အဖြည့်ခံ ပန်းလေးတွေရဲ့ဘဝ

manawphyulayJanuary 12, 20122min20617

လွတ်လပ်ရေးနေ့မှာ လွတ်လွတ်လပ်လပ် အိမ်မှာ နေတုန်းလေး ခြံထဲမှာ ရှိတဲ့ ပန်းတွေကို လက်တည့်စမ်းရင်း အတွေးတစ်ခု ပေးစွမ်းခဲ့ပါတယ်။ ဒါကတော့ ဘာလဲဆိုတာ….

လှပဝေဆာ ပန်းဘဝမှာ
သာမွှေးနံ့ထုံ ရနံ့စုံစဉ်
မြင်သူအပေါင်းကတပ်မက်ကြ၏
ပန်းအလှလေးမို့
တချို့ကလည်း ဘုရားလှူဖို့
တချို့ကျပြန် ခေါင်းထက်ပန်ဆင် လှချင်သမို့
သူတို့ဆန္ဒပြည့်ဝဖို့ကို
အို…. ပန်းပွင့်လေးဖြည့်ပေးခဲ့တယ်
မနွမ်းခင်လေး ခဏတာမှာ
သူတကာအတွက် ဖြည့်စွက်ခဲ့လည်း
နွမ်းလို့ ကြွေစဉ်ချိန်ခါမှာတော့
စွန့်ပစ်ပယ်ခံ ဖြစ်ရပြန်တယ်
ဪ….
အဖြည့်ခံ ပန်းဘဝလေးပါတကား….

ပွင့်တဲ့ပန်းတိုင်း လန်းစေချင်

နှစ်သစ် လက်တည့်စမ်းထားသည့် ခြံတွင်းမှ ပန်းများ ဖြစ်ပါတယ်

ဒီနှင်းဆီပင်ကတော့ ခြံပေါက်ဝနားမှာ စိုက်ထားခြင်း ဖြစ်ပါတယ်။ အပွင့်သေးပြီး ပွင့်ချပ်များတဲ့ နှင်းဆီတစ်မျိုး ဖြစ်ပါတယ်။
ဒါကတော့ ခုန အပွင့်သေးတဲ့ ပွင့်ချပ်လွှာတွေမြင်ရတဲ့ နှင်းဆီတစ်မျိုးပါပဲ။
အနီရောင် နှင်းဆီပင်လေးကတော့ ခုမှ စပြီး ပွင့်ဖို့ ကြိုးစားနေတုန်းပါပဲ။
အော်လံပန်းလို့ အများက ခေါ်ကြတဲ့ပန်းဖြစ်ပါတယ်။ ခုတော့ တစ်ခိုင်ထဲမှာ သုံးပွင့်ပွင့်နေပါပြီ။ တစ်ပွင့်ထဲပွင့်တုန်းက ရိုက်လိုက်တာပါ။
သူ့အပင်နဲ့ သူ့အပွင့်ကတော့ တကယ်ကို ပဏာတင့်လှပါတယ်။

17 comments

  • yaungchikha

    January 12, 2012 at 4:43 pm

    အပွင့်သေးတဲ့ ပွင့်ချပ်လွှာတွေမြင်ရတဲ့ နှင်းဆီလေးကို သဘောကျတယ်၊ လှတယ်နော်၊ မနောရဲ့ ကဗျာလေးကိုဖတ်ပြီး ပန်းပွင့်လေးတွေရဲ့ အဖြည့်ခံဘဝကို ………………

  • Phaung Phaung

    January 12, 2012 at 5:22 pm

    ပန်းလေးတွေ အကုန်လုံးကြိုက်တယ်… သစ်ပင်စိုက်ချင်ပေမယ့် မမနောတို့လို မြေနေရာရှိဘူးလေ ခြံနဲ့ဝန်းနဲ့နေရတဲ့သူတွေက သိပ်ကံကောင်းတာပဲ

  • …..♫♪..♫♪…….♫♪ ပန်းဆိုတာလည်း ကြွေတတ်တယ် ……..
    မင်းကိုလေ ရည်စူးထားလည်း မချွေရက်ပါ
    ထိုက်တန်ရင်တော့ တစ်နေ့မှာ ပြန်ဆုံမယ်
    တကယ်အကြင်အနာမှန်ရင် ပြန်ရမယ် …..♫♪..♫♪…….♫♪
    ဥယျာဉ်မှူးက ကိုယ်တိုင်စိုက်ပျိုးထားတဲ့ ပန်းကို
    မပန်ရဘူးဆိုတာထက်
    မပန်ရက်တာပါ …..
    အချိန်တန် ကြွေကျရမယ့် ပန်းလေးတွေကို
    ကိုယ်တိုင်ယုယ ပြုစုသူအတွက်တော့
    ပန်ဆင်သင့်တာပေါ့
    ဖြစ် ပျက် ဆိုတာ အမြဲရှိနေတာမို့
    အဖြည့်ခံ ပန်းလေးတွေကို ဝိုင်းဝန်ဖြည့်ကြစို့
    ဟိုက်
    ဘာတွေရေးမိမှန်းတောင်သိတော့ဝူးးးးးးးးးးးး
    …..♫♪..♫♪…….♫♪ ငါမှားတာရှိရင် တောင်းပန်ပါတယ် …..♫♪..♫♪…….♫♪ 😀 😛 😀

