ငွေတောင်ပြည် သို့ အပိုင်း – ၆ (ဇာတ်သိမ်း)

Mလုလင္January 13, 20123min21531

ငွေတောင်ပြည် သို့ပိုစ့်ကဆုံးပါပြီ။ အခု ပိုစ့် ကအမှတ်တမဲ့ မှ အမှတ်တရဖြစ်စေတဲ့ conclusion လုပ်ချင်တာကြောင့်တင်ဖြစ်တာပါ။ အခု တစ်ခေါက်ခရီးထွက်တဲ့ အခါမှာအလုပ်နဲ့ လာရတာမို့ လေးနက်ပြီး သိပ်မပျော်ရသလိုပါပဲ။ မှတ်မှတ်ရရ ခေါင်ရည်တောင် ၂ ခွက်လားပဲ သောက်ဖြစ်ခဲ့ပါတယ်။ အဲ့လောက် အေးပေမယ့် စိတ်ဝင်စားစရာတွေ များပြားလွန်းလှတာမို့ပါ။ နေရာဒေသ ကွာဝေးပေမယ့် ညီအစ်ကို မောင်နှမ တွေနဲ့ ပြန်တွေ့ကြရတာ ပဲ မဟုတ်လား။ နယ်ပယ် ဒေသတစ်ခု လျှင်လျှင်မြန်မြန် တိုးတက်ဖို့ အတွက်အရေးကြီးတာက လမ်းပန်းဆက်သွယ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ လက်တွေ့ကျကျ သိလိုက် ရတဲ့ ခရီး တစ်ခုလို့ ဆိုနိုင်ပါတော့တယ်။

မိုးဗြဲဆည်
လိမ္မေ္မာ်ခြံ
ဘယ်အလုံး ကြီးတုန်း
လွိုင်နန်းဖ
ငွေတောင်ဆည်
တောင်ကွဲ စေတီ
ပင်ခို ငါးရက်ဈေး
ပို့ထရိတ် (Lens စမ်းတာ)

မိုးဗြဲဆည် ပုံက ဦးပေါက် (မန်းလေး) အတွက်တင်ပေးတာပါ၊ MPS က ဒယ်ဒီကြီး မှတ်တမ်းတင်ပေးတာပါ။ လိမ္မေ္မ္မာ်ခြံ ပုံတွေကတော့ စိုက်ပျိုးမြေ အမြောက်အများကျန်သေးတဲ့ ကျွန်တော် တို့ နိုင်ငံ အတွက်ပါ။ လွိုင်နန်းဖ ပုံကတော့ ကိုယ့် သမိုင်းကိုရေးတယ် ဆိုတာ လေး သတိရ ကြစေချင်လို့ပါ။ မန်ဘာအများလဲ နောက်နှစ်များ ကြာတဲ့အခါမှာ ဟိုး ကျန်ခဲ့တဲ့ နှစ်တုန်းက ငါ ဒီလို တွေးပြီး ဒီလိုရေးခဲ့ပါလား .. ဆိုတဲ့ . သမိုင်းလေး ကျန်ခဲ့ကြမှာပါ။ သမိုင်း ရဲ့ အရေးကြီး ပုံအတွက် တင်ပေးလိုက်တာပါ။ ငွေတောင်ဆည် ကတော့ ရွာထဲက ကယား ညီအစ်ကိုတွေ အတွက် တင်ပေးဖြစ်တာပါ။ တောင်ကွဲ စေတီကတော့ ကျွန်တော့ အတွက် တင်ဖြစ်တာပါ။ လွိုင်ကော် ကိုရောက်ပြီးမိုးအုံ့လို့ တောင်ကွဲစေတီ ပုံ ကို under expo: ကြီးနဲ့ ရထားတဲ့ ကျွန်တော့ အတွက် အဘ FR က ပို့ပေးထားတာပါ။ မိသားစု ပုံကတော့ …. တကယ်တော့ ကျွန်တော် တို့ က မိသားစု တွေပဲ မဟုတ်ပါလား။ ပင်ခိုဈေး .. တစ်ခုခု လိုချင်ရင် တစ်ခုခု ပေးကြရမြဲ ပါ။ အောက်ဆုံးပုံကတော့ Lens(Tele) စမ်းတာပါ။ ကျွန်တော့ အတွက် အမှတ်တရပါပဲ .. လိုချင်ပေမယ့် တေးထားလိုက်တယ်.. ဝယ်နိုင်သေးဘူးရယ်..။

