ပြောပြချင်တာကို မပြောရခင် ကျွန်တော့်ကိုကျွန်တော် အရင်မိတ်ဆတ်ပေးပါရစေ…

ကျွန်တော့်နာမည်က အောင်ရဲကျော် လို့ခေါ်ပါတယ်…မန္တလေးတိုင်း မြင်းခြံမြို့နယ် ကန်ဆင့် ( တောင် )ရွာမှာ မွေးပါတယ်။

ကန်ဆင့် ( တောင် ) ရွာလို့ပြောရတာက ကျွန်တော်တို့မှာ တောင်ဘက်ရွာ နဲ့ မြောက်ဘက်ရွာ ဆိုပြီး နှစ်ရွာရှိ လို့ပါ။

အခု သူငယ်ချင်းတွေကို ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာကလည်း နှစ်ရွာလုံးနဲ့ သက်ဆိုင်နေပါတယ်။

ဖြစ်ပုံက ဒီလိုပါ……..

 

ဇန်န၀ါရီလ ၈ ရက်နေက ကျွန်တော်တို့ ကန်ဆင့်တောင်ရွာမှာ ဘုရားရှိပါတယ်။ ကျွန်တော်တို့ရွာမှာ ၁ နှစ်ကို ဘုရားပွဲ ၃ ပွဲ ရှိပါတယ်။

တန်ခူးလ ရယ် ၊ ၀ါခေါင်လ ရယ် . ပြာသိုလရယ် ပါ။ အခုပြာသိုလ ဘုရားပွဲက အစည်ကားဆုံးပါ။ မန္တလေးက ဧည့်သည်တွေ . မြင်းခြံမြို့ပေါါ်က ဧည့်သည်တွေ ရွာနီးချုပ်စပ်က ဧည့်သည်တွေ တော်တော်များများ လာကြပါတယ်။  ကျွန်တော်တို့ရွာက အိမ်ခြေ ၈၀ ကျော် ၉၀ နီးပါးပဲရှိတဲ့အတွက်  ရွာက ငယ်ပါတယ်။ ဒါကြောင့် နှစ်တိုင်းပွဲ မထည့်နိုင်ကြပါဘူး….။ ဒီနှစ်တော့ ရွာမှာရှိတဲ့ လူငယ်တွေတော်တော်များများက မလေးရှားကိုရောက်နေကြတော့ ရွာမှာရှိတဲ့ မိသားစုတွေ နည်းနည်းပါးပါး အဆင်ပြေကျတယ် ထင်ပါတယ်..ပြာသိုလ ဘုရားပွဲအတွက် ငွေလေးတွေ စုပြီး ပွဲ ၂ ည ငှားထည့်ကြတယ်။  ပွဲပါတယ်ဆိုတော့ ပွဲကို ကြီးကြပ်ဖို့အတွက် မြို့နယ်သာသနာပိုင်တွေကို လျှောက်ပြီး မြို့ပေါ်က သံဃာတော်တွေကိုပင့်ရတာပေါ့ ။ (ကျွန်တော်တို့ ရွာတွေမှာ ပွဲထိန်း ကို သံဃာတော် တွေပင့်ရတာပါ ။ ဟိုဟာ တွေကို ပင့်ရင် ပေးရကမ်းရတာများပြီး သူတို့ကို ပြန်ထိန်းနေရလို့ပါ )

 

ပထမ ညက တော့ အေးအေးဆေးဆေးနဲ့ ပြီးမြောက်သွားတယ်။ အဲ….ဒုတိယ ည မှာ ပြသနာက စတော့တာပါပဲ…

ပွဲမှာ ကြီးကြပ်ပေးတဲ့ သံဃာတော်တွေနဲ့ ကန်ဆင့်မြောက်ဘက်ရွာက သောက်စားမူးယစ်နေတဲ့ လူငယ်တစ်စုနဲ့ ပြသနာဖြစ်ကြပါတယ်။ နောက်တော့ ဘုရားပွဲကနေ လူရိုက်ပွဲဖြစ်ကုန်တော့တာပါပဲ…ပြသနာက ကန်ဆင့်တောင်ရွာပွဲနဲ့ မဆိုင်သလို ပြသနာဖြစ်တဲ့အထဲမှာလဲ ကန်ဆင့်တောင်ရွာ သူ/ရွာသား တစ်ဦးတစ်ယောက်မှ မပါ, ပါဘူး….ဒါပေမယ့် ကျွန်တော်တို့ ကန်ဆင့်တောင်ရွာ ရဲ့ ဘုရားပွဲကတော့ ဒုတိယ ည ပွဲ မကခင်လေးမှာ ပဲပျက်သွားပါတော့တယ်…။

