IMPRESSIONISM ..အကြောင်း နည်းနည်းပြောမယ်။

alinsettJanuary 12, 20121min1087

ပြင်သစ် ပန်းချီကျော်ကြီး မိုးနေး ( CLAUDE MONET ) – 1840- 1926 ရဲ ့

IMPRESSION SUNRISE လို ့အမည်ရတဲ့ ပန်းချီကား တစ်ချပ်ကို အစွဲပြုပြီး ပေါ်ပေါက်ခဲ့တဲ့ ဝါဒ တစ်ခု ရှိပါတယ်။

မော်ဒန် ပန်းချီ ( မော်ဒန်အနုပညာသမိုင်း ) မှာ ထည် ့မပြောလို ့မဖြစ်တဲ့ အင်ပရက်ရှင်ဝါဒ

( IMPRESSIONISM ) ပါပဲ..။

အဟောင်းတွေနဲ ့ အဆက်ဖြတ်ပြီး.. လမ်းခွဲ ဖောက်ထွက်လိုက်တဲ့ လှုပ်ရှားမှုတစ်ခု လို ့ ဆိုရမှာပါ။

အင်ပရက်ရှင်ဝါဒီတွေ ( IMPRESSIONIST ) တွေက သဘာဝလောက ထဲက အရာတွေကို ပန်းချီ ရေးဆွဲရာမှာ..

အဲဒီအရာတွေ..အပေါ် ကျရောက်နေတဲ့ အလင်း ..အရောင် …အရိပ်တွေ ကိုပဲ…အမိအရ ဖမ်းပြီး…ရေးဆွဲရမယ်..တဲ့ ။

အလင်းတွေရဲ ့ လှုပ်ရှားပြောင်းလဲမှုကြောင့်..အရောင်..အရိပ်တွေလည်း လိုက်ပါ ပြောင်းလဲ..ရပါတယ်။

အဲဒီ လှုပ်ရှားမှုရဲ ့…တဒင်္ဂ တစ်ခဏလေးကို ( တဒင်္ဂ တစ်ခဏလေးအတွင်း )

ဖြစ်ပေါ်တဲ့ လှုပ်ရှားမှု..( အလင်း ..အရောင်..အရိပ်..) တွေကိုပဲ…

အမိအရ ဖမ်း ရေးဆွဲကြပါတယ်။

အဲဒါကသာ အဓိက ပဲ…တဲ့။

အဲဒီလို ရေးဆွဲခြင်းရဲ ့အကျိုးဆက်ကတော့..

( အလင်း ..အရောင် ….အရိပ်တွေကိုပဲ..အဓိက ထားရေးဆွဲတော့..)

အကြောင်းအရာ ( SUBJECT / MATTER ) တွေရဲ ့ အရေးပါမှု…လျော့ကျသွားပါပြီ။

သူတို ့ ဝါဒ အရ ပန်းချီကားထဲက အရာဝတ္ထုက ဘာမှ အရေးမကြီးဘူး။ မြင်းတစ်ကောင် ဖြစ်ဖြစ်..၊

ပန်းတစ်ပွင့်ဖြစ်ဖြစ်..၊ ရေနွေးအို းတစ်လုံးပဲ..ဖြစ်ဖြစ်.. အရေး မကြီးဘူး..။ သူတို ့အဖို ့ အရေးကြီးတာက..

အလင်း…အရောင်…အရိပ်တွေရဲ ့ လှုပ်ရှားပြောင်းလဲမှု……။

စာပေနယ်မှာ ဆိုရင်လည်း…. ဇာတ်လမ်းတို ့ ၊ ဇာတ်ကောင်…တို ့ရဲ ့အရေးပါမှုက

လျော့ကျသွားပြီး… ဖန်တီးသူရဲ ့ စိတ်အစဉ်မှာ…တဖျတ်ဖျတ် ဖြစ်ပေါ်သွားတဲ့ စိတ်ကူးအာရုံတွေကိုသာ

အမိအရ ဖမ်းဆုပ်နိုင်ဖို ့ ကြိုးစားလာကြပါပြီ..။

မော်ဒန် ဝတ္ထုတိုတွေမှာ…ဇာတ်လမ်း မဲ့ လာပါတယ်။ ဇာတ်ကောင် သရုပ်ဖော်မှု ဝေ..ဝါး လာပါတယ်။

သေချာတာကတော့…. အင်ပရက်ရှင်ဝါဒ ပေါ်ပေါက်လာပြီး နောက်ပိုင်းမှာ…

အစဉ်အလာဟောင်း ၊ စံသတ်မှတ်ချက် အဟောင်းတွေကို ချိုးဖျက်ပြီး..

