1 အင်းလျားကန်စောင်း မနက်ခင်းမှာပွင့်တဲ့ပန်း

2 ဒီပုံလေးကတော့ မုဆိုးက သားကောင်ဖြစ်သွားတယ်ဆိုတာ သတိရမိပါရဲ့ ဆက်တွေးမိတာက ကျနော့် ကိုရော ဘယ်သူကများသားကောင်စာရင်းသွင်းသွားတယ်ဆိုတာကိုပါ။

3 ထိုးထွက်စမနက်နေက အနောက်ဘက်က တိုက်အမြင့်ပေါ်အကျ အောက်က ပန်းခင်းလေးကတော့ မှောင်မှောင်မဲမဲ ။လူ့ဘ၀မှာလဲဒီလို့ပါဘဲလေ အလင်းအရင်ရသူက ရနေချိန်မရသူကတော့..........

4 ကလေးလေးက ရေထဲကို ခဲချ။ရေပြင်မှာတော့ ဂယက်ထ။ ကျနော်တို့ နေ့စဉ်ဖြတ်သန်းရာ ဘ၀ထဲမှာလဲ သူများချသွားတဲ့ ဂဲလေးကြောင့် ဂယက်တွေထကျန်ခဲ့ဘူးပါတယ်။

5 အင်းလျားမှာ လမ်းလျောက်သူလဲများ လေကျင့်ခန်းယူသူလဲမရှား ဒီအဖွဲ့ကတော့ တူညီဝတ်စုံနဲ့အကျအန အားကျစရာဗျာ။

6 ဒါပုံလေးကတော့ အောက်ကနေ့ပင့်ရိုက်ထားတာပါ။ ငှက်ကလေးတစ်ကောင်ပျံ့နေလေရဲ့ မထင်မှတ်ဘဲ ပါသွားတာပါ။

7 ဒါကတော့ အပေါ်စီးကမြင်ရတဲ့ မြင်ကွင်းလေးပါ သိပ်မလှပေမယ့် အမှတ်တရ

8 မူံမူံမဲမဲ ကြားက မြင်ရတဲ့ ပန်းခင်းအလှလေးပါ

9 လက်ဆော့တာကတော့ အောက်သားရော အထက်သားရော အတူတူဘဲနော်

10 အောက်ကနေပင့်ရိုက်ကြည့်တာ အမြင်မှာဆန်းသွားသလိုဘဲနော်

 

“နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)

 

အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရိုက်ပါတယ်။

အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။

ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရိုက်ပါတယ်။

လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။

နောက်အင်းလျားဆိုတာ  လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား

ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။

အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။

အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့

အသက်ဝင်ပါတယ်။

တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။

ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊

ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး

ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ

………………………………….

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(13-1-12)

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။