MRTV 3 New Studio Complex မြေနှင့် အဆောက်အအုံအား ရွှေတောင် ကုမ္ပဏီက ကျပ်သန်း တစ်သောင်းသုံးထောင်ဖြင့် အပြီးအပြတ် ဝယ်ယူ

BayoteMay 31, 20101min810

ရန်ကုန်မြို့ရှိ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာအသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex  အဆောက် အအုံနှင့် မြေနေရာအား ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက် ကို  ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ သဘောတူ ခွင့်ပြုချက်ဖြင့် အပြီးအပြတ် ရောင်းချလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလိမီတက်သည် MRTV 3 New Studio Complex  အဆောက် အအုံနှင့်မြေနေရာအား ငွေကျပ်သန်း ၁၃ç၀၀၀.၀၀ဝ ဖြင့်အပြီးအပြတ်ဝယ် ယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။  ယင်းအတွက် Down  payment  ကျပ်သန်း ၂ç၀၀၀.၀ဝကို ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ပေးသွင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ ရွှေတောင် ကုမ္ပဏီအနေဖြင့် ငွေကျပ် သန်း ၄ç၅၀ဝ ကို နှစ်နှစ်အတွင်း ပေးသွင်း ခွင့်ရမည်ဖြစ်ကာ  ငွေကျန် ကျပ်သန်း ၆ç၅၀ဝ ကို သုံးနှစ်အတွင်း ခြောက်ရစ်ခွဲ၍ ပေးသွင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။
MRTV-3 New Studio Complex   အဆောက်အအုံနှင့် မြေနေရာ အား ရွှေတောင်ကုမ္ပဏီအနေဖြင့် ငွေအပြီးသတ်ပေးချေပြီးပါက ပြန်ကြားရေးဝန်ကြီးဌာနက  စနစ်တကျ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။
ယင်းအဆောက်အအုံနှင့်မြေကို အပြီးအပြတ် အမည်ပေါက်ဝယ်ယူထားသူ ဝဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင် (အုပ်ချုပ်မှုဒါရိုက်တာ၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်) အား မြေဂရမ် ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တာဝန်ယူရမည်ဖြစ်သည်ဟု သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV 3 New Studio Complex  အဆောက်အအုံနှင့် မြေနေရာအပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ရတနာပုံရုပ်ရှင်ရုံ မြေနေရာနှင့် အဆောက်အအုံကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးအား ငွေကျပ် ၉၂၀.၇၁ဝ သန်းဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံပိုင် ဝန်ကြီးဌာန အဆောက်အအုံများအား ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများသို့ အပြီးအပြတ် ရောင်းချရန် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် အဆောက်အအုံပေါင်း ၂ဝ ကျော်ရှိပြီး ယင်းတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာနစုပေါင်း ရုံးများ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုပေါင်းရုံး များ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန(သိမ်ဖြူ)ရုံး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန(ဗိုလ်မြတ်ထွန်းလမ်း နှင့် ကုန်သည်လမ်းထောင့်)၊  ပို့ဆောင်ရေးဝန်ကြီးဌာန (သိမ်ဖြူလမ်း နှင့် ကုန်သည်လမ်းထောင့်)၊စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးရုံး (ပြည်လမ်း)၊  မြန်မာနိုင်ငံ စာစစ်အဖွဲ့(အနော်ရထာလမ်းနှင့် လသာလမ်းထောင့်)၊ သမဝါယမဝန်ကြီးဌာန ဝန်ကြီးရုံး (ဗိုလ်ချုပ်လမ်း) စသည့် အဆောက်အအုံ များ ပါဝင်သည်ဟု သိရှိရသည် ဟု Eleven Journal တွင်ဖော်ပြထားပါတယ်။