လမ်းရိုးကြီးက ခွဲထွက်လိုက်တဲ့ အနုပညာရှင်တွေ…၊

လမ်းရိုးက ခွဲထွက် ထားတဲ့ အနုပညာပစ္စည်းတွေ….

အရှိန်အဟုန်ပြင်းစွာ….

ဖြစ်ပေါ်လာကြတာပါပဲ..။

အနုပညာဆိုတာကို ဖန်တီးခြင်းတစ်ခု ( CREATION ) အဖြစ် မြင်နိုင်သူ ဆိုရင်…

အင်ပရက်ရှင်ဝါဒ ပေါ်ပေါက် အားကောင်းလာခြင်းကို မမုန်းနိုင်ပါဘူး…။

_______________________________________________

ကျွန်တော် ချစ်တဲ့အရာတွေ ထဲမှာ… အင်ပရက်ရှင်ဝါဒ ( IMPRESSIONISM ) လည်း ပါ…ပါတယ်။

______________________________

ဒီဝါဒ ကို အာလုံးလည်း ကြားဖူး သိဖူးကြလိ်မ့်မယ် ထင်ပါတယ်။ ကျွန်တော်က ကျွန်တော် သဘောကျမိတဲ့

အနုပညာဆိုင်ရာ အတွေးအခေါ် အချက်အလက် တစ်ခုကို တို ့…ထိ ဖော်ပြတာပါ။

အတွန် ့တက် ဆောင်းပါး..လို ့ ထင်ရင်လည်း ထင်သွား နိုင်ပါတယ်။

________________________________________

ဘာပဲ..ပြောပြော

အနုပညာ လောက တိုးတက်ဖို ့ရည်ရွယ်သူတွေ ဟာ…

အနုပညာအကြောင်းတွေ..ပြောနေရမယ်..လို ့

ကျွန်တော် ယူဆပါတယ်။ ။

_________________________________

( အတွန် ့တက်…ဝါကျ )

ဒီဝါကျကတော့ အတွန့်တက် ဝါကျ ပါ။

ကျွန်တော့် ရဲ ့ ဒီ ဆောင်းပါးမှာ သုံးထားတဲ့..IMPRESSIONISM ဆိုတဲ့ စကားလုံးကို

DICTIONARY ( အင်္ဂလိပ်မြန်မာ အဘိဓါန် ထဲ့မှာ ဖွင့်ဆိုထားတဲ့ အဓိပ္မါယ်.များအတိုင်း သုံးဖို ့ မရည်ရွယ်ပါဘူး။)

IMPRESSIONISM ကို IMPRESSIOMISM ဆိုတဲ့ စကားလုံးအတိုင်းပဲ….သုံးချင်ပါတယ် ။

သမားစဉ်ဆက် လည်း အင်ပရက်ရှင် ဝါဒ လို ့ပဲ..ခေါ်ဝေါ်သုံးစွဲကြတာ မှတ်သားခဲ့ရပါတယ်။

————————————

လေးစားစွာ..ဖြင့်…

အလင်းဆက်

alinsett.art@gmail.com

အောက်မှာ…တာရာမင်းဝေရဲ ့ကဗျာ တစ်ပုဒ်ကို ဖော်ပြချင်ပါတယ် ။

ကိုယ်ရေးကိုယ်တာ စာမေးပွဲ

အဲဒီစာအုပ်က

သူ့ကိုယ်သူကဒ်ထူအင်္ကျ ီနဲ့ပြန်ချုပ်တယ်

အဘိဓါန် နဲနဲလုပ်မလို့တဲ့ … ။

စီးကရက်ကပြောတယ်

သူ့ကို နှုပ်ခမ်းဖျားမှာ တပ်ရင်တပ်ပါ

တံတွေးနဲ့ လာမကပ်ပါနဲ့ … တဲ့

( ဟုတ်တော့လည်း ဟုတ်ပါတယ်လေ )

