လွှတ်တော့မယ်ဗျို့

ဖိုးထောင်January 12, 20121min32033

သဘက်ခါ ၁၃-၁-၂၀၁၂ ရက်နေ.တွင် နိုင်ငံရေးအကျဉ်းသား ၆၅၁ ဦးအား လွှတ်ပေးရန် သမတမင်းမှ လက်မှတ်ရေးထိုးလိုက်ပြီဟု သိရှိရပါကြောင်း ညီအကို နှမ အမ ဋ္ဌကီးဒေါ် ဦးလေးများအား သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ

33 comments

  • ဦးဦးပါလေရာ

    January 13, 2012 at 12:24 am

    အကျဉ်းသား ပေါင်း ၆၅ဝ လို့ကြားတာ..
    နိုင်ငံရေးအကျဉ်းသားချည်းပဲလို့ မထင်ထားမိဘူး..

  • kai

    January 13, 2012 at 1:30 am

    မင်းကိုနိုင်တို့တအုပ်စုလုံးသာ… တကယ်သာလွှတ်ရင်… ဒီနှစ်ထဲ.. ယူအက်စ်ဆန်ရှင်လျှော့/ဖြုတ်နိုင်အောင်.. ကန်ပိန်းလုပ်ပေးမယ်..။ 🙂

    ဆန်ရှင်လျှော့/ဖြုတ်နိုင်ဖို့. အခွင့်အာဏာက … (ရွေးကောက်ပွဲလုပ်မဲ့နှစ်မို့) အစိုးရနဲ့.. ကွန်ဂရက်စိနိတ်မှာ မရှိနေဘူး..။
    လူထုလက်ထဲမှာ..။
    အဓိကက.. မြန်မာ-အမေရိကန်တွေလက်ထဲမှာမို့… ဒီစကားပြောတာပါနော..

    • ကြောင်ကြီး

      January 13, 2012 at 9:29 am

      ပုဒ်မ၄၀၁ဆိုတာ လွှတ်ပေးပေမဲ့ အနှောင်အဖွဲ့ပါတယ်လို့ သိထားပါတယ်။ နောင်ဖမ်းတဲ့အခါ ကျန်နေတဲ့ ထောင်ဒဏ်ပေါင်းချမယ်ဆိုတဲ့ သဘောပါ။ စေတနာမှန်ရင် ဒါတွေမလိုပါဘူး။ သဂျီးတို့လို ဖော်လံဖား အပြောအဆိုတွေကြောင့် အချို့လူများ စစ်အစိုးရရဲ့ သရုပ်သကန်အမှန်ကို ဖော်ထုတ်ဖို့ကြိုးစားရင်း နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရတာကို သတိပြုစေလိုတယ်။ ဥပမာ – လူ့အခွင့်ရေးကိုယ်စားလှယ်များ လာချိန်မှာ ထောင်တွင်းအခြေအနေ၊ လူ့အခွင့်အရေးအခြေအနေ တင်ပြသူများ နှစ်ရှည်ထောင်ဒဏ် ကျခဲ့ရတယ်။ အခြေခံဥပဒေ၊ ရွေးဂေါက်ပွဲ မဲလိမ်မဲခိုးမှု ဖော်ထုတ်သူများ အနှိပ်စက်ခံခဲ့ရတယ်။ အဲဒီ မတရားမှုများအတွက် အဆင်အခြင်မဲ့ပြောသူများမှာလည်း တာဝန်ရှိကြောင်း ဤနေရာမှ ကြုံတုန်း သတိပေးပါတယ်။