လေးစားစွာဖြင့်
M-လုလင်

31 comments

  • Khin Latt

    January 13, 2012 at 5:07 am

    ထင်လို့လား မသိဘူး။
    ကယားက လူတွေရဲ့ အဝတ်အစား နဲ့ နေထိုင်ပုံ တွေ က ကိုပေါက်ရဲ့ လက်စွမ်းပြ “ဖျပ်ကနဲ ရန်ကုန် အပိုင်းသုုံး(ဝမ်းတစ်ထွာအရေး)” က လူတွေထက် ပို သပ်ရပ် ရွှင်လန်းပြီး ပို လွတ်လပ် ပုံပေါ်သလားလို့။
    ကင်မရာ (သို့) ကင်မရာမန်း ရိုက်တဲ့ အစွမ်း နဲ့တော့ ဘာမျှဆိုင်မည် မဟုတ်ပါ။

    • M-Lulin

      January 13, 2012 at 10:46 am

      ဟုတ်တယ် အန်တီခင်လတ် ရဲ့ လေးလေးပေါက် က.. မြို ့ပြအမော တွေကိုပြချင်တာလေ ကျွန်တော်က တိုးတက် ပြီးပျော်ရွှင်နေတာကို ပြချင်တာ … ပေးချင်တဲ့ message မတူ လို့ …

  • yaungchikha

    January 13, 2012 at 7:48 am

    ရိုးရာဝတ်စုံတွေနဲ့ သစ်သီးခူးနေတဲ့ပုံတွေ တွေ့ရတာ အေးချမ်းလိုက်တာ၊ နေ့တိုင်း ရိုးရာဝတ်စုံပဲဝတ်တာလား၊ တောင်ကွဲစေတီကိုလည်း ဖူးချင်တယ်၊ ပုံတွေကြည့်ပြီး ရောက်အောင်သွားမယ့် နေရာတစ်ခုအဖြစ် မှတ်ထားလိုက်ပြီး………..

    • M-Lulin

      January 13, 2012 at 10:57 am

      နေ့တိုင်းတော့ မဝတ်လောက်ပါဘူး ဗျာ။ တောင်ကွဲ စေတီမှာ စေတီ 12 ဆူရှိတယ်။ 12 ဆူလုံး စုံ အောင်ဖူးခဲ့နော့ … ကိုယ်တွေက ကိုယ့် ဇောနဲ့ကိုမို့ ..တစ်ဆူ ပဲ ပေါက်ဆိန်ပေါက် .. ပေါက်ခဲ့ ရတယ်။

  • အောင် မြင်

    January 13, 2012 at 8:51 am

    ကယားဘက်ကို တစ်ခေါက်လောက်တော့ ရောက်ဖူးချင်သေးတယ်ဗျာ၊၊

    • M-Lulin

      January 16, 2012 at 12:25 am

      မြန်မာပြည် အနှံ ရောက်ဖူး ပါစေဗျာ …

  • MaMa

    January 13, 2012 at 9:14 am

    လွိုင်နန်းဖ ပုံကို အကြိုက်ဆုံးပဲ။ ရွာနဲ့လည်း လိုက်ဖက်ညီတယ်ထင်လို့။
    ကြည့်ရတာ မောင်လုလင်လည်း ကယားလူမျိုးပဲ ထင်တယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က အသုံးလုံးလုပ်အားပေးတုန်းက အကိုတစ်ယောက်က ဒီမောဆို ကို သွားရတယ်။ အဲဒီမှာ ၁လလောက် နေဘူးတယ်။ မြန်မာလိုလည်း မပြောတတ်ကြဘူး။ နားလည်တဲ့လူလည်း တော်တော်ရှားတယ်။
    စာသင်ဖို့ သွားခေါ်တော့ အကျိုးမရှိ အကျိုးမရှိ လို့ ပြောတယ်ဆိုပြီး ပြန်ပြောပြလို့ ရီကြရသေးတယ်။
    အဲဒီတုန်းက လွိုင်ကော်မြို့တောင် မတိုးတက်သေးဘူး ပြောတယ်။ အဲဒီတုန်းက ရိုက်လာခဲ့တဲ့ ပုံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် တိုးတော့ တိုးတက်လာတယ်ပြောရမယ်။

