မီးလောင်နိုင်ခြင်း အကြောင်းတရား

BayoteMay 31, 20101min660

လျှပ်စစ် ဝါယာရှော့ခ်၏ အခေါ် အဝေါ် အသုံး အနှုံး အမှန်သည် Short Circuit ဖြစ်ပြီး Short Circuit (ပတ်လမ်းတို လမ်းကြောင်း) ဖြစ်မှ သာလျှင် မီးလောင်ကြောင်း၊ Short ဖြစ်ရုံ နှင့် မီးမလောင်ကြောင်း ၊ Short ဖြစ်သည် ဆိုသည်မှာ ဓါတ်လိုက်ခြင်း ဖြစ်ပြီး ဓါတ်လိုက်ခြင်း ဖြစ်သည့် အခါ သက်ရှိများ အသက် ဆုံးရှုံးခြင်း ဖြစ်ကြောင်း လျှပ်စစ် နှင့် အီလက်ထရောနစ် ပညာရှင် ဦးဖေသိန်း (UPT) က ပြောကြား ခဲ့သည်။

လျှပ်စစ် ခလုတ်အားဖွင့်လိုက်လျှင် လျှပ်စစ်ဓါတ် စီးဆင်းမည် ဖြစ်ပြီး လျှပ်စစ်ဓါတ် စီးဆင်းလျှင် လျှပ်စစ် အသုံး အဆောင်များ ဖြစ်သည့် တီဗွီ ၊ ပန်ကာ ၊ ရေခဲသေတ္တာ ၊ မီးပူ စသည့် လျှပ်စစ် နှင့် ပတ်သက်သည့် အီလက်ထရောနစ် အသုံး အဆောင် ပစ္စည်း များမှ လျှပ်စစ် လားရာ လမ်းသို့ ပြန်သွားကြောင်း ၊ လျှပ်စစ် အသုံး အဆောင် ပစ္စည်း များမှ တဆင့် ဖြတ်စီးဆင်းနေ သရွေ့ လျှပ်စစ် အသုံးအဆောင် ပစ္စည်းများ ချို့ယွင်းနေခြင်း မဟုတ်လျှင် မီးလောင်စရာ အကြောင်း မရှိကြောင်း ရှင်းပြ ခဲ့သည်။

၎င်းက ဆက်လက် ရှင်းပြ ရာတွင် လျှပ်စစ်ဓါတ်သည် လျှပ်စစ် လမ်းကြောင်း မှ ဖြတ်သွားမှု မရှိသည့် အခါ တစ်စုံ တစ်ရာသော အကြောင်း တစ်ခုကြောင့် လျှပ်စစ် သွားသည့် လမ်းကြောင်းနှင့် ပြန်သည့် လမ်းကြောင်း တွင် ဝါယာ ပေါက်ပြဲ တစ်စုံ တစ်ရာသော အပူချိန် ရထားပါက မီးထတောက် လောင်တတ်ကြောင်း ထပ်မံ ရှင်းပြ ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားသည်။