      • amatmin

        January 13, 2012 at 9:54 am

        ကိုကြောင်ကြီးပြောထားတာ မမှားပါဘူး.
        စေတနာတကယ်မှန်ကန်နေရင် အပြစ်မရှိတဲ့ လူတွေကို
        ကွင်းလုံးကျွတ်လွှတ်ပေးမှအသိအမှတ်ပြုဖို့ကောင်းမယ်..
        လွတ်လာတဲ့အကျဉ်းသားတွေ အနေနဲ့သူတို့မကျူးလွန်တဲ့ အပြစ်တွေကိုချေဖျက်နိုင်ဖို့ဆို
        အစိုးရကိုအတိုက်အခံဆက်လုပ်နေရမှာလေ..
        ပုဒ်မ ၄၀၁ ကဘာလို့ပါလာရတာလဲ ??
        ကျနော် တို့တွေအချီးကျူးမစောမိအောင် ဆက်စောင့်ကြည့်ကြတာပေါ့ဗျာ..

      • Khin Latt

        January 13, 2012 at 3:44 pm

        ကိုကြောင်ကြီး ဆိုလိုတာ နားလည်ပါတယ်။
        သို့သော် တစ်ဆင့် ပြီး တစ်ဆင့် နဲ့ စိတ်ရှည် ကြဖို့ လိုပါမယ်။
        တိုင်းပြည်က ယိုယွင်းနေကြာပြီမို့ အတင်း စိတ်လောပြီး လုပ်ရင် တကယ်လက်တွေ့လုပ်ခွင့်ရကြရင် ထင်သလောက် ပိုခရီး မပေါက်ဖြစ်မှာစိုးရပါတယ်။
        ကျွန်မတို့ စောင့်ခဲ့တာကြာပြီဘဲ။
        သူတို့ဖက် အတွက် လဲ နဲနဲ စဉ်းစားပေးလိုက်ပါ။
        အခုတော့ တကယ်ထွက်ပေါက် ရလောက်ပါပြီ။
        ဒီလို သတင်းကောင်း ကို ကြားရတာ နိုင်ငံရေး ယုံကြည်မှုကြောင့် အကျဉ်းကျသူတွေ လွတ်မြောက်တာကြောင့် ဝမ်းမြောက် ရတာတင်မကဘဲ အပြင်မှာ သွယ်ဝိုက် သော နည်း နဲ့ အကျဉ်းကျ နေတဲ့ ကျွန်မတို့ မြန်မာနိုင်ငံသား အားလုံး အတွက် လွတ်မြောက်ရေး လမ်းစ ပါဘဲ။
        တကယ်တော့ တိုင်းပြည် တိုးတက် လွတ်မြောက်ရေးပွဲ က အခုမှ စမှာပါ။
        အတိတ်ကို ကြည့်ပြီး အလုပ်မလုပ် ဘဲ အနာဂါတ်အတွက် လက်ရှိ ကိုဘဲ ကောင်းအောင်လုပ်ကြတာပေါ့။
        အတိတ်က တော့ သင်ခန်းစာပေါ့။
        ကျွန်မ တို့ အားလုံး ညီညီညွတ်ညွတ် သွေးမကွဲ ဖို့သာ လိုမယ်။
        အတင်းစိတ်လောပြီး အားလုံး တိုးမထွက် ဖို့ဘဲလိုမယ်။ မဟုတ် ရင် တစ်ယောက် နဲ့ တစ်ယောက် ထပ်နင်းမိ နေမှာမို့ပါ။

        ကိုကြောင်ရေ – တကယ်တော့ ကျွန်မတို့လို နိုင်ငံမှာ အကောင်းဖက် ကို ဦးတည်စေမဲ့ ဖော်လံဖား တွေ လိုပါတယ်။ ခလေးဆိုးကြီး တွေ ဆို ချော့ပေါင်းရတာ မဟုတ်လား။ 😉

        ဘာဘဲဖြစ်ဖြစ် ဒီနေ့ကတော့ ကျွန်မ တို့ ရဲ့ မျှော်လင့်ချက် တွေကို ရှင်သန်လာစေတဲ့ နေ့ပါဘဲ။

