ညနေအေးအေးမှာ ချက်စားဖြစ်တဲ့ ရခိုင်မုန့်တီ

နွယ်ပင်January 12, 20121min20229

မနေ့က ညနေအလုပ်ဆင်းလို့ အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေရောက်နေကြတယ် စကားတွေပြောရင်း လက်ဖက်သုပ်စားချင်တယ်လို့ တစ်ယောက်ကပြောတော့ ထလုပ်ပေးရင်း နောက်တစ်ယောက်က ဟဲ့ နင်ငါတို့ကို တစ်ခုခု ချက်မကျွေးချင်ဘူးလားလို့ မေးလာလို့ လွယ်လွယ်နဲ့ မြန်မြန်
ချက်စားလို့ရအောင် ဘာကျွေးရမလဲ စဉ်းစားနေတုန်း အမေက အိမ်မှာ ငါးရွှေတွေရှိတယ် မုန့်တီချက်ကျွေးလိုက်ပါဆိုလို့ ချက်စားဖြစ်တယ် ။
ရခိုင်မုန့်တီက ငါးရွှေနဲ့ ချက်စားရင် ပိုအရသာရှိတက်လို့ အမေက ဈေးထဲမှာ တစ်ခါတစ်လေမှ တွေ့ရတဲ့ ငါးရွှေကိုတွေ့ရင် ရခိုင်မုန့်တီကြိုက်တက်တဲ့
သူ့သမီးအတွက် ဝယ်လာတက်တယ်လေ ……… ဒီနေ့တော့ သူငယ်ချင်းတွေရောက်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့ …..

ရခိုင်မုန့်တီချက်မယ်ဆို ငါးကိုပြုတ်ရင် ဆနွင်းမထည့်ဘဲ ဆား /အချို့မှုန့် တို့အပြင် ငါးပိလေး နည်းနည်းထည့်ပြိး ရေနည်းနည်းနဲ့
ရေခမ်းတဲ့အထိပြုတ်ပေးရပါတယ် ။ ငါးပြုတ်အိုးကျက်ပြီဆိုရင် အိုးတစ်လုံးနဲ့ ရေနွေးကို ပွတ်ပွတ်ဆူအောင်တည် ရေနွေးတည်ထားတုန်းမှာ
ခုနက ပြုတ်ထားတဲ့ ငါးကိုအရိုးထွင်ထားပါတယ် ။ရေနွေးအိုးဆူရင်တော့ ငါးပိ ရေဖျော်ထားတာလေးကို စကာလေးနဲ့ စစ်ပြီးထည့်ရပါတယ်
ပြီးရင်တော့ အိုးအဖုံးကို ပိတ်လို့ ပွတ်ပွတ်ဆူအောင်တည်ထားပါ ပွတ်ပွတ်ဆူအောင်တည်ထားတဲ့အိုးက ငါးပိအနံ့လေး ပျောက်ပြီဆိုရင်
ခုနကထွင်ထားတဲ့ ငါးတွေကိုထည့်လိုက်ပြီး အပေါ့အငံအနေတော်ပြင်ပါတယ် ပြီးရင်တော့ ဟင်းရည်အိုးကို နောက်တဖန်ပွတ်ပွတ်ဆူအောင်
တည်ရပါတယ် ။ ဟင်းရည်အိုးက ပွတ်ပွတ်ဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူတစ်ဆယ်သားခန့်ဓါးပြားရိုက်ထားတာနဲ့ ငရုတ်ကောင်းမှုန်ကိုထည့်လိုက်ပါ
ရခိုင်မုန့်တီမှာ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းက အရေးကြီးလို့ ဂရုစိုက်ပြီး ဟင်းရည်အိုးပွတ်ပွတ်ဆူမှထည့်ရပါတယ် မဟုတ်ရင်
ငရုတ်ကောင်းအနံ့က မမွှေးတော့ဘဲ ဟင်းရည်အေးသွားရင် ညှီတက်ပါတယ် ။

