွေ့

သတိရစရာ တမ်းတစရာ
တွယ်တာမှုလေးတွေ
ဖြစ်နေတတ်ပါတယ်လေ. . .

—————————-

Most people walk in and out of your life, but only true friends leave
footprints in your heart.

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။

ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
ရေးမှတ်ခဲ့မိလဲ… ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
အမြဲရှိခဲ့သလဲ… ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ… သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… မိတ်ဆွေဟောင်းတွေနဲ့

ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… အချိန်တွေရဲ့
အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ

ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
ဘယ်နှစ်ယောက်ရှိလဲ… ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ…

နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက
ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။

အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆၀)မှာ ပြည့်စုုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ… အကူအညီ
လိုအပ်မှ မျှော်လင့်တတ်ကြတယ်။

ကျေးဇူးတပုံကြီးတင် လျှက်

11 comments

  • manawphyulay

    May 8, 2010 at 3:26 am

    ကျွန်မမှာလည်း သူငယ်ချင်းကောင်းတွေ အရင်ထဲက ရှိနေသလို ခုထိလည်းရှိနေပါသေးတယ်။ သူတို့ကြောင့် ပျော်ရွှင်ရသလို စိတ်ရှုပ်ခဲ့ရတာတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်မ ပျော်ရွှင်ပြီး တန်ဖိုးထားမိပါတယ်။

  • Rain girl

    May 20, 2010 at 8:14 am

    သူငယ်ချင်းတွေတော့ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲ့လို ရင်းနှီးတဲ့ သူငယ်ချင်းကတော့ သိပ်အများကြီး မရှိပါဘူး။ အဲ့လိုသူငယ်ချင်းမျိုးတော့ ဖြစ်ချင်တယ်။

  • thantzinhtut

    June 22, 2010 at 3:29 pm

    သူငယ်ချင်းကောင်းတစ်ယောက်မှကို မရှိခဲ့ဘူးဖူး။ ဂုံးဆင်း ဘီးတပ်ပေးမယ်သူပဲတွေ့နေရတယ်။

  • khinmintatthu

    June 22, 2010 at 4:09 pm

    သူငယ်ချင်းတွေဘယ်လိုပဲထားဖူးပါစေ… ကိုယ့်အပေါ်တကယ်နားလည်ခွင့်လွှတ်နိုင်တဲ့ သူငယ်ချင်းမျိုးဆိုတာ ရှားပါတယ်

  • aunglinn

    June 23, 2010 at 1:31 pm

    သူငယ်ချင်းတို့ကို
    ချစ်ခြင်းအားဖြင့်
    ပြန်လည်မျှဝေလိုက်တယ်

    KT

    ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
    ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ

    ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
    ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…?
    ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

    ကံတရားက ဆန်းကြယ်တယ်။
    ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ

    အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
    ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
    မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
    သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်

    တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
    လိုပါလိမ့်မယ်။

    ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
    ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
    ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
    တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။

    အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
    ဒါမှ ဘဝမှာ နောင်တဆိုတာ မရှိမှာ…

    သူငယ်ချင်းဆိုတာ…
    ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
    ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

    ——————————

    ———-

    သာမန်နဲ့ အစစ်အမှန်

    .

    တရုတ်ဆိုက်ဒ်တွေတိုင်းမှာ တွေ့ရတတ်တဲ့ စာတပုဒ်ပါ။ မျှဝေလိုက်ပါတယ်။
    သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ ဘယ်နှစ်ယောက်ရှိလဲ
    …. ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ…..?

    သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ဌားပေးတယ်။

    သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။

    သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။

    သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ဝိုင်တပုလင်း ယူလာလိမ့်မယ်။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။

    သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။

    သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူ်းဇာတ်ကို စပ်စုမယ်။

    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။

    သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
    သူကိုယ်တိုင် ဖွင့်မယ်။

    သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
    ရပ်စဲမယ်။ အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
    သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။

    သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။

    အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။

    လောကကြီးတွင်လူတစ်မျိုးရှိသည်.. …
    တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
    ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်

    ကိုယ့်ဘက်မှရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင်
    အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
    ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
    ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။

    ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက
    ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

    ——————————

    ဘဝရဲ့ ဇာတ်ဆရာ စေညွှန်ရာအတိုင်း ဝေးခဲ့ကြလဲ လူတိုင်းမှာ ကျွန်မလိုပဲ

    ဘဝမှာ မေ့လို့မရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။
    ကျေးဇူး အထူးတင်ပါတယ်။

    သတိရချင်ရင်
    သတိရစရာလေးတွေ
    တမင်ရှာနေစရာမှ
    မလိုတာ……
    အမှတ်မထင်ပြောဆို
    ဆက်ဆံမှုလေးတွေက
    ဘဝတစ်လျောက်
    သက်ရှိထင်ရှားနေသရွေ့

    သတိရစရာ တမ်းတစရာ
    တွယ်တာမှုလေးတွေ
    ဖြစ်နေတတ်ပါတယ်လေ. . .