        သမ္မတကြီး ဦးသိန်းစိန် ကိုရော သူ့ကို ပံ့ပိုးပေးကြတဲ့ အစိုးရ အဖွဲ့ဝင် များကိုရော၊ သူတို့ ကို ယုံကြည်ပေးခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုရော ပြည်သူလူထု အားလုံး ကိုယ်စား ကျွန်မ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စွာ ဦးညွတ် ကန်တော့ ပါတယ်။

        ကျွန်မတို့ ပြည်သူလူထု ကိုလဲ ယုံပါ။ ကျွန်မတို့ လဲ ဆက်ယုံကြည်ချင်ပါတယ်။
        ကျွန်မတို့ အားလုံး တိုင်းပြည် နဲ့ လူထု ကောင်းစားဖို့၊ ကမ္ဘာ မှာ ဂုဏ်တင့်ဖို့ တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည် စည်းလုံးစွာ တကယ် အလုပ်လုပ် ကြမယ် ဆိုရင် ကျွန်မတို့ ချစ်တဲ့ နိုင်ငံ မကြာခင် လှပ တော့မှာပါ။

    • awra-cho

      January 13, 2012 at 11:13 am

      ကန်ပိန်း လုပ် ဖို့သာ ပြင်ထားတော့၊ ဆန်ရှင် မရှိတော့ရင် အများကြီး ပြောင်းသွားမယ်ထင်တာပဲ၊
      တနှစ်အတွင်းလောက် ပေါ့၊ ပျော်စရာကြီးနေ မှာပဲ။ခေတ် ၃ ခေတ် မှီတဲ့ လူသားဖြစ် တော့မယ်၊

  • kai

    January 13, 2012 at 2:39 am

    အောက်ပါတို့ကို.. မေးလ်ဂရုမှကူးယူပါသည်..။

    ==

    မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြောကြားချက်
    မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် “အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက်
    လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို ့ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်နဝါရီလ ၁၃ ရက်နေ ့မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။ မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
    ==
    Subject: [8888peoplepower] အခုလေးတင်ဝင်လာတဲ့ သတင်းပါ။

    မင်းကိုနိုင် (ပေါ ်ဥိီး ) အစ်မ မငယ်ရယ် ကျွန်တော့ညီ ဆန်းမြင့်ဥိီးတို ့လင်မယားရယ် သရက်ထောင်မှာ ပေါ ်ဥိီးကို သွားကြိုဖို ့ အိမ်ကအခုလေးတင် စထွက်သွားကြပါပြိီ…


    လေးစားစွာဖြင့်

    အေးနန္ဒာအောင်
    http://www.lanpyakye.com/
    http://nandarnihon.blogspot.com/
    http://ayenandaraung-general.blogspot.com/
    =
    အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများစာရင်း
    ၁-ကိုမင်းကိုနိုင်၊
    ၂-ဦးခင်ညွှန်
    ၃-ဦးကိုကိုကြီး
    ၄-၊ဦးခွန်ထွန်းဦး
    ၅-ကိုဌေးကြွယ်
    ၆-ဘန်ဒိတ်ထွန်း
    ၇-ဦးဂမီရ
    ၈-မမီးမီး
    ၉-မနီလာသိန်း
    ၁၀-ကိုဉာဏ်လင်း
    ၁၁-မသက်သက်အောင်
    ၁၂-ကိုဇော်ဇော်မင်း
    ၁၃-အံဖွယ်ကျော်
    ၁၄-၊ဒေါက်တာတင်မင်းထွဠ်
    ၁၅-မင်းဇေယျာ
    ၁၆-ကိုမြအေး
    ၁၇-ကိုဂျေမီ
    ၁၈-ကိုမျိုးအောင်နိုင်
    ၁၉-ကိုသန်းတင်
    ၂၀-ကိုလှမျိုးနောင်
    ၂၁-ကိုသက်ဇော်
    ၂၂- ကိုပြုံးချိုု
    ၂၃-ကိုဇော်သက်ထွေး
    ၁၄-မစနာမင်း
    ၁၅- ဦးညီပု

