ရခိုင့်(သို ့)နိုင်ငံ့ ရတနာ ဖြစ်သော ရွှေ

  ရခိုင်ပြည်နယ် ကျောက်ဖြူမြို ့ကနေ တရုတ်ပြည် ကူမင်း ထိကို တိုက်ရိုက်အမြန်ရထားလမ်း ဖောက်လုပ်ရန် တရုတ်နိုင်ငံမှ ရထားလမ်းဖောက်လုပ်မည့် လမ်းတလျှောက်ကို တိုင်းတာ စစ်ဆေးမှုများပြုလုပ်နေပါပီ။အဆိုပါ ရထားလမ်းကို BOT စနစ်ဖြင့် ဆောင်ရွက်မှာ
ဖြစ်ပြီး မူဆယ်နဲ ့လားရှိုးကြား၊လားရှိုးနဲ ့မန ္တလေးကြား၊မန္တလေးနဲ ့မင်းဘူးကြားမှာ
တိုင်းတာစစ်ဆေးနေကြတာပါ။
ဒီရထားလမ်းမှာ ကုန်ရထားအများဆုံးပြေးဆွဲမှာဖြစ်ပြီး တနေ ့လျှင် အစီးရေ(၁၀)
စီးကျော်ပြေးဆွဲမှာဖြစ်တဲ့အကြောင်းနဲ ့လူစီးရထားတစ်စီးလောက်ဘဲပြေးဆွဲဖို ့ရှိနေ
တာပါ။ဒါက ကျနော်တို ့ဆီက သယံဇာတတွေကို ခိုးယူဖို ့ လမ်းဖောက်နေတဲ့
ခေတ်သစ်ကိုလိုနီ တရုတ်ကြီးရဲ ့ ဉာဏ်ရယ်ပါ။

ကျောက်ဖြူရေနက်ဆိပ်ကမ်းရယ်၊ရွှေ သဘာဝဓာတ်ငွေ ့သိုက်တွေဟာ ကျနော်တို ့ပြည်နယ်ရဲ ့ (နိုင်ငံပိုင်)အမွေအနစ်တွေပါ။ခုချိန်မှာ ကျနော်တို ့ရခိုင်ပြည်
နယ် ရဲ ့လွှတ်တော်အမတ်အချို ့က ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ပြည်နယ်အတွက် ရွှေသဘာဝဓာတ်ငွေ ့ကိုအနည်းငယ်ပေးသုံးဖို ့တောင်းဆိုတဲ့ အခါ တရုတ်ကို အပြီးသတ်
ရောင်းထားပြီဖြစ်လို ့နည်းနည်းလေးတောင်ပေးမသုံးနိုင်ဘူးလို ့စွမ်းအင် ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေပါတယ်။ကျနော်တို ့ပြည်နယ်က နေခုလိုတောင်းဆို
လိုက်တဲ့ အမတ်က “ရခိုင်တိုးတက်ရေး”ပါတီ(RNDP)မှ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ လကလဲ
RNDP ကနေ ပြည်နယ်ကော်မရှင်ရဲ ့ခွင့်ပြုမိန် ့နဲ ့ပြုလုပ်တဲ့ အစည်းအဝေးမှာ ရွှေဂက်စ် စီမံကိန်းအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် တောင်းဆိုသွားမှာဖြစ်တဲ့ အကြောင်း၊မိမိပြည်နယ်ရဲ ့အပိုင်သယံဇာတဖြစ်တဲ့အတွက် ခံစားခွင့်ရသင့်တဲ့အကြောင်း အပြန်အလှန်ဆွေးနွေးသွားပါတယ်။ကျနော်တို ့ပြည်
နယ်(နိုင်ငံပိုင်)ရဲ ့သယံဇာတကို အနည်းငယ်ဘဲပေးသုံးဖို ့တောင်းဆိုတာပါ။ဒါပေမယ့်
လွယ်လွယ်တောင်းလို ့မပေးရင် လုယူကြဖို ့ဘဲရှိတော့တယ်။