    • M-Lulin

      January 13, 2012 at 11:07 am

      ဒီမောဆိုး က ခု ဆိုင်ကယ် တဝီဝီ နဲ့ မြန်မာစကားလဲ ပြောတတ်, နားလည် တာခပ်များများ တွေ့ရပါတယ်။ ရလွတ်ပကျွတ် တို့ ခေါက်ထားလိုက် တို့ ဟက်တက်ကြီး ပဲ ဟေ့ .. တို့ လို ဗန်းစကား တော့သူတို့ သိဘူးဗျ .. စာသင်ဖို့ က တော့ ခုထိ မိဘ တွေ ကိုစည်းရုံးနေရတုန်းပဲ ဗျို ့ .. နိုင်ငံခြား ပညာတော်သင် သွားဖူးတဲ့ သူ ၃ ယောက် လောက်နဲ့ တော့ စကားပြောခဲ့ ရတယ်။ EMO ကေ နဲ့ ဘာနဲ့ ဆယ်ကျော်သက် တွေလဲ ရှိသဗျ … ဗမာ လူမျိုးလို့ ပဲထင်ပါ ဗျာ။ ဟိုကလူ တော်တော်များများ က တုတ်တုတ်ခိုင်ခိုင် နဲ့ သန်မာ ကြတယ်ဗျ။ ရန်ကုန် က ငနဲ …တွေများ ပိန်လှီပြားချပ် နဲ့ ကိုယ်အပါအဝင် …. ပဲ .. 🙂

  • မလတ်ရေ
    တကယ်ကိုဟုတ်ပါတယ်။
    ကျနော့်ဖျပ်ကနဲ့က ပုံတွေက မရွှင်လန်းတာ သေချာပါတယ်။
    နယ်မြို့လေးတွေက စိတ်ရောလူပါ တကယ်ကိုအေးချမ်းပါတယ်။
    ဒါကြောင့်ကျနော် အင်းလေးဘက်လွိုင်ကော်ဘက်သွားတုံးက
    ရူ့ခင်းပုံလှလှလေးတွေဘဲပါလာခဲ့ပါတယ်။
    ဒီတစ်ခေါက် နေရာအနှံ့ခြေလျှင်လျှောက်သွားတဲ့အခါ
    မွန်းကျပ်တဲ့မြို့ပြက အခြေခံလူတန်းစားတွေရဲ့လက်တွေ့ဘဝကို
    ထင်ဟပ်တဲ့ပုံတွေရပါတယ်.။
    ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့တင်ပြပေးတာပါ။
    အခုလိုနိုင်းယှဉ်ပြောပေးတာကျေးကျေးပါ နော်

  • Shwe Tike Soe

    January 13, 2012 at 9:42 am

    ကိုလု မိုက်တယ်ဗျာ.. ဒါနဲ. မိသားစု ပုံမှာ သူများရိုက်ခိုင်းတာတာ Timer နဲ.ရိုက်တာလား…

    • M-Lulin

      January 13, 2012 at 11:00 am

      Timer နဲ့ ဗျ .. Cross Focus Point များလို့ … Timer နဲ့ ဆိုပေမယ့် … focus မအောက် သွားလို့ တော်သေးတယ် လို့ ပဲ ပြောရမယ်။.

  • inz@ghi

    January 13, 2012 at 11:05 am

    တယ်လီပုံကို အကြိုက်ဆုံးပဲဗျာ …
    ဘာပြောင်းတုန်းဗျ…၇၀-၂၀ဝမမ ၂.၈ လား??

    • M-Lulin

      January 13, 2012 at 11:09 am

      တယ်တော် တဲ့ ဆြာ ……

    • M-Lulin

      January 13, 2012 at 11:11 am

      ကိုယ်ဆြာ သိမယ် ဆိုတာ မှန်းမိပါ့။ Canon EF 70-200mm f/2.8 L IS USM Lens ဗျ။ နောက်နှစ်ပိုင်း လောက်တော့ ဝယ်နိုင်အောင် ကြိုးစားမယ် ဗျို ့။ ဒီနှစ်ထဲမှာ က body+kit ဝယ်ထားလို့ … ထပ် ဝယ်ခိုင်းရင် အိမ်ပေါ်က ခေါင်းနဲ့ ဆင်း ရတော့မယ်။

      • inz@ghi

        January 13, 2012 at 11:32 am

        အဲ့အဖြူကြီးတွေ ဘယ်တော့များမှ ဝယ်နိုင်မယ် မသိပါဘူးဗျာ ….