    • မှော်ဆရာ

      January 13, 2012 at 8:40 am

      ဦးခင်ညွန့်ဆိုတာ ဘယ်ဦးခင်ညွန့်လဲ သိချင်ပါတယ် …

      • မှော်ဆရာ

        January 13, 2012 at 8:43 am

        အဖြေသိသွားပါပြီ …
        ဗိုလ်ချုပ်ခင်ညွန့် လွတ်တာပါ….
        သူဘာပဲလုပ်ခဲ့ လုပ်ခဲ့ ဒုက္ခရောက်နေသူတစ်ယောက် လွတ်လပ်လာတာ ဝမ်းသာပါတယ်..
        မြန်မာနိုင်ငံရဲ့ ကွန်ပျူတာ ၊ အင်တာနက် နည်းပညာ ဖွံ့ဖြိုးတိုးတက်အောင် ပထမဦး ချီးမြောက်ခဲ့သူတစ်ယောက်မို့ ကျေးဇူးလဲတင်ပါတယ်…
        wellcome ဦးခင်ညွန့် ….

        • မှော်ဆရာ

          January 13, 2012 at 9:44 am

          ဖေ့ဘုတ်မှာ ဇင်ငယ်လေး ရေးထားတာပါ ..
          (ဝက်ဆိုက်တွေမှာ..ရေးထားတွေ..ပြန်ပြီးရှယ်ပေးလိုက် ပါတယ်) တစ်ချို ့တွေလဲလွှတ်ဖို ့ကျန်သေးတယ်ပြောတယ်… …မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

          တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁ဝ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)

          ဘူးသီးတောင်ထောင်မှ ၁ဝ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

          သာယာဝတီထောင်မှ ၁ဝဦးတွင် ၁ဝဦးလွှတ်

          ဗန်းမော် ထောင်မှ အကုန်လွှတ်

          ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်

          သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်

          ဖားအံ့ထောင်မှ အားလုံးလွှတ်

          (ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)

          နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။

          လွှတ်မြောက်သူများ အမည် စာရင်း

          ၁ ကိုမင်းကိုနိုင်
          ၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
          ၃ ဦးကိုကိုကြီး
          ၄ ဦးခွန်ထွန်းဦး
          ၅ ကိုဋ္ဌေးကြွယ်
          ၆ ဘန်ဒိတ်ထွန်း
          ရ မမီးမီး
          ၈ ဦးဂမ္ဘီရ
          ၉ မနီလာသိန်း
          ၁ဝ ကိုဉာလင်း
          ၁၁ မသက်သက်အောင်
          ၁၂ ကိုဇော်ဇော်မင်း
          ၁၃ ကိုဂျင်မီ
          ၁၄ ကိုမျိုးအောင်နိုင်
          ၁၅ ကိုသန်းတင်
          ၁၆ ကိုလှမျိုးနောင်
          ၁ရ ကိုသက်ဇော်
          ၁၈ အံ့ဖွယ်ကျော်
          ၁၉ ဒေါက်တာ မင်းထွန်း
          ၂ဝ ကိုဇေယျာ
          ၂၁ ကိုမြအေး
          ၂၂ ကိုသန်းတင်
          ၂၃ ကိုသက်ဇော်
          ၂၄ ကိုပြုံးချို
          ၂၅ ကိုဇော်သက်ထွေး
          ၂၆ မန္ဒနာမင်း
          ၂ရ ဦးညီပု
          ၂၈ ဦးစိုးင်းညွှန့်လွင်
          ၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
          ၃ဝ မင်းဟန်
          ၃၁ မဟန်နီဦး
          ၃၂၊ သန်စင်အောင်
          ၃၃ ၊ကျော်ကျော်နိုင်
          ၃၄ နန္ဒစစ်အောင်
          ၃၅ ၊ပြည့်ဖြိုးအောင်
          ၃၆ ဦးဘမြင့် ဒေါ်မာမာဦး
          ၃ရ ကိုကျော်စွာဋ္ဌေး
          ၃၈ ဒေါက်တာဝင့်သူ၊
          ၃၉ ကရင် စောနေထူး
          ၄ဝစစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
          ၄၁ ဦးစိုင်းလှအောင်
          ၄၂ ကိုကျော်ဝင်း
          ၄၃ ကိုသီဟသက်ဇင်