ဘာဘဲဖြစ်ပါစေဗျာ…ခုချိန်မှာ ရသလောက်ပြည်နယ်အကျိုး၊ကိုယ့်နိုင်ငံအကျိုးရသလောက် ကြိုးပမ်းနေတဲ့ ဒေါက်တာဦးအေးမောင် ဦးဆောင်တဲ့
RNDP ကိုတော့ချီးကျူးရမှာပါဗျာ။ကြံ့ခိုင်ရေးပါတီက အမတ်စုတ်၊အမတ်ပြတ်တွေ ကတော့ ခိုးဖို ့နဲ ့၊ဘယ်ကောင့်ဆီက လာဘ်ရဖို ့ကိုဘဲမျှော်နေသလဲ မသိတော့ဘူးဗျာ။မြစ်ဆုံ စီမံကိန်းတောင် မှသမ္မတကြီးက ရပ်တန် ့ပေးခဲ့ပြီးပြီ။ခုဒီက ရွှေဂက်စ် စီမံကိန်းက ပြည်နယ်ထဲက မီးမရှိသေးတဲ့မြို ့ ရွာပေါင်း မြောက်မြားစွာအတွက်

မျှော်လင့်ချက်ပါဗျာ။

15 comments

  • Ka Yin Lay

    January 12, 2012 at 5:45 pm

    ဟိုဒင်းလေ တကယ်လုယူကြတော့မှာလား ဟင် …
    လွယ်လွယ်နဲ့တော့ရမယ် မဟုတ်ဖူးနော် … ပီးတော့ ဟိုအမတ်တွေက လာဘ်လာဘ
    လက်ခံနေကြပီလား … အခွင့်ရေးတွေ ရယူတတ်နေပီလား …
    ဒါဆို အခွင့်ထူးခံ လူတန်းစားပုံစံမျိုး ဖြစ်နေကြပီ ပေါ့နော် …

  • nigimi77

    January 12, 2012 at 5:51 pm

    ရခိုင်တိုးတက်ရေး ပါတီလား ” ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ” လားဗျ ။

    ကျောက်ဖြူက ပါတီ ဆိုရင်တော့ ဥက္ကဋ္ဌ ဦးတင်ဖေ နဲ ့တောင် ပြီးခဲ့တဲ့ ၁ဝ ရက်နေ ့က တွေ ့ဖြစ်သေးတယ် ။

    ရခိုင်ပြည်နယ် တခုလုံး အတိုင်းအတာနဲ ့တော့ မသိပေမဲ့ လည်း ကျောက်ဖြူမြို ့ ကမ်းလွန်က ထွက်တဲ့

    သဘာဝဓါတ်ငွေ ့ကို ကျောက်ဖြူမြို ့ အတွက် ပေးသုံးဖို ့ ခွင့်ပြုထားပြီး သွားပါပြီ ။

    လုတော့ မယူပါနဲ ့ ဖြည်းဖြည်း လုပ်ပါ ဆြာရယ် ။ 😛

    • ဟုတ်ပါတယ် ကိုနီဂီမိရေ။ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ပါ။
      ကျောက်ဖြူမြို ့အတွက်ပေးသုံးလိုက်ပြီဆိုတာကိုကြားရလို ့ဝမ်းသာပါတယ်။ဒါပေ
      မယ့် ဘယ်နေရာမှာမှ တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသလို၊RNDP ကလဲ
      ထုတ်ဖော်မပြောသေးပါဘူး။အော် ဒါနဲ ့ကိုနီဂိမိက ခုကျောက်ဖြူမှာဆိုတော့ ပို
      သိမှာပေါ့ဗျာ။ဟုတ်တယ်နော်။

