“နံနက်ခင်းအင်းလျားကအလှ………အစုံအစုံသော…….”

1 အင်းလျားကန်စောင်း မနက်ခင်းမှာပွင့်တဲ့ပန်း
2 ဒီပုံလေးကတော့ မုဆိုးက သားကောင်ဖြစ်သွားတယ်ဆိုတာ သတိရမိပါရဲ့ ဆက်တွေးမိတာက ကျနော့် ကိုရော ဘယ်သူကများသားကောင်စာရင်းသွင်းသွားတယ်ဆိုတာကိုပါ။
3 ထိုးထွက်စမနက်နေက အနောက်ဘက်က တိုက်အမြင့်ပေါ်အကျ အောက်က ပန်းခင်းလေးကတော့ မှောင်မှောင်မဲမဲ ။လူ့ဘဝမှာလဲဒီလို့ပါဘဲလေ အလင်းအရင်ရသူက ရနေချိန်မရသူကတော့..........
4 ကလေးလေးက ရေထဲကို ခဲချ။ရေပြင်မှာတော့ ဂယက်ထ။ ကျနော်တို့ နေ့စဉ်ဖြတ်သန်းရာ ဘဝထဲမှာလဲ သူများချသွားတဲ့ ဂဲလေးကြောင့် ဂယက်တွေထကျန်ခဲ့ဘူးပါတယ်။
5 အင်းလျားမှာ လမ်းလျောက်သူလဲများ လေကျင့်ခန်းယူသူလဲမရှား ဒီအဖွဲ့ကတော့ တူညီဝတ်စုုံနဲ့အကျအန အားကျစရာဗျာ။
6 ဒါပုံလေးကတော့ အောက်ကနေ့ပင့်ရိုက်ထားတာပါ။ ငှက်ကလေးတစ်ကောင်ပျံ့နေလေရဲ့ မထင်မှတ်ဘဲ ပါသွားတာပါ။
7 ဒါကတော့ ့အပေါ်စီးကမြင်ရတဲ့ မြင်ကွင်းလေးပါ သိပ်မလှပေမယ့် အမှတ်တရ
8 မူံမူံမဲမဲ ကြားက မြင်ရတဲ့ ပန်းခင်းအလှလေးပါ
9 လက်ဆော့တာကတော့ အောက်သားရော အထက်သားရော အတူတူဘဲနော်
10 အောက်ကနေပင့်ရိုက်ကြည့်တာ အမြင်မှာဆန်းသွားသလိုဘဲနော်

 

“နံနက်ခင်းအင်းလျားအလှက………….. အစုံစုံသော”(ကိုချောနောက်ကလိုက်ကြည့်ခြင်း)

 

အင်းလျားကန်ဘောင်ပေါ်ရောက်တဲ့အခါ တောင်ဘက်ခြမ်းက ပုံတွေကိုအရင်ရို်က်ပါတယ်။

အဲဒါကို အမှတ်တစ်အဖြစ်တင်ပေးလိုက်ပါတယ်။

ကိုချောရိုက်ဘူးတဲ့နေရာလေးတွေကိုလိုက်ရို်က်ပါတယ်။

လမ်းလျောက်သူ လေ့ကျင့်သူ အပျော်လာသူအစုံပါဘဲ။

နောက်အင်းလျားဆိုတာ  လူပေါင်းများစွာရဲ့ပျော်စရာ ကြေကွဲစရာဇာတ်လမ်းတွေကို သိမ်းဆည်းထား

ရာနေရာအဖြစ်လဲ စိတ်ထဲမှာ မှတ်သားမိပါတယ်။

အဲဒါတွေကို နေရာပေါင်းစုံကရိုက်ပြီးတော့ အမှတ်နှစ်အဖြစ်တင်ပေးလိုက်ပါတယ်။

အခုအင်းလျားမြောက်ဘက်ခြမ်းရောက်တော့ လဲ မနက်ခင်း အလှက အတော်လေးကိုလှပလို့

အသက်ဝင်ပါတယ်။

တကယ်ကိုစုံလင်သောအလှတွေနဲ့ပြည့်စုံနေတဲ့အင်းလျားပါဘဲ။

ဓါတ်ပုံရိုက်လို့ဝတော့ မနက်ခြောက်နာရီကျော်နေပြီ၊

ဒါပေမယ့် လူအသွားအလာနည်းတော့ အင်းလျားကန်မြောက်ဘက်ကိုသွားပြီး

ဓါတ်ပုံရိုက်ချင်စိတ်ပေါ်လာတော့ ကားမစီးဘဲလမ်းလျောက်ပြန်ဘို့ဆုံးဖြတ်လိုက်တဲ့အခါ

………………………………….

