ကျောက်တော်(မုနိမြေ) မဟာမြတ်မုနိဘုရား သမိုင်းပြတိုက်

အောင် မြင်January 12, 20123min1654

ရခိုင်ပြည်နယ်ရဲ ့ မုနိမြေဆိုတာ ကျောက်တော်မြို ့ကို ခေါ်ခြင်းဖြစ်ပါတယ်၊၊ ဘာကြောင့် မုနိမြေ ခေါ်လဲဆိုတော့ မဟာမြတ်မုနိဘုရား ကိန်းဝပ်စံပယ်တော် မူသောကြောင်း ခေါ်ခြင်း ဖြစ်ပါတယ်၊၊ မဟာမြတ်မုနိဘုရား သမိုင်းအကျဉ်းကို ဖော်ပြရမယ်ဆိုရင် BC ၅၈၈ခု၊ နန်းတက်တော်မူသည့် ရက္ခပူရ ဓညဝတီနေပြည်တော်ကြီး သခင်စန္ဒာသူရိယ ဘုရင်မင်းကြီး လက်ထက် ဂေါတမမြတ်စွာဘုရားသခင်သည် ဘိုးတော်အဉ္ဇနဖြိုကြွင်း သက္ကရာဇ် (၁၂၃)ခု၊ ဝါတော် ၂ဝမြောက်တွင် ရဟန္တာ(၅၀၀) ခြံရံကာ ပြသာဒ်ယာဉ် ပျံစီး၍ ကောင်းကင်ခရီးဖြင့် ဓညဝတီ နေပြည်တော်ကြီးသို ့ ရောက်ရှိလာကာ ဗုဒ္ဓ၏ ကိုယ်စားတော် မဟာမြတ်မုနိဘုရားကို ရင်ငွေ ့တော် ခုနှစ်လက်ခုပ် ထည့်တော်မူပြီး သွန်းလုပ်တော် မူခဲ့ပါတယ်၊၊ အဲဒီခေတ် ကာလအချိန်ကစပြီး ကျွန်တော်တို ့ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာ စတင်ထွန်းကား လာခြင်းဖြစ်ပါသည်၊၊

မဟာမြတ်မုနိဘုရား ကိန်းဝပ်စံတော်မူတဲ့ နေရာဟာ ကျောက်တော်မြို ့ အရှေ ့ဘက် (၅)မိုင်ခန် ့ အကွာ ရန်ကုန် – စစ်တွေ ကားလမ်းဘေး၊ သီရိဂုတ်တောင်ပေါ်၌ ဖြစ်ပါသည်၊၊ အခုကျွန်တော် တင်ပြချင်တာက မဟာမြတ်မုနိ ဘုရားသမိုင်း ပြတိုက် အတွင်းက ပုံရိပ်အချို ့ဖြစ်ပါတယ်၊၊ ကျောက်တော် မဟာမြတ်မုနိ သမိုင်း ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မုနိ (၅)ဆူနဲ ့ ပတ်သတ်တဲ့ သမိုင်းများ အပါအဝင် ရခိုင်တို ့ရဲ ့ ဗုဒ္ဓဘာသာထွန်းကားလာပုံကို အသေးစိတ် သိရှိလိုတဲ့ Mandalay Gazette မှ ညီအစ်ကို မောင်နှမများအတွက် ပြန်ကြားရေး ဝန်ကြီးဌာနက တရားထုတ်ဝေခွင့် ပြုထားတဲ့ သူမြတ် (မဟာအောင်မြေ) စာအုပ်ကို တင်ပေးလိုက်ပါတယ်၊၊ ဒီစာအုပ်မှာ အသေးစိတ် အချက်အလက်နဲ ့တကွ ရေးသားထားတာ တွေ ့ရပါတယ်၊၊ ကျွန်တော်တို ့ ကျောက်တော်မြို ့ကို အလည်လာဖို ့ Mandalay Gazette မှ ညီအစ်ကိုမောင်နှမများ အားလုံးကို ဖိတ်ခေါ်ပါတယ်၊၊ အားလုံးကို လေးစားစွာဖြင့် ……

 

 

တကယ့်လူသားစင်စစ်ကဲ့သို ့ ပြုံးရွင်သော မျက်နှာတော် အနေအထားနဲ ့ မဟာမုနိ မြတ်စွာဘုရား

 

 

စာအုပ်ဒေါင်းရန်

http://ifile.it/uwltgcr

Mandalay Gazette မှာ ကျွန်တော်ရဲ ့ ပထမဆုံး ပိုစ့်ဖြစ်တဲ့အတွက် အမှားအယွင်းရှိပါက နားလည်ပေးစေလိုပါတယ်၊၊ လေးစားစွာဖြင့် ….အောင်မြင်(မုနိမြေ)