ဟင်းရည်အိုးကျက်သွားတဲ့ အချိန်မှာတော့ ရခိုင်သုပ်လို့ခေါ်တဲ့ မုန့်ဖတ်သုပ်စားဖို့အတွက် ငါးငရုတ်သီးချက်ကို ချက်ပါတယ် ။
ခုနက အရိုးထွင်ထားတဲ့ အထဲက ငါးနည်းနည်းကို ငါးပိ ငရုတ်ကောင်း ၊ ငရုတ်သီးစိမ်းတို့နဲ့ချက်တာပါ ။ ငါးငရုတ်သီးချက် ချက်မယ်ဆို ငရုတ်သီးကို အရင်ပြုတ်ပြီးထောင်းပါ ပြီးရင် ငါးပိကို အရည်ဖျော်ပြီး မီးဖိုပေါ်တွင် ဆူပွက်အောင်တည်ပါ ထို့နောက် ငါးထွင်ထားတာကိုထည့်ပါ
မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူထည့်ပြီး အချိုမှုန့် / ဆား လိုအပ်သလိုထည့်ပါ ငါးငရုတ်သီးချက်အိုးဆူပွက်လာပြီဆိုရင်တော့
ငရုတ်ကောင်းမှုန့်လေး အနည်းငယ်ဖြူးပေးလိုက်ယုံပါပဲ ။

ဒါက ငါးဲပြုတ်ထားတာပါ …..

ငါးငရုတ်သီးချက်ပါ …..

ရခိုင်သုပ်လေးပါ …………..


ဟင်းရည်ပူပူလေးပါ ….

29 comments

  • etone

    January 12, 2012 at 11:09 am

    ဟီး … ရှလွှတ် ရှလွှတ် … ရခိုင်မုန့်တီဆို အရမ်းကြိုက်ပဲ .. ။ အိမ်မှာနေချိန်များတုန်းကတော့ လက်ဖြစ် ကိုယ့်ဘာသာကိုယ်ချက်စားဖြစ်တယ် … ။ အခုနောက်ပိုင်းတော့ …
    အစာအိမ်ခဏခဏယောင်တတ်လွန်းလို့… ငရုပ်သီး ၊ ငရုပ်ကောင်းရှောင်ထားရလို့ အဆက်ပြတ်နေတာကြာပေါ့ …. ။
    ဓါတ်ပုံတွေကြည့်ပြီးပဲ သားရေ တမျှားမျှားကျသွားပါတယ် … 🙄

    • etone

      January 12, 2012 at 11:13 am

      အစ်မရေ …ပဒဲကောလေးပါထည့်လျှင် ပိုမွှေးတယ် …. ။
      ဟီး …. ချက်ပြီးရင်ပြောနော် .. လာစားဦးမယ် :mrgreen:

    • နွယ်ပင်

      January 12, 2012 at 11:17 am

      ဟုတ်တယ်ညီမရေ အစ်မလည်း ရခိုင်မုန့်တီဆို အရမ်းကြိုက်
      ဘယ်နေရာပဲ ရောက်ရောက် ုမုန့်တီ အနံရပြီဆို မစားဘဲ မနေနိုင်ဘူးလေ
      နောက်ပိုင်းတော့ အစပ်စားပါများလို့ ဗိုက်ကအောင့်တာနဲ့ ဆိုင်ကဆိုတော့
      ငရုတ်သီးကြောင့် ဗိုက်နာတာနဲ့ သိပ်မစားဖြစ်တော့ဘူး
      ဒါပေမယ့် အိမ်မှာတော့ အားရင်အားသလို ခဏခဏ ချက်စားဖြစ်တယ်လေ
      နောက်တစ်ခါ ချက်စားဖြစ်ရင် လက်တို့လိုက်မယ်နော် …. 🙂

  • Moe Z

    January 12, 2012 at 11:19 am

    မမနွယ်ပင်ရေ ဝင်ရှလွတ်သွားပါတယ်
    နောက်တစ်ခါဆို မချက်ခင်ပို့စ်အရင်တင် (အချိန်နဲ့နေရာပါ) ဒါဗျဲ 😀