        ကျနော့် ဘော်ဒါတယောက်ပြောသလို ..ကျိုက်ထီးရိုးက ဝါးပိုးဝါးတွေခုတ်ပြီး
        ထုံးသုတ်ပီး တပ် ချင်စိတ်ပေါက်နေတယ် …
        😀

        နောက်တာပါဗျာ ..ကျနော်က တယ်လီသမားမဟုတ်ပါဘူး…
        နောက်တလုံးဝယ် ဆို ..၁၀-၂၂မမ ဝယ်ဖြစ်မယ်ထင့်
        ဒါမှမဟုတ်လည်း တိုကီနာ ၁၁-၂၂မမ ပေါ့ …

        စကားမစပ် ဘော်ဒီနဲ့ ကစ်ဒ် က ၂၀၁၁ ထဲမှာ ဝယ်တာမဟုတ်လားဗျ.
        ခု၂၀၁၂ လေ ၁နှစ်ကြီးများတောင်ခြားသွားတာပဲ …ပူစာကောင်းပါတယ်ဗျ…
        (ကျပ်တာ ..ကျပ်တာ …ခစ်ခစ်)

        • M-Lulin

          January 13, 2012 at 12:08 pm

          2011 လို့ကို ထင်နေတုန်း မို့ရို ့ပါဂျာ … Tele နဲ့ ပို့ထရိတ် သမား ကတော့ ဈေးကွက် ကောင်းတယ်ဗျ ခလုပ်တစ်ချက် နှိပ်တာနဲ့ ဟောခနဲ ဟောခနဲ ပဲ .. … ကိုယ်တွေက .. လဲ ကော့ကော်ကန်ကား မရိုက်တတ်လေတော့ . ရိုက်သမျှ အကုန် သိမ်း Net ပေါ်တင် လှတယ် ပြောတာ နဲ့ အမောပြေ ကျေနပ် ရတော့တာ ပေါ့ဗျာ…

  • pooch

    January 13, 2012 at 1:25 pm

    ကြက်သွန်မိတ်တွေက အတော်ထွားတာပဲ ကျန်တဲ့ အသီးအနှံတွေကတော့ လတ်ဆတ်မဲ့ပုံ
    အရီးလတ်ပြောသလို လူတွေကို ကြည့်ရတာလည်း စိတ်ချမ်းသာစရာကောင်းတယ်..

    ဒါနဲ့ လိမ္မော်သီး ဆိုလို့ ပြောရအုန်းမယ် ပြင်ဦးလွင် မိုးကြိုးပစ်ဖက် က ရွာတွေမှာ လည်း အဲ့လို စိုက်ခင်းတွေ ရှိတယ် သို့သော် သူတို့ နည်းပညာနဲ့ သူတို့ ဟာသူတို့ စိုက်ပြီး သူတို့ နိုင်ငံကိုပဲ တင်ပို့တာ..

    ဒီက လူများ စားချင်လို့ သွားဝယ်ရင် ပိုက်ဆံဘယ်လောက်ပေးပေး အောက်က ကြွေထားတဲ့ အသီးကို ပဲ ရောင်းတာ အပင်ပေါ်က လုံးဝခူးပြီး ရောင်းမပေးဘူး… အသဲတော့ နာစရာကောင်းတယ်
    ကိုယ့်မြေပေါ်စိုက်ပြီး အကြွေပဲ စားခိုင်းတာ … အသီးတွေကတော့ ဘာကောင်းသလဲ မမေးနဲ့
    အော် အဲ့လို အဖြစ်တွေ ဘာလို့ ရှိနေတာလဲ လို့ တခါတခါ စိတ်ထဲ အောင့်သီး အောက်သက်နဲ့ တွေးမိတယ်.. 🙁

    • M-Lulin

      January 14, 2012 at 11:16 am

      အဲဒါ နည်းပညာ နဲ့ သုတေသန ဘက် ကို မီးမောင်း ထိုးတာပါပဲ တီတီ ပုရှ် ရေ။ ကိုယ်တွေဘက်မှာ သာနေရင် .. အကုန်လုံးကို ကြောလို့ ရပြီနော်.. ခုတော့ မကြာပါဘူး.. နောက် ၃ နှစ်လောက် ဆို ဖြစ်ပါပြီ။ ခံရတာတွေ က အင်အား တွေဖြစ်သွားတော့မှာပါ။