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(13-1-12)

 

 

 

 

 

 

 

17 comments

  • အောင် မြင်

    January 13, 2012 at 8:53 am

    လာလည်သွားပါတယ်ခင်ဗျား၊၊

  • fatty

    January 13, 2012 at 9:05 am

    နံပါတ်(၁)ပုံလေးကိုတွေ့တော့ ကိုပေါက်ရဲ့ အိုင်ဒီယာကိုမချီးကျူးဘဲမနေနိုင်တော့ပါဘူး။

  • blackchaw

    January 13, 2012 at 9:07 am

    ကိုပေါက်ရေ။
    လူတကာတွေ ကျန်းမာရေးအတွက်
    လမ်းလျှောက်သူလျှောက်
    လေ့ကျင့်ခန်းလုပ်သူလုပ် နေကြတဲ့အချိန်မှာ
    မနက်အစောကြီး လုပ်ငန်းခွင် ဝင်နေရရှာတဲ့
    မျက်ခင်းပြင်ကို ရေလောင်းနေတဲ့
    ဝန်ထမ်းမလေးတွေကိုရော
    မရိုက်ခဲ့ဘူးလားဗျာ။
    ပုံ ရ က ကျွန်တော် ရိုက်ခဲ့တဲ့ ပုံတစ်ပုံနဲ့ တော်တော်ကြီးကို တူတယ်ဗျာ။

  • blackchaw

    January 13, 2012 at 9:22 am

    မဟုတ်ပါဘူးဗျာ။
    ကိုပေါက် ရိုက်ချက်နဲ့တူလို့
    ဂုဏ်ယူဝံ့ကြွားစွာပြောတာပါ။
    နောက်တစ်ခါ ကင်မရာ တစ်ယောက်တစ်လုံးနဲ့
    အတူရိုက်ကြမယ်ဗျာ။ အဲဒါ…..။

  • kyawmonkhant

    January 13, 2012 at 10:59 am

    ကိုပေါက်ရေ ကျနော်လဲ ဓာတ်ပုံတင်တတ်သွားပြီ၊ နောက်ဆို လက်ဆော့တော့မယ်။ ကိုပေါက်အားကျလို့။

  • yaungchikha

    January 13, 2012 at 11:26 am

    နံပါတ် ၄ နဲ့ နံပါတ် ၆ ပုံကို သဘောကျတယ်၊ နံပါတ် ၄ မှာရေးထားတဲ့ ဦးပေါက်ရေးထားတဲ့ စာသားကိုလည်း သဘောကျတယ်…………..

  • Anzartone

    January 13, 2012 at 11:37 am

    ဝဲဂယက်ထနေတဲ့ ပုံလေးကတော့ တကယ်ပါပဲ … ။ အောက်က ကဗျာပုံစံ စာသားလေးနဲ့ စပ်လိုက်တော့ အလန်းဖြစ်သွားတာပေါ့ဗျာ ။ကျွန်တော်တော့ ကူးသွားတယ်ဗျို့ … 😀

  • windtalker

    January 13, 2012 at 11:58 am

    ကန်ရေပြင်ကို ကြည့်ငေးရင်း
    ဒဏ်ရာတွေကို ရေတွက်ခဲ့တာပေါ့နော်

  • pooch

    January 13, 2012 at 3:13 pm

    ၁ ၊ ၄၊ ၆ ကအလှဆုံးပဲ ကူးသွားပြီ

  • cobra

    January 13, 2012 at 4:58 pm

    အရမ်းလွမ်းနေတဲ့အချိန်မှာဒီပုံတွေကိုတွေ့
    လိုက်ရတော့ပိုဆိုးသွားတယ်ဗျာ
    ရေးထားတဲ့စာကလည်းတိုက်ဆိုင်လိုက်တာ
    ဘယ်လိုမှမခံစားနိုင်ဘူး

  • ကလေးလေးက ရေထဲကို ခဲချ။ရေပြင်မှာတော့ ဂယက်ထ။ ကျနော်တို့ နေ့စဉ်ဖြတ်သန်းရာ ဘဝထဲမှာလဲ သူများချသွားတဲ့ ဂဲလေးကြောင့် ဂယက်တွေထကျန်ခဲ့ဘူးပါတယ် ပုံနဲ့စာနဲ့က တကယ်ကို အတွေးပွားစေမိပါတယ်ဗျ
    ကျွန်တော့်ဘဝမှာလည်း သူများတွေကြောင့် ဘယ်နှစ်ခါလောက် ဂယက်ထခဲ့သလဲဆိုတာ ပြန်ပြောင်းစဉ်းစားနေမိအောင်
    ဖော်စွမ်းပေးနိုင်ခဲ့ပါတယ် ……………………………

  • ငပေါက်ဖော်

    January 13, 2012 at 6:24 pm

    ကိုးနက်ရှင် မကောင်းတာနဲ ့ခုမှကြည့်ရတယ်
    အပေါ်ဆုံးက ပုံးတွေနဲ ့ပုံ ခိုက်ဒယ်ဗျာ..

  • ပေါက်ဖော်ရယ် ပုံးတွေနဲ့တော့ မခိုက်ပါနဲ့
    ပုလင်းလောက်ဆိုတော်ပြီနော်။

    တွမ်………………….

Leave a Reply