  • Gipsy

    January 12, 2012 at 6:08 pm

    သုံးခွင့်ပေးထားပြီး ဆိုတော့ ကောင်းတာပေါ့ဗျား…၊
    ကျေုာက်ဖြူက ရေနက်ဆိပ်ကမ်းအတွက် (အထူးစက်မှုဇုံ) အတွက် သဲ၊ ကျောက်
    ကန်ထရိုက် သူဋ္ဌေးကို သိတယ်မလား ကို နိဂိမိ …၊
    သူ့ကိုသေချာ မေးကြည့်ပါဦးမယ် …၊
    ဟုတ်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျား…။

  • moethuzar

    January 12, 2012 at 7:26 pm

    ခုလို သုံးခွင့်ပြုလိုက်ပီကြားရတာ ဝမ်းသာစရာပါလား။မြစ်ဆုံ ဆည်ကြီးကိစ္စမှာ တက်တက်ကြွကြွရှိကြသလောက်
    ခုရွှေဂက်စ်စီမံကိန်းမှာ ပြည်နယ်ထဲမှာရော၊နိုင်ငံတွင်းကပါ ပါဝင်ကြတာ အားနည်းလွန်းနေတယ်နော်။

  • nigimi77

    January 12, 2012 at 10:53 pm

    ပြည်နယ် အထဲမှာရော နိုင်ငံ အတွင်းကပါ ပါဝင်ကြတာ နည်းပါးတယ် ဆိုတဲ့ နေရာမှာ

    ပြောရမယ် ဆိုရင် သိတဲ့ လူက လူနည်းစု ဖြစ်နေတယ် ။

    ပိုပြီး ပြည့်စုံအောင် ပြောရရင် အခု နောက်ပိုင်းမှာ ရွှေ ပရောဂျက် လို ့တောင် အခေါ်မခံတော့ပါဘူး ။

    အကြောင်းအရင်း အတိအကျကိုတော့ ဒီ ပရောဂျက်မှာ လုပ်နေတဲ့ လူတွေ ကိုယ်တိုင်တောင်မှ မသိသူတွေ ရှိပါတယ် ။

    အကြောင်းရင်းကတော့ ရှိမှာပဲ ။ မသိတာကို ထင်မြင်ချက် မပေးလိုပါဘူး ။

    မြစ်ဆုံဆည် ကိစ္စမှာ တက်ကြွရတဲ့ အကြောင်းရင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်သူမဆို ဧရာဝတီ ဆိုတာကို

    သိကြတယ် ။ ဝိုင်းဝန်းပြီး တက်ညီလက်ညီ ကြသူတွေ အထဲမှာ ဖြစ်ပေါ်လာမဲ့ ဆိုးကျိုး ဆိုတာကို တကယ် တတ်သိ

    နားလည်သူက လူနည်းစုပဲ ။ အများစုကတော့ အများအော်လို ့ လိုက်အော်တဲ့ သဘောပါပဲ ။

    လိုအပ်ချက်က အနည်းစု တတ်သိနားလည်သူတွေက အများစု ကို သိအောင် ချပြတတ်ဖို ့ပဲ ။

    ကျွန်တော် ဒီလိုပြောလို ့ ခင်ဗျားတို ့ စိတ်ကွက်ဖို ့ မကြိုးစားပါနဲ ့ ။

    ဒီ မန်းလေးဂေဇာတ် ဆိုတဲ့ နေရာထဲကနေ ထွက်လိုက်တာနဲ ့ ခင်ဗျားတို ့ အပြင်မှာ ကြုံတွေ ့နေရတဲ့

    မြန်မာနိုင်ငံ လူတန်းစား အများစုရဲ ့ မူရင်း အတွေးအခေါ် သရုပ်မှန်ကို ကောင်းကောင်းသိကြမှာပါ ။

