မန်းသူမန်းသားတွေရဲ့ မန်းဂဇက် အပိုင်း (၂ ) – TTNU

black chawJanuary 12, 20124min24831

ကျွန်တော် ရွာသူရွာသားတွေရဲ့ ပို့စ်လေးတွေအကြောင်းကို အပင်ပန်းခံတူးဆွဖေါ်ပြပေးနေတာဟာ
ကျွန်တော် တတ်နိုင်တာလေးနဲ့ လက်ဆောင်လေးတွေပေးနေတယ်လို့ မှတ်ယူပေးကြပါခင်ဗျာ။
သူကတော့ တော်လို့ ငါကတော့ ညံ့လို့ ဆိုတဲ့ သဘောတွေ မပါပါဘူး။
ကျွန်တော် ရေးတင်လိုက်တဲ့ ပို့စ်လေးတစ်ခုက ရွာသူရွာသားတစ်ယောက်အတွက်
အမှတ်တရ တော့ ဖြစ်နေမယ်လို့ ထင်ပါတယ်။
မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ပို့စ်တစ်ခုထဲမှာ အပြည့်ထည့်လိုက်ချင်ပေမယ့်
ဆရာမကြီးပို့စ်တွေက ပို့စ်တစ်ခုသီးခြားတင်မှ အဆင်ပြေနိုင်မှာကြောင့် အပိုင်း ၂ ကို ဆရာမကြီး အတွက်
သီးသန့်တင်လိုက်ဖြစ်ပါတယ်ခင်ဗျာ။ အင်္ဂလိပ်စာလေ့လာလိုသူတွေအတွက်လည်း ပို့စ်လေးတွေ ပြန်ရှာပြီး
လင့်လေးတွေထည့်ပေးထားပါတယ်ခင်ဗျာ။

ဆရာမကြီး TTNU ကတော့ မန်းဂဇက်မှာ BEST TEACHER စီးရီးနဲ့ အခိုင်အမာနေရာတစ်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ဆရာမကြီးက အင်္ဂလိပ်စာ သင်ခန်းစာလေးတွေပေးရင်း ဘဝအတွေ့အကြုံတွေလည်းရေးရင်း ကွန်းမန့်လေးတွေ ကိုလည်း စိတ်ဝင်စားတဲ့ ပို့စ်လေးတွေမှာ မှန်မှန် ချီးမြှင့်ပေးနေတတ်သူ တစ်ယောက်ပါ။ ဆရာမကြီးရဲ့ လက်လှမ်းမီရာ ပို့စ်တချို့ကို တူးဆွကြည့်ပြီး ကိုယ်တိုင်ဖတ်နိုင်ကြဘို့လည်း လင့်လေးတွေ စီစဉ်ပေးထားပါတယ်။

Best Teacher
https://myanmargazette.net/68463/business-economy/jobs-careers
Best Teacher စီးရီးရဲ့ ပထမဆုံးပို့စ်မှာ Best Teacher 1, 2, 3, 4 ဆိုပြီး ခေါင်းစဉ်ငယ်လေးတွေနဲ့ ရေးထားခဲ့ပါ တယ်။ ပြန်လည်ရှာဖွေဖတ်ရှုတဲ့အခါ အမှတ်မှားမှာ စိုးတာကြောင့် ဒါလေးကို ဖေါ်ပြပေးရခြင်း ဖြစ်ပါတယ်။
Best Teacher 1 မှာတော့ ဆရာမ ဘဝအစ ပထမဆုံးအလုပ်ဝင်တဲ့ ကျောင်း အကြောင်းရေးပါတယ်။
Best Teacher 2 မှာတော့ ကြိမ်လုံးတစ်လုံးနဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာလုပ်ခဲ့တာကိုနောင်တရတဲ့ အကြောင်းနဲ့ ကျောင်းသားတွေက ဆရာမအပေါ် နှုတ်ခမ်းလေးတောင် မစူကြတာလေးကိုရေးပါတယ်။
Best Teacher 3 မှာတော့ နေ့လယ်ကျောင်းပြန်တက်ချိန် လဖက်ရည်ဆိုင်က ပြန်မလာကြတဲ့ ကျောင်းသားတွေ
ကိုဆိုင်ထဲအထိလိုက်ခေါ်တာလေးကို ရေးပါတယ်။ Best Teacher 4 မှာတော့ ကျောင်းသားတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို စက်ဘီးနောက်မှာကြိုးနဲ့ချည်ပြီး အိမ်ပြန်သယ်သွားရတာလေးကို ရေးပါတယ်။
ဒါလေးပါပဲ Best Teacher စီးရီးရဲ့ ပထမဆုံး ပို့စ်မှာ ပါခဲ့တာလေးပါ။
ကိုသစ်မင်း ဦးဆောင်တဲ့ ကွန်းမန့်လေးတွေ ကိုလည်း ဖတ်ခွင့်ရကြမှာပါဗျာ။

Best Teacher II
https://myanmargazette.net/68874/uncategorized-other/copypaste

Best Teacher စီးရီးရဲ့ ဒုတိယ ပို့စ်မှာတော့ Best Teacher 5, 6 ဆိုပြီး နှစ်ပိုင်း ပါပါတယ်။
5 မှာတော့ စာခဏခဏမေးလွန်း လေ့ကျင့်ခန်းတွေ နေ့တိုင်းလုပ်ရလွန်းတော့ ဆရာမကို သပိတ်မှောက်ကြပြီး
အခန်းတံခါးပိတ်ထားတာလေး ကို ပြန်ပြောပြပါတယ်။ ဒီအကြောင်းကိုပဲ အာစရိယပူဇော်ပွဲလုပ်တော့ ပြန်ပြောပြတဲ့ အခါ ၄၀-၄၅ နားကပ်နေပြီဖြစ်တဲ့ တပည့်တွေက ပြုံးဖြီးဖြီးနဲ့ ကန်တော့ ကြပါတယ်တဲ့။
6 မှာတော့ ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ အနစ်နာခံရတဲ့ အကြောင်းဇာတ်လမ်းလေးတစ်ပုဒ် ပြောပြပါတယ်။
ညနေကျောင်းဆင်းချိန် အိမ်ပြန်ဖို့ ကျောင်းကအထွက်မှာ ကျောင်းသူကလေးမလေးတစ်ယောက် အီအီးပြသနာဖြစ်နေတာကို
ဝင်ဖြေရှင်းပေးရင်း သားလုပ်သူရဲ့ မူကြိုကို ကြိုဖို့ နောက်ကျသွားရတာလေး ပါ။ အဲဒါလေး ဖတ်ရင်း သိချင်မိတာက
မူကြိုမှာ သွားကြိုရတာ ကိုဆန်နီ များဖြစ်နေမလားလို့ ဆရာမကြီးရေ။ ကိုသစ်မင်း၊ ကြောင်ကြီး တို့ကွန်းမန့်တွေနဲ့အတူ
ကိုပေ ရဲ့ ဂိုက်အတွေ့အကြုံကွန်းမန့်ကိုပါ ဖတ်ကြရပါမယ်ဗျာ။

Best Teacher 7
https://myanmargazette.net/69339/business-economy/jobs-careers
ကျတော့ ကြိမ်လုံးမီးတောက် ဆိုတဲ့ ခေါင်းစဉ်လေး စပေးလာခဲ့ပါပြီခင်ဗျာ။ ဒီမှာတော့ ဘယ်လိုဆရာမတွေကို တပည့်တွေက ချစ်ကြသလဲဆိုတာလေး ရှင်းပြထားပါတယ်။ ပြီးတော့မှ ဆရာမကြီးက
ပန်းကြိုက်တဲ့ အကြောင်းလေး ရေးပါတယ်ခင်ဗျာ။

ကိုယ်က အလယ်တန်းက ကစားတဲ့ဘော်လုံးသမားလိုပါပဲ။
စာ အသင်ကောင်းတယ်
(ကြွားတာမဟုတ်ပါဘူး)၊ နားလည်ပေးတယ်(ကျောင်းလခတွေစိုက်ပေးထားရတယ်)၊ ဒါပေမဲ့ဆူလွန်းပွက်လွန်းလို့ (သူတို့ အချိန် စာရင်းမှာ ကိုယ့်အချိန် ဆိုရင် DTTN လို့ မရေးဘဲ ကြိမ်လုံးလေး မီးတောက်နေတဲ့ပုံဆွဲထားကြတယ်)၊ အမှတ်ပေးကပ်စေးနည်းတယ်၊ Homeworkအပေးကြမ်းအစစ်ကြမ်းတယ်၊ မျက်နှာကြောတင်း စည်းကမ်းတင်းလွန်းလို့ (သမတလူကြမ်းပုံပေါက်နေတယ်။)
{ရုပ်ရှင်မင်းသားရွှေဘရဲ့လူကြမ်းအဖွဲ့ကိုပြောတာနော်} But, it’s a BIG BUT နော်၊
အတန်းပိုင်ဖြစ်တဲ့ ကိုယ့် စားပွဲပေါ်မှာ မနက်တိုင်း ပန်းမျိုးစုံရှိတယ်။
မဗေဒါ ကလည်း ဘာပန်သလဲ မမေးနဲ့၊ သိပ္ပံ မသင်ဘဲနဲ့ သိပ် ပန် ဆရာမကြီး ကို ဖြစ်နေတာပါပဲ။
ကလေးတွေ ပေးတဲ့ ပန်းမျိုးစုံ ကို ဆံထုံးတစ်ခုလုံးဝေ ….နေအောင် ပန်လိုက်ရင်များ လေ ဒင်းကလေးတွေ ပြုံး…..နေကြတာပါပဲ။