    • htoosan

      January 13, 2012 at 8:40 am

      ကဲ -သူကြီးရေ .. အပေါ်သတင်းမှန်လို့ ကတော့ သူကြီး ပြောတဲ့ အတိုင်းစ ပေတော့။
      သူကြီးရေ.. သူကြီး ရဲ့ စာရင်းတွေ့ရတာ အလွန် မင်္ဂလာ ရှိပါကြောင်း ..

      • amatmin

        January 13, 2012 at 9:17 am

        ပုဒ်မ (၄၀၁) က ဘယ်လို အနေအထားမျိုးမှာ အကျုံးဝင်သလဲ ဆိုတာလေးသိချင်ပါတယ်ဗျာ..
        နားလည်တဲ့လူများ ရှင်းပြပေးပါဦး.
        လွတ်မြောက်လာတဲ့ အပေါ်မှာ လှိုက်လှိုက်လှဲလှဲ ဝမ်းသာမိပါတယ်..
        ဘာမဆို မျှော်လင့်လို့ ရတဲ့ အနေအထားကောင်းတရပ်ကိုရောက်သွားပြီလို့ ထင်ပါတယ်.
        နောက်ကြောင်းကို ပြန်မရောက်ဖို့တော့အားလုံးမှာ တာဝန်ကိုယ်စီရှိကြသည်ပေါ့…
        သဂျီးရဲ့ ကမ့်ပိန် ကိုလဲစောင့်ပြီးအားပေးပါ့မယ်ဗျ.. 🙂

        • kai

          January 13, 2012 at 12:24 pm

          http://www.weeklyeleven.com
          ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ‘ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်’ ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ ” အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်” ဟူ၍ဖြစ်ပါသည်။

  • Khin Latt

    January 13, 2012 at 3:47 am

    Best wishes from the bottom of my heart. All the Best …..
    Can’t wait to read the best ever news on Friday 13.
    Please …. Please …. Please …. let our dream come true.
    That’s our country’s future.
    We will salute you Mr President.
    Please don’t let youself down again.
    Please stand with us together for the sake of our country.

  • bigbird

    January 13, 2012 at 6:26 am

    ဝမ်းသာလိုက်တာဗျာ…. မင်္ဂလာရှိသောနေ့ပါပဲဗျာ။

  • aye.kk

    January 13, 2012 at 6:46 am

    အတိုင်းအဆမရှိဝမ်းသာလွန်းသဖြင့်ငိုမိပါသည်။

  • yuki

    January 13, 2012 at 7:01 am

    Friday13 ကမင်္ဂလာရှိတဲ့နေ ့လေးဖြစ်သွားတဲ့အတွက် ဝမ်းသာပါတယ်။

  • winkyawaung

    January 13, 2012 at 7:21 am

    အားလုံးအတွက် မိသားစုများနဲ့ ထပ်တူဝမ်းသာမိပါတယ်။ ညက ဆို အိပ်လို့တောင်ပျော်ကြမယ်မထင်ပါ။ ကျွန်တော်လည်း အိပ်လို့ မပျော်ပါ..။ မိုး မြန်မြန်လင်းပါစေလို့သာ ဆုတောင်းပေးနေပါတယ်။

  • padonmar

    January 13, 2012 at 7:25 am

    ဒို့ရှေ့မှာ အာရုဏ်ဦးရောင်ခြည် လင်းလက်လို့နေပါပြီ။

    ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

  • yaungchikha

    January 13, 2012 at 7:53 am

    ဝမ်းသာလိုက်တာ၊ မျက်ရည်တောင် လည်မိတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ ဒီနေ့ကတော့ မင်္ဂလာနေ့ပါပဲ……

  • ထာဝရ

    January 13, 2012 at 8:35 am

    း – ))) 555555555555555555555555
    း – )))555555555555555555555555

  • မှော်ဆရာ

    January 13, 2012 at 8:38 am

    ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ကြိုဆိုလိုက်ကြပါစို့ …
    ချီးယား သမ္မတကြီး …..