  • အောင် မြင်

    January 12, 2012 at 11:22 am

    အစိမ်းသုပ်ကို အကြိုက်ဆုံးဘဲဗျို ၊ အစိမ်းသုပ်ဆိုတာ မုန် ့ဖတ်ကို ငါးရုပ်သီး အစိမ်းနဲ ့ သုပ်တာကို ခေါ်တာပါ၊၊ ဗမာတွေကတော့ ရခိုင်သုပ်လို ့ ခေါ်တယ်၊၊

  • ငပေါက်ဖော်

    January 12, 2012 at 11:23 am

    မုန် ့တီသုပ် တစ်ပွဲလောက်….ဂလုပါရစေလားခင်ည
    ဂလု
    မောင်ပေမလာခင် အမြန်စားမှ..
    အိုက်လူကြီးက လက်သွက်တယ်….
    ဂလု..ရှလွတ်..ရှလွတ်..

  • နွယ်ပင်

    January 12, 2012 at 11:33 am

    မိုးစက်ရေ …..
    နောက်တစ်ခါချက်စားဖြစ်ရင် တကယ်လက်တို့လိုက်မယ်
    အဲ့တော့မှ အလုပ်မအားလို့ မလာနီုင်ဘူးဆ်ုရင်တော့ ချက်ထားတာတွေကို
    နှစ်ဆပြန်ရော်ရမယ်နော် ……….. 😀

    အောင်မြင်ရေ ….
    နွယ်ပင်လည်း ရခိုင်သုပ်ဆို အသေကြိုက်ပါပဲ
    ကြိုက်လွန်းလို့တောင် သူငယ်ချင်းရခိုင်မလေးဆီက ငါးငရုတ်သီးချက်
    ချက်နည်းကို သွားသင်ထားတာလေ ….. 🙂

    ပေါက်ဖော်ရေ ………….
    တစ်ပွဲမကပါဘူး ကြိုက်သလောက်စားလို့ရပါတယ်နော် …
    မောင်ပေ အတွက်လည်းချန်ထားလို့ အားမနာတမ်း စားသွားပါ … 😛

  • စုံ စုံ

    January 12, 2012 at 11:40 am

    ငိုချင်လာပြီနော် စားချင်ပါတယ်ဆိုမှ
    ပို့စ်တင်ပြီးရောဂါထပ်ပေးနေပြန်ပြီ
    ရှလွတ် ရှလွတ်

  • manawphyulay

    January 12, 2012 at 11:49 am

    ညနေပိုင်း ချက်စားတာတောင် ခေါ်မကျွေးဘူး ဟွန်း ဒီလိုမှန်းသိရင် လာစားပါတယ်နော်….

  • KoNyeinChan

    January 12, 2012 at 12:20 pm

    မနွယ်ပင်ရေ… ငါးရွှေကို မီးကင်ပြီးမှ မုန် ့တီချက်ရင် မွှေးလည်းမွှေးတယ်.. ပြီးတော့ ညှီနံ ့လည်းမရတော့ပါဘူး..
    စစ်တွေရောက်တုန်းက မီးပြတိုက်နေရာမှာ(ဗျူးပွိုင့်လို ့ခေါ်ပုံရတယ်) ငါးဒန်တွေကို လက်ထွန်ပစ်နေလိုက်ကြတာ လေးငါးဆယ်ယောက်ဘဲ.. အဲ့ဒီငါးဒန်တွေကလည်း ကြက်သားထက်တောင် ဈေးကြီးသေးတယ်.. ဒါပေမယ့် ဗိုက်သားမှာ အဆီပြင်နည်းတယ်..

    • နွယ်ပင်

      January 12, 2012 at 1:13 pm

      စုံစုံရေ ….
      စားချင်ရင် အားမနာပဲပြောလိုက်တာ မဟုတ်ဘူး
      အခုတော့ စားချင်တဲ့ သူလည်းမစားရ နွယ်ပင်ကလည်း
      မကျွေးရလို့ စိတ်မကောင်းတွေဖြစ်နဲ့ …..