ထင်တော့ထင်မိပါတယ်။ ဆရာမကြီး ပန်းပုံလေးတွေကို တော်တော် ကြိုက်တာကို တွေ့ရတော့လေ။ ကြိမ်လုံးမီးတောက်ပေမယ့် တပည့်လေးတွေက ချစ်ကြတာလေးကို ရေးထားတာ ပီတိဖြစ်စရာပါဗျာ။
ဒီပို့စ်မှာတော့ ကွန်းမန့် ၂ဝ တိတိရှိပါတယ်။ ဒီပို့စ်မှာ ပါတဲ့ ကွန်းမန့်တွေအားလုံးက ရွာသူရွာသားတွေအနေနဲ့
မဖြစ်မနေ ဖတ်ကိုဖတ်ကြရမယ့် ကွန်းမန့်မျိုးတွေပါလို့ ရဲရဲကြီးညွှန်းပါရစေခင်ဗျာ။
အဲ… ကျွန်တော်တို့ သူကြီး ရဲ့ ကွန်းမန့်လေးက ဒီပို့စ်မှာ တော်တော် အရေးပါခဲ့လို့ ဖေါ်ပြပေးချင်ပါတယ်။

kai says:
“ကျောင်းလခတွေ စိုက်ပေးထားရတယ်..”ဆိုတာကို.. ကျေးဇူးတင်ရင်း..လေးစားမိပါတယ်.။
မေးချင်တာက..
ဆရာမကြီးအဲဒီလို စိုက်ပေးပြိးရင်.. ပြန်ရောရရဲ့လားဆိုတာပါ..။

မြန်မာပြည်မှာ..ဆရာကတပည့်တွေကို ကိုယ်ထိလက်ရောက်…ဆုံးမခွင့်ရှိနေတာကို..
ဝါရင့်ပင်စင်စား… ဆရာတယောက်အနေနဲ့ ဘယ်လိုပြန်သုံးသပ်ချင်သလည်း ဆိုတာလည်း သိချင်မိပါတယ်.။
မှန်သလား..မှားသလား..ဆက်လုပ်သင့်သလား.. ဥပဒေနဲ့သတ်မှတ်သင့်သလား…ဒီအတိုင်းဆက်သွားရဦးမလား..
စသဖြင့်ဝေဖန်ပေးပါဦး..။
ဆရာမကြီးကလည်း သူကြီးကို ပြန်ဆွေးနွေးထားတာလေးတွေလည်း ဖတ်ကြရပါမယ်။ ဒီပို့စ်ဟာ ဆရာမကြီး ရဲ့
ပို့စ်တွေထဲမှာ တော်တော် အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့တယ်လို့ ကျွန်တော်က ထင်မိပါတယ်။ (အထင်)

Best Teacher 8
https://myanmargazette.net/69573/business-economy/jobs-careers
ကိုတော့ (Wrong Strategy) လို့ ခေါင်းစဉ်ပေးထားပါတယ်။ အတွေ့အကြုံထဲက ပြန်သင်ယူခဲ့တဲ့ ဆရာမကြီးရဲ့
အတွေ့အကြုံလေးတစ်ခုပါ။ ဆရာမကြီးပြောပြတဲ့ဇာတ်လမ်းလေးထဲက

“ တီချာ သားကို ဟိုနေ့က စာ မမေးလို့ အဲဒီနေ့က သားစာရတယ်” တဲ့။

ဆိုတာလေးကို ဖတ်ရင်း သနားတဲ့စိတ်လေး ဖြစ်မိပါတယ်။ ကရုဏာရသလို့ ခေါ်မယ်ထင်တယ်နော။
ဆရာမ တစ်ယောက်ရဲ့ မှားသွားတဲ့ နည်းဗျူဟာ အကြောင်းလေးမှာ ကွန်းမန့်ပေးသူက တစ်ယောက်တည်းပါ။ အဲဒီကွန်းမန့်လေး ဖေါ်ပြပေးဖြစ်ပါတယ်။

thit min says:
ဟုတ်ပါတယ် ဆရာမကြီးခင်ဗျား။
အဲဒီလိုတပည့်ကဆရာကိုပြန်သင်ပေးတဲ့မုဆိုးစိုင်သင်လေးတွေကြုံရပါတယ်ခင်ဗျ။
ခုခေတ်ဆိုရင်ဆရာနဲ့တပည့်နားလည်မှုရှိမှအဆင်ပြေစွာသင်ကြားလို့ရတဲ့ခေတ်မျိုးပါ။
ကျနော်လိုကလေးကြီးတွေသင်ရတဲ့နေရာဆို(horizontal teaching) လို့တောင်ပြောနေကြပြီခင်ဗျ။
ကျနော်ပထမနှစ်လောက်ကစပြီးမြန်မာစာဆရာဆိုရင်ဆရာဦးဇော်မြင့်(စာရေးဆရာ ဇော်ဇော်အောင်)နဲ့
Englishစာဆရာဆိုရင်ဆရာကြီးL.Jကံကြီး(ဆရာမကြီးE.Jကံကြီးရဲ့မောင်)တို့နဲ့တရင်းတနှီးပေါင်း
ရှိခဲ့တာပါ။
(ကိုပေါက်ရဲ့မန်းလေးဝမ်းဝေးကော်မန့်မှာတောင်နဲနဲ”တို့”ထားမိပါသေးတယ်၊ဆရာမကြီးနဲ့သိလောက်တယ်ထင်လို့)
ဆရာလင်းနာဒ်(L.Jကံကြီး)နဲ့ဆိုခရစ်စ်မတ်တွေမှာလိုက်လံဆိုတီး,စားသောတ်ခဲ့တာပေမဲ့ရိုသေစွာဆက်ဆံခဲ့ရတာပါ။
ခုကျတော့အဲဒီ “Value” တွေနဲပါးကုန်ပါပြီ။
အဓိကကကကိုယ်သင်တာသူတို့”ရ”သွားဖို့ပဲလို့စဉ်းစားပြီးဆက်ဆံရတဲ့ခေတ်မျိုးပါ။
ဘာဘဲဖြစ်ဖြစ်ကျောင်းမှာတော့ဆရာဟာမိဘ၊ကျောင်းသားဟာသားသမီးမှို့၊ကိုသားသမီးကိုယ်ဂရုဏာထားတယ်ပေါ့ခင်ဗျာ။
လေးစားလျှက်
TM

Best Teacher 9
https://myanmargazette.net/69888/business-economy/jobs-careers
ကတော့ ဆရာမအတွက် သစ်ခွပန်းတစ်ပွင့် ခေါင်းစဉ်လေးနဲ့ပါ။ ဒီပို့စ်မှာတော့ ဆရာမောင်စွမ်းရည် ရဲ့ ကဗျာလေးတစ်ပုဒ်ကို ဖေါ်ပြထားပါတယ်။ ပြီးတော့မှ ဖတ်ခဲ့ဘူးတဲ့ ဝတ္ထုလေးတစ်ပုဒ် ကို ပြန်ရေးပြပါတယ်။

မူလတန်းကျောင်းငယ်လေး တစ်ခု မှာ ကျောင်းသား ကျောင်းသူ တွေသိပ်ချစ်တဲ့ ဆရာမလေး
တစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ နေ့တိုင်း သူတို့ ဆရာမ ပန်ဖို့ ပန်းပေးကြပေမဲ့ မပေးနိုင်ရှာတဲ့
ကလေးလေးတစ် ယောက်လည်းရှိတယ်။ သူ့ခမျာ နေ့တိုင်း စိတ်ညစ်နေရှာတယ်။ တစ်နေ့ တော့ ကျောင်းအစောကြီး
လာပြီး ဆရာမ စားပွဲပေါ်မှာ အင်မတန် လှပ တဲ့ ဈေးကြီးတဲ့ သစ်ခွပန်းကြီးတစ်ပွင့် ဆွတ်ဆွတ်ဖြူနေတာပဲ ၊
ဆရာမ စားပွဲပေါ်မှာ လာတင်ထားသတဲ့။
ဆရာမလေးလည်း အတန်းထဲ ဝင်လာရော ဒီ သစ်ခွပန်းကြီး ကို မြတ်မြတ်နိုးနိုး နဲ့ မွှေးကြည့်လိုက်ပြီး
ကေသာ ဆံထုံး ထက်မှာပန်ဆင်လိုက်တယ်။ ကျန်တဲ့ ပန်းလေးတွေ ကို ခါတိုင်းလိုပဲ ရေဖန်ခွက်လေးထဲမှာ ထိုးစိုက်ထားလိုက်တယ်။ ပြီးတော့ အတန်း သန့်ရှင်းရေးလုပ်ထားကြတာစစ်ဆေး၊ နာမည်စာရင်းခေါ်၊ စသဖြင့် အတန်းတာဝန်တွေစတင် ဆောင်ရွက်ပါတော့တယ်။
စာသင်ပြီး လေ့ကျင့်ခန်းစာအုပ်တွေစစ်ဆေးရင်းနဲ့ စာအုပ်လာပြတဲ့
သစ်ခွပန်းလာထားသူ ကလေးကို ပြုံးပြရင်း “ သားဆရာမ အတွက် ယူလာပေးတဲ့ ပန်းက သိပ်လှတာပဲကွယ်။
ဒါပေမဲ့ ငါ့ သား နောက်တစ်ခါ ဒီလိုဈေးကြီးတာတွေ မယူခဲ့ရဘူးနော်။”
လို့ ခပ်တိုးတိုးလေး ပြုံးပြီးပြောလိုက်တယ်။ သူချစ်တဲ့ဆရာမ ဆီ က တုံ့ပြန်မှု ချိုချို ရပြီးပြီဆိုတော့
သားငယ်လေး ခမျာ အရင်လို စိတ် မညစ်တော့ဘဲ သူ့ထိုင်ခုံ မှာပြန်ထိုင်ပြီး စာတွေ အော် ကျက်နေတော့တာပါပဲ။
အမှန်တော့ ဆရာမလေးကို အခြားကျောင်းသားတစ်ယောက်က တိတ် တိတ်လေး သတင်းလာပေးထားပြီးသားပါ။
သားငယ်လေးတို့ အိမ်က သုသာန်နားမှာလေ၊ သူ
ဒီ သစ်ခွလှလှကြီး ကို ဘယ်က ယူလာမလဲဆိုတာ ဆရာမလေး သိပြီးသား ဆိုပါတော့။

