မင်းကောင် လျှားသွောက်နေသည် (အပိုင်း-၂)

KingJanuary 12, 20125min1119

ဒီနေ့တော့

ကျွန်တော်တို့တွေ ပင်းတယ ဂူဘက်ဆက်သွားကြရအောင်ဗျာ

ပတ်ဆင့်က Installer မရှိသေးတော့ ရိုက်မရသေးဘူး

လမ်းဘေးတစ်ချက်က သစ်ပင်ကြီးများနှင့်အမှတ်တရ

သစ်ပင်ကြီးများသို့ အမှတ်တရ (ပင်းတယ လှိုဏ်ဂူ မရောက်ခင်လမ်းဘေးဝဲယာက သစ်ပင်ကြီးတွေပေ့ါ)

ထင်ရှူးတောတန်း တောင်တန်းကြီးတွေနဲ့ ဝိုင်းလို့ကာစီးထားတဲ့ …….. ပင်းတယလှိုဏ်ဂူသို့ အတက် လမ်းဘေးဝဲယာမှာ ရှိတဲ့ ထင်ရှူးပင်တွေကို ထော်လာဂျီပေါ်ကနေ လှမ်းရိုက်ထားတာ (မှတ်ချက်။ ကားအပေါ်မတတ်သောကြောင့်ဖြစ်၏)

မုဒ်ဦး အမှတ်တရ

သုဓနု မင်းသားက ပင့်ကူကြီးကို ပစ်ခွင်းပြီး ဒွေးမယ်နော်ကို ကယ်တင်ခဲ့တာပေါ့

ပင်းတယ မြို့အလှ တောင်စောင်းက ရိုက်ထားတာပါ (ပုတ်တလုတ် ရေကန်ကိုလည်း မြင်တွေ့ကြမှာပေါ့)

လှိုဏ်ဂူအဝင် ဓါတ်လှေကားထိပ်က အမှတ်တရ

များပြားလှသော ရုပ်ပွားတော်များ

ဆင်ချည်တိုင် ။  မြင်းချည်တိုင်တွေတဲ့

ကျောက်စက်တိုင်ကတော့ ရေတွဲရွှဲလျှက်ပေါ့ ခေါင်းမှာဆီမရှိတာနဲ့ အဲဒီကရေနဲ့ အသာလေး ဆံပင်ပုံစံသွင်းလိုက်သေးတယ်ဗျ

သူတို့တွေ ဘာလုပ်ကြသလဲတော့ ကျွန်တော်လည်းမသိ …. 😛

အောင်မြေဆိုပြန်တော့လည်း အလုအယက်နဲ့

ဇော်ဂျီတွေ ဆေးကြိတ်တဲ့နေရာတဲ့

ပင်းတယ လှိုဏ်ဂူထဲက ကြောင်

တောင်စောင်းပေါ်က စေတီတော်

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ ပုံတင်ရတာ သိပ်တော့ စိတ်မရှည်တော့ဘူးဗျာ

နောက်မှ အာရုံခံစားမှုတွေက သက်သက်ထပ်တင်ပါအုံးမယ်

ရှေ့ဆက်လာမှာကတော့ အင်းလေးဒေသ ရောက်ခဲ့သမျှပါ

လေးစား ငါးစား ခြောက်စား အကုန်စားစွာဖြင့်

KING

9 comments

  • blackchaw

    January 12, 2012 at 9:24 pm

    ကိုကြောင်ကြီး က အဲဒီဂူထဲ ဘယ်လိုလုပ်ရောက်နေရတာလဲ
    ကိုကင်းရေ။
    ကျုပ်တို့ တပ်ချုပ်ကြီးကို လွှတ်လိုက်စမ်းပါ။ ခုချက်ခြင်းနော်။ ဒါဗျဲ။

  • windtalker

    January 12, 2012 at 9:43 pm

    ကြောင်က အမဂျီး ဗျ
    ကိုကိုကြောင် နဲ ့တော့ တွေ ့တော့မှာဘဲ

  • Khin Latt

    January 13, 2012 at 5:18 am

    တစ်ခါမှ မရောက်ဘူးလို့ မြင်ရ တွေ့ရသမျှ ကို သာဓု ခေါ်ပါသည်။
    ကြောင်ကြီး (သို့) ကြောင်လေး ရဲ့ မျက်လုံးက အရောင်မတူဘူးနော်။
    ပင့်ကူ နဲ့ ကြောင် ကို တွဲရိုက် နိုင်ရင် ပို၍ အမြင်ဆန်း နိုင်မည်ဟု တွေးမိပါကြောင်း။
    သင်းခရုပါ။

