မဏ္ဍပ် ထိုင်ကြမယ်

comegyiJanuary 12, 20121min46616

အထိုင်အထ ပွင့်လင်းမှုဟာ

နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလား

အမြင်မှာ ဝဲနေတဲ့အလွင့်

တိမ်တွေဟာ ခဏတစ်ဖြုတ်

ပန်းပုရုပ်လို ဟန်ဆောင်နေတာ

ဒီနေရာမှာ အားလုံးဟာ လိပ်ပြာလွှင့်ထားတာ

သူမပက်လိုက်တာ ရေနဲ့ ရမ္မက်တစ်ခုခု

လမ်းပေါ်မှာ အရိုင်းနဲ့အယဉ်ဟာ တစ်စစီ

လာ ……ကိုယ်တို့ အိပ်မက်ထဲမှာလို နမ်းကြမယ်

ရင်ဘတ်မှာ ချိတ်ဆွဲထားတဲ့ ကဒ်ဟာ

လူတိုင်းသာယာသော ကိုယ်ပိုင်ရာသီဥတုတစ်ခု

ရယူနိုင်ကြောင်းအဓိပ္ပါယ်

ဒီနေ့အထိ လူတိုင်း ဘာမကောင်းမှုမှ မကျူးလွန်ရသေးလည်း

ဒီအချိန်ထက် ဘာမှ အရေးမကြီးဘူးမဟုတ်လား

အားလုံးဟာ အဝါရောင်မှာ လောင်ကျွမ်းနေပုံ…..

ဆန္ဒတွေ  တောက်လောင်နေပုံ…..

အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို

အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ဝိုးတဝါး

ကိုယ့်ကို ထပ်နမ်းပါလို့ ပြောမိသလား

ဟိုနေရာ ….ဒီနေရာ ပေါက်ကွဲနေတဲ့အသံတွေကြား

အပျော်ဟာ လေမှာတန်းလန်းဇောက်ထိုးရပ်လို့

ရေပိုက်ထဲကရေတွေ အသွင်သစ်နဲ့ ခုန်ပေါက်လို့

နွယ်ရှင်လို့ နေ့ပေါ့………..

မဏ္ဍပ်မှာ စိတ်တို့ တိမ်းပါးချောက်ခြားဖွယ်…….။        ။

 

မင်္ဂလာပါခင်ဗျား သင်္ကြန်ရောက်ဖို့တော့အများကြီး

လိုပါသေးတယ်။ ဒါပေမဲ့ မဂ္ဂဇင်းမှာ ရေးချင်တယ်ဆိုရင်တော့

အခုအချိန်ကတည်းကရေးပြီးပို့မှ သင်္ကြန် Issue ကိုမီတယ်ခင်ဗျ

ဒီတော့ ကမ်းကြီးလည်း သင်္ကြန်ကဗျာတစ်ပုဒ်ရေးဖြစ်တာနဲ့

ဂီဂီတို့ ပေပေတို့ အပါအဝင် ရွာသူရွာသားများ ဖတ်ဖို့တင်ပေးလိုက်ပါတယ်ခင်ဗျား….

16 comments

  • windtalker

    January 12, 2012 at 2:17 pm

    အထိုင်အထ ပွင့်လင်းတော့
    အဘိုးတို ့အသက်ရှည်
    အဘွားတို ့စိတ်လေ
    အပျိုရည်သိပ်သည်းဆ ဟာ
    ငံပြာရည် မဖြစ်ဖို ့ကောင်းမှန်း
    မဏ္ဍပ်ရှင်ကြီး သိပါလေစ
    မဏ္ဍပ်မှာ တိုးတက်သွားတဲ့
    မဏ္ဍပ်မှာ ဘဝပျက်သွားတဲ့
    နှစ်မွှာပန်းတို ့ရဲ ့မျက်ရည်