အဲဒါလေးပါ။ ဖတ်လို့ အဆင်ပြေမယ့် ပို့စ်လေးပါဗျာ။

Best Teacher 10
https://myanmargazette.net/70148/business-economy/jobs-careers
ကတော့ တပည့်ဝတ် ခေါင်းစဉ်နဲ့ပါဗျာ။ တပည့်ဝတ်ငါးပါးကို ရေးပြပြီး တစ်ခုခြင်းပြန်ရှင်းပြထားတဲ့
ဆရာမကြီးရဲ့ ဒီပို့စ်လေးကတော့ ဖတ်လို့ တော်တော်ကောင်းတဲ့ ပို့စ်လေးပါဗျာ။ အထဲမှာ
ကိုယ်တွေ့ဇာတ်လမ်းလေးတွေနဲ့ ယှဉ်ပြီးရှင်းပြထားတာဆိုတော့ ရှင်းကနဲ မြင်နိုင်ပါတယ်ဗျာ။

Best Teacher 11
https://myanmargazette.net/70540/business-economy/jobs-careers
ကတော့ ဆရာဝတ် ပါဗျာ။ အပေါ်က ပို့စ်တွေလိုပဲ ကိုယ်တွေ့ဇာတ်လမ်းလေးတွေနဲ့ ဖေါက်ရေးပြတော့
ဖတ်လို့ အင်မတန်ကောင်းပါတယ်။ တစ်ခုချင်းထုတ်မပြတော့ပါဘူး။ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

Best Teacher 12
https://myanmargazette.net/70697/business-economy/jobs-careers
ကတော့ ခံတွင်းမှ ဖွားသူများ ခေါင်းစဉ်နဲ့ ပါ။ အသေးစိတ် ရေးမပြနိုင်တော့လို့ ခွင့်လွှတ်ပေးပါ။ ဒီထဲမှာ
ဒီခေတ် တပည့်တွေ ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့တော့ မသိပဲ ၁၄ ဗယ်လင်တိုင်းဒေး တော့ သိတာလေးတွေ
ပါတယ်ဗျာ။ ဖတ်ကြည့်ကြပါ။

Best Teacher 13
https://myanmargazette.net/71303/business-economy/jobs-careers
ကတော့ ကျမအမေ (ဝါ) ကျမရဲ့လက်ဦးဆရာ ခေါင်းစဉ်နဲ့ပါ။
ညည်းက ဆရာမပီပီ သိပ် ဆရာလုပ်တာပဲအေ။ လို့ဆိုတတ်တဲ့ အမေနဲ့ ဆရာမကြီးအကြောင်းလေးပါ။
ဒီပို့စ်မှာ ကျွန်တော် ပေးခဲ့တဲ့ ကွန်းမန့်လေးကို အမှတ်တရ ပြန်ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

blackchaw says:
ဆရာ နေဝင်းမြင့် စကားနဲ့ ပြောရရင်
ကျွန်တော်တို့ အားလုံးက အမေ့ တက္ကသိုလ် က ကျောင်းဆင်းလာကြရတာ
အမေ့ ယူနီဗာစတီ ဆင်းတွေပဲ ဆရာမရေ။

Best Teacher 14
https://myanmargazette.net/72327/arts-humanities/languages-literature
ကတော့ ဗဟုသုတကို အထင်မသေးပါနဲ့ ခေါင်းစဉ်လေးနဲ့ပါ။ ဒါလေးကလည်း ကျွန်တော်တို့အတွက်
သင်ခန်းစာယူစရာလေးတွေပါတယ်ဗျာ။ သင်ယူချင်စိတ်ရှိသူတွေအတွက် ကိုသစ်မင်းနဲ့ ဆရာမကြီးတို့ရဲ့
အပြန်အလှန်ကွန်းမန့်လေးများကလည်း ပံ့ပိုးပေးပါလိမ့်မယ်ဗျာ။

Best Teacher 15
https://myanmargazette.net/73244/arts-humanities/languages-literature

ကတော့ အတန်းပိုင်ဆရာမ နှင့်ဒွေး နာမည်နဲ့ ပါ။
သင်တန်းသားတွေကို အင်္ဂလိပ်စာ အသံထွက် သင်ရာမှာ
ဒွေးရဲ့ (ကြော်ငြာမှာပါသော)ခွေးကြီးလို အောက်မေးလှုပ်ပြီး အသံထွက်ရမယ်ပြောရမှာကို
ဒွေးရဲ့ဂွေးကြီး လှုပ်သလို ဟု မှားပြောမိတဲ့ အကြောင်းလေးကို
ဆရာမကြီးက သဘာဝကျကျ ဟာသလေးရေးပြသွားတာ ဖတ်လို့ကောင်းပါတယ်။

Best Teacher 16
https://myanmargazette.net/74776/business-economy/jobs-careers
ကတော့ ဒါကျုပ်ဆရာမဗျ ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
ဈေးထဲတွင် အရက်မူးပြီး အရက်ဖိုးတောင်းသော ကောင်လေးတစ်ယောက်က နှင်ထုတ်ပေးသော ဈေးသည်ကို
ဒါကျုပ်ဆရာမဗျ လို့ ပြောသည့်အတွက် ငိုချင်သွားသော ဆရာမ ကြီး၏ ရသအရေးအဖွဲ့ကို ကိုယ်တိုင်ခံစား
ကြည့်စေချင်ပါသည်။

Best Teacher 17
https://myanmargazette.net/75918/business-economy/jobs-careers
အပိုင်း ၁ရ ဖြစ်တဲ့ ဆရာမလေးတို့ ပြန်တော့မယ် ဆိုတဲ့ ပို့စ်လေးကတော့ ဆရာမကြီးရဲ့ နေ့စဉ်မှတ်တမ်းထဲက
တစ်ရက်စီကို မှတ်တမ်းတင်ထားတဲ့ အသုံးလုံး အတွေ့အကြုံလေးတွေပါ။ ဖတ်ကြည့်ကြစေချင်ပါတယ်။

Best Teacher 18
https://myanmargazette.net/76280/business-economy/jobs-careers
ကတော့ ဝထကလသ အမည်နဲ့ ဖြစ်ပါတယ်။ အသုံးလုံးအတွေ့အကြုံလေးတွေ အစပြုထားတဲ့ ပို့စ်ပါဗျာ။

Best Teacher (19)
https://myanmargazette.net/77115/business-economy/jobs-careers
ကတော့ ထမင်းဆက်စားမှာလား၊ ထပြန်တာလား ခေါင်းစဉ်နဲ့ပါ။ ဆရာမကြီးရဲ့ ဒိုင်ယာရီကို
ပြန်ရေးပြထားတာ ဖြစ်ပါတယ်။ ၁၂.၄.၁၉၇ဝ မှ ၂၁.၄. ၁၉၇ဝ အထိ ဆရာမကြီး ဖြတ်သန်းခဲ့တဲ့ အကြောင်းအရာလေးတွေကို ရေးထားတဲ့ ပို့စ်လေးပါ။ လက်မှာ နှင်းခူလို အချပ်လိုက် အနာကြီးနဲ့ အဒေါ်ကြီးက
ဟင်းတွေလာထည့်ပေးလို့ စိတ်ညစ်သွားရတာလေးကို ရေးထားတာပါ။ အဒေါ်ကြီးကလည်း ရိပ်မိပေမယ့် ဘာမှမပြောတာလေးကို ရေးထားတာပါ။ ဆရာမကြီးရဲ့ မူရင်းစာသားအချို့ကို ဖေါ်ပြပါရစေ။

တစ်ခါတစ်လေကျမတို့သူငယ်ချင်းတွေပညာတတ်သူနဲ့ပညာမတတ်သူဆိုပြီးလူတွေရဲ့စရိုက်ကိုဝေဖန်လေ့ရှိကြ
တယ်။ ကျမရဲ ့ ကိုယ်ပိုင်အမြင်ကတော့လေ တစ်ချို ့ဟာ ပညာမတတ်ပေမဲ့ အသိစိတ် ရှိကြတယ်။
ဒီ Common Sense ဆိုတဲ့ လူတိုင်းသိထိုက်တဲ့အသိစိတ် ( ကျမ ကလေးတွေ ကို ပြောလေ့ ရှိတဲ့
စကားလေး… သောက်ရေအိုးထဲကို တံတွေး မထွေးရဘူး ဆိုတာ လူတိုင်းသိတယ်။ ဘယ်သူမှ
သင်ပေးစရာမလိုဘူး။ဒါ Common Sense ပဲ။) ဒီအသိစိတ် ရှိတဲ့ ပုဂ္ဂိုလ်တွေ ဟာ
စာမတတ်သော်လည်း လောကကြီးထဲက တစ်နေရာရာလေးမှာ နေပျော်တတ်ကြပါတယ်ရှင်။