  • aye.kk

    January 13, 2012 at 6:11 am

    တစ်ရက်တစ်ရက်ဂေဇက်ထဲဝင်ရင်စုံနေအောင်မြင်တွေ ့ခွင့်ရတယ်..
    ကိုယ်မသွားနိုင်ပေမယ့်၊ပုံလေးတွေတင်ထားပေးကြလို့အရမ်းကျေးဇူးတင်မိရပါတယ်..
    ကိုကင်းကိုလည်းကျေးဇူးပါနော်..
    ကိုယ့်မှာရှိတဲ့ရှုခင်းလေးတွေလည်းအချိန်ရရင်တင်ချင်စိတ်ဖြစ်မိပါတယ် ။

  • ကြောင်ကြီး

    January 13, 2012 at 8:01 am

    ကြောင်အမ ဟုတ်လောက်ဖူး။ ခြေဆံ လက်ဆံ လဗျွတ်ဆံ (အဲဒါတော့တွေ့ရဘူး) ကိုယ်လုံးနဲ့ ခေါင်းအရွယ်အစားတွေက ကြောင်ထီးပုသဏ္ဍန်ဗျ…။ မောင်ကင်းရေ နင်ကြောင်ကိုင်တာ လက်သန့်ရဲ့လားကွယ်..လူတွေက ကြောင်ဆိုရင် ညစ်ပတ်တယ် ဘာညာနဲ့ သူကရော ဘယ်လောက်သန့်လို့လည်း….။

  • @ ဦးဦး ဘလက်ရေ
    ကိုကြောင်ကြီးကို ဖမ်းထားတာ မဟုတ်ရပါကြောင်း
    ကိုကြောင်က သူဂျီးအခံရခက်စေဖို့ မေတာ (ပတ်ဆင့်ရိုက်မရသောကြောင့်) ပို့ရန် အလို့ငှာ လှိုဏ်ဂူထဲ ရောက်နေတာ ဖြစ်ပါကြောင်း …. 😀

    =============================================================
    @ ကိုပေရေ
    ကြောင်က အမ ဆိုတာ ဘယ်လိုလုပ်သိလဲဗျ … အခုထိ ကျွန်တော်ကိုယ်တိုင် အထီး အမ မှန်းမသိပါဘူးဗျာ
    ဒါပေမယ့် လူဆိုရင်တော့ ခွဲခြားနိုင်ကောင်းခွဲခြားနိုင်လောက်မယ် ထင်မိပါရဲ့ … 😛
    ============================================================
    @ မခင်လတ်
    အားပေးတဲ့အတွက် သင်းခရုပါ …. 🙂

    ============================================================
    @ aye. kk
    တင်လာမယ့် ရှူခင်းတွေကိုလည်း စောင့်မျှော် နေကြောင်းးးးးးးးးးးးးးး
    ============================================================
    @ ဦးကြောင်ရေ
    ကြောင်ကိုင်တာ ကျွန်ုပ်မဟုတ်တော့ ကိုင်တဲ့ သူငယ်ချင်းကို မေးလိုက်ပါအုံးမယ် … ဒီကောင် သန့်ရဲ့လားမသိ
    ကျိန်းသေတာ တစ်ခုကတော့ သူက လူပျိုစစ်စစ် တစ်ယောက်ဆိုတော့ …….. 😛

    ============================================================
    ခင်မင်စွာဖြင့်
    အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING

  • ငပေါက်ဖော်

    January 13, 2012 at 1:50 pm

    ဟယ်
    ကြောင်မကြီး…(လဗျွတ်မတွေ ့လို ့) 😯
    ဧကန္တ ကင်းကောင်တို ့ အိမ်ကကြောင်ဖြစ်ရမယ်..
    မျက်လုံးက တစ်ဖက်ဝါ.တစ်ဖက်စိမ်းနဲ ့..မျက်နှာများမဲ့ကြောင်မ

    ဟိုအပေါ်က ပင့်ကူကလဲ ကွမ်းတွေစားထားလို ့ပါကလား..
    အလို..
    ထူးဆန်းပေစွ

    • inz@ghi

      January 13, 2012 at 2:26 pm

      ကြောင်မျက်လုံးဆိုလို့
      အလုံး၂လုံးက အရောင်တူဖြစ်မှာပါဂျာ…
      ကင်မလာမီးရောင် ကြောင့် ကင်မလာဘက် ကြည့်နေ(တဲ့နေ) တဲ့အလုံးက
      လူတွေ red-eye ဖြစ်သလို ဖြစ်တွားတာပါ …

      ခင်တဲ့ ဂီ

Leave a Reply