ဒီလိုပွဲပျက်သွားရတဲ့ အတွက် ဘယ်သူ့ဘယ်သူ ကိုမှ ကျွန်တော်လက်ညှိုးထိုးပြီး မစွပ်ဆွဲချင်ပါ။ ပျက်ပြီးသား ပွဲက ပျက်သွားပါပီ။

ပြန်က လို့မရတော့ပါ။ ဒါပေမယ့် ကျွန်တော်တို့တွေအားလုံး စိတ်မကောင်းဖြစ်ကျရပါတယ်…

မြို့နယ်က သံဃာတော်တွေနဲ့ ကန်ဆင့်မြောက်ဘက်ရွာက လူငယ်တစ်စုတို့ဟာ ကျွန်တော်တို့၇ွာ ရဲ့ အ၇င် ဘုရားပွဲကျင်းပတဲ့ ရွာမှာ ကတည်းက ပြသနာစခဲ့ကျတာပါ။ ပြသနာရှင်းကျတော့ ကျွန်တော်တို့ရွာ ဘုရားပွဲမှာ ပွဲပျက်အောင်ထိ ရှင်းကျတယ် ။

သံဃာတော် တစ်ပါးက ဦးခေါင်းကွဲ သွားလို့ ၅ ချက်ချုပ်ရပါတယ်။ ကန်ဆင့်မြောက်ဘက်ရွာက အမူးသမားလူငယ်တစ်စုကတော့ တော်တော်များများထွက်ပြေးသွားကျပါတယ်… တစ်ယောက်တော့ လက်ရဖမ်းဆီးမိပါတယ်။။

ဖမ်းမိတဲ့တစ်ယောက်ကိုတော့ သံဃာတော်များ၏ ဆွမ်းကြီးလောင်းမှု့ကြောင့် လက်နဲ့ နံရိုးတစ်ချောင်းကျိုးသွားတယ် လို့ ဆိုပါတယ်.။ကျွန်တော်တို့ ရွာမှာ ဒါမျိုးတွေ မဖြစ်စေချင်ပါဘူး။ ရွာ အတွက်လည်းမကောင်းသလို ပြုသူရော ခံရသူပါ မကောင်းပါဘူး။

ဘုရားပွဲမှာ ကုသိုလ်ယူပြီး ပျော်ပွဲရျွှင်ပွဲလေးနဲ့ ပျော်ပျော်ပါးပါးပြီးဆုံးသွားစေချင်တာပါ။။ခုတော့ ပြသနာတစ်ခုကြောင့် နောက်ထပ်ပြသနာတွေ လည်း ဖြစ်လာရတော့တာပါပဲ။

 

ဘုရားပွဲပြီးလို့ ပြသနာကပြီးမသွားပါဘူး။ ကန်ဆင့်မြောက်ဘက်ရွာက ရွာကြီးတော့ မြို့နယ်ကနေပြီး မူလတန်းလွန်ကျောင်း ချပေးထားတာပါ။ ကျွန်တော်တို့ ကန်ဆင့်တောင်ရွာက မူလတန်းအောင်ပြီးသူများရော.ရွာနားက ထန်းတောတွေ မှာနေကျတဲ့မူလတန်းအောင်ကျောင်းသား/သူတွေပါ ကန်ဆင့်မြောက်ဘက်ရွာမှာ ၅ တန်းကနေ ၇ တန်းအထိ တက်ကျရတာပါ။ အခု ဘုရားပွဲမှာ ပြသနာဖြစ်တော့မြို့နယ် တရားရုံးကို ၂ ရွာလုံးရော သံဃာတော်တွေပါ ရောက်ကုန်ကြတယ်။ ဒါကို ကန်ဆင့်မြောက်ဘက်ရွာက မကျေနပ်တော့ ကန်ဆင့်တောင်ရွာက ကျောင်းလာတက်တဲ့ ကျောင်းသူ /သားတွေကို ရွာထဲက နေပြီး ခဲတွေနဲ့ လိုက်ထုကြတယ်။ အခုထိ ကန်ဆင့်တောင်ရွာက မူလတန်းလွန်ကျောင်းသူ /သားတွေ ကျောင်းဆတ်မတက်ရသေးပါဘူး။ ကျွန်တော်တို့တောင်ဘက်ရွာက ကျောင်းဆရာမ တွေကိုလည်း အလာမခံပါဘူး။