    • manawphyulay

      January 13, 2012 at 11:55 am

      ခုမှပဲ သီချင်းဆိုညီးရင်း ပန်းခင်းထဲရောက်သွားသလိုပဲ ခံစားမိတယ်။ ပျံချီကင်းရေ…

  • Thel Nu Aye

    January 12, 2012 at 6:16 pm

    မနောရဲ့ပန်းလေးကလဲလှ။ အဂ္ဂမဟာသရေစည်သူ၊အဂ္ဂမဟာသသီရိသုဓမ၊ သီရိပျံချီ KING ( ဟောဟဲ၊ဟောဟဲ၊ဟောအကြီးကြီးဟဲ ) ရဲ့သီချင်းလေးကလဲကောင်း။ ဒီပိုစ့်လေးဖွင့်မိတာမှန်သွားပြီ။ ကျေးကျေးပါ။

  • alinsett

    January 12, 2012 at 7:13 pm

    စိတ်တွေ ကြည်လင်သွားပါတယ်။

    အရမ်းလှတဲ ပန်းလေးတွေပါပဲ။

    ကျေးဇူးပါပဲ။ သဘာဝတရားရေ…။

    ပြီးတော့ ကျေးဇူးပါပဲ…မနောဖြူလေးရေ….

  • ငပေါက်ဖော်

    January 12, 2012 at 7:25 pm

    ထင်လို ့.ထင်လို ့.
    အဲပန်းတွေက အဖြည့်ခံမဟုတ်ဘူး..
    မြေဩဇာတို ့.အောက်စီဂျင်တို ့.ရေတို ့ကို စုပ်ယူပြီးမှ လှနေတဲ့ ပန်းတွေ.
    ညှင်း.ညှင်း.ညှင်း..

  • aye.kk

    January 12, 2012 at 8:27 pm

    ပန်းတွေကြားထဲကြီးပြင်းခဲ့တဲ့ငယ်ကဘဝကိုအရမ်းလွမ်းဆွတ်မိပါတယ်..
    မနောလေးရဲ ့ပန်းလေးတွေကရင်ကိုအေးမြစေတယ်..
    ငယ်ငယ်ကစလို့မြီးကောင်ပေါက်အရွယ်ထိပေါ့နော်အဖေစိုက်တဲ့ပန်းခြံလေးထဲမှာ..
    ညနေခင်းလေးတိုင်း(ရာသီဥတုကောင်းမွန်သာယာတဲ့အချိန်လေးပေါ့နော်)
    ပန်းခင်းတွေကြားမှာ၊ပုစဉ်းထိုးတွေဖမ်းရင်းအမြဲကိုပျော်ရွှင်ခဲ့မိတယ်..။

  • naywoonni

    January 12, 2012 at 10:02 pm

    ပန်းကလေးလေးတွေတင်ပဲလား ? လောကထဲက အချို့အရာတွေဟာ လောကကြီးဆီက ဘာမှယူထားဖို့ မကြိုးစားပဲ လောကကြီးအတွက်ဖြည့်ပေးဖို့ သာကြည့်သွားတဲ့ အရာတွေ အများကြီးရှိပါတယ်………။

  • zay

    January 12, 2012 at 11:12 pm

    မနောရေ မနောတင်ထားတဲ့ သန်လျင်ကကျောင်းအတွက် အလှူငွေပို့လိုက်ပါပြီ သာဓုခေါ်လို့ရပါပြီး

    • manawphyulay

      January 13, 2012 at 11:45 am

      ကြားရတဲ့သတင်းအတွက် သာဓုခေါ်ပါတယ်နော်။

  • မမမနောရေ။ပုံလေးတွေရော၊စာသားလေးတွေပါ သိပ်လန်းနေတာဘဲဗျာ။
    အားပေးဖတ်ရှုသွားပါတယ်ဗျာ။

  • အောင် မြင်

    January 13, 2012 at 4:17 am

    လာဖတ်သွားတယ် မမမနောဖြူ၊ ပန်းမှ မဟုတ်ပါဘူးဗျာ၊ ဒီကမ္ဘာ လောကကြီးမှာ အရာအရာတိုင်းဟာ ဖြစ်ပျက်ဆိုတဲ့ တရားဟောအတိုင်း တည်ရှိနေတာပါ၊၊ WTA

  • bluerose

    January 13, 2012 at 11:05 am

    လှလိုက်တာမမမနောရေ
    နှင်းဆီကိုတခါနှစ်မျိုးစိုက်ဘူးလိုက်တယ်
    ဒါပေမယ့်အဆင်မပြေဘူးအဲဒါနဲ့စိတ်နာပြီးမစိုက်တော့တာ
    သူများစိုက်ထားတာလေးတွေပဲကြည့်ဖြစ်တော့တယ်

  • Wai Phyoe

    January 21, 2012 at 11:49 am

    ခြံထဲကအပင်တွေလားခင်ဗျ။ လှလို့ပါ တော်တော်ပြုစုရမယ်နော်

  • ဆူး

    January 22, 2012 at 4:46 pm

    အဖြည့်ခံ ပန်းဆိုပေမဲ့ ပန်းဆိုတာနဲ့ ပန်းနဲ့ တူတဲ့ အလှ ရှိပါတယ်။
    ဘာပန်းပဲ ဖြစ်ဖြစ် ပွင့်တဲ့ အချိန်မှာ ပွင့်ကြပြီး နောက်ပိုင်း ညိုးခြောက်သွားတာလည်း သဘာဝပါပဲ

  • snow white

    February 28, 2012 at 2:28 pm

    ပန်းတွေလိုတော့ အဖြည့်ခံမဖြစ်ချင်ဘူး ပန်းလေးတွေလိုတော့ လှချင်တယ်

Leave a Reply