ကိုယ်တိုင်ဖတ်ကြည့်ကြစေချင်ပါတယ်။

Best Teacher 20
https://myanmargazette.net/77486/business-economy/jobs-careers
ကတော့ ကံ့ကော်မြေမှ ထနောင်းတော သို့ ဆိုတဲ့ ပို့စ်လေးဖြစ်ပါတယ်။ ရေးလက်စ
စာမတတ်သူပပျောက်ရေး အသုံးလုံး ခရီးစဉ် အကြောင်းဆက်ရေးထားတာပါ။
ဒီပို့စ်မှာ မြင်းလှည်းဆရာကိုမြိုင် အကြောင်းလည်းဖတ်ရပါမယ်။
စာရေးဆရာကြီး ဦးလွန်းမြိုင် ၏ သတင်းစာပါဆောင်းပါးမှာ
ဆရာမကြီး အကြောင်းကို ဒီလိုရေးထားပါတယ်တဲ့။

“ပင်ပန်းသော်လည်း ပျော်ရွှင်ကျေနပ်မိသည်။ ခရိုင် ကျေးလက်
အခြေစိုက်စခန်း အဆင့်ဆင့် က တာဝန်ကျေစွာ စောင့်ရှောက်ကြသည်။ လုံခြုံမှု အပြည့်အဝ ရရှိအောင် စီစဉ်ပေးကြသည်။ကျေးလက်ပြည်သူများ ပွင့်လင်းရိုးသားကြသည်။ စာမတတ်သူ အချို ့ ပ ပျောက်ပြီး
စာသင်ပေးသူ ဆရာမလေးတို့ အပြန် ခရီး နှုတ်ဆက်ပွဲမှာ (နှင်းပျောက်တဲ့ နွေ တေး အကြော့)
ရင်ဝယ်ဆို့နစ်ပြီးမျက်ရည်စို့ ခဲ့ရပါသည်။ ဤတာဝန်ကို ထမ်းဆောင်ရသဖြင့် အတွေ့အကြုံများစွာရရှိ ခဲ့ပါသည်။
သူူငယ်ချင်းများလည်း လုပ်အားပေး လိုက်ပါကြပါရန် တိုက်တွန်းပါကြောင်းစသဖြင့် သန်းသန်းနုက တင်ပြသွားသည်မှာ ရင်ဝယ်တလှပ်လှပ်ခံစားမိသည်။”

Best Teacher စီးရီးကို ဖတ်ကြည့်ရုံနဲ့ ဆရာမကြီးရဲ့ ဘဝအတွေ့အကြုံနဲ့
ခံယူချက်တချို့ကို လေ့လာနိုင်ကြမှာပါ။

ဆရာမကြီးရဲ့ နောက်ထပ်စီးရီးတွေကိုလည်း ဖေါ်ပြပေးချင်ပါသေးတယ်။
ကျွန်တော်တို့လိုအင်္ဂလိပ်စာ လိုအပ်နေသူတွေအတွက် တန်ဘိုးရှိတဲ့စီးရီးလိုက် ပို့စ်လေးတွေပါ။
ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်မှတ်ကြဘို့ လင့်လေးတွေ ထည့်ပေးလိုက်ပါတယ်။

စကားလုံးများရဲ့ရာဇဝင် ၁
https://myanmargazette.net/80371/arts-humanities/languages-literature

စကားလုံးများရဲ့ ရာဇဝင် ၂
https://myanmargazette.net/81503/arts-humanities/languages-literature

စကားလုံးများရဲ့ ရာဇဝင် ၃
https://myanmargazette.net/83322/arts-humanities/languages-literature

စကားလုံးများရဲ့ ရာဇဝင် ၄
https://myanmargazette.net/85907/arts-humanities/languages-literature

Spoken English Patterns (10)
https://myanmargazette.net/73199/arts-humanities/languages-literature

Spoken English Patterns (9) Ashamed of …
https://myanmargazette.net/72104/arts-humanities/languages-literature

Spoken English Patterns (8) You don’t do this, what’s your excuse?
https://myanmargazette.net/71308/arts-humanities/languages-literature

Spoken English Patterns (7)
https://myanmargazette.net/68270/arts-humanities/languages-literature

Spoken English Patterns (6)
https://myanmargazette.net/67782/arts-humanities/languages-literature

Spoken English Patterns (5)
https://myanmargazette.net/66814/arts-humanities/languages-literature

Spoken English Patterns (4)
https://myanmargazette.net/65889/arts-humanities/languages-literature

Spoken English Patterns (3)
https://myanmargazette.net/65003/arts-humanities/languages-literature

Spoken English Patterns (2)
https://myanmargazette.net/64736/arts-humanities/languages-literature


Spoken English Patterns (1)

https://myanmargazette.net/64256/arts-humanities/languages-literature


Sound Patterns And Grammar In Burmese (5)

https://myanmargazette.net/64028/arts-humanities/languages-literature


Sound Patterns And Grammar In Bumese (4)

https://myanmargazette.net/63785/arts-humanities/languages-literature


Sound Patterns And Grammar In Burmese (3)

https://myanmargazette.net/63697/arts-humanities/languages-literature


Sound Patterns And Grammar In Burmese (2)

https://myanmargazette.net/63499/arts-humanities/languages-literature


Sound Patterns And Grammar In Burmese

https://myanmargazette.net/63346/arts-humanities/languages-literature

ဆရာမကြီးက အမေ ကို အချစ်ကြီးသူတစ်ယောက်ပါ။ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေလည်း ရေးထားပါတယ်ဗျာ။

အမေ
https://myanmargazette.net/78115/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

ဆရာမကြီး ရဲ့ အမေကိုလွမ်းတဲ့ပို့စ်လေးပါ။

မိလ္လာအလုပ်သမားကြီးဦးကျော်တင့် အလုပ်ပြီးလို့ ခြေတွေလက် တွေ ဆေးမလို့ ရေချိုးခန်းတံခါးကို ဆွဲအဖွင့်
ဆရာမကြီးအမေက ရေချိုးရင်း ဆပ်ပြာတိုက်နေတာနဲ့ သွားကြုံပါတယ်တဲ့။ ရှက်သွားတဲ့ ဦးကျော်တင့်
၂ ရက်လောက်အလုပ်မဆင်းပါဘူးတဲ့။ ဆရာမကြီးတို့က အမေကို ကြုံတိုင်း ဒီအကြောင်းလေးပြန်ပြောပြီး
စကြတဲ့ အကြောင်းလေးပါ။ ဆရာမကြီးက ပို့စ်လေးကို ဒီလို အဆုံးသတ်ထားပါတယ်။
ကျမတို့ အမေ့ကို လွမ်းနေတုန်းပါ အမေ တဲ့။
ပထမတော့ ပျော်စရာလေးတွေ အမှတ်တရပြန်ပြောပြီး အဆုံးကျတော့မှ လွမ်းနေတာလေးနဲ့ သိမ်းချလိုက်တဲ့
ဆရာမကြီးရဲ့ အရေးအသားကို ကွန်းမန့်လေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်ရမှာပါ ခင်ဗျာ။

အမေ့ခြေရာ
https://myanmargazette.net/78429/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
ဒါလေးကလည်း အမေကလွမ်းတဲ့ ပို့စ်လေးပါပဲ။

ကျမ အိမ်က ဘုရားခန်း ကျမထိုင်တဲ့နေရာ အတည့်လောက်မှာ အမေ့ခြေရာကို
မှန်ဘောင်သွင်းပြီး ယနေ့ထိ ကိုးကွယ်နေဆဲပါအမေ။ ရောက်ရှိရာဘုံဘဝက အမေ့
သမီးပြုသမျှ ကုသိုလ်တွေကို သာဓုခေါ်ပါအမေ။ အမေရေ အမျှ အမျှ အမျှ။
လွမ်းနေတုန်းပါပဲ အမေ။

တောက်တဲ့ ရှာသူကြောင့် အမေ့အုတ်ဂူလေး ပဲ့ကြွေ
https://myanmargazette.net/78544/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

အမေကိုလွမ်းတဲ့ ပို့စ်လေးပါပဲ။ ဆရာမကြီး အမေရဲ့ အုတ်ဂူလေးဟာ တောက်တဲ့ရှာတဲ့ သူတွေကြောင့် ပဲ့ကြွေသွားတာကို
ဆရာမကြီးရဲ့ အရေးအဖွဲ့ကြောင့် ကရုဏာ ရသ အပြည့်အဝ ရရှိမယ်လို့ အာမခံပါတယ်ခင်ဗျာ။

ကျမအမေ မပြောပြခဲ့တဲ့ ပုံပြင်များ
https://myanmargazette.net/80009/creative-writing

အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ….
https://myanmargazette.net/84012/creative-writing
နောက်ကျနေတဲ့ သတင်းစာပို့သူက ခြံထဲပစ်ထည့်လိုက်တာ ရေအိုင်အစပ်ကို သွားကြပါသတဲ့။
ဒါကိုတော့ ဆရာမကြီးက ခွင့်လွှတ်တွေး လေးတွေးပေးပါသတဲ့။ သတင်းစာဖတ်မလို့ လုပ်တော့
ဖုန်းမှားပြန်ပါတယ်တဲ့။ ဖုန်းပြန်ချပြီး သတင်းစာကို အကျင့်ပါနေတဲ့အတိုင်း နာရေးကြော်ငြာကစပြီး
လှန်ပါ တယ်တဲ့။ ဆရာမကြီးရဲ့ အကျင့်တစ်ခုက နာရေးကြော်ငြာမှာ သိတဲ့လူပါလာရင် ညှပ်ယူသိမ်းဆည်းထား
တဲ့ အကျင့်ရှိပါတယ်တဲ့။
အဲဒီလိုနဲ့ အတွေးတွေ ပျံ့လွင့်နေတာ ကိုရေးပြသွားတာ ကျွန်တော်တို့ ပါ ဆရာမကြီးရဲ့ အတွေးတွေထဲကို ေ
မျာပါစီးဝင်သွားရ လောက်အောင် ကို အရေးအသားက ကောင်းခဲ့ပါတယ်ဗျာ။
ဒီပို့စ်ကို ဖတ်ရတာ အားအရမ်းမစိုက်ရပါဘဲ အလွယ်တကူ ဆွဲခေါ်သွားတာကို အံ့ဩဘို့ကောင်းလောက်အောင်
တွေ့ရမှာပါ။ ကွန်းမန့်ပေါင်း ၁ရ ခုထဲက ကိုသစ်မင်းရဲ့ ကွန်းမန့်လေးကို အရင်ဖေါ်ပြပေးချင်ပါတယ်ဗျာ။

thit min says:
ဆရာမကြီးတီတီနုရေ
ကွန်ပလိန်းလေးတွေ လှပါတယ်။
အပေါ်က ၂ ပိုင်းရယ်။
အောက်က ၂ ပိုင်းရယ်ကို
ခွဲ ပြီး ၁ပုဒ်စီ ပို့စ်ရေးလိုက်ရင်ပိုပြီးတော်တော်လှသွားမဲ့စာလေးခင်ဗျ။
ဟဲ ဟဲ ……..အောက်က စာမျိုးက ရွာထဲမှာ သူကြီးက ရွာသူားတွေ ကို “ကလိ” နေကြစာမျိုးလေ။
ရွာသူားတွေ ကလဲ ကဲကဲဆတ်၊ ကျနော်တို့ သူကြီးကလဲ အနီတွေ၊နဘဲငဆတွေ ခံပြီးတော့ကို
ညင်းတာဗျ။
ဟဲ ဟဲ ကြည့်လို့တယ် ကောင်း။
ဘာဘဲ ဖြစ်ဖြစ် ကိုယ့်(Buddha)ဘာသာကိုခိုင်မာသထက်ခိုင်မာအောင်ညင်းကြပေါ့။
(တကယ်သူကြီးလိုချင်တာ အဲဒါလို့ထင်မိတယ်)
ကျနော် အဲဒီလိုစဉ်းစားမိတာပါဘဲ။
ခုလဲ ညင်းကြမှာပါ မပူပါနဲ့ဗျာ။
မန်းဒလေးကို လာမယ်။တီတီနုဆီ လာပြီးမှတခြားသွားမယ်။ အိုကေလားဗျ?
လေးစားစွာ
(^^)

ကိုဆန်နီရဲ့ ဆရာမကြီးကို ပေးထားတဲ့ကွန်းမန့်လေးကိုလည်း ကြည်နူးစရာ လေးမို့ ဖေါ်ပြပေးချင်ပါတယ်ခင်ဗျာ။

Sonny says:
TTNU ဆရာမကြီးခင်ဗျား
ကုသိုလ်လုပ်ရင်း အကုသိုလ်တွေဖြစ်တတ်ပါတယ်။
သီလရှင်လေးတွေကိုဆန်ဖြစ်ဖြစ်လောင်းတဲ့အခါ သူတို့ဘယ်လိုပြုမူပြုမူ ကိုယ်က သံဃာ အားလုံးအတွက်
ရည်စူးပြီး လှူ ဒါန်း ရင် ကောင်းပါတယ်။ သူတို့ဆီက ဘာသံကြား ကြား ဘာပြုမူတာတွေ့တွေ့ စိတ်က မဝေဖန်လိုုက်နဲ့ အကုသိုလ်ဖြစ်သွားတတ်ပါတယ် လို့ ထင်မိပါတယ်။ တစ်ခါ တလေ သီလရှင် လေးတွေက
ကိုးယီးယားကား အကြောင်းတောင် ပြောတာ သားဆန်လောင်းရင်းကြားဘူးပါတယ်။
ကို က လှူ ပြီး ပြတ်သွားပြီလေ။ သူတိုပြုတဲ့ အရာတွေ ကိုဘေးဖယ်မှစိတ်ထဲကထုတ်နိုင်မှ နိုမို့လို့ကတော့…
ချစ်ခြင်းအားဖြင့်.. ကိုဆန်နီ.

ဆရာမကြီး ရဲ့ အတွေးတွေကို လိုက်ပါစီးနင်း ကြည့်ကြစေချင်ပါတယ်ခင်ဗျာ။

ဤခရီး အတော်နီးလှပြီ
https://myanmargazette.net/85118/creative-writing
ဆရာမကြီးက အချိန်လေးတွေကို ဇယားလေးတစ်ခုနဲ့ ဖေါ်ပြထားပေးပါတယ်။ ပြီးမှ မေးခွန်းလေးတွေ မေးပါတယ်။

(၁) သင် …. အခု ဘယ်အရွယ်ရောက်နေပြီလဲ ?
(၂) သင် …. အခု ဘာလုပ်နေသလဲ၊ ဘာလုပ်သင့်သလဲ ?
(၃) သင် …. ဘဝ အတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ ?
(၄) သင် …. ဘဝအတွက် လက်ကျန် အချိန်ကိုတန်ဖိုးရှိအောင် ဘယ်လို အသုံးချမလဲ ?
(၅) သင် …. ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အသက်မှာ၊ ဘယ်ရောဂါနှိပ်စက်ခံရပြီး၊
ဘယ်နေရာ၊ ဘယ်ဒေသမှာ၊ ဘဝနိဂုံးချုပ်လို့၊ ဘယ်သုသာန်မှာ မြှုပ်နှံ သင်္ဂြ ိုလ်ခံရမယ်ဆိုတာ၊
မရေရာတဲ့ သင့်ဘဝအတွက် ဘဝအာမခံချက်တွေ ရရှိပြီးပြီလား ?
သင် လူ့ပြည်မှ ထွက်ခွာဖို့ အချိန်နီးလာပြီ။ တရားမမေ့ပါနှင့်။

မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏မဖြစ်၏ ခေါင်းစဉ်နဲ့ ကိုပေါက်ရေးတဲ့ ပို့စ်လေးမှာ ကျွန်တော်တို့ ရွာသူရွာသားတွေ ကွန်းမန့်ပေးခဲ့ကြတာလေးတွေကို ပြန်ဖေါ်ပြပါတယ်ခင်ဗျာ။ ပြီးမှ ဆရာမကြီးက ကျွန်တော်တို့ကို စေတနာနဲ့
သတိပေးစကားလေးပြောကြားပြီး ပို့စ်ကို အဆုံးသတ်ထားပါတယ်။

ဒါပေမဲ့ ကိုယ် အထက်က ဖော်ပြခဲ့တဲ့ အချိန်ဇယားလေးကိုနေ့တိုင်းဖတ်မိတယ်၊
ဖတ်တိုင်း အချိန်မရှိတော့ဘူးဆိုတာ စဉ်းစားမိတယ်။ စဉ်းစားမိတိုင်း ရေရာတဲ့
ဘဝဖြစ်အောင် သေရွာပါသွားမဲ့ အာမခံချက်လေးတွေ အားထုတ်မိတယ်။
ငယ်ငယ်ကြီးကြီး မိတ်ဆွေတို့လည်း အသေမဦးမီ အသိဦးစေချင်လို့
ပျော်စရာမကောင်းပေမဲ့ စေတနာကောင်းလေးနဲ့ ဒီ ပို့စ် လေးတင်လိုက်ပါတယ်နော်

ကျေးဇူးတင်ပါတယ် ဆရာမကြီးခင်ဗျာ။ ဆရာမကြီးရဲ့ သတိပေးမှုကို ကျွန်ုပ်ဘလက်က လေးစားစွာနဲ့
ခံယူသွားပါကြောင်း ပြောပါရစေခင်ဗျာ။ ရွာသူရွာသားတွေလည်း ဒီပို့စ်လေးကို ဖတ်ပြီး သေရွာပါမယ့်
အာမခံချက်လေးတွေရအောင် လုပ်ကြဘို့ တိုက်တွန်းပေးလိုက်ပါသည်။
ကွန်းမန့်လေးတွေဝေဝေဆာဆာနှင့် ဆရာမကြီးကလည်း တလေးတစားပြန်ဆွေးနွေး
ထားတာလေး တွေနှင့် ပီတိဖြစ်စရာ ပို့စ်လေးပါခင်ဗျာ။

ဆက်ပျံ့နေဦးမယ့် အတွေးစများ
https://myanmargazette.net/86395/creative-writing
ဆရာမကြီးရဲ့ အတွေးဝင်္ကဘာထဲကို လိုက်ပါစီးမျော ရမယ့်ပို့စ်လေးပါ။ ဆက်တိုက်လာနေတဲ့အတွေးတွေကို ဖမ်းယူပြီးရေးထားတဲ့ ပို့စ်လေးပါခင်ဗျာ။
တွေးလို့ကောင်းမယ့် ကြောင်ကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