  • manawphyulay

    January 12, 2012 at 2:44 pm

    သင်္ကြန်တောင် မကျသေးဘူး မဏ္ဍပ်ထိုင်ဖို့လုပ်နေပြီပေါ့ ဟုတ်လား… အင်း သင်္ကြန်ဆိုတာ ကုသိုလ်ယူတတ်တဲ့သူ ကုသိုလ်ရပြီး အကုသိုလ်ဝယ်တဲ့သူများ အကုသိုလ်တစ်ပုံတစ်ပင်ကြီး ရတဲ့ သင်္ကြန်လို့ ဆိုစမှတ်ပြုထားတယ်မှတ်လား… ဒီသင်္ကြန်တော့ ဘာတွေ ဘယ်လိုတွေ ဘယ်သူတွေ ဖြစ်ကြဦးမလဲဆိုတာ….

  • water-melon

    January 12, 2012 at 3:27 pm

    မဏ္ဍပ်တော့ မထိုင်ချင်ဘူး
    အင်း မြင်ယောင်ပါသေးတယ် ဘယ်လောက်များပလူပျံပြီး ကဲကြမလဲ
    သင်္ကြန်မှာ သုံးတဲ့ရေတွေ ရောင်းစားရင် ကောင်းမှာဘဲနော်
    သူများနိုင်ငံမှာ ရေရှားနေတာ ငါတို့ဆီမှာတော့ ရေဖြုန်းပေးနေတယ်
    မိန်းကလေးတွေကလည်း မူးပြဲပြီး sexy dance ဆွဲလို့ဆွဲ
    အင်း ခေတ်ကာလသမီးတွေများ မလွယ်ပါဘူး
    စာဥ နင်မိန်းကလေးမမွေးနဲ့ ယောက်ျားလေးတွေဘဲ ၄ ယောက်မွေးပေးနော်

    • comegyi

      January 12, 2012 at 11:32 pm

      စာဥက
      ကျားသောင်းကျန်းတွေ
      လိုချင်တာလားဂျ…..

  • “ဘီလူးကြီး”ogre

    January 12, 2012 at 7:44 pm

    အဟမ်း..အဟမ်း
    ကမ်းကမ်းရယ် …အထိုင်အထကသိပ်မကောင်းတော့ဘူးကွဲ့
    အသက်ကြီး ပြီလေကွယ်
    ငယ်ရွယ်သူကလေးမများ အထိုင်အထ ပွင့်လင်းတာတော့
    အဘတို့ အသက်ရှည်ဆေးပေါ့..အဟွတ်ဟွတ်
    ပွင့်ကြပါစေ…. ပွင့်ကြပါစေ………. 🙂 😛

    • comegyi

      January 12, 2012 at 11:34 pm

      ကိုပေတို့ ကိုဘီလူးတို့ ကပေါက်ဖော်တို့
      လည်ပင်းတွေလောင်းပီး မျက်လုံးတွေပြူးရတဲ့
      အခါသမယပေါ့နော့……ဟဟ

  • ငပေါက်ဖော်

    January 12, 2012 at 7:54 pm

    ဪ..
    မင်္ဂဇင်းချာရေးချာ ပီသပါပေ့..
    ခုကတည်းက ရာသီစာတွေကြိုဆွဲနေပြီ
    ကောင်းလေစွ..ကိုကမ်းဂျီးရေ..
    အားပေးတွားပါဒယ်..

  • htet way

    January 12, 2012 at 10:04 pm

    အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို

    အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ဝိုးတဝါး
    ကဲကို ကမ်းဝေးရေ….. သိ်ပ်သည်းစမဲ့နေတဲ့ ပျော်ရည်ထဲမှာ……
    ခွက်တစ်ခွက်ထဲ မျက်ရည်၊သောက ၊ရမ္မက်…ရောမွေထားတယ်
    ပျော်ဝင်ပစ္စည်းက ဘဝလား။
    ကဗျာဆရာဆိုတော့လည်းကဗျာတွေက ကောင်းတာပေါ့ဗျာ။
    လိပ်ပြာလွှင့်တာလွန်သွာရင်တော့ ဘဝတွေက ငိုချင်းသံနဲ့ ခရီးဆက်ရလိမ့်မယ်
    ကိုကမ်းဝေးကျန်းမာပါစေ

