“အင်းလျား က အပြန်လမ်း………………….”

1 အင်းလျားကန်ဘောင်ကနေမြောက်ဘက်သွားလိုက်တော့ လမ်းဘေးကထန်းပင်ကိုနေခတာမြင်တော့ အခုရာထူးတွေတက်နေတဲ့ မောင်ပု ကို သတိရမိတယ်
2 ဒါကတော့လမ်းဘေးတစ်နေရာက အုုန်းပင်တန်း ဖာတော့ဖာထားတာဘဲ ဘာပေါက်လဲတော့မသိဘူး
3 အုန်းပင်တန်းလမ်းအကွေ့ နေရောင်ခ လှပါပေ့
4 ဒါကတော့ ဟိုမြောက်ဘက်ခြမ်းကနေမြင်ရတဲ့အင်းလျားကန်ပါ
5 အုန်းပင်တန်းထဲကို တိုးဝင်နေတဲ့ကား
6 နေအခနဲ့အင်းလျားကန်ဘေးက အုုန်းပင်တန်း
7 မောင်ပုအတွက်မျုးိဆက်သစ်ကလေးပေ့ါနော်
8 လမ်းမှာတွေ့တဲ့လက်ဆော့စာ အတော်လေးကို ခက်ခက်ခဲခဲသွားရေးထားတာဗျာ။ ကဗျာကတော့ အမိုက်စားရှေးကဗျာလေးပါ။9 နေခတဲ့လမ်းကလေး...................
9 နေခတဲ့လမ်းကလေး က အေးဆေးသာယာ

“အင်းလျားက အပြန်လမ်း…………………………”(4)

 

အင်းလျားကန်ဘောင်က တကယ်ပြောရရင်အလျားတိုပါတယ်။

အဲတော့ ဒီကန်ပေါင်ပေါ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်သူလဲရှိပါတယ်။

ကျန်းမာရေးအတွက်လမ်းလျှောက်သူရှိသလို အပျော်လာသူလဲရှိ

အညှော်လာသူလဲရှိပါတယ်။

ကျနော်အင်းလျားကို လက်ဆော့လို့ဝတော့ မြောက်ဘက်ခြမ်းကနေလမ်းလျှောက်ပြီးပြန်လာပါတယ်။

စောနေသေးတာရယ် လူသူကင်းရှင်းပြီး တိတ်ဆိတ်နေတဲ့လမ်းမကြီးပေါ်ကိုလျှောက်သွားချင်လို့ပါ။

နောက်သွားနေရင်းက အုန်းပင်တန်းလေးနဲ့အင်းလျားကန်မြောက်ဘက်ခြမ်းကို ရောက်လာပါတယ်။

တကယ်တော့ ကျနော်သွားသာ သွားနေတာ ကျနော်နေတဲ့ မြောက်ဥက္ကလာဘက်ကို ဘယ်လိုပြန်ရတယ်

ဆိုတာ အတိအကျတော့ မသိပါဘူး။

ဆက်လျောက်လာရင်းနဲ့ လမ်းဆုံလမ်းခွရောက်တော့ ရှေ့မှာ ကုန်းကျော်တံတားကြီးကိုတွေ့ရပါတယ်။