ကြောင်ကြီး says:
“အိမ် ပြန်စားချေ” ဆိုတဲ့ စကားလုံးလေးကို ဖတ်ပြီး အမှတ်မထင် အတွေးတခု ပေါ်မိတယ်
တူမချောလေးရှိတဲ့ အန်တီယောက္ခမလောင်း တီချယ်ကြီး။
သချာင်္မှာ ပိုင်းခြေ၊ ပိုင်းဝေ ဆိုတာ ရှိတယ် မဟုတ်လား။ ပိုင်းဝေက အပေါ်ကိန်း၊ ပိုင်းခြေက
အောက်ကိန်း စားခြေပေါ့။ စားခြေကြီးရင် ကြီးသလို ထွက်လာတဲ့ ရလဒ် သေးသွားတယ်။
အိမ်ပြန်တဲ့အခါ ကျနော်တို့ရဲ့ ရလဒ်အဖြေလည်း ကြီးမလား၊ သေးမလား အဖြေမသိသေးတဲ့
သချာင်္တပုဒ်တွက်သလို တွက်နေမိပါတယ်။

31 comments

  • Moe Z

    January 12, 2012 at 2:58 pm

    တီချာရေ သမီးကတီချာ့အတန်းတွေကို မလွတ်တမ်းတတ်တယ်နော်
    သမီးကို အမှတ်များများပေး 😀
    တီချာ့ရဲ့ဆုံးမစာတွေကိုလည်း စောင့်နေကြောင်းပါ…

    • ကိုရင်စည်သူ

      January 12, 2012 at 4:49 pm

      တားလည်း တီချယ့်အတန်းဆို ပုံမှန်တက်တယ်။
      ဆုံးမဒါလည်း နာခံတယ်.. အပေါ်က မိုးနေးက
      အရှေ့ကနေ လာလာပိတ်နေဒယ်.. တီချယ်..
      တားတား စာတွေမမြင်ရဘူး။ သူကိုယ်ကြီးနဲ့ကွယ်နေလို့.. ဗြဲ.. 😥 😥
      တီချယ် တုတ်ကြီးကြီးနဲ့ရိုက်ပေးပါ။
      တားတားတိုင်ပါတယ်နော့

      စာအတော်ဆုံးတပည့်လေး
      ကိုရင်စည်…

      • TTNU

        January 12, 2012 at 10:15 pm

        ကိုရင်
        ကိုယ့်ထက်ငယ်သူကိုဦးစားပေးရမှာလေ။
        တွတ်တွတ် မငိုနဲ့၊ ကိုရင်ကို အေဘီစီဒီ အပြင်
        သမ္ဗုဒ္ဓေ ပါ တီချာ အပိုသင်ပေးမယ်။
        သွားသွား လိမ်မာတယ်၊ နှပ်ချေးတွေ သုတ်လိုက်ဦး။

    • TTNU

      January 12, 2012 at 10:10 pm

      မိုးစက်လေးရေ…
      ကျေးဇူးတင်ပါတယ်။ အမှတ်အများကြီးရအောင်၊ ကိုရင်တွေထက်သာအောင်
      စာကြိုးစားရမယ်နော်။ရှောင်လင်ကျောင်းက ကိုရင်တွေဆိုရင် စာတအားကျက်တာ။

  • windtalker

    January 12, 2012 at 3:11 pm

    အမှန်အတိုင်း ဝန်ခံရရင်
    ဆရာမကြီး ဒေါ်သန်းသန်းနု ရဲ ့ချက်ပတာ များ လက်စင်များကို မပြတ်လေ့လာခဲ့မိတာမို ့
    ဆရာမကြီး သည် မစ်စတာပေ ၏ မြင်ဆရာ တစ်ဦးဖြစ်ပါသည် ခင်ဗျား ။
    ယခုကဲ့သို ့ဆရာမကြီး ၏ စာများ ကို စုံနေအောင် အချိန်ကုန်ခံ မျက်မှန်ပါဝါအတိုးခံပြီး ကြိုးစားပေးထားသော မဲကိုကို တစ်ယောက် စမောလ်ကြည် ထီပေါက် မာဆတ်ရောက်ပါစေ ။

    • TTNU

      January 12, 2012 at 10:21 pm

      မောင်ပေသည် ကျမ၏ မြင်တပည့်တစ်ဦးဖြစ်သည့်အပြင်
      ကျမ၏ Blog တင်နည်းသင်ဆရာတစ်ဦးလည်း ဖြစ်ကြောင်း
      အတည်ပြုပါသည်။

      မောင်ပေသာ သင်မပေးခဲ့ရင် ကျမ Post တိုင်းသည် Copy/Paste တွေချည်း
      ဖြစ်ကုန်မှာသေချာပါသည်။

  • manawphyulay

    January 12, 2012 at 3:48 pm

    တီချာရဲ့ လယ်ချာတွေ အကုန်မလိုက်ရသေးတာနဲ့ အတော်ပဲ ဖြစ်သွားတယ်။ အကုန်လုံး လေ့လာဖို့ အတော်ကို လိုသေးပါလား…. တီချာရေ များများလေး ၂၀၁၂ မှာလည်း သင်ကြားပို့ချပေးပါဦးနော်။

  • etone

    January 12, 2012 at 4:57 pm

    ဂေဇက်ရွာသူရွာသားတွေ အင်္ဂလိပ်စာဖွံ့ဖြိုးဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားပေးနေတဲ့ တီချယ်ကြီးကိုရော … အလွယ်တကူပြန်ရှာဖတ်လို့ရအောင် တင်ပေးတဲ့ ကိုချောကလက်ကြီးကိုရော ရှဲရှဲပါလို့ .. 🙂

  • yaungchikha

    January 12, 2012 at 5:00 pm

    တီချာရဲ့ စာတွေကို အကုန်မဖတ်ဖြစ်သေးဘူး၊ ကိုဘက်လက် တူးဆွပေးေတော့မှ ဖတ်ဖို့ လိုအပ်တာတွေ ရှိနေသေးတယ်ဆိုတာ သိရတယ်၊ ကျေးဇူးပါ ကိုဘလက်၊ မဖတ်ရသေးတဲ့ တီချာစာတွေ ဖတ်လိုက်ဦးမယ်…..

  • ငပေါက်ဖော်

    January 12, 2012 at 5:41 pm

    ဆြာမကြီးချင့်
    သများကတော့ ဆြာမကြီးတီတီနုရဲ့ အမာခံ၊အပျော့ခံ၊မမာမပျော့ခံ ပိတ်သတ်ပါချင့်
    ကွန်းမန် ့ဝင်မပေးမိတာတွေချိပေမဲ့..ဆြာမရီးကို အမြဲအားပေးလျက်ပါချင့်
    သများတို ့..မလိမ်မာတာရှိရင်လဲ ဆွဲစိတ်နိုင်ပါတယ်ချင့်
    ပုံ၊
    ချယ်ကြီးရဲ့ ဘလူးမျက်လုံးနဲ ့ ယမကာချစ်တပည့် ပေါက်ပေါက်

  • thit min

    January 12, 2012 at 6:11 pm

    စိတ်ကူးကောင်းတွေရှိရင်တောင် ပြောတတ်ဖို့ဆိုတာလိုသေးတယ်။
    ပြောတတ်တယ်ဆိုရင်တောင် လက်တွေ့လုပ်ပြနိုင်ဖို့ကခက်ပါတယ်။
    စိတ်ကူးတွေကို အကောင်အထည်ဖြစ်စေသော ကိုဘလက်ရဲ့အားထုတ်မှုလက်ဆောင်လေးတွေကို
    ကျနော်တို့ဝမ်းသာအားရ ရယူကြရင်း ကျေးဇူးတင်နေမိပါတယ်။
    ဆရာမကြီးတီတီနုဆိုတာကျနော်မမြင်ဘူးပေမဲ့ဟိုးအစထဲက သူ့စာ၊သူ့စကား၊သူ့ကော်မန့်
    တွေအရခင်မင်လေးစားလျှက်ရှိရသူပါ။
    ကျနော်လိုအဖြောင့်ဘဲကြည့်တတ်သူတယောက်အတွက်ဆရာမကြီးဟာလွန်စွာဖြောင့်စင်းသော
    မြှားတစင်းပမာလိုရာထွင်းဖောက်နိုင်စွမ်းရှိသူပါ။
    ကိုဘလက်ကရော လို့မေးလာရင်၊ သူလဲ အရှိန်ဟုန်ပြင်းတဲ့ ပရမြှားတစင်းဆိုတာအားလုံးအသိပါ။
    အစွမ်းအစရှိမှဖြစ်လို့ရတဲ့ မြှားမျိုးတော့မဟုတ်ပါဘူး။အစွမ်းအစဆိုတာ ဒုတိယ၊တတိယနေရာမှာပါ။
    မေတ္တာနဲ့ ပြစ်ခွင်း ဤမြှားအစင်းစင်းတို့၏၊ တနည်းအားဖြင့်ဤမေတ္တာမြှားတို့၏ ထိခိုက်စူးနစ်ခံရသော
    သင်တို့ သင်တို့ (ဆရာမကြီးတီတီနု၊ဖန်တီးသူကိုဘလက်ချောနှင့်မေတ္တာစစ်စစ်မြှားပစ်သူအားလုံးတို့၏)
    ကျနော်တို့အားလုံး၏ နှလုံးသားအား ကြည်နူးချင်းပီတိဖြာသောမေတ္တာဓာတ်တို့ကိုအဖန်ဖန်တလဲလဲ
    ပေါ်ထွက်နိုင်အောင်စွမ်းဆောင်နိုင်ပေစွ။
    စိတ်၏ရောင်ပြန်အမှန်မလွဲအောင်ပွဲခံစေ ချစ်မိတ်ဆွေတို့။
    ချစ်ခင်လေးစားမေတ္တာများဖြင့်
    မောင်သစ်မင်း