  • kyeemite

    January 13, 2012 at 8:49 am

    ဝမ်းသာလိုက်တာဗျာ…. မင်္ဂလာရှိသောနေ့ပါပဲဗျာ။
    လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့
    တိုင်းပြည်အတွက် ပျော်ပျော် ကြီး ဆက်လက်ဆောင်ရွက်နိုင် ကြပါစေကြောင်း
    ဆုမွန်ကောင်းတောင်းအပ်ပါတယ်…
    သတင်းဦး သတင်းထူး ချက်ချင်းတင်ပေးသော ဂေဇက်ရွာသား ကိုပေစိနဲ့ သဂျီး တို့အား အထူးကျေးဇူးတင်ပါကြောင်း….
    ကြီးမိုက်

  • Thel Nu Aye

    January 13, 2012 at 8:59 am

    မင်္ဂလာရှိသောသတင်းလေးနဲ့မနက်ခင်းလေးပါပဲ။ ဝမ်းသာလိုက်တာပြောမပြနိုင်အောင်ပါပဲ။ လွတ်မြောက်လာသူတွေအတွက်ဝမ်းသာသလိုနေရောင်ခြည်သမ်းလာတဲ့မြန်မာပြည်အတွက်လဲဝမ်းသာ ပါတယ်။ အမေစုဟာစစ်မှန်တဲ့နိုင်ငံခေါင်းဆောင်တယောက်ဆိုရင် သမ္မတကြီးကလဲနောက်တိုးစစ်မှန် တဲ့ခေါင်းဆောင်ကောင်းတယောက်ဆိုတာတဖြည်းဖြည်းလက်ခံလာနိုင်ပါပြီ။

  • kyeemite

    January 13, 2012 at 9:47 am

    တကယ်လို့ နိုင်ငံရေးအကျဉ်းသားများအားလုံး သာတယ်လွတ်ပီဆိုရင်…ကျွန်တော့ဆန္ဒကတော့
    သမ္မတကြီး ဦးသိန်းစိန် အနေနဲ့ ပြည်သူလူထုတရပ်လုံးကို တိုက်ရိုက် မိန့်ခွန်းအပြောသင့်ဆုံးအချိန်ဘဲ..
    ဘာတွေလုပ်ပီးပီ ဘာတွေဆက်လုပ်မယ်..စသည်ဖြင့်ပေါ့…ပြည်သူအားလုံးပျော်ရွှင်ရအောင်ပါ..
    အခုဆိုသမ္မတကြီး ဦးသိန်းစိန် ကိုလဲပြည်သူအားလုံး ယုံကြည်လာကြပီမဟုတ်ပါလား…

    ချီးယား သမ္မတကြီး …..

    • မှော်ဆရာ

      January 13, 2012 at 2:36 pm

      ဟုတ်ပါ့ဗျာ …စာစကား ပေစကားတွေ မပါပဲ တခြားနိုင်ငံက သမ္မတတွေလို ရင်းရင်းနှီးနှီး ပြောတဲ့မိန့်ခွန်းမျိုး နားထောင်ချင်လိုက်တာ …
      ပြောရင်းဆိုရင်း အချစ်တော် အကြောင်း ပါတော့မယ် …
      စကိုင်းနက် up to date က ဒီလောက်အရေးကြီးတဲ့ သတင်းတွေကို မတင်ပြပဲ ဘာလုပ်နေသလဲ …

