Hongkong tourist ဟောင်ကောင်ခရီးသည် (၃)

kyawmonkhantJanuary 13, 20125min8713

အပြင်ဘက်တွင် ဟောင်ကောင်မှ မိတ်ဆွေစောင့်နေသည်။ ရောက်ရောက်ခြင်း အနွေးထည်ဝတ်ရန်ပေးသည်။ အနွေးထည်ပါသော်လည်း အိတ်ထဲရောက်နေသဖြင့် သူပေးတဲ့ အနွေးထည်ပဲ ဝတ်လိုက်သည်။ လေဆိပ်အပြင်ရောက်တော့ အေးလိုက်သည့် ဖြစ်ခြင်း။ ပယ်လယ်နားနီးတော့ လေကထန်သည်။ နှစ်ထပ်ဘတ်စ်ကားကြီးများစီးရန် တန်းစီရသည်။ ရှေ့အပေါက်က တက်၊ နောက်ပေါက်က ဆင်းရန်ဖြစ်သည်။ မည်သူမှ အတင်း တိုးဝှေ့တက်တာ မတွေ့ရ။ စပယ်ယာလည်းမပါ။ ဒရိုင်ဘာတယောက်တည်းသာ။ လူ တရာလောက်တော့ ဆန့်သည်၊ အပေါ်ထပ် ဘယ်နှစ်ယောက်၊ အောက်ထပ် ဘယ်နှစ်လောက်လို့တော့ ရေးထားသည်။ သေချာမမှတ်လိုက်မိ။

ဒီလိုဘတ်စ်ကားကြီးစီးရသည်

 

ဒီလိုဘတ်စ်တွေပေါမှပေါ (ပေါချောင်ကောင်းဆိုတာ ဒါမျိုးပြောတာလားမသိ၊ ပေါသည်၊ စီးရတာချောင်သည်၊ ကောင်းလည်းကောင်းသည်။)

မိမိအိတ်ကို သူက ကူသယ်ပေးသည်။ ဘတ်စ်ကားပေါ်မတက်မီ အော်တိုပတ်စ် ကတ်ပေးထားသည်။ ထိုကဒ်ဖြင့် ရထား၊ ကား စီးလို့ရသလို ဈေးဝယ်လို့လည်းရသည်။ (ထိုကတ်အကြောင်းအသေးစိတ်သိလိုလျှင် ဝီကီတွင်ရှာကြည့်ပါ)

 

 

 

 

octopus smartcard

သူကတော့ ပိုက်ဆံပေးလိုက်သည်။

 

ဟောင်ကောင်ဒေါ်လာများ တဒေါ်လာမြန်မာကျပ် ၁၀ဝ ဝန်းကျင် (ရွာသူားများအတွက်မုန့်ဖိုး)

အိတ်ကို အောက်ထပ်ရှိ စင်ပေါ်တွင်တင်ခဲ့ကာ အပေါ်ထက်တက်ခဲ့ကြသည်။ အပေါ်ရောက်တော့ နောက်ခုံတွေသာကျန်တော့သည်။ ဘတ်စ်ကား ကလည်း သန့်ပြန့်လို့နေသည်။ ဟိုတယ်ရောက်ရန် မိနစ်လေးဆယ်ခန့်မောင်းရမည်ဟုဆိုသည်။ လေဆိပ်လမ်းဘေးရှုခင်းများကိုကြည့်ရင်း စကားပြောရင်းဖြင့် မြို့ထဲဝင်လာသည်။ လူများ တစ်ယောက်ပြီး ဆင်းသွားကြသည်။ မိမိတည်းမည့်နေရာက ဟောင်ကောင်ဘက်ခြမ်းမဟုတ် ကောင်းလွန်ဘက်ခြမ်းမှာဖြစ်သည်။ နာမည်ကျော် ဆင်ကြားဆွိ tsim sha sui ဧရိယာတွင်ဖြစ်သည်။ ဟိုတယ်က                 ဝိုင်အမ်စီအေ၊ ၁၄ ထပ်ရှိ အခန်းကို ဘွတ်ကင်လုပ်ထားသည်။ 

အဆာပြေဝါးမယ်

ဟိုတယ်ခန်းတွင် စားစရာများထည့်ပေးထားသည်။ မိတ်ဆွေကိုအထူးကျေးဇူးတင်ပါသည်။

တည်းခိုရာ ဟိုတယ် (၁)

တည်းခိုရာဟိုတယ် (၂)