    • TTNU

      January 12, 2012 at 10:42 pm

      ကိုသစ်
      Comment ကိုက လှနေလိုက်တာ။
      ရှင်ကတော့ Keyboard ညွှန်ရာရွှေဖြစ်စေသတည်းပါပဲရှင်။
      မေတ္တာပေး၍ မေတ္တာရနေသူများရဲ ့ ကမ ္ဘာထဲမှာ တီချာတို့ အတူတကွ
      လူလာဖြစ်ခွင့်ရကြတယ်လို့ တွေးမိပါတယ်။
      ကိုသစ်ပြောတဲ့ စိတ်၏ရောင်ပြန်အမှန်မလွဲအောင်ပွဲခံစေ ချစ်မိတ်ဆွေတို့
      ဆိုတာလေးကို ကြည်နူးစွာ အကြိမ်ကြိမ် ဖတ်မိပါတယ်။
      မေတ္တာနဲ့ ပြစ်ခွင်း ဤမြှားအစင်းစင်းဖြစ်တာမို့ ” မောင့်အချစ်မြားစူး…
      ရူးရပြီကောကွယ် ” နဲ့တော့ တစ်ဘာသာစီဖြစ်မှာသေချာပါတယ်။

  • TTNU

    January 12, 2012 at 10:04 pm

    ကိုဘလက်ချောရေ…
    ဂဇက်မဝင်ဖြစ်တာ နည်းနည်းကြာပြီ၊ ညနေက မောင်ပေပြောလို့ တီချာ့ကိုရေးထားပြီ
    ဆိုလို့ ကြည့်မယ်ကြံပါတယ်ကွယ်၊ အထွေထွေ အလုပ်ရှုပ်မှုများ ရှိနေရော။
    ကဲ အားပြီ၊ အားရပါးရကိုဖတ်ဦးမှ ပြင်နေတုန်း မောင်လျှပ်စစ်မီး ဖောက်ပြန်လိုက်တာ၊
    အခု ည(၁၀)နာရီမှ ပြန်လာတယ်။ ဒါကြောင့် မနက် စောစောကြီး တရားစခန်းသွားမှာမို့
    စောစောအိပ်မယ်စိတ်ကူးပေမဲ့ အချိန်ကလေးများရှာဖွေပြီး စာပြန်လိုက်ပါတယ်။

    မောင်ဘလက်ရယ် ကျေးဇူးအများကြီးတင်ပါတယ်။ တီချာ့ စာတွေရှာဖွေပြလို့ထက် မောင်ရင်
    ရဲ ့ အပင်ပန်းခံစွာ စေတနာကြီးစွာ လုပ်ဆောင်မှုကို မှတ်တမ်းမတင်ဘဲ မနေနှိုင်ပါ။ တီချာကလေ
    တီချာ့စာတွေရဲ ့ အဲဒီ links ဆိုတာတွေ မရှာတတ်လို့ Poochတို့ ကိုပေါက်တို့ကိုမေးနေတာ။
    ဟိုတစ်နေ့ကမှ ရှာတတ်သွားပြီး Folder တစ်ခုဖွင့်ထားရတာ။ တစ်ချို ့ကျန်နေသေးတာ။
    ကျေးဇူးအရမ်းတင်ပါတယ်ကွယ်။

    မေတ္တာပို့သလျက်
    တီချာနု

  • Khin Latt

    January 12, 2012 at 10:14 pm

    ကိုဘလက် ရေ
    ကျွန်မတော့ ကိုဘလက်ကို ဘယ်လို ဆုမျိုး ပေးရမလဲ စဉ်းစားနေပါတယ်။
    ဒါမျိုး စာကောင်း တွေစုစည်း ဖို့ ဟာ တော်ရုံ စာဖတ်တတ်ရုံ အချိန်ရှိရုံ နဲ့ မရပါဘူး။
    အတော်လေး အားစိုက် နိုင်တဲ့ စေတနာ ပါပါမှ ရပါတယ်။
    ကျွန်မ တကဲ့ကို အလေးပြု ပါတယ်။

    တီချာကြီးရှင့် – တီချာကြီး ရဲ့ တပည့် များ အပေါ်ထားတဲ့ စေတနာ ကို လေးစားလှပါတယ်။
    တီချာကြီး နှင့် ဒီလို အီလက်ထရောနစ် Friend အဖြစ် 😉 သိကျွမ်း ခင်မင် ရတာကို ဂုဏ်ယူမိရုံ မက အပြင်မှာပါ တွေ့ဆုံပါစေ ဆုတောင်းပါတယ်။
    လေးစားခင်မင်စွာဖြင့်
    မလတ်

    • TTNU

      January 12, 2012 at 10:50 pm

      မလတ်ရေ…
      တီချာပေးတဲ့ အမည်လေးကိုတမြတ်တနိုး သုံးနေလို့ ကျေနပ်နေတာပါ။
      တစ်နေ့နေ့ ဆုံခွင့်ကြုံကြမယ်လို့ မျှော်လင့်ထားပါတယ်။

      မဝေရေ…
      စကားနည်းသူတစ်ဦးဖြစ်တယ်လို့ ဖတ်မိပါတယ်။ စာအရေးအသားကြွယ်တာကိုလည်း
      သတိထားမိပါတယ်။ မေတ္တာရှိရင်းစွဲပါ မဝေ။

  • weiwei

    January 12, 2012 at 10:23 pm

    ကျွန်မကတော့ တီချယ်ကြီး သင်ခန်းစာတွေကို အမြဲမဖတ်ဖြစ်ပါဘူး … အတန်းလစ်တဲ့တပည့်လို့ပဲ သတ်မှတ်ပေးပါ … တီချယ်ကြီးကို စိတ်ထဲက ခင်မင်ရင်းနှီးနေပါတယ် … အပြင်မှာလဲ တွေ့ချင်ပါသေးတယ် …

  • TTNU

    January 12, 2012 at 10:31 pm

    မနောလေးရေ…
    အားရင်အားသလို ဆက်တင်သွားမယ်နော်။ ဖတ်ဖို့ မှတ်ဖို့ သမီးတို့ တာဝန်နော်။

    အိတုန်လေးရေ…
    အလှူငွေတွေ ကိုပေါက် အစီအစဉ်နဲ့ ပါးလိုက်မယ်နော်။ စိတ်မပျက်ကြေးနော်။

    ရောင်ခြည်ခ ရေ…
    တီချာသမီးကို သိပ်မသိသေးပေမဲ့ နာမည်လေးက အာရုံထဲမှာစွဲမြဲစေပါတယ်။
    ကျေးဇူးပါနော်။

    ဆြာမကြီးတီတီနုရဲ့ အမာခံ၊အပျော့ခံ၊မမာမပျော့ခံ ပိတ်သတ်ပါချင့်ဆိုတဲ့
    ယမကာချစ်တပည့် ပေါက်ပေါက်ရေ…
    ညည်းစာရောဖတ်ရဲ ့လားအေ၊ ခေါင်းကိုမူးနေတာပဲ။
    ကိုပေါက်ဖော်ရေ…တီချာ Dolphin Post ထဲမှာ နာမည်ထည့်ရေးမိတာ စိတ်မဆိုးနဲ့နော်။

  • inz@ghi

    January 12, 2012 at 10:38 pm

    တီချယ်ကြီး ခင်ည …
    tobacco ကို …တဘေးခိုး.. လား ..တိုဘားကိုး လား မသိတော့လောက်အောင်..
    အသံထွက်ညံ့ဖျင်းစုတ်ပြတ်သတ်လျက်ရှိတဲ့ …..
    သိုးမည်း တပဲ့ ….(တပည့် ဟုပင်မခံယူဝံ့ေသော ..တစတစနဲ့ ပဲ့နေသော …)

    ရွာ့ အော်ဂျောလန် ဂီဂီမှ
    မဝံ့မရဲ ဂုဏ်ပြုသွားပါကြောင်း….

    ကျန်းမာရွှင်လန်းပါစေ ဆရာမ …….