  • Shwe Tike Soe

    January 13, 2012 at 9:49 am

    အားရကျေနပ်စရာသတင်းပါပဲဗျာ.. ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲလေးတွေတွေ.နေရတော့ အရမ်းဝမ်းသာမိပါတယ်…
    သမတကြီးက တကယ်လုပ်တာပဲ.. ရှေ.လျှောက်ဒီလိုပဲ ကောင်းသော အပြောင်းအလဲတွေ ဆက်လက်လုပ်ဆောင်နိုင်ပါစေ.. 😀

  • ထာဝရ

    January 13, 2012 at 9:56 am

    ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) “ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည့်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်းခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ်သည့်ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၎င်းကိုစီရင်သည့်ပြစ်ဒဏ် အားလုံး၊ သို့မဟုတ်အစိတ်တစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သည်။

  • htoosan

    January 13, 2012 at 10:04 am

    http://www.facebook.com/notes/the-voice-weekly/%E1%80%98%E1%80%AC%E1%80%B8%E1%80%A1%E1%80%B6%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%99%E1%80%AD%E1%80%AF%E1%80%B8-%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9%E1%80%A1%E1%80%81%E1%80%AB%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9-%E1%80%9B%E1%80%BC%E1%80%AC%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%B8-revised/354618411231662
    ဘားအံတွင် ငြိမ်းချမ်းရေးမိုး အချိန်အခါမဟုတ် ရွာသွန်း [Revised]
    by The Voice Weekly on Friday, January 13, 2012 at 12:53am

    ရန်ကုန် ဇန်နဝါရီ ၁၂

    မြန်မာနိုင်ငံတွင် ၆၂နှစ်ကြာ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်တွင်းစစ်ကို စတင် အဆုံးသတ် နိုင်ခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်က အချိန်အခါမဟုတ် မိုးများ နေရာအနှံ့ ရွာသွန်းခဲ့ကြောင်း ဘားအံသို့ သွားရောက် သတင်း ရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်း ပေးပို့သည်။

    မိုးရွာသွန်းမှုသည် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့နှင့် မြန်မာ အစိုးရတို့ အကြား အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး သဘောတူခဲ့သည့် လက်မှတ်ရေးထိုးပွဲ အပြီးတွင် ရွာသွန်းခဲ့ခြင်း ဖြစ်ပြီး တိမ်မြူများ ကင်း၍ ကြယ်လများ ကင်းနေသည့် အချိန်တွင် ထူးထူးဆန်းဆန်း မိုးရွာသွန်းခြင်း ဖြစ်ကြောင်း မိုးရွာသွန်းသည့် အချိန်မှာ ၅ မိနစ်ခန့် ကြာမြင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

    ဘားအံတွင် အချိန်အခါ မဟုတ် မိုးရွာသွန်းမှုနှင့် ပတ်သက်၍ ဘားအံမြို့တွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် ကရင် အမျိုးသား ဦးစောက ၎င်း၏သက်တမ်း တလျှောက်အတွင်း ယခုကဲသို့ ရာသီကာလ၌ ပထမဆုံး မိုးရွာသွန်းခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးမိုး ဟုယူဆကာ ဘားအံဒေသခံများ ပျော်ရွှင်လျှက် ရှိသည်ဟု မှတ်ချက်ပေး ပြောကြားသည်။

    ယနေ့ညနေ ၆ နာရီကလည်း နိုင်ငံတော် သမ္မတကြီးသည် အစိုးရ သက်တမ်း ၁ဝ လအတွင်း ၄ ကြိမ်မြောက်အဖြစ် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများတွင် ပါဝင်နိုင်ရန် အတွက် အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေ ရသူ အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

    ကရင် အမျိုးသား အစည်းအရုံးနှင့် မြန်မာ အစိုးရတို့ကြားတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက် ပဏာမ သဘော တူညီချက်၁၁ ချက်ကို သဘောတူညီ လက်မှတ်ရေးထိုး ခဲ့ကြပြီး အကျဉ်းသားများ လွှတ်ပေးရန် သည်လည်း ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးမှုတွင် ပါရှိခဲ့သည်။