ဖိနပ်က

လှေကားခြေရင်းမှာ ရပ်တယ်

သူ့အမေက

အလှူအိမ်တွေဖက် မသွားဖို့မှာထားတယ် ။

တီ .. တီ .. တီ

နာရီက သူ့ကိုယ်သူ နှိုးစက်ပေးချင်လှပြီ

မျက်မှန်က နိုးပြီး မျက်လုံးက မနိုးဘူး

ဆိုးလိုက်တာ ။

ဂေါက်သီးရိုက်တံကလည်း

မြေကြီးထရံမှာ သူ့ကိုချိတ်ထားလိုက်ပါတဲ့

“ကျင်း” တွေကို နာခံရတာ “ကျဉ်း” တယ်ဆိုပဲ … ။

ဆေးပုလင်းကို စားပွဲပေါ် တင်ထားလိုက်တော့

ဖော့ဆို့လို

ကျွန်တော့်ကို လွတ်လပ်ခွင့်ပေးပါ … ။

အဲဒီမှာ

ခင်ဗျားအတွက် ခြေကြွခ

လမ်းလျှောက်ပြလိုက်စမ်းပါ

ဆင်မ ယဉ်သာ … ။

7 comments

  • windtalker

    January 12, 2012 at 7:47 pm

    အခုရက်ပိုင်းအတွင်း ၊ ကိုယ်တိုင် ဆေးရောင်ခြယ်ရတဲ့ ပန်းချီကား သေးသေးလေးတွေ ဝယ်ပြီး ၊ စိတ်ရှည်အောင် လေ့ကျင့်ခန်း လုပ်ကြည့်နေတာ ဆိုတော့ ၊ အလင်းစက် ရဲ ့အင်ပရက်ရှင်း တွေ ကို စမ်းကြည့်ဦးမယ်ဗျို ့

  • yaungchikha

    January 13, 2012 at 8:14 am

    ပန်းချီကိုတော့ ဝါသနာပါတယ်၊ ဒါပေမယ့် အခြေအနေမပေးလို့ မသင်ဖြစ်ဘူး၊ ပန်းချီကို ဝါသနာပါမှန်းသိလို့ မိတ်ဆွေတစ်ယောက်က ပန်းချီဆွဲနည်း အခြေခံစာအုပ်လေး လက်ဆောင်ပေးတာ ရဘူးတယ်………

  • Green Rose

    January 13, 2012 at 11:14 am

    Very interesting.
    I didn’t know what is impressionism before , so I didn’t understand impressionist.
    Now I know the way to try to understand and to feel impressionist.
    Thank you so much.

  • ကြောင်ကြီး

    January 13, 2012 at 12:29 pm

    အင်ပရက်ရှင်
    မြင်တတ်ရင်
    ဘဝင်ဟပ်ထင်..
    ဂွင်မက်လျင်
    ထင်မှတ်စဉ်
    ချဉ်ဖတ်ပြင်..
    ကြင်ဖက်လင်
    အဝင်ခက်လျင်
    နင်တတ်ချင်…။

  • alinsett

    January 13, 2012 at 6:54 pm

    ကိုပေ..ရေ..ကျေးဇူးပါပဲ။
    ကျွန်တော့်ရဲ ့စိတ်ဝင်စားဖွယ် မကောင်းလှစွာသော ဆောင်းပါးတွေကို အမြဲ..လိုလို အားပေး ဖတ်ရှု တတ်သူ…ကိုပေ..နဲ ့အခြား မိတ်ဆွေ တွေကို ကျေးဇူး တင် ရပါတယ်။

    Green Rose ..ရေ.. ကျွန်တော့် ပို့ စ်လေးကို စိတ်ဝင်စားလို ့ကျေးဇူးတင်ပါတယ် ။ ဝမ်းလည်း သာရပါတယ်။

    ကိုကြောင်ကြီးရဲ ့ ကဗျာ..တွေကိုတော့ အရမ်းကြိုက်တယ.်. လက်တန်းရေးတာ တော်တယ်…။

    အနုပညာ သမိုင်းမှာ ပန်းချီ ဝါဒတွေနဲ ့ စာပေ…ဝါဒတွေ ဟာ..အတော်လေး ဆက်နွယ်ခဲ ့ကြလို ့…ပန်းချီနဲ ့ စာပေ..ကို ရော…ပြီး..တင်ပြလိုက်ရပါတယ်။
    အားလုံးကို ခင်မင်လေးစားလျက်ပါ။

  • Thaw Zin Loikaw

    January 13, 2012 at 7:01 pm

    မှတ်သားထားသင့်တဲ့ ယူဆချက်တွေလို့ ထင်မိပါတယ်…။
    “အနုပညာ လောက တိုးတက်ဖို ့ရည်ရွယ်သူတွေ ဟာ…
    အနုပညာအကြောင်းတွေ..ပြောနေရမယ်..လို ့
    ကျွန်တော် ယူဆပါတယ်။ ။”ဆိုတဲ့ အဆိုကို ကြိုက်တယ် ကိုအလင်းစက်…။

  • alinsett

    January 13, 2012 at 7:10 pm

    ကိုသော်ဇင်ရေ…ကျေးဇူးပါပဲ။ ကျွန်တော်..ရေးရကျိုးလေး နပ်သွားပါပြီ။

Leave a Reply