    • comegyi

      January 12, 2012 at 11:36 pm

      ကိုထက်ရေ့ ခင်ဗျားဆီလည်း
      ဖုန်းတောင်မဆက်ဖြစ်သေးဘူး
      ဆောရီးဗျာ
      ကျွန်တော်လည်း အခုတလော
      ကိုယ့်ဘာသာလုံးချာလည်နေလိုု့ဗျာ……
      နောက်မှ ဆုံတာပေါ့နော်……

  • naywoonni

    January 12, 2012 at 10:15 pm

    အော်…….. ရာသီစာ ရာသီကဗျာ ခုထဲကသင်္ကြန်ရောက်နေရပါ့လား ? စုတ္ခ ….စုတ္ခ

  • ကိုကြီးခင်များ ဒီစာသားလေးတွေရဲ့အဓိပ္ပာယ်ကိုပြောပြပေးပါလားနော်။

    ဆန္ဒတွေ  တောက်လောင်နေပုံ…..
    အနံ့အသက်တစ်မျိုးဟာ တစ္ဆေလို
    အပျိုရည်သိပ်သည်းဆမှာ မြူတွေလို ဝိုးတဝါး
    ကိုယ့်ကို ထပ်နမ်းပါလို့ ပြောမိသလား

  • comegyi

    January 12, 2012 at 11:57 pm

    ကိုသန်းထွဋ်ဦးရေ့…..
    ကဗျာကိုအားပေးတာ ကျေးဇူးတင်ပါတယ် …..
    တစ်ခါတစ်ခါ ကဗျာက
    တိုက်ရိုက်ဘာသာပြန်ရှင်းပြရတာ
    နည်းနည်းတော့ အခက်အခဲရှိတယ်ဗျ
    အခုရေးထားတဲ့ကဗျာက
    သင်္ကြန်မှာ မဏ္ဍပ်ပေါ်က လူငယ်တစ်ချို့ရဲ့မူးယစ်ရီဝေခြင်းနဲ့
    အဆုံးထိလွတ်မြောက်နေတဲ့ စိတ်အခြေအနေတွေရယ်
    ကိုယ့်ဘာသာ ထိန်းသိမ်းဖို့ မေ့လျော့နေတဲ့မိန်းကလေးတစ်ချို့ရဲ့ဖြစ်စဉ်တွေ
    ကျွန်တော်တို့ရဲ့ မြို့ပြသင်္ကြန်မှာရိုက်ခတ်မှုတွေ
    ကြားထဲမှာ ရောက်ရှိမျောပါနေတဲ့ဇာတ်ကောင်တစ်ကောင်နေရာက
    ရေးကြည့်ထားတာပါ
    ကျေးဇူးတင်ပါတယ်ခင်ဗျား………

  • ပေစိ

    January 13, 2012 at 12:07 am

    အ တာနိ အတနော နာထော ဘုန်းကြီးပဲသွားဝတ်တော့မယ် သင်္ကြန်ကို

  • comegyi

    January 13, 2012 at 12:30 am

    ပေစိက ယောနိသောမနသိကာရ သွားပီထင်ပါ့ ဟိဟိ

  • htet way

    January 13, 2012 at 10:15 am

    ကို ကမ်းဝေးရေ ဒီတပတ်ကျွန်တော် စနေရောက်မယ်sundayမနက်လောက် ဆုံချင်တယ်ဗျာ
    ၈နာရီလောက် ဖုံးဆက်ပါလား ခင်မင်မူနဲ့ပါ 0973234101

  • etone

    January 13, 2012 at 11:29 am

    အထိုင်အထ ပွင့်လင်းမှုဟာ

    နောက်ဆုံးပေါ် ဖက်ရှင်တစ်ခုလား……….. ဆိုတာကတော့ မိုက်တယ်ဗျို့ .. ဟီးဟီး … ။ ဒီခေတ်နဲ့ အံကိုက်ပဲ ။

Leave a Reply