သတင်းအချက်အလက်နှင့် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက အဲဒီလို ဖြေကြားခဲ့တာပါ။

mdychronicJanuary 12, 20121min677

“ကျွန်တော်တို့ နားလည်တာတော့ ဥပဒေအရဆိုရင် ကျွန်တော်တို့ ဆက်သွယ်ရေးနဲ့ပဲ ပေါင်းလုပ်ရမှာပါ။ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေရှိတယ်။ ဥပမာ- သစ်တောထွက် ပစ္စည်းတို့၊ တွင်းထွက်ပစ္စည်းတို့၊ ပို့ဆောင်ရေးလုပ်ငန်းတို့၊ ဆက်သွယ်ရေးလုပ်ငန်းတို့ လျှပ်စစ်တို့ စတာတွေက နိုင်ငံတော်ကသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေဆိုပြီး အခြေခံဥပဒေမှာကို ပြဋ္ဌာန်းထားတာ။ အဲဒီလုပ်ငန်းတွေကိုပဲ နိုင်ငံတော်နဲ့ အများပြည်သူ အကျိူးစီးပွား အလို့ငှာဆိုတဲ့ တစ်ပိုဒ်ရှိတယ်။ Private (ပုဂ္ဂလိက) ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်မယ်ဆိုရင်လည်း ခွင့်ပြုတယ်။ ဒါပေမယ့် ပေါင်းလုပ်ရမယ်။ အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်” လို့ အခြေခံဥပဒေကို ကိုးကားပြီး ပြောပါတယ်။

ပြောချင်တဲ့ သဘောက ဘယ်မှာဖြစ်ဖြစ်..မြန်မာနိုင်ငံမှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့သဘော..ဘာဥပဒေလဲ မသိဘူး…ပြည်သူပြည်သားတွေကို အဆင်မပြေ..မတိုးတက်စေချင်တဲ့ ဥပဒေလို့ ခေါ်ရမလား…

*****အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်*****

5000 လောက်နဲ့ရမဲ့ဟာကို ငါးသိန်းလောက်တင်ပြီး ပြည်သူတွေဆီက ပေါင်းယူမယ်ဆိုတဲ့ သဘောပေါ့နော်..ပြောချင်တာက..

7 comments

  • ငပေါက်ဖော်

    January 12, 2012 at 12:26 pm

    စကားနောက်တရားပါလျင်တော့..
    ငါးထောင်တန်တွေထွက်ဖြစ်မှာပါ..
    လူတိုင်းစိတ်ဝင်စားနေလို ့..
    😆

    • kokoover

      January 12, 2012 at 8:34 pm

      ဆက်သွယ်ရေးကမဖြစ်နိုင်ဘူးဆိုတာနဲ့ စိတ်ပျက်နေစရာမလို ပါဘူး ထုံးစံလိုဖြစ်နေပါပြီ
      လွယ်လွယ်လေးပါ ပြည်သူ့သဘောထား ခံယူကြပါစို့

  • Harumoto

    January 12, 2012 at 12:47 pm

    “*****အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်*****

    5000 လောက်နဲ့ရမဲ့ဟာကို ငါးသိန်းလောက်တင်ပြီး ပြည်သူတွေဆီက ပေါင်းယူမယ်ဆိုတဲ့ သဘောပေါ့နော်..ပြောချင်တာက..”
    သူတို့နဲ့ ပေါင်းလုပ်မှတော့ ၅၀၀၀/ကျပ်တန်က ၅၀၀၀၀၀/ကျပ် ဖြစ်ကရော…
    ပြည်သူဆိုတာ..သူတို့မပါဘူးထင်တယ်…
    ဒီလူတွေ အလုပ်ပြုတ်ပြီး..လူတွေကြားထဲ ဘယ်လိုနေကြမလဲ…?
    သူတို့ဘဝ တွေးြ့ပီး ရင်မောတယ်…

  • Thel Nu Aye

    January 12, 2012 at 4:39 pm

    ပူးပေါင်းဆိုလဲရတယ်လေ။ ဘာခက်တာလိုက်လို့။ ပူးပေါင်းမှာပေါ့။ ဒါပေမဲ့ ၅၀၀ဝ ပဲနော်။ ပိုမယူရဘူး။

  • paukpauk

    January 12, 2012 at 5:23 pm

    အရင်ဆုံးဖုန်းတလုံး ဒေါ်လာ ၅၅၀ဝ (၄၈ သိန်း) လောက်ပေးဝယ်ရတယ်။
    နောက် ၄၀၊ ၃၅။ ၃၀။ ၂၆သိန်းနဲ့ကျွန်တော်ဝယ်ထားရတာ။ နောက် တော့ ဒေါ်လာ ၁၅၀ဝ တဲ့ ။ နောက် ၁ဝ သိန်းဆိုလား။ ပြီးတော့ ၅သိန်းတန်ဖုန်းတဲ့။
    ခုတစ်ခါ တန်းဘိုးနည်းဖုန်းလို့ အမည်တပ်ပြီး ၂သိန်းခွဲနဲ့ တွယ်ဦးမှာ။
    ပြည်သူတွေဆီက ရသမျှ လည်မျိုညှစ်မဲ့ လူတွေပါ။
    ပြည်သူတွေကို ရနိုင်သမျှနှိပ်စက်မဲ့ သူတွေ နေရရနေတာ ခုထိပါပဲ။
    ဘယ်သူမှမဝယ်တော့မှ private ပေးမယ့်ပုံပါပဲ……..

  • နွေးနွေး

    January 12, 2012 at 8:58 pm

    ပိုမယူရင် ပူးပေါင်းမယ်

  • kokoover

    January 12, 2012 at 9:01 pm

    *****အခု ကျွန်တော်တို့ GSM သန်း ၃ဝ စီမံကိန်း လုပ်သလိုမျိုး ပေါင်းလုပ်ရမယ်*****

    5000 လောက်နဲ့ရမဲ့ဟာကို ငါးသိန်းလောက်တင်ပြီး ပြည်သူတွေဆီက ပေါင်းယူမယ်ဆိုတဲ့ သဘောပေါ့နော်.
    .ပြောချင်တာက..ဒါပဲပေါ့

Leave a Reply