 ဒါကတော့ ဟိုတယ် လိပ်စာ Web-Site : http://www.ymcahk.org.hk
Address : 41 Salisbury Road, TST, Kowloon, Hong Kong
Telephone number : 852 – 2268 7000
Fax number : 852 – 2739 9315            

                ဟိုတယ်တွင် နေရာချထားပြီး အပြင်ထွက်ခဲ့ကြသည်။

မိမိအခန်းရှေ့မှ မြင်ရသည့် အခြားအဆောက်အဦများ

 ခရစ်စမတ်အကြိုပြင်ဆင်ထားမှုများကို လိုက်ပြသည်။ အပြင်ဘက်တွင် လေကတော်တော်လေးတိုက်သည်။ အေးသည်မှာလဲ လွန်ရော။ ဒါ့ကြောင့် ဂျက်ကက်အင်းကျီတစ် ထည် ထပ်ဝယ်ဖြစ်သည်။ ဟောင်ကောင်ရဲ့ ညရှုခင်းများကို ကြည့်ရင်း လျှောက်သွားလိုက်သည်မှာ ဟိုတယ်ပြန်ရောက် တော့ ည ၁ဝနာရီရှိနေပြီ။

 

ရောက်တဲ့ည သွားဖြစ်ခဲ့တဲ့နေရာများ (၁)

(၂)

(၃)

 (၄)

 

ခရစ်စမတ်သစ်ပင်

မြန်မာပြည်ကို ဖုံးဆက်ကြည့်တော့ ဆက်လို့ အဆင်မပြေ။ ဒါနဲ့လက်လျှော့လိုက်သည်။ နာရီကြည့်လိုက်တော့ ၁၁ နာရီရှိပြီ။ အခန်းထဲအေးပါသည်ဆိုမှ အဲကွန်းဖွင့်ထားသည်ကို တွေ့ရသည်။ ဒါနဲ့ ခလုပ်ကို ဟီတာ အပူပေးစနစ်သို့ပြောင်းလိုက်သည်။ ဟိုတယ်ခန်းထဲမှာ တစ်ယောက်ထဲဆိုတော့ တချို့ဟိုတယ်များသရဲခြောက်သည်ဆိုသည်ကို သတိရမိသည်။ ကြောက်စိတ်တော့မဖြစ်မိ။ ဒီလိုနဲ့နှစ်ယောက်အိပ် ကုတင်ကြီးမှာ တစ်ယောက်တည်း အိပ်လိုက်သည်။ နကိုတည်းကလဲ တစ်ယောက်တည်းပါဘဲ။

 ဒီကုတင်မှာ တစ်ယောက်ထဲ (အားငယ်လိုက်တာနော်-ဟဲဟဲ၊ သားသားကြောက်ကြောက်)

ကုတင်ကျယ်တာနဲ့ ကျင်းတာဘဲ ကွာသည်ပေါ့။  အိပ်ပျော်သွားတော့ အိပ်မက်မက်နေသည် အိပ်မက်ထည်းမှာလဲ တစ်ယောက်ထဲပါဘဲ။

 

(အားပေးသူများ၊ ကွန်မန့်များချီးမြှင့်သူများကို ကျေးဇူးတင်ပါသည်။ ဆက်လက်တင်ပြပါမည်။)

13 comments

  • blackchaw

    January 13, 2012 at 10:22 am

    အော် ဆက်တင်မယ်ဆိုလို့ ဆက်ကြည့်မယ်ဗျို့။
    မိုက်တယ်ဗျာ။ ကုတင်ကြီး က အကျယ်ကြီး။

  • koyinmaung

    January 13, 2012 at 10:32 am

    အားပေးနေပါတယ်…

  • amatmin

    January 13, 2012 at 10:42 am

    ပုံတွေ ကြည့်ရင်း နဲ့တင် အားကျသွားပါတယ်ဗျာ..
    အဆာပြေ မုန့်တွေလည်း နဲနဲ ဝင်မြည်းသွားပါ၏.. 🙂

  • ကြောင်ကြီး

    January 13, 2012 at 11:57 am

    ကုတင်ဂျီးပေါ်မှာ အိပ်နေတုန်း တယဲမလေးက ဒက်ကလုပ် ဒက်ကလုပ် …အဲဒါနဲ့လန့်နိုး…ဘယ်ဟုတ်မလဲ တီဗွီမှာ ကောင်းဘွိုင်ဂျီးက မြင်းစီးနေတာကိုး….။