      အစ်မမနောရေ…..
      အမှန်က မုန့်တီက ချက်စားဖို့ အစီအစဉ် မရှိပါဘူး သူငယ်ချင်းတွေက
      အတင်းချက်ကျွေးခိုင်းတာနဲ့ မြန်မြန်နဲ့ စားလို့ရမယ့်ဟာဆိုပြီး
      ချက်စားဖြစ်လိုက်တာပါ နောက်တစ်ခါ ချက်စားဖြစ်ရင်တော့
      လက်တို့လိုက်မယ်နော် ….. 🙂

      KoNyeinChan ရေ ….
      အခုလိုပြောပြပေးတာ ကျေးဇူးပါနော်
      နွယ်ပင်လည်း မုန့်တီဆို ငါးကိုကင်ပြီး ချက်ရင် အရမ်းကြိုက်ပါတယ်
      ဒါပင်မယ့် ကိုယ့်ဘာကိုယ်ချက်စားဖြစ်ရင်တော့ တစ်ခါမှ ငါးကို ကင်ပြီး
      ချက်မစားဖြစ်ဘူးပဲ .

  • zarlay

    January 12, 2012 at 1:12 pm

    ရခိုင်မုန့်တီအကြောင်းဖတ်ပြီး လောလောဆယ်ဖျားချင်သလိုလိုဖြစ်နေလို့ ရခိုင်မုန့်တီတောင်စားချင်လာပြီ အခုလို လုပ်စားနည်းပြောပြပေးလို့ကျေးဇူးတင်ပါတယ်

  • comegyi

    January 12, 2012 at 1:40 pm

    မနွယ်ပင်ရေ့ ….
    စာကိုဆုံးအောင်မဖတ်ခင်ကတည်းက သွားရေကျနေပြီဗျ
    ပုံလဲမြင်ရော ဘာပြောကောင်းမလဲ ဗိုက်ထဲမှာ
    ဂလုံ ဂလွီ တွေဖြစ်လာလို့ ချက်ချင်းရေတစ်ခွက်ထသောက်
    လိုက်ရတယ်
    အဲဒီ ငါးရွှေကို အပေါ်က ကိုငြိမ်းချမ်းပြောသလို
    မီးကင်လိုက်တော့ ပိုမွှေးတယ်ဗျ
    နောက်ပြီးတော့ သုပ်စားဖို့ချက်တဲ့ငါးအဖတ်တွေကို ချက်ရင်
    ငြုတ်သီးကိုပြုတ်ပြီးမှပြန်ထောင်း
    ပြီးတော့ မန်ကျည်းမှည့်ရည်လေး နည်းနည်းထည့်
    ချဉ်စပ်စပ်လေးနဲ့ပိုကောင်းတယ်လို့ထင်တယ်ဗျ
    ……..အိမ်ပြန်ရောက်ရင်တော့ ချက်စားပြီဗျာ…

  • comegyi

    January 12, 2012 at 2:00 pm

    မနွယ်ပင်ရေ့ ….
    စာကိုဆုံးအောင်မဖတ်ခင်ကတည်းက သွားရေကျနေပြီဗျ
    ပုံလဲမြင်ရော ဘာပြောကောင်းမလဲ ဗိုက်ထဲမှာ
    ဂလုံ ဂလွီ တွေဖြစ်လာလို့ ချက်ချင်းရေတစ်ခွက်ထသောက်
    လိုက်ရတယ်
    အဲဒီ ငါးရွှေကို အပေါ်က ကိုငြိမ်းချမ်းပြောသလို
    မီးကင်လိုက်တော့ ပိုမွှေးတယ်ဗျ
    နောက်ပြီးတော့ သုပ်စားဖို့ချက်တဲ့ငါးအဖတ်တွေကို ချက်ရင်
    ငြုတ်သီးကိုပြုတ်ပြီးမှပြန်ထောင်း
    ပြီးတော့ မန်ကျည်းမှည့်ရည်လေး နည်းနည်းထည့်
    ချဉ်စပ်စပ်လေးနဲ့ပိုကောင်းတယ်လို့ထင်တယ်ဗျ
    ……..အိမ်ပြန်ရောက်ရင်တော့ ချက်စားပြီဗျာ…
    ……….