  • မောင်တုတ် ကြီး

    January 12, 2012 at 11:10 pm

    nigimi77 ရေ ကျောက်ဖြူမြို ့ကိုသုံးစွဲခွင့်ပေးတယ်။မဖြစ်နိုင်တာမပြောပါနဲ ့။ခုကိစ္စကို လွှတ်တော်မှာမဲခွဲဆုံးဖြတ်ချက်ချပြီး
    မှအတည်ပြုရမှာ။နောက်တခါ လွှတ်တော်အစည်းအဝေးတွေကို ခုမှစတင်ပြန်လည်ခေါ်ယူနေတာကို မသိလို ့များလား။
    လွဲချော်နေတယ်၊ကျနော်တို ့ပြည်နယ်မှာ မောင်သန်းထွဋ်ဦးပြောသလို လျှပ်စစ်မီးမရှိသေးတဲ့ရွာတွေ၊နောက်ပြီး မြို ့တွေ
    အများကြီးကျန်နေပါသေးတယ်ဗျာ။လျှပ်စစ်မီတာခတွေကိုဈေးကြီးပေးသုံးနေရတာ၊(၂၄)နာရီပြည့်မီးမရသေးတဲ့မြို ့တွေ
    ကျန်နေသေးတယ်။
    မောင်သန်းထွဋ်ဦးရေ ကိုယ့်ညီရေးတဲ့ စာတွေမှာ ကွန် မန် ့မပေးဖြစ်ပေမယ့်၊တင်တိုင်းတော့ ဖတ်ဖြစ်ပါတယ်။မကြိုက်တာက
    ဝေဖန်ရေးသားတာတွေမှာ တခါတလေ မလိုလားအပ်တာတွေပါနေတတ်တယ်။အသံကြောင့်တော့ ဖားသေတတ်စမြဲပါလား
    လို ့မှတ်ယူပြီးလျှော့ပေါ့ရေးစေချင်ပါတယ်။အကြံပြုပါရစေ။
    Gipsy ရေ နင်ကတော့ လာဘ်စားမှုရှိတယ်လို ့တောင်ထင်ယောင်ထင်မှာရေးနေတော့ တိကျသေချာတဲ့ ပြသနာရှိရင်ထိရောက်
    အောင်တိုင်ကြားလိုက်ပါလို ့အကြံပြုလိုက်မယ်။

  • အော် ဟုတ်ကဲ့ပါခမျာ။မပြောမပြီးမတီးမမည်ဆိုသလိုပါဘဲ။ပြောချင်ရာကိုလွတ်လပ်စွာ ပြောမိတာပါ။
    ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ရပါဘူး။ဆိုင်သူနာ၍ထိသူခံရစေလိုခြင်းသာဖြစ်ပါတယ်။
    ခု ရွှေဂက်စ်ကိစ္စကိုလဲ ကိုယ့်ပြည်နယ်ထဲက ရပိုင်ခွင့်မို ့တောင်းဆိုသင့်ကြောင်းနဲ ့အားလုံးတက်ညီစွာ
    ပါဝင်သင့်တယ်လို ့ပြောချင်တာပါ။ကျွန်တော်တို ့ရဲ ့ပြည်နယ်ထဲက ရပိုင်ခွင့်ကိုတောင်းတာလေဗျာ။တ
    ခြားပြည်နယ်တွေထဲသွားပြီးတောင်းစားနေတာမဟုတ်ပါဘူး။ဒါဟာ ရခိုင်တွေနဲ ့ချည်းဆိုင်တာ မဟုတ်တဲ့
    အပြင်အမျိုးသားရေးတာဝန်တရပ်လို ့ယူဆရမှာပါ။

  • nigimi77

    January 13, 2012 at 12:22 am

    @ မောင်တုတ်ကြီး

    ဒေါသမကြီးပါနဲ ့ ဆြာ ။ 😛

    လွှတ်တော်လည်း လွှတ်တော်ပေါ့ ။

    လွှတ်တော်မှာ မဲခွဲတာ မခွဲတာက ပြည်တွင်း လုပ်ဆောင်မှု နဲ ့ ဆိုင်တဲ့ ကိစ္စ အပိုင်းပါ ။