  • windtalker

    January 13, 2012 at 12:03 pm

    ဖုန်းစာအုပ် လေး လှန်လိုက်တာတော့ မဟုတ်ဘူးဗျာ ၊ အကြောက်ပြေလေးဘာလေး
    လွယ်လွယ်လေးဟာကို ၊ မုန် ့ဖိုးပေးမယ့်ဟာတွေ ခဏယူသုံးလိုက်ပေါ့
    ဟီဟိ…အရဂါးနောက်ဒါနော

  • မကြောက်ရအောင်
    လာအိပ်ပေးတာ
    ဟိုဘက်နည်းနည်းတိုးဗျာ
    နည်းနည်းအိုက်လာပီဗျ
    ကျွန်တော်က ဂျော်နီချီးဘတ်တို့ ဂိုဏ်းဝင်မဟုတ်ဘူး တရဲကြောက်မှာစိုးလို့ အတူလာနေပေးတာ
    မုန့်တွေတော့ စာစာနဲ့ စားပစ်လိုက်ပီ
    အရဂါးစဒါ …. 😛

    • ကြောင်ကြီး

      January 13, 2012 at 12:33 pm

      မောင်ကင်း သိပ်မခွနဲ့ကွာ၊ ဖက်လုံးပေါက်သွားလို့ ဟိုတယ်က အလျော်တောင်းနေအုံးမယ်…။

  • pooch

    January 13, 2012 at 2:41 pm

    မီးတွေကလည်း ထိန်နေတာပဲ တို့ဆီက အတိုင်းပဲ 😛

  • Shwe Tike Soe

    January 13, 2012 at 2:49 pm

    ဓာတ်ပုံတွေနဲ.ဝေဝေဆာဆာတင်ပြပြီး ဟောင်ကောင်ကို အလည်ခေါ်တယ် ပြီးတော့ သူတစ်ယောက်ထဲသမားပါလို. ကြော်ငြာသွားသေးတယ်… တယ်လဲ ဉာဏ်ပြေးပါလား ဟဲဟဲဟဲ
    ကဲကဲနောက်တစ်ခါ တစ်ယောက်ထဲမဟုတ်ပဲ သားတွေသမီးတွေ ချစ်ချစ်တွေနဲ. တပြုံတစ်မကြီးသွားနိုင်ပါစေဗျာ.. 😀

  • kyawmonkhant

    January 13, 2012 at 4:29 pm

    ကိုချော၊ ကိုရင်မောင် အားပေးတဲ့အတွက်ကျေးဇူး၊ အမတ်မင်း မြည်းရုံမကအကုန်စားသွားပါ၊
    ဦးကြောင်ကြီး TV ပိတ်အိပ်ပါတယ်။ ဖက်လုံးမပေးပါ။ ကိုကင်းရေ သရဲမကြောက်ပါခင်ဗျား၊ လာရောက်အဖော်လုပ်လို့ကျေးဇူး။ ကိုပေ မုန့်ဖိုးတွေသုံးပြီးသွားပြီ။
    မ pooch ကျနော်တို့ဆီက နေ့အတိုင်းပါဘဲ၊
    ကိုရွှေရေ ဆုပေးတာတော့ကျေးဇူးဘဲ မပြည့်ချင်သေးပါခင်ဗျား။

  • manawphyulay

    January 13, 2012 at 5:17 pm

    ဖတ်ရင်းနဲ့ကို ခုပဲ ဟောင်ကောင်မှာ နှစ်ထပ်ကားကြီးစီးပြီး ဟိုတယ်မှာ အစား အစာတွေ စားနေတယ်လို့ ခံစားမိတယ်။ ခုလို ကုန်ကျစရိတ်သက်သာစွာနဲ့ အရောက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်း နေရာစုံ ပို့ပေးပါဦး။

  • ငပေါက်ဖော်

    January 13, 2012 at 6:08 pm

    ဪ..
    အာတိုရီးက တစ်ယောက်ထဲ သမားလား..သိပါဘူး သများက မောင်ပေ့လို ခေးအဖေ ထင်နေတာ
    😆
    စကားမစပ်..
    မောင်ပေမမြင်ခင် မုန် ့ဖိုးတွေ.ဥထားမှ..
    ခုတလော.ဝီတကီဖိုး နတ်မမှန်တာကြာဘီ..
    ညှင်း..ညှင်း.ညှင်း..

    နောက်အတွေ ့အကြုံလေးတွေမျှော်နေလျက်ပါ..ချင့်

  • MaMa

    January 13, 2012 at 10:18 pm

    ဟောင်ကောင်မှာ မိုးပျံနေတဲ့ အဆောက်အဦးတွေရှိသလို ဘေးက အထပ်နိမ့်လေးတွေလည်း ကျန်သေးတယ်နော်။

Leave a Reply