  • Novy

    January 12, 2012 at 2:02 pm

    နေ့လည်စာတောင် အခုထိ မစာလို့ မစားသေးဘူး
    နွယ်ပင် ရဲ့ မုန့်တီ အစွမ်းက ဗိုက်တောင်စာလာပြီ
    ထမင်းသွားစားလိုက်အုံးမယ်

    ps – နောက်တစ်ခေါက်ချက်ရင် လက်တို့နော်

  • windtalker

    January 12, 2012 at 2:20 pm

    ဆောင်းနေ ့လည် ခင်းမှာ
    ဟောင်းသွေ ့ကာ ပျင်းနေတဲ့
    အတွေးအဟောင်းတွေ အတွက်
    မနွယ်ပင် ရဲ ့ မုန် ့တီ နဲ ့ဟင်း

  • hmee

    January 12, 2012 at 2:44 pm

    နွယ်ပင်ရေ အမလည်း ပိတ်ရက်တိုင်း မုန့်ဟင်းခါး(သို့) မုန့်တီချက်စားတယ်။ စားပြီးရင်တောင် ခေါင်းမထူနိုင်ဘူး။ မုန့်တီက ငရုပ်သီးများများ ချဉ်ငန်စပ်မှ ကောင်းတာ အခုတော့ ဗိုက်ဗိုက်နဲ့မို့ စိတ်လျှော့ထားတယ်။ 🙂

  • yaungchikha

    January 12, 2012 at 3:29 pm

    မနွယ်ပင် ရေးပြမှပဲ ရခိုင်မုန့်တီလုပ်စားနည်းလေးသိတော့တယ်၊ ကျနော့်အကြိုက်ဆုံးအစားအစာထဲမှာ ရခိုင်မုန့်တီပါတယ်၊ ကိုယ်တိုင်မချက်တတ်လို့ ဝယ်စားဖြစ်တာများတယ်၊ အခုလို လုပ်နည်းလေးပါတင်ပေးလို့ ကျေးဇူးပါနော်၊ ကူးထားလိုက်ပြီးနော်၊ နောက်ရက်မှ လုပ်စားကြည့်ဦးမယ်….. 🙂

  • နွယ်ပင်

    January 12, 2012 at 4:00 pm

    zarlay ရေ ..
    နွယ်ပင်ကတော့ တစ်ခါတစ်လေ ဖျားချင်ချင်ဖြစ်နေပြီဆို
    မုန့်တီကို ဂိတ်ဆုံးချဉ်စပ်လုပ်ပြိး စားလိုက်တာပဲ ……… 🙂

    ကို comegyi ရေ ….
    မုန့်တီကြိုက်တယ် ထင်ပါရဲ့ ..
    အိမ်ပြန်ရောက်ရင်တော့ ချက်စားပြီဗျာ ဆိုတော့ နွယ်ပင်လည်း
    ဧည့်သည် လာလုပ်လို့ရမလားဟင် … 😀

    မနိုရေ …
    အလုပ်တွေများပြီး ထမင်းမစားပဲနေရင် ရောဂါဖြစ်မှာဆိုးလို့
    နွယ်ပင်က မုန့်တီအစွမ်းနဲ့ သတိပေးလိုက်တာပါ …. 😛

    မေပေါင်ရေ ..
    မုန့်တီတွေရော ကျန်သေးရဲ့လား ပေါက်ဖော်က အရင်လာစားသွားလို့
    မကျန်တော့ရင် သူ့ကို ဝယ်ကျွေးခိုင်းလိုက်နော် …

    မမှီရေ ….
    အခုချိန်မှာတော့ ဒီအစားစာက စားလို့မရလောက်သေးဘူးနော်
    နောက်မှ အတိုးချပြီး အဝသာစားတော့ ……

    yaungchikha ရေ ….
    မုန့်တီချက်နည်းက လွယ်ပါတယ် ချက်စားကြည့်ပါဦး
    နွယ်ပင်ဆို ကိုယ်တိုင်ချက် ကိုယ်တိုင်စားနဲ့ တမင်းစား စားပွဲကတောင်
    မနည်းထလိုက်ရတယ် ….. :mrgreen:

