MyanmarING ဆိုသည်မှာ

Kaung Myat HtutMay 31, 20105min2492

MyanmarING ဆိုသည်မှာ Myanmar Internet and Networking Group ဖြစ်ပါသည်။ MyanmarING သည် Asia Pacific Networking Group (APNG) အဖွဲ့ကြီး၏ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းတွင်မူ MyanmarING သည် အိုင်တီပညာရပ်နှင့်ပတ်သက်၍ ဝါသနာကြီးသော လူငယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ APNG မှအခြေပြုခဲ့ပြီး ပြည်တွင်းတွင် Myanmar Egress နှင့်လက်တွဲ IT ပညာတိုးတက်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

ခံယူထားသည့် တာဝန်

MyanmarING မှ ခံယူထားသည့် တာဝန် (Mission) မှာ မြန်မာနိုင်ငံအတွင်း အင်တာနက်နည်းပညာအား အားပေး အထောက်အကူပြုရန်နှင့် တည်ရှိနေသော နည်းပညာဆိုင်ရာ ကွန်ယက်၊ အဖွဲ့အစည်းများအား အချင်းချင်း အပြန်အလှန် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရေးပင် ဖြစ်ပါသည်။

ရည်ရွယ်ချက်

MyanmarING ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်လူငယ်များအား နိုင်ငံတကာ အင်တာနက် အသိုက်အဝန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေး လမ်းဖွင့်ပေးရန်နှင့် သုတေသီများ၊ စနစ်ကိုင်တွယ် ထိန်းသိမ်းသူများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် ကျောင်းသားများအကြား အတွေ့အကြုံနှင့် ဗဟုသုတများ ဖလှယ်ရာ နေရာတစ်ခု ဖန်တီးပေးရန်တို့ ဖြစ်ပါသည်။

လုပ်ငန်းအဖွဲ့များ (Working Groups)

MyanmarING အား လတ်တလောအချိန်တွင် လုပ်ငန်းအဖွဲ့ (Working Groups – WGs) သုံးဖွဲ့ဖြင့် ဖွဲ့စည်းထားပါသည်။ ယင်းတို့မှာ –
• အင်တာနက်နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ (Internet Technology)

• အီလက်ထရောနစ် လူမှုပတ်ဝန်းကျင်နှင့် စိမ်းလန်းသော ICT (e-Culture & Green ICT)

• Dumbo နှင့် Live E! software များဆိုင်ရာ လုပ်ငန်းအဖွဲ့ တို့ ဖြစ်ကြသည်။

MyanmarING ၏ Working Groups များသည် APNG Working Groups များကဲ့သို့ဖွဲ့စည်းထားခြင်းဖြစ်သည်။ APNG ၏ Working Groups များအကြောင်းအသေးစိတ်သိလိုပါက http://www.apng.org/11thcfp.htm တွင်ကြည့်နိုင်ပါသည်။

ပြည်တွင်းစာတမ်းဖတ်ပွဲ

MyanmarING ၏လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ၂၀၀၈ ခုနှစ် တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းစာတမ်းဖတ်ပွဲတစ်ရပ်ကို စတင်ကျင်းပခဲ့ပါသည်။ ထိုစာတမ်းဖတ်ပွဲတွင် အသက် ၃၅ နှစ်အောက် အရည်အချင်းပြည့်မီသော မြန်မာလူငယ် ၁၁ ဦး တက်ရောက် စာတမ်းဖတ်ခဲ့ကြပြီး ထိုအခမ်းအနားသို့ အိုင်တီနယ်ပယ်အတွင်းမှ အထင်ကရ ပုဂ္ဂိုလ်များနှင့် ထူးချွန်ကျောင်းသားများ တက်ရောက်လေ့လာခဲ့ကြသည်။ အဆိုပါစာတမ်းဖတ်ပွဲများမှတဆင့် APNG ၏ နိုင်ငံတကာ စာတမ်းဖတ်ပွဲသို့ ့မြန်မာနိုင်ငံနှင့် MyanmarING ကိုယ်စား စေလွှတ် တက်ရောက်စေမည် ဖြစ်ပါသည်။

MyanmarING ၏လှုပ်ရှားမှုတစ်ရပ်ဖြစ်သောစာတမ်းဖတ်ပွဲများကိုနှစ်စဉ်နှစ်တိုင်း အနည်းဆုံးတစ်ကြိမ်ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။

အနာဂါတ် လုပ်ငန်းစဉ်များ

MyanmarING အနေဖြင့် APNG ၏ အခြားသော နိုင်ငံကိုယ်စားပြုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး MyanmarING အဖွဲ့ဝင်များအား project များတွင် အမြဲတွေ့ဆုံ ဆောင်ရွက်သွားစေခြင်းဖြင့် အတွေ့အကြုံများ၊ ယုံကြည်ချက်များ ရရှိစေကာ ၎င်းတို့၏ အသိပညာများအား နိုင်ငံအတွက် အသုံးချနိုင်စေမည် ဖြစ်ပါသည်။ ထို့ပြင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သုတေသနများ ပြုလုပ်ကာ International အဖွဲ့အစည်းများသို့ project proposal များ တင်သွင်းကာ သုတေသနဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဖွဲ့၏ လုပ်ငန်းအဖွဲ့များနှင့် သုတေသနခေါင်းစဉ်များအား ပိုမို စုံလင်များပြားလာအောင် ဆောင်ရွက်သွားပါမည်။ စာတမ်းဖတ်ပွဲများတွင်လည်း အရေအတွက် ပိုမိုလက်ခံနိုင်ရန်နှင့် ရန်ကုန်မြို့တွင်သာမက အခြားမြို့များတွင်ပါ ကျင်းပသွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

APNG ၏နောက်ဆက်တွဲ လှုပ်ရှားမှုများနှင့် ပတ်သက်လို့ www.apngcamp.asia တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

2 comments

  • thameecahw

    July 16, 2010 at 12:11 pm

    အဲဒီအဖွဲ့နဲ့ဆက်သွယ်လို့ရနိုင်ပါသလား။ ဆိုလိုသည်မှာ Myanmar ING အဖွဲ့မှ လုပ်ငန်းစဉ်များ၊ ပညာရပ်များ လေ့လာလို့ရနိုင်ပါသလား။

  • Bl@dE

    August 24, 2010 at 1:49 pm

    ဒီအဖွဲ.ကိုတည်ထောင်တဲ့သူကျန်းမာချမ်းသာပါစေဗျာ…
    ဒီ့ထက်ပိုပြီးတော့အောင်မြင်ပါစေ..
    မြန်မာတွေအကုန်လုံးလဲဒီအဖွဲ.ကြီးနဲ. ဆက်သွယ်နိုင်ပြီး
    အဖွဲ.ရဲ.ရည်မှန်းချက်အတိုင်းမြန်မြန်ကြီးဖြစ်လာပါစေ

Leave a Reply