    ကျွန်တော် ပြောတာက ခွင့်ပြုပိုင်ခွင့် ရှိတဲ့ အပိုင်းက ခွင့်ပြုလိုက်ပြီးပြီလို ့ ဆိုတာပါ ။

    ပြည်သူကို ထုတ်ပြန်တာကတော့ ဒီဖက် အစိုးရ အပိုင်းပေါ့နော ။

    လောလောဆယ် စာချုပ်အရ ခွင့်ပြုတယ် မပြုဘူး ဆိုတာက ဟိုဖက်က အပိုင်းပေါ့ ။

    မဖြစ်နိုင်တာကိုတော့ မပြောပါဘူး ။

    ဖြစ်လာတော့မဲ့ အကြောင်းတွေကိုပဲ ပြောပါတယ် ။

    ငါ့မြေက ထွက်တဲ့ ဟာ ငါ့ဟာလို ့ပြောလို ့ရတဲ့ အနေအထားလဲ မဟုတ်ဘူးလေ ။

    ကိုတုတ်ကြီး ပြောတဲ့ အချက်တွေနဲ ့ ပါတ်သပ်ပြီး နည်းနည်း မြေလှန်ချင်ပါတယ် ။

    ……………………

    ” မဖြစ်နိုင်တာမပြောပါနဲ ့ ”

    ……………………

    မဖြစ်နိုင်တာ ဘာမှ မရှိပါဘူး ။

    ဖြစ်အောင် လုပ်ဖို ့ပဲ လိုပါတယ် ။ ဖြစ်ချင်တဲ့ စိတ်ရှိဖို ့ပဲ လိုပါတယ် ။ ဖြစ်အောင် လုပ်လိုု ့ရမဲ့ နည်းလမ်းကို သိဖို ့ပဲ လိုပါတယ် ။

    …………………….

    ” ခုကိစ္စကို လွှတ်တော်မှာမဲခွဲဆုံးဖြတ်ချက်ချပြီး

    မှအတည်ပြုရမှာ။နောက်တခါ လွှတ်တော်အစည်းအဝေးတွေကို ခုမှစတင်ပြန်လည်ခေါ်ယူနေတာကို မသိလို ့များလား။ ”

    …………………….

    စောစောက ပြောခဲ့ သလိုပါပဲ ။ ပရိုစီဂျာ ကို သိဖို ့လိုပါတယ် ။

    လောလောဆယ် သူ ့ဟာကြီးဗျာ ။ ခင်ဗျားက ဆုံးဖြတ်ပိုင်ခွင့်ရှိသလား ။

    မဲခွဲပြီး အသိပေးချင်တာလား ။

    ဒါထက်ပိုပြီး အဓိကကျတာက မြစ်ဆုံ အတွက် သွေးတွေ ဝိုင်းပူနေကြချိန်မှာ ဒီ ရွှေ ပရောဂျက်က သွေးအေးအေးနဲ ့