လူကြီးတွေကို လည်း ရွာထဲအလာမခံကျပါဘူး…

ဒါသာဖြစ်သင့်ပါသလား…..? ပြသနာကို တစ်ခုချင်းစီ ခွဲခြမ်းစိပ်ဖြာပြီး ဆုံးဖြတ် သင့်ပါတယ်.. နားလည်သင့်ပါတယ်…လက်ညှိုးမကောင်းတော့ရင် လက်ညှိုး ကိုပဲဖြတ်သင့်ပါတယ်။ လက်တစ်ဖက်လုံးကို ဖြတ်ပစ်တာဟာ သိပ့်ကို မိုက်မက်လွန်ရာ ၊ အသိဥာဉ်ကင်းမဲ့လွန်းရာ ရောက်ပါတယ်…။

ကျောင်းအုပ်က လည်း စုံစမ်းပေးမယ် ပဲပြောသေးတာပါ။ ဘယ်တော့ကျောင်းပြန်တက်ပါလို့ မပြောနိုင်သေးပါဘူး။ပညာသင်နှစ် ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် စာမေးပွဲတွေက လည်းနီးလာပါပြီ။  ကျောင်းသားတွေ ကျောင်းမတက်ရတဲ့ ကိစ္စမှာ ကျောင်းအုပ်တစ်ယောက်အနေနဲ့ တာဝန်အပြည့်ရှိပါတယ်..

နောက်ပြီး ကန်ဆင့်မြောက်ဘက်ရွာမှ လူကြီးမင်းများမှာလည်း တာဝန်အပြည့်ရှိပါတယ်..။မိမိတို့ ကျေးရွာ ကို ယုံကြည်လို့ နိုင်ငံတော်အစိုးရက မူလတန်းလွန်ကျောင်းချပေးထားတာပါ။ မိမိ တို့ရွာ တစ်ရွာထဲအတွက်မဟုတ်ပါဘူး ။ ကန်ဆင့်ကျေးရွာ(အုပ်စု )အတွက်ချပေးထားတာပါ။ မည်သူမဆို ကျောင်းတက်ပိုင်ခွင့်ရှိပါတယ်.။ ခုတော့ တခြားပြသနာ တစ်ခုကြောင့် ပညာရေးပါထိ ခိုက်ကုန်ကြရပါတယ်။ ဒါဟာမဖြစ်သင့်ပါဘူး…ဒီလိုမျိုး လုပ်သင့်ပါသလား……နောက်ဆုံးပြောချငိတာကတော့ ကန်ဆင့်မြောက်ဘက်ရွာမှ ရွာသူ/သားအနေနဲ့ လူကြီးလူကောင်းဆန်ကြပါ…။စည်းကမ်းရှိကြပါ…။ သိက္ခာရှိကြပါ။။။။။။

 

ကျွန်တော် အစက ပွဲပျက်သွားတယ် ဆိုရုံလောက်ပဲသိတာပါ..ဒီစာရေးဖို့ စိတ်ကူးမရှိပါဘူး…(စိတ်မကောင်းဖြစ်မိရုံလောက်ပါပဲ )ဒါပေမယ့် အခု ကျောင်းသူ/သားတွေပါ ကျောင်းတက်လို့မရတော့ ဘူးဆိုတော့ ကန်ဆင့်မြောက်ဘက်ရွာ အနေနဲ့ နည်းနည်းလွန်လာပြီ ထင်လို့ေ၇းလိုက်တာပါ။ ဒီစာထဲမှာ မှားတာများပါခဲ့ရင် ကျွန်တော်၏ ညံ့ဖျင်းမှု့ကြောင့်သာဖြစ်ပါတယ်။

မန္တလေးဂေဇာတ် ရွာသူ/သားများဆီမှာလည်း မြို့နယ်ပညာရေးမှူး ရုံး လိပ်စာ ၊ တိုင်းပညာရေးမှူးရုံး လိပ်စာများ ရှိသောသူ ။ သိသောသူများရှိပါက ကျွန်တော့်ထံ ပို့ပေးပါရန်မေတ္တာရပ်ခံ ပါတယ်။

ကျွန်တော် emial လိပ်စာက aungyekyaw.ayk07@gmail.com

kyawhero1985@gmail.com ပါ

 

 

အားလုံးကို လေးစားချစ်ခင်လျှက်………

About mg aoukall

has written 1 post in this Website..