အထိုင်အထ ပွင့်လင်းမှုဟာ

နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလား

အမြင်မှာ ၀ဲနေတဲ့အလွင့်

တိမ်တွေဟာ ခဏတစ်ဖြုတ်

ပန်းပုရုပ်လို ဟန်ဆောင်နေတာ

ဒီနေရာမှာ အားလုံးဟာ လိပ်ပြာလွှင့်ထားတာ

သူမပက်လိုက်တာ ရေနဲ့ ရမ္မက်တစ်ခုခု

လမ်းပေါ်မှာ အရိုင်းနဲ့အယဉ်ဟာ တစ်စစီ

လာ ……ကိုယ်တို့ အိပ်မက်ထဲမှာလို နမ်းကြမယ်

ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ကဒ်ဟာ

လူတိုင်းသာယာသော ကိုယ်ပိုင်ရာသီဥတုတစ်ခု

ရယူနိုင်ကြောင်းအဓိပ္ပါယ်

ဒီနေ့အထိ လူတိုင်း ဘာမကောင်းမှုမှ မကျူးလွန်ရသေးလည်း

ဒီအချိန်ထက် ဘာမှ အရေးမကြီးဘူးမဟုတ်လား

အားလုံးဟာ အ၀ါရောင်မှာ လောင်ကျွမ်းနေပုံ…..

ဆန္ဒတွေ  တောက်လောင်နေပုံ…..

အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို

အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ၀ိုးတ၀ါး

ကိုယ့်ကို ထပ်နမ်းပါလို့ ပြောမိသလား

ဟိုနေရာ ….ဒီနေရာ ပေါက်ကွဲနေတဲ့အသံတွေကြား

အပျော်ဟာ လေမှာတန်းလန်းဇောက်ထိုးရပ်လို့

ရေပိုက်ထဲကရေတွေ အသွင်သစ်နဲ့ ခုန်ပေါက်လို့

နွယ်ရှင်လို့ နေ့ပေါ့………..

မဏ္ဍပ်မှာ စိတ်တို့ တိမ်းပါးချောက်ခြားဖွယ်…….။        ။

 

မင်္ဂလာပါခင်ဗျား သင်္ကြန်ရောက်ဖို့တော့အများကြီး

လိုပါသေးတယ်။ ဒါပေမဲ့ မဂ္ဂဇင်းမှာ ရေးချင်တယ်ဆိုရင်တော့

အခုအချိန်ကတည်းကရေးပြီးပို့မှ သင်္ကြန် Issue ကိုမီတယ်ခင်ဗျ

ဒီတော့ ကမ်းကြီးလည်း သင်္ကြန်ကဗျာတစ်ပုဒ်ရေးဖြစ်တာနဲ့

ဂီဂီတို့ ပေပေတို့ အပါအ၀င် ရွာသူရွာသားများ ဖတ်ဖို့တင်ပေးလိုက်ပါတယ်ခင်ဗျား….

About comegyi

comegyi comegyi has written 25 post in this Website..

art