    မသိလိုက် မသိဘာသာ အုတ်မြစ်ချ အကောင် အထည် ဖော်ခဲ့ပြီးပြီ ဆိုတာပဲ ။

    အော် တာတော့ အော် ခဲ့ကြတယ် ။ လူနည်းစုလောက်ပါ ။

    ကျွန်တော့်တို ့နိုင်ငံက အများစုကလဲ ဇာတိမာန် ဋ္ဌာနေစွဲက ပြင်းထန်သကိုး ။

    ဒါလို အနေအထားတွေက ကျွမ်းကျင်သူတွေ ကျားကွက်ရွှေ ့ဖို ့ အကောင်းဆုံး အနေအထားပဲ ။

    မြစ်ဆုံနဲ ့ လှည့်ပြီး ရွှေ ကို ကျားကွက် ရွှေ ့လိုက်တာလေး ကို ပြောတာပါ ။

    ကိန်းဂဏန်းတွေကတော့ ယှဉ်တွဲပြီး တွက်ကြည့်မလား ……။

    သူတို ့ သူတို ့တွေရဲ ့ Lil Wayne လို တခြမ်းတွန် ့ အပြုံးက အတော် ခံရခက်တယ် ။

    ကျွန်တော့်လို နလပိန်းတုံး ပြည်သူတွေရဲ ့ “အ” ချက်ပေါ့နော…..။

    ကွက်ကျော် ကွက်ကျား ကာတွန်းထဲက စကားနဲ ့ပြောရရင်

    ” ပြောင်ရှင်း…..မင်း ပိုင်သကွား…..” လို ့ ဆိုရမလားပဲ ။ 😛

    …………………………..

  • htoosan

    January 13, 2012 at 9:47 am

    ဖတ် ဖတ်ပြီး သေချာ မှတ်မထားလို့ ။
    ဂတ်စ် အချို့ ကို ပြည်တွင်းမှာ ပြန်သုံးသွားမယ် ။ ရခိုင်ပြည်နယ် မီးလင်းရေးအတွက် ပြန်သုံးသွားမယ် ဆိုတာ သဘောတူညီချက် ရရှိကြောင်း ဖတ်လိုက်ရဘူးတယ် ။ ပြန်ရှာတွေ့ရင် ပြန်တင်ပေးမယ်။

  • ကြောင်ကြီး

    January 13, 2012 at 9:57 am

    ရွာသူကြေးမုံပြောတာ တရုတ်ကြီးက သနားလို့ မြန်မာပြည်မှာ အနစ်နာခံ စီးပွားရှာနေတယ် ဆိုလား။ အခုဘယ်လို ဖြစ်တာတုန်း… ထွက်သမျှအကုန်နီးပါး တရုတ်ကသယ်၊ ရောင်းရသမျှကို စစ်တပ်အတွက်သုံး၊ အရိုးအရင်းကို စစ်တပိုင်းအစိုးရကကိုက်၊ ကိုရွှေရခိုင်တို့ရေ မုဒိတာပွားကြပါဗျာ…ကုသိုလ်ရပါဒယ်….။ အခုလွှတ်တော်သက်တမ်းမှာ နားလည်မှုတည်ဆောက်၊ နောင်ငါးနှစ်သက်တမ်းမှာ အခြေခံအချက်တွေ စဉ်းစား၊ နောင်ငါးနှစ်မှာ ညှိနှိုင်းဆွေးနွေး၊ နောင်ငါးနှစ်မှာ အပေးအယူလုပ် အဖြေရှာ၊ လွှတ်တော်ငါးဆက်မြောက် နှစ်ဆဲ့ငါးနှစ်အကြာ ဥပဒေလည်းပြဌာန်းရော နိုင်ငံတော်ဂျောက်ထဲမကျဖို့ တပ်မတော်က အာဏာလွှဲပြောင်းယူ၊ နောက်ထပ် အနှစ်အစိတ်စောင့် ဒို့အရေးအော်၊ အခြေခံဥပဒေအသစ် ရွေးဂေါက်ပွဲအသစ်ထပ်လုပ်၊ စစ်နှစ်ပိုင်းအစိုးမရသစ်ထပ်ပေါ်လာ၊ လွှတ်တော်ထပ်ဖွဲ့ နောင်ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ်…နောက်ထပ်အစကနေပြန်ကျော့ပါ……. နောင်ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ်…..နောက်ထပ်အစကနေပြန်ကျော့ပါ……. နောင်ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ်…..နောက်ထပ်အစကနေပြန်ကျော့ပါ……. နောင်ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ် ငါးနှစ်….ဘဝသံသရာ ရှည်လျားထွေပြား မနေမနား သွားလည်းသွားဂျဒါ……တူနှယ်တဲ့နှယ် တူနှယ်တဲ့နယ်……