    • comegyi

      January 12, 2012 at 11:23 pm

      မုန့်တီချက်တဲ့နေ့ဆို ဧည့်သည်ကြိုက်သလောက်လာခဲ့ဗျာ
      ဖိတ်ပါတယ်…..ကျွန်တော်က မုန့်တီကို ကိုယ့်ဘာကိုယ်
      ချက်စားရမှ ကျေနပ်တာဗျ ..ထမင်းလွတ်စားတာပေါ့ ဟဲဟဲ
      ဆိုင်မှာစားလည်းမတန်ဘူးလေ မုန့်တီတစ်ပွဲကို အကြော်နဲ့
      သုံးရာလောက်ရှိတာ ကိုယ့်ဘာချက်စားရင်မုန့်ဖတ်တစ်ပိသာမှ
      လေးရာ့ငါးဆယ်ပဲရှိတာကိုးဗျ ……..

  • aye.kk

    January 12, 2012 at 4:26 pm

    ရခိုင်မုံ့တီတိုအရမ်းနှစ်သက်လို့ကူးယူသွားပါတယ်..
    အန်တီတို့ဆီမှာခက်တာကငါးရွှေငါးမရဘူး..
    ငယ်ငယ်တုံးကရခိုင်ကိုလေ့လာရေးအဖြစ်ရောက်ဘူးတယ်..
    အဲဒီတုံးကရခိုင်တောင်ကုတ်ရွာကချက်ကျွေးလို့စားခဲ့ဘူးတာ..
    ဂေါင်းတရာသားလို့သူတို့အခေါ်ပေါ့နော်၊ပုဇွန်ဆိတ်ငါးပေါက်စနလေးတွေနဲ့ချက်ကျွေးတာ..
    ရေသေရက်ဆိုငါးကြီးတွေမရလို့တဲ့၊ချောင်းကကွန်ပစ်ဖမ်းလို့ရတာနဲ့ချက်ကျွေးတာကိုစားခဲ့ဘူးတာ..
    အခုနွယ်ပင်ကငါးရွှေငါးနဲ့ဆိုတော့အရမ်းစားလို့ကောင်းမှာပါဘဲ၊ကျေးဇူးဘဲနွယ်ပင်လေးရေ..။

  • ဆူး

    January 12, 2012 at 4:49 pm

    ရခိုင်မုန့်တီကတော့ အရမ်းကြိုက်တယ်။ ကျောင်းတုန်းက ကျောင်းက မုန့်ဈေးတန်းမှာ မုန့်ဆီ ဆိုင်ရှိတော့ နေ့တိုင်း မုန့်စားဆင်းချိန်ဆို အမြဲ အလုအယက် ဝယ်ပြီး စားရတာ အမောပေါ့။
    ရခိုင်ရောက်တုန်းက မုန့်တီကို ဝက်ဆီဖတ်နဲ့ ထည့်စားနေကြတာ မြင်တော့ ထည့်စားကြည့်လိုက်တာ.. အပါးပါး.. ရှယ်ပဲ.. ကောင်းမှကောင်း… တခါမှ မစားဘူးဘူး အဲလိုမျိုး.. ကောင်းလွန်းလို့ ရခိုင်မုန့်တီဆို ဝက်ဆီဖတ်နဲ့ စားရမှ ပို ခံတွင်းတွေ့တယ်လို့တောင် ခံစားရတယ်။
    နောက်တခါ ချက်စားရင် ဖိတ်နော်။

  • မမနွယ်ပင်ရေ ရခိုင်မုန် ့တီမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ငပိက မိန်းကျပါတယ်။
    မျှင်ငပိအစစ်မှရခိုင်မုန် ့တီရဲ့အရသာအမှန်ကိုတွေ ့ရမှာပါဗျ။