  • တညင်သား

    January 14, 2012 at 12:23 am

    မိသားစု ပုံမှာ မိန်းခလေးတွေက ကြေးကွင်းတွေနဲ့ ယောက်ကျားလေးက ဘာလို့ ကြေးကွင်းမဝတ်တာလဲ …:P

    • M-Lulin

      January 16, 2012 at 12:24 am

      ဝတ်စရာ မရှိလို့ ပါဂျာ …

  • Foreign Resident

    January 14, 2012 at 8:01 am

    M-လုလင် ရေ
    အဲဒီ မိုးဗြဲဆည် ပေါ့
    အဲဒီ မိုးဗြဲဆည်နား ကနေ အင်းလေး ရောက်တဲ့ အထိ
    ဆတ်ဆော့ပြီး မနေနိုင် မထိုင်နိုင် စက်လှေ တနေကုန်စီးလိုက်တာ
    အဘအသားလဲ ကပ္ပလီ ဖြစ်သွားတာပဲ ။

    တောင်ကွဲ စေတီ ပုံမှာ ဓါတ်ကြိုးတွေက ရုပ်ဆိုးလိုက်တာနော် ။
    အဘ ရှောင်ရိုက်ဖို့မေ့သွားလို့ ။
    ကျိုက္ခမီ ရေလည်ဘုရား ဘေးနားက ကျွန်းဘုရားတစ်ဆူမှာ လဲ အဲဒီလိုပဲ
    မီးကြိုးက ဘယ်လိုမှ ရှောင်ရိုက်လို့ မရဘူး ။

    ပို့ထရိတ် (Lens စမ်းတာ) ဆိုတဲ့ပုံက မိန်းမကြီးက
    TV က Coffee mix ကြော်ငြာထဲက မိန်းမကြီးထင်တယ် ။
    အဘ လွိုင်ကော် ရောက်တုန်းကလဲ တွဲရိုက်ထားသေးတယ် ။
    အဲဒီ အကျီ အဲဒီ စကတ် အဲဒီ ခေါင်းဆောင်း ပုဝါနှင့် ပဲ ။
    သနားပါတယ် သူတို့မှာ ထည်လဲဝတ်စရာ သိပ်မရှိရှာဘူး နှင့် တူတယ် ။

    လွိုင်ကော် မှာတုန်းက ကယားဝတ်စုံနှင့် ငယ်ချောလေးတွေနှင့်လည်း ရိုက်ခဲ့သေးတယ် ။
    ဆိုးတာက သူတို့က နားပေါက်မဖေါက်ချင်ကြတော့
    နားဆွဲတွေကို သားရေပင် နှင့်ပဲ တပ်ထားကြတယ် ။
    သဘာဝ တိုင်းရင်းသူပုံစံ မပေါက်တော့ဘူးပေါ့ ။

    • MaMa

      January 14, 2012 at 8:43 am

      FR ရေ-
      (TV က Coffee mix ကြော်ငြာထဲက မိန်းမကြီးထင်တယ် ။
      အဘ လွိုင်ကော် ရောက်တုန်းကလဲ တွဲရိုက်ထားသေးတယ် ။)
      ဆိုတော့ ယိုးဒယားသွားလည်တုန်းက Lady boy တွေနဲ့ တွဲရိုက်ချင်ရင် ဘတ် ၂ဝ (ထင်တယ်) ပေးရတယ်။
      အခုတွဲရိုက်တာကော ပေးရသေးလား။
      အဲဒီ တိုင်းရင်းသူမော်ဒယ် အမျိုးသမီးကြီးလည်း Lady boy တွေကို စီးပွားရေးလုပ်စားရင် မဆိုးလောက်ဘူး။
      သဂျီးပြောတဲ့ မီလီယံဘစ်ဇစ်နက် ဖြစ်လောက်တယ်။ 😀

      • Foreign Resident

        January 14, 2012 at 9:04 am

        ” အခုတွဲရိုက်တာကော ပေးရသေးလား ”