    • small cat

      January 14, 2012 at 9:18 pm

      တတ်လည်းတတ်နိုင်တဲ့ ကိုကြောင်ကြီးပါပဲ၊ ကိုကြောင်ကြီးရဲ့ပုံကုို ကျနော့ ပီအမ်ထဲပို့ပေးပါလား၊
      ခေါင်းဆောင်ကြောင်ကြီးရဲ့ပုံကို ကြောင်လေးက ခေါင်းရင်းမှာချိတ်ပြီး ရှစ်ရာ့ခုနစ်ဆယ်လုပ်ချင်လို့ပါ။
      ရုံးခန်းတွေထဲမှာ ဟိုပုံကြီးချိတ်ထားသလိုပေါ့။ လူပုံကိုပို့ဖို့ပြောတာနော်၊ ကြောင်ပုံတော့မပို့လိုက်နဲ့။

      • The Angry Man

        January 14, 2012 at 10:32 pm

        ဗျို ့ကို small cat (၈၇၀)ဆိုတာဘာကြီးဒုံး။
        ကိုကြောင်ကြီးဆီက တစ်ပုံ၊နှစ်ပုံ၊သုံးပုံ ရအောင်
        သာတောင်း။ဟာ နံလိုက်တာ။

  • မိုက်ကယ်ဂျော်နီချီးဘတ်

    January 13, 2012 at 12:40 pm

    ဒေသခံတွေဖက်ကနေ တွေးကြည့်ရင်
    ရခိုင်ကမ်းလွန်ကနေ ဟိုးးးးးးးးးးးးးတရုပ်ပြည်ထိအောင်ဆက်သွယ်တဲ့
    ပိုက်လိုင်းကြီးက အရှည်ကြီးနော
    အသိမ်းခံလိုက်ရမဲ့ ဒေသခံတွေရဲ့ မြေယာတွေ
    တွေးသာကြည့်ကြပေတော့
    ထိုင်းကိုဖေါက်တဲ့ပိုက်လိုင်းတုန်းက ဒေသခံအချို့ ခြံတွေ အသိမ်းခံရတယ်ဗျ
    အဲ့သည်လူတွေ ထိုင်းဖက်ထွက်ပြီးအလုပ်လုပ်ဘို့သွားတော့
    ပေါ်တာဆွဲခံရပြန်ရော ကံဆိုးတယ်ဘဲပြောရမလားမသိဘူးနော
    တစ်ကယ်ဆို ရခိုင်ကမ်းလွန်ကိစ္စကတော့ လမ်းမီးတိုင်လောက်နဲ့ ဖြေသိမ့်လို့မရဘူးဗျ
    ကျုပ်အထင်ကတော့ ဒေသခံတွေရဲ့ တုံးပြန်မှု့ပေါ်မူတည်မယ်လည်းထင်တာဘဲ ( အထင် )
    မဟုတ်လို့ကတော့ ခင်ဗျားတို့ကို အဲ့သည်ပိုက်လိုင်းကို
    အလှည့်ကြ ကင်းပါစောင့်ခိုင်းလိုက်ဦးမယ်
    မယုံမရှိနဲ့
    ဆဲခြင်လိုက်ဒါ 😀 😀 😀

  • ဟုတ်ပါတယ်ဗျ. ကိုမိုက်ကယ်ကြီးပြောသလိုပါဘဲ ကျနော်တို ့ဒေသခံတွေလဲ နောက်များဆို ကင်းစောင့်ပေးရမယ့်
    သဘောလဲပါနေလေတော့။အင်း. စဉ်းစားရခက်ကြီးပါလား။ခုလိုတကူးတကနဲ ့ဝင်ဆွေးနွေးပေးတဲ့ ညီအစ်ကိုတွေ
    အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Reply