  • E.T

    January 12, 2012 at 11:31 pm

    အာပူလျှာပူ အရမ်းကြိူက်ပါ၏ 😛 မနွယ်ပင် ဝယ်ကျွေးှဗျာ 😀

  • Khin Latt

    January 13, 2012 at 4:22 am

    ချမ်းနေတဲ့ အချိန် နွယ်ပင်ရဲ့ ရခိုင်မုန့်တီလေး သောက်လိုက်ရလို့ ကတော့ ဇိမ်ဘဲ။
    ဝက်ဆီဖတ်၊ ပဲကြော် နဲ့ ဆိုရပြီ။
    အရသာရှိရှိ နှာရည်တရွှဲရွှဲ နဲ့ကို သောက်သွားပါတယ်။ ကျေးဇူးပါဘဲ တစ်ပင်ထဲ ရင်ထဲက နွယ်ရေ။ 🙂

  • နွယ်ပင်

    January 13, 2012 at 10:19 am

    အန်တီ aye.kk
    နွယ်ပင်လည်း ရခိုင်မုန့်တီကို ဂဏာန်းသေးသေးလေးတွေနဲ့
    ချက်တာကို အရင်တုန်းက စားဖူးတယ် . ရခိုင်မုန့်တီက ငါးရွှေနဲ့ ချက်ရင်
    အရသာကတော်တော်လေးလေးပင်နဲ့ စားလို့ကောင်းတယ်နော် …

    ဆူးရေ …
    နွယ်ပင်လည်း ရခိုင်မုန့်တီကို ဝက်ဆီဖတ်နဲ့ ကြိုက်မှကြိုက်ပဲ
    နောက်တစ်ခါ ချက်စားရင် ဝက်ဆီဖတ်ပါဝယ်ထားပြီး လက်တို့လိုက်မယ်နော် …

    မောင်သန်းထွဋ်ဦးရေ
    နွယ်ပင်တို့ အိမ်မှာက မြိတ်ငါးပိ အမြဲရှိတော့ လွယ်လင့်တကူ
    အဲဒါနဲ့ပဲ ချက်စားဖြစ်ပါတယ် …

    အီးတီ .. ကလည်း ရခိုင်မုန့်တီကြိုက်တာပဲလား
    စားချင်ရင်လာခဲ့ပါနော် ……….

    မခင်လတ်ရေ …
    နွယ်ပင့်လက်ရာကို အားပေးသွားတဲ့ အတွက်ကျေးဇူးပါနော် …

  • Sandy

    January 19, 2012 at 12:58 pm

    ဒီရခိုင်မုန့်တီကိုနေမကောင်းဖြစ်နေတုန်းစားလိုက်ရင်တော်တော်ပွင့်သွားမှာနော်
    ကျန်းမာရေးတွက်လည်းကောင်းပါတယ်

  • MaMa

    January 19, 2012 at 3:34 pm

    ်နွယ်ပင်ရေ-
    သဂျီးကို စည်းကမ်းချက် အသစ်တိုးခိုင်းရမယ်။
    ချက်နည်း ပြုတ်နည်း တင်မယ်ဆိုရင် ချက်ပြုတ်မယ့် အချိန်နဲ့ နေရာကို အတိအကျ ကြိုတင် သတင်းပေးရမယ်။ ရွာထဲမှာတင်ရင် ထောက်ခံပေးနိုင်ဖို့အတွက် မြည်းကြည့်ဖို့လိုတော့ နည်းနည်းလေးတော့ ပိုချက်ပေါ့နော်။
    😆

  • နွယ်ပင်

    January 19, 2012 at 4:39 pm

    Sandyရေ
    မုန့်တီကို နေမကောင်းဖြစ်တုန်းဆို ချဉ်ငံစပ်ဂိတ်ဆုံးတာစားလိုက်
    တကယ့်ကို ပွင့်ထွက်သွားတာပဲ .. 🙂

    အန်တီ မမ ပေးတဲ့ အကြံကို နွယ်ပင်လည်း လက်ခံပါတယ်
    ရွာထဲမှာက အချက်အပြုတ်ကောင်းတဲ့ မဝေတို့ မမှီတို့ရဲ့ လက်ရာကို
    ့မြည်းချင်နေတာနဲ့ အတော်ပဲမို့လေ …. 😀

Leave a Reply