    မြန်မာအစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံးတို့ ကြားတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အချိန်မှစတင်၍ ၆ ကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ပြီး ယခု ပဏာမအဆင့် သဘောတူညီမှုသည် အမြင့်ဆုံးအဆင့် သဘောတူနိုင်ခဲ့ခြင်း ဖြစ်သည်။

  • htoosan

    January 13, 2012 at 10:16 am

    ဒါတွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရဲရဲဝန့်ဝန့် ဆုံးဖြတ်ချက်ကြောင့် ရရှိလာတဲ့ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေပါ။
    သမ္မတ ကြီး နဲ့ အစိုးရ အဖွဲ့ဝင်များကို လည်း ကျေးဇူးတင်ပါတယ်။

    • Khin Latt

      January 13, 2012 at 3:48 pm

      I can’t agree more. That’s absolutely true.
      We can’t do anything without her so far.

  • MaMa

    January 13, 2012 at 10:21 am

    သူတို့ရဲ့ မိသားစုတွေတော့ ဘယ်လိုနေမယ်မသိ။
    ကြားရသူအပေါင်းအတွက်ကတော့ တကယ့်ကို မင်္ဂလာရှိလှပါပေတယ်။ 🙂
    လွတ်မြောက်သူများကို ကြိုဆိုပါတယ်။
    လွှတ်ပေးသူ၊ သတင်းပေးသူများကို ကျေးဇူးတင်ပါတယ်။

  • နွယ်ပင်

    January 13, 2012 at 10:49 am

    ဖားအံထောင် လွတ်စာရင်း

    ၁။ဉာဏ်လင်း၊
    ၂။နေမျိုးကျော်(နေဘုန်းလတ်)၊
    ၃။သန်စင်အောင်၊
    ၄။ကျော်ကျော်နိုင်၊
    ၅။နန္ဒစစ်အောင်၊
    ၆။ပြည့်ဖြိုးအောင်
    တို့လွတ်ပါတယ်။

    မြောင်းမြ ထောင် လွတ်စာရင်း

    ၁။စန္ဒာမင်း၊
    ၂။ကိုကံမြင့်၊
    ၃။ကပ်လန်ခွာ

    တို့လွတ်ပါတယ်

    ၁။ဦးဂမ္ဘီရ၊
    ၂။ဦးစိုင်းညွန်လွင်၊
    တို့လဲ လွတ်ပါတယ်။

    မြစ်ကြီးနားထောင် လွတ်စာရင်း

    ၁။သီဟသက်ဇင်၊
    ၂။ကျော်ဝင်း၊
    ၃။ကြည်စိုး။
    ၄။ဇေယျာအောင်၊
    ၅။မျိုးမင်းသန်း၊
    ၆။ဦးဝီရသူ
    တို့လွတ်ပါတယ်။

    တောင်ကြီးထောင် လွတ်စာရင်း

    ၁။ ဂျင်မီ၊
    ၂။မြအေး၊
    ၃။ဇော်သက်ထွေး၊
    ၄။ကျော်ကိုကို၊
    ၅။ကိုမောင်ကံ၊
    ၆။ဇော်မင်းဦး၊
    ၇။ကိုဇော်ဝင်း၊
    ၈။ကိုအောင်ကျော်ကျော်၊
    ၉သူရစိုး။
    ၁ဝမန်းဇော်ထွေး။

    တို့အားလုံးလွတ်ကြပါတယ်။

    ဘူးသီးတောင် ထောင် လွတ်စာရင်း

    ၁။ ဌေးကြွယ်
    ၂။စည်သူမောင်၊
    ၃။သန့်စင်မျိုး၊
    ၄။အောင်ဇော်ဦး၊
    ၅။ကျော်ဝင်းဆန်း၊
    ၆။မောင်မောင်လတ်၊
    ၇။ဦးပြည်ကျော်၊
    ၈။ကျော်မင်း
    တို့လွတ်ပါတယ်။

Leave a Reply