    P.S…အသားကျနေ၍ “မင်္ဂလာပါ ဆရာမ ..” ဟု …. ပြင်၍မရတော့ပါ ….(ပြင်ရန်လည်း စိတ်ကူးမရှိပါ…)

    ပုံ
    နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး …ကျနော် သိသမျှသော ရိုသေသမှု အလုံးစုံဖြင့်
    ဂီ…

    • TTNU

      January 12, 2012 at 11:03 pm

      မောင်ဂီ…
      Will you eat fowl curry?
      (ဝေလယူအိထဖောင်လကာရီ ) အသံထွက်နဲ့တောင်မှ တို့ဗမာတွေရဲစွမ်းပြမည်
      အာဇာနည်ပီပီ လုပ်ခဲ့သေးတာ၊ တဘေးခိုး.. လား ..တိုဘားကိုး လား လောက်ကတော့
      အေးဆေးပါ။ Cool,man!
      မောင်ဂီရေ..ကျန်းမာရွှင်လန်းပါစေ ဆရာမ …….ကို ပိုကြိုက်ပါတယ်။ ဒီအရွယ်မှာ
      တီချာအတွက်ဒါပဲလိုအပ်တာကိုး။ ” ငါမအိုသေး” လို့ လက်သီးလက်မောင်းတန်းနေရင် ပျင်းတွဲ့ကျနေသော လက်မောင်းသားများက ဟားတိုက်ရယ်မောနေပါလိမ့်မယ်။

      BTW.. မင်းက ရုပ်ရှင်မင်းသားရဲတိုက်နဲ့ သိပ်တူတယ်နော်။ 😀

    • Khin Latt

      January 13, 2012 at 3:55 am

      ဂီဂီ ရေ

      ~~ နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး ..ကျန်းမာရွှင်လန်းပါစေ ဆရာမ … ~~~~

      ဘယ်ကျောင်းကလဲ သိနေတယ်နော်။ စပ်ရင် တစ်ဝက်တစ်ပျက် တော်ဦးမဲ့ အမျိုး။ မပြောတော့ဘူး။ 😉

  • MaMa

    January 12, 2012 at 10:44 pm

    ငယ်ငယ်ကတည်းက ဘဝအိမ်မက်က ဆရာမ ဖြစ်ချင်တာ။
    ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရခဲ့ပေမယ့် ဆရာ့ဂုဏ်နဲ့ ပြည့်စုံသော တီချာကြီးကို လူကိုယ်တိုင် မဆုံတွေ့ဖူးသော်လည်း စိတ်ထဲကတော့ ခင်မင်ရင်းနှီးနေပါတယ်။
    ရွာထဲမှာ ရေစက်ဆုံကြရတာမို့ ရွာသူအချင်းချင်း သူငယ်ချင်းလည်း သူငယ်ချင်းပေါ့နော် တီချာ။ 😀

    • TTNU

      January 12, 2012 at 11:10 pm

      မမရေ..
      သူငယ်ချင်းဆိုလို့လေ တီချာကလည်း မကြီးမငယ်နဲ့ ဉာဏ်လင်းအောင်ရဲ ့
      သူငယ်ချင်း သီချင်းကို သိပ်ကြိုက်တယ်။ ခံစားချက်ထက် ဒီကလေးအသံကိုက
      လှိုင်းခတ်နေသလိုပဲ။
      သူငယ်ချင်းမမလေးရေ.. တီချာ မ​ န ္တလေးမှာရှိနေမယ်နော်။ Keep in touch လုပ်ပါ။
      ချစ်တဲ့ တီချာ

  • မာမီရေ
    ကျနော်ကတော့ အတန်းလစ်သူမဟုတ်ဘူး။
    အတန်းမတက်သူလို့တောင်ပြောလို့ရပါတယ်။
    ရွာထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာလုပ်ဘို့ စိုင်းပြင်းလာတော့ မာမီစာတွေအများကြီး
    မဖတ်ဖြစ်ဘူးဆိုတာဝန်ခံပါ၏။
    ၎င်းအပြစ်အတွက်
    ငယ်ငယ်က ကပ်လွဲခဲ့ရသော မာမီ၏ မီးတောက်ကြိမ်လုံးဖြင့် နာနာအဆော်ခံရန် အိမ်သို့လာခဲ့ပါမည်။

    ခင်ဗျား…………………………………..

    • TTNU

      January 12, 2012 at 11:18 pm

      ကိုပေါက်ရေ…
      ကြည့်လိုက်တိုင်း ကုလသမဂ္ဂ အတွင်းရေးမှူးကြီးလို အလုပ်တွေများနေတာမို့
      တီချာ့စာတွေ မဖတ်ဖြစ်တာ နားလည်ပါတယ်။ တီချာလည်း မင်းကိုမရိုက်ဘဲ
      ကန်တော်ကြီးရေပြင်ကိုရိုက်လိုက်ရင် ဓာတ်ပုံဆရာ ကိုပေါက်ကျိုင်း ပေါ်လာမလား
      လို့ တွေးနေမိတယ်။

  • ကိုဘလက်ချောရေ မန်းသူမန်းသားတို ့ရဲ ့ဂေဇက်ရွာကဆိုတော့ ကျနော်တို ့မပါတော့ဘူးပေါ့နော်။စိတ်မကောင်းလိုက်တာဗျာ။
    ဒါပေမယ့် မှတ်သားစရာပြန်ဖော်ထုတ်ပေးနေတဲ့ ကိုဘလက်ချောကိုတော့ အားကျလေးစားရပါတယ်။ပြန်ရှာဖတ်မိတဲ့စာတွေထဲက
    …..

    ဆရာမကြီးက အချိန်လေးတွေကို ဇယားလေးတစ်ခုနဲ့ ဖေါ်ပြထားပေးပါတယ်။ ပြီးမှ မေးခွန်းလေးတွေ မေးပါတယ်။
    (၁) သင် …. အခု ဘယ်အရွယ်ရောက်နေပြီလဲ ?
    (၂) သင် …. အခု ဘာလုပ်နေသလဲ၊ ဘာလုပ်သင့်သလဲ ?
    (၃) သင် …. ဘဝ အတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ ?
    (၄) သင် …. ဘဝအတွက် လက်ကျန် အချိန်ကိုတန်ဖိုးရှိအောင် ဘယ်လို အသုံးချမလဲ ?
    (၅) သင် …. ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အသက်မှာ၊ ဘယ်ရောဂါနှိပ်စက်ခံရပြီး၊
    ဘယ်နေရာ၊ ဘယ်ဒေသမှာ၊ ဘဝနိဂုံးချုပ်လို့၊ ဘယ်သုသာန်မှာ မြှုပ်နှံ သင်္ဂြ ိုလ်ခံရမယ်ဆိုတာ၊
    မရေရာတဲ့ သင့်ဘဝအတွက် ဘဝအာမခံချက်တွေ ရရှိပြီးပြီလား ?
    သင် လူ့ပြည်မှ ထွက်ခွာဖို့ အချိန်နီးလာပြီ။ တရားမမေ့ပါနှင့်။

    • TTNU

      January 13, 2012 at 11:39 am

      ကိုသန်းထွဋ်ဦးရေ…
      မန်းသူမန်းသားတို ့ရဲ ့ဂေဇက်ရွာ ဆိုတာ တီချာတို့ မန ္တလေးသူ/သားတွေ
      ကိုပြောတာပါကွယ်။

  • ကြောင်ကြီး

    January 13, 2012 at 8:26 am

    တီချယ်ကြီး
    ထီဝယ်ပြီး
    သီတွယ်ပုတီး၊
    ဒီမယ်သဂျီး
    လီဆယ်ရွှီး
    ပလီကြွယ်ဖြီး၊
    ညီတယ်မငြီး
    စည်ရယ်တီး
    ကြည်ဇယ်သတည်း
    တီချယ်ကြီး…။

    • TTNU

      January 13, 2012 at 11:41 am

      ကိုကြီးကြောင်
      နောက်ကျတယ်နော်။
      မလာသေးပါလားလို့ မျှော်နေတာ ငါ့တူရေ.. 😛

  • နွယ်ပင်

    January 13, 2012 at 12:26 pm

    တီချယ်ကြီးရဲ့ သင်ခန်းစာတော်တော်များကို ဖတ်ဖူးပင်မယ့် အခုတော့
    မဖတ်ရသေးတဲ့ သင်ခန်းစာတွေကိုလည်း ကိုဘလက်ကျေးဇူးကြောင့် ပြန်ရှာဖတ်လိုက်ပါဦးမယ်
    တီချယ်ကြီးရဲ့ စာတွေက ဖတ်လိုက်တိုင်း တစ်ခုခုကို ရသွားတာကတော့အမှန်ပါပဲ
    တီချာကြီးရဲ့ဆုံးမစာတွေကိုလည်း စောင့်ဖတ်နေပါတယ် ……….

  • pooch

    January 13, 2012 at 2:39 pm

    pattern တွေ အကုန်မဆွဲရသေးလို့ ခုမှပဲ အကုန်ဆွဲဖြစ်တော့မယ် ရှာစရာမလိုတော့ဘူး
    ကိုဘလက်ချောရေ ကျေးဇူးပါ.. စေတနာတွေနဲ့ အပင်ပန်းခံပေးလို့

    ကျမတော့ တီချယ်ရဲ့ ကြိမ်လုံးမီးတောက်ကို ကြောက်လို့ မနက်က တရားစခန်းလိုက်ပြီး တချိန်ဝင်ထိုင်ခဲ့တယ်… ခေါ်တာကို အခုမှ ကျေးဇူးတင်ရကောင်းမှန်းသိတယ်… ဟီး.. :mrgreen:
    အစကတော့ သွားမယ်သွားမယ်နဲ့ ပျင်းနေတာဒီနေ့မှ ကြိမ်လုံးကြောက်ပြီး သွားတာ ….

  • စုံ စုံ

    January 13, 2012 at 2:56 pm

    တီချယ်ရေ အရင်ကတော့တီချယ်ရဲ့လက်ချာတွေကို သေချာပရင့်ထုတ်ပြီး
    စုစည်းခဲ့တာလေ အားရင်ပြန်ဖတ်ရအောင်ပေါ့ နောက်ပိုင်းတီချယ့်ပို့စ်တွေကိုတော့
    မအားလို့မဖတ်ဖြစ်ခဲ့တာဝန်ခံပါတယ်
    အခုဦးဘလက်ကသေချာ ပြန်စီစစ်ပေးတော့ တကူးတကပြန်ရှာစရာမလိုလောက်အောင်
    ပြည့်စုံသွားလို့ ဦးဘလက်ကိုကော တီချယ်ကိုကောကျေးဇူးတွေအထူးတင်ပါတယ်နော်
    တီချယ်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့နော်..

Leave a Reply