ဘေးနားကဆိုင်းဘုတ်ကို ဖတ်ကြည့်တော့ ပါရမီတဲ့။

အဲဒါနဲ့အရှေ့ဖက်ချိုးပြီးလမ်းလျောက်လာလိုက်တာ။

လမ်းတစ်ဝက်လောက်ရောက်တော့ မလျောက်ချင်တော့ဘူး။

အဲဒါနဲ့အငှားကားမေးတော့ 1500တဲ့။

ဒါနဲ့ဘဲ ပိုက်ဆံအကုန်မခံချင်တော့ ဆက်လျောက်လာပါတယ်။

အတော်လေးလျောက်မိတော့ လမ်းက လူတစ်ယောက်ကိုသွားချင်တဲ့နေရာမေးတော့

ဒီလမ်းက ဘတ်စကားမလာဘူး။

ဆက်လျောက်လမ်းဆုံရောက်ရင် ချော်တွင်းကုန်းရောက်မယ်။

အဲဒီရောက်ရင် မြောက်ဘက်သွားတဲ့ 43 စီးရင်ရောက်တယ်လို့ပြောတော့ အားတက်သွားပါတယ်။

အိမ်ကလ ဲ ဖုန်းတကွမ်ကွမ်နဲ့လှမ်းခေါ်နေပါပြီ။

ခဏနေတော့ မှတ်တိုင်ရောက် ကားပေါ်လဲတက်ပြီးရော ညနေစောင်းမှာ အင်းလျားကို အရှေ့ဖက်ကနေရိုက်ရင်

အတော်လှမှာဘဲလို့ တွေးမိပါတယ်။

ဒါနဲ့ညနေကျရင် အင်းလျားကန်အရှေ့ဖက်ခြမ်းကနေ ပြီး နေဝင်ချိန်ကို သွားပြီးလက်ဆော့မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။

ကျနော်တို့ ဓါတ်ပုံဆရာဆိုတာ နည်းနည်းလေးတော့ လောဘကြီးသလိုဘဲနော်………..

ရိုက်လို့ကို မဝနိုင်အောင်ပါဘဲ။

 

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(14-1-12)

 

 

 

 

 

 

 

 

 

 

23 comments

  • ငပေါက်ဖော်

    January 14, 2012 at 12:06 pm

    ကန်ဘောင်ကနေ..ချော်တွင်းကုန်းထိရောက်အောင် လမ်းလျှောက်သွားတာထင်တယ်.
    ဟမငေးး
    ညောင်းလိုက်ဒါ..

    ကောင်းပါဒယ်.
    ဝိတ်ကျတာပါ့.ဟုတ်ဘူးရား… 😆

  • ဓါတ်ပုံတွေလှတယ်
    ကိုယ့်ဘာသာ ကိုယ် သွားရင်းလာရင်းနဲ့ သတိမထားမိဘူး
    ကိုယ်သွားတဲ့အချိန်ကလည်း ကားတွေရှုပ်တဲ့အချိန်ဆိုတော့
    ကိုယ်သွားမဲ့ခရီးကို မြန်မြန်ရောက်စေချင်တာကလွဲပြီး
    ကျန်တဲ့အလှအပတွေ မခံစားတတ်ခဲ့တာတွေ
    အခုမှ နောင်တရတယ်
    ဘာပဲဖြစ်ဖြစ် အပေါင်းလက္ခဏာဆောင်တဲ့ အမြင်နဲ့ ကြည့်တော့မယ်ဗျို့ …. 🙂

  • စုံ စုံ

    January 14, 2012 at 12:24 pm

    အရင်ကဒီနေရာကိုဒီလောက်လှမယ်မထင်ဘူး
    အခုလေးပေါက်ပုံတွေကြည့်မှတော်တော်လှတာဘဲ
    နံပါတ်၃ပုံလေးအကြိုက်ဆုံးဘဲလေးပေါက်

    • စိန်ပေါက်ပေါက်

      January 14, 2012 at 1:08 pm

      ဟမယ်..
      လူဂျီးကိုများ ဘဲလေးပေါက်တဲ့..
      အဲတာ ဘဲရီးပေါက်ကွဲ ့
      😆

  • ဂျက်ကီချီးပေ

    January 14, 2012 at 1:29 pm

    ဒီဓာတ်ပုံတွေကိုကြည့်ပြီး ဘာအရသာရှိလဲ
    ဇာတ်မင်းသမီးတွေ ပုံကမှ သရေကျလို့ရသေးတယ်
    ရေကန်ဆိုတာ လူတိုင်းသိတာပေါ့
    အဲ့သည်ရေထဲမှာ ငါးတွေရှိတယ်
    သဂျားမင်းတို့
    ဘိုးတော်တို့ ပုံတွေဆိုရင်တောင် ဟုတ်တုတ်တုတ်