        ပေးခဲ့တယ် ။ မပေးမနေရတော့ မဟုတ်ဘူး ။
        ဒီပွဲမှာ ပိုက်ဆံ သိပ်မရသေးဘူး ဆိုလို့ ၊ သနားတာနှင့် ။
        သူတို့ ( စုစုပေါင်း ၄ ယောက်က ) လွိုင်ကော် မှာလုပ်တဲ့ပွဲတိုင်း
        အဖိတ်ခံရတယ်ထင်တယ် ။

        • M-Lulin

          January 14, 2012 at 10:52 am

          ဟုတ်ပါ့ အဘ ရယ်။ သူက celebrity ပါ။ 115 မိုင်က ပိုင်အိုးနီးယား ရေသန့် က သူနဲ့ ကြေညာတာပေါ့။ သူတို့ အိမ်ကတော့ ပိုက်ဆံ ရှိတယ်လို့ ပြောလို့ရပါတယ်။ ထော်လာဂျီ နဲ့ ဆိုင်ကယ်နဲ့ ပါ။ ကျွန်တော် လဲ ပေးခဲ့ပါတယ်။

      • M-Lulin

        January 14, 2012 at 11:08 am

        MaMa ဖြစ်ပြီးနေပါပြီဗျာ .. ယိုးဒယား က စပွန်စာ ပေးထားပါတယ်တဲ့။ သူတို့စီမှာ ဒါ့ပုံ သွားရိုက်ပေးရတယ်။ . ဖော်ရိန်နာ တွေဆွဲဆောင် ဖို့ ပေါ့လေ..

    • M-Lulin

      January 14, 2012 at 11:12 am

      ဓာတ်ကြိုး ပါတာ ပိုသဘာဝ ကျပါတယ်။ ဦး FR ရေ.. သူတို့မယ် လောပိတ နားနေပြီး လျှပ်စစ်မီး အတွက် ခံစားချက် လေးတွေရှိလို့ပါ။ ပင်ခိုငါးရက် ဈေးက ဓတ်တိုင် နဲ့ ဓတ်ကြိုးဆို edit လုပ်ပြီး ဖျက်လိုက်ရင် ရရဲ့သားနဲ့ တမင် ဒီအတိုင်းလေးပဲ ထားပေးဖြစ်သွားတယ်။

  • ကြောင်ကြီး

    January 14, 2012 at 11:09 am

    ငွေတောင်ပြည်ကို
    ရေဖောင်ချီတယ်
    ရွှေကြောင် မဒီနဲ့
    နေအောင်စည်ဖို့…။

  • char too lan

    January 14, 2012 at 11:41 am

    သူတို့ကိုတွေ ့ရတာလဲ ငယ်ငယ်ကလို ရုပ်ရှင်သရုပ်ဆောင် နဲ့ ဆယ်လီဗတီတွေကို
    တွေ ့ရသလိုပဲ ………..

  • ရောင်ခြည်ခရေ တောင်ကွဲစေတီပုံတွေကို ကျနော်တင်ထားတာရှိတယ် ။
    ပြန်ရှာကြည့်ရင်ရမယ်ထင်ပါတယ်။

  • thit min

    January 15, 2012 at 2:12 pm

    သရုပ်ဆောင် ဒါရိုက်တာ အမ်လုလင် ဆိုတော့ ကြည့်ရတာပြည့်စုံတယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~
    ဓာတ်ပုံတွေကလဲ တကယ်လှ၊
    လူတွေကလဲ အုန်းကြွကြွ
    ကိုလုလင်ကလဲ ပြုံးစစ၊
    ဖုန်းထားသမျှတခုဖော်တော့
    ဓာတ်ပုံရိုက်ပေးတာ ဘယ်သူလဲပေါ့.?????????
    (^^)သစ်

    • M-Lulin

      January 16, 2012 at 12:21 am

      မိသားစု မို့ ပျော်စရာကောင်းတယ်။
      ချစ်ပြီးသားမို့ အကြင်နာမဟောင်းတယ်။

      ထရိုင်ပေါ့ ကြီးကို ကိုင်ကာစွဲတယ်
      တစ်ကိုယ်တည်းမို့ Timer နဲ့ ကွယ်။
      ကာရန် မိ.. မမိ တော့မသိဘူး .. စပ်ချင် လွန်းလို့ စပ် လိုက်တယ်.. 🙂

Leave a Reply