4 comments

  • Diamond Key

    January 12, 2012 at 10:09 am

    Zayar Kyaw, ပို့စ်လေးဖတ်ရတာကော၊ ကျောက်တော်ကို ဖိတ်ခေါ်တဲ့ အတွက်ကော ကျေးဇူးပါနော်။ ငယ်ငယ်တုန်းကတော့ ပလက်ဝကို သွားရင် ကျောက်တော်မှာ သင်္ဘောညအိပ်ရတော့ ကျောက်တော်နဲ့ မစိမ်းခဲ့ပါဘူး၊ အခုတော့ ကျောက်တော်တို့၊ ပလက်ဝတို့ သိပ်လှတဲ့ မြို့လေးတွေကို သိပ်သတိရ လာချင်နေမိပေမဲ့ မရောက်နိုင်သေးပါ။ ကျောက်တော်မဟာမြတ်မုနိလည်း တစ်ခေါက်ရောက်ဖူးပေမဲ့ သိပ်ငယ်သေးတော့ မမှတ်မိတော့ပါ။ အခွင့်ကြုံရင်တော့ ဆုံချင်တယ်ဗျို့။ 😀

  • Zayar kyaw

    January 12, 2012 at 10:24 am

    ကျွန်တော့်အနေနဲ ့လည်း ပိုစ့်ကိုဖတ်တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်၊၊ ကျွန်တော်က ပလက်ဝအထိတော့ မရောက်ဖူးဘူး၊ ကုလားတန်မြစ် အထက်ပိုင်း တင်းမရွာအထိတော့ ရောက်ဖူးတယ်၊၊ အဲဒါလည်းငယ်ငယ်တုန်းကပါ၊၊ သိပ်တောင် မမှတ်မိတော့ဘူး၊၊ အခုတော့ ကုလားတန်မြစ်ကြောင်း တစ်လျောက် အိနိ္ဒယက ရင်းနှီးမြှပ်နှံတဲ့ စီမံကိန်းတွေရှိတော့ ကျောက်တော်နဲ ့ ပလက်ဝက အခုထက်မက တိုးတက်လာမယ်လို ့ မျော်လင့်တယ်ဗျာ၊၊ ဒါနဲ ့ Diamond Key က ဘယ်ဇာတိလဲဗျ၊၊ ကျွန်တော်က ကျောက်တော်သား စစ်စစ်ပါ၊၊ ဒါနဲ ့ ဆိုက်ဒ်က ညီအစ်ကိုမောင်နှမများ အားလုံးကိုလည်း ကျွန်တော်တင်ပေးထားတဲ့ မဟာမြတ်မုနိသမိုင်းကြောင်းနဲ ့ သက်ဆိုင်တဲ့ စာအုပ်ကို ဖတ်စေချင်ပါတယ်၊၊ မြန်မာနိုင်ငံမှာရှိတဲ့ မုနိငါးဆူနဲ ့ ပတ်သတ်တဲ့ အကြောင်းအရာလေးတွေ ပါဝင်ပါတယ်၊၊

  • windtalker

    January 12, 2012 at 3:14 pm

    မရောက်ဖူးတဲ့ဒေသ က ဘုရားရုပ်ပွားတော်ပုံ ကို ဖူးမျှော်ခွင့်ရလို ့ သာဓု သာဓု သာဓု ပါ ခင်ဗျာ

  • mandalarthu

    January 13, 2012 at 9:50 pm

    အောင်မြင်ေ၇
    ကျောက်တော်ကို တခါမှ မရောက်ဖူးပေမယ့် ထူးခြားတဲ ့မုနိသမိုင်း ကိုတော ့စိတ်ဝင်စားမိပါတယ်။
    မိမိ အဖို ့သွားရောက်ဖူးမြော်ဖို ့ ခဲယဉ်းလှတဲ ့မဟာမြတ်မုနိ ဘုရားကို ဖူးတွေ ့ခွင် ့ရလို ့ကျေးဇူးပါနော်။
    မန္တလေးမှာ ရှိတဲ ့ မဟာမုနိ ရုပ်ပွားတော်နဲ ့ပုံစံတူတယ်နော်။ပြတိုက်ထဲက ထွင်းထုပူဇော်ထားတဲ ့ရုပ်ပွားတော်တွေရဲ ့အမည်တွေကို ပုံနဲ ့တွဲပြီး ဖော်ပြပေးရင်ကောင်းမယ်နော်။
    ကျောက်တော်က မဟာမြတ်မုနိဘုရားကို တနေ ့နေ ့မှာအခွင် ့၇ရင် ကိုယ်တိုင်လာရောက်
    ဖူးမျှော်ခွင် ့ရချင်ပါသေးတယ်။

Leave a Reply