    —————————-

    Most people walk in and out of your life, but only true friends leave
    footprints in your heart.

    ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။

    ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့
    ဖုန်းနံပါတ်တွေ..ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီး
    ရေးမှတ်ခဲ့မိလဲ… ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ်
    အမြဲရှိခဲ့သလဲ… ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

    လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ… သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက
    တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊
    ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်
    ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… မိတ်ဆွေဟောင်းတွေနဲ့

    ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… အချိန်တွေရဲ့
    အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ
    တဖြေးဖြေးကျဲလာခဲ့တယ်။

    ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ

    ရှိနေသလိုပဲ.. တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်း
    ဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက
    အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ
    ဘယ်နှစ်ယောက်ရှိလဲ… ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ…

    နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောက
    ကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

    လူတွေဟာ
    အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
    အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။

    အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
    အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
    အသက်(၆၀)မှာ ပြည့်စုုံဖို့ကို မျှော်လင့်ကြတယ်။
    အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
    အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။

    သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ… အကူအညီ
    လိုအပ်မှ မျှော်လင့်တတ်ကြတယ်။

    ကျေးဇူးတပုံကြီးတင် လျှက်

  • mG

    August 26, 2010 at 1:10 pm

    That was a grate blog.I will print out that & stay in my room mirror.Because,i can see any time.I want to need a good friend…..
    I am lonely in my life.

  • alinsett (gazette)

    April 1, 2014 at 4:29 pm

    ရှိဖူးတယ်

    ပျောက်သွားဖူးတယ်

    အကြီးအကျယ်နှမြောပြီး သတိရလွမ်းဆွေးဖူးတယ်

  • ရဲရဲတောက် ကေဇီ

    April 1, 2014 at 4:33 pm

    ရှိတယ်။ သူငယ်ချင်း ထဲကဆို ၁၅ ယောက်။
    ဘက်(စ) ဖရန့်လို့ ပြောနိုင်တာ ၁၅ ယောက်ရှိတယ်။
    သူတို့ အကြောင်း ဖွဖို့ (အဲ) ရေးဖို့ရှိတယ်။
    ခွင့်ပြုချက် အကုန်မရသေးလို့ စောင့်နေတာ။

    :s:

  • Mr. MarGa

    April 2, 2014 at 4:56 pm

    တိန်…. ဘယ်လိုလုပ် တစ်ရေးနိုးလာပါလိမ့်

  • Paing Lay

    April 2, 2014 at 8:04 pm

    မိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ ဖိအားတွေဘယ်လောက်များများ ယုံကြည်ရဆုံး သူငယ်ချင်းတွေနဲ့ ဖွင့်ပြောတိုင်ပင်လိုက်တာဟာ အကောင်းဆုံး အားဆေးတစ်ခွက်ယူဆမိပါသည်။ ဘာပဲဖြစ်ဖြစ် အားလုံးပဲ xxxxxရုတ်တရက်တွေ့ရတယ်xxxxxxxအားလုံးပဲ ရုတ်တရက်xxxxxxxပျောက်ကွယ်သွားတတ်တယ် :kwi:

  • Ma Ma

    April 3, 2014 at 9:25 am

    လူတစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်စရိုက်နဲ့လည်း ဆိုင်မယ်ထင်တယ်။
    ကိုယ်တိုင်လည်း တခြားတစ်ယောက်ကို အလုံးစုံဖွင့်ပြောမတိုင်ပင်တတ်သလို….
    တခြားတစ်ယောက်ရဲ့ ကိစ္စကိုလည်း အကြံပြုရုံ၊ ဖြေသိမ့်စကားပြောပေးရုံကလွဲလို့…..
    အမှန်တရားကိုတောင် အတင်းအကြပ်မတိုက်တွန်းတတ်ဘူး။ 🙁

Leave a Reply