  • ဂျက်ကီချီးပေရေ
    လေးပေါက်ဆီမှာ အလန်းဇယားတွေရော အလန်ဇယားတွေရော
    အကွဲဇယားလေးတွေရော အပြဲဇယားလေးတွေရောရှိတယ်။
    သဘာဝအတိုင်း ဘာမှမပါဘဲရိုက်ထားတာတွေလဲရှိတယ်လေ။
    (ဟိုနေ့ကတင်တဲ့အထဲမှာတောင် အင်းလျားကန်ဘောင်ပေါ်မှာ အဝတ်အစားမပါဘဲ ရိုက်ထားတဲ့ပုံလေးတစ်ပုံတင်လိုက်သေးတယ်လေ မကြည့်လိုက်ရဘူးလား)
    လက်ဆော့ ပါတယ်ဆိုမှအ စုံရှိတာပေါ့ကွယ်။
    အဲဒီပုံတွေတင်ပေးလိုက်ရင် ရွာထဲကလေးပေါက်ကို ဝိုင်းပြီးစကားလုံးလက်နက်တွေနဲ့ဆော်မှာပေါ့။
    ကြည့်ချင်ရင်မန်းလေးလာခဲ့ ပြမယ်လေ.
    ဟုတ်တယ်ဟုတ်

  • windtalker

    January 14, 2012 at 6:04 pm

    ပုံတွေ အားလုံး လန်းတယ်
    အထူးသဖြင့် မြောင်းဘောင် က ကဗျာ ကို မြင်ဖြစ်အောင် မြင်ပြီး
    ဓါတ်ပုံမှတ်တမ်း တင်လာနိုင်ခဲ့တာ ၊ အမှတ်တရပေါ့ဗျာ
    အဝတ်အစားမပါတဲ့ ဆိုတဲ့ဟာတွေ ရှိရင်
    မေးလ်ကနေ ပို ့ပေးနော

  • ကိုရင်စည်သူ

    January 14, 2012 at 8:07 pm

    ကိုပေါက်ရေ… ကြားမိသည်.. သိမိသည်…
    ကိုပေါက် ဓါတ်ပုံဝါသနာအရမ်းပါတဲ့ ပညာရှင်ကြီးဆိုတာ..
    ကြည့်မိသည်။ ခံစားမိသည်။
    အသက်ဝင်တဲ့ အင်းလျားက ရိုက်ချက်တွေပါလား..
    ဘဲရီးဂွတ်… ဘဲရီးဘတ်ဒ်…
    ရိုက်ချက်တွေ သက်ဝင်လို့ ဘဲရီးဂွတ်…
    တူတူမသောက်ခဲ့ရလို့ ဘဲရီးဘတ်ဒ်…. 😥 😥

  • small cat

    January 14, 2012 at 8:26 pm

    မြောင်းဘောင်က ကဗျာကိုဘယ်လိုဖတ်ရမလဲ၊ ပြောပြမနေပါနဲ့တော့၊ ရေးပဲပြလိုက်ပါ ဆရာပေါက်ရေ့။

  • ကိုရင်စည်သူရေ
    ဝါသနာရှင်ပါကွယ် ပညာရှင်မဟုတ်ရပါကြောင်း
    ဖလိုးအရမ်းကောင်းသော လေးစားသော ဖတ်မိရင်လက်ကမချချင်အောင်ရေးနိုင်စွမ်းသော
    ဆရာမင်းသိင်္ခ၏ လက်ထွက်မို့အရမ်းအရမ်းကိုတွေ့ချင်ပါသော်လည်း
    ဆက်သွယ်မူ့ဧရိယာပြင်တွင်ရောက်နေသောကိုရင်စည်သူကို တွေ့ခွင့်မဆုုံခဲ့ရပါကြောင်းကို
    အကြောင်းကြားပြီးသကာလ……………………………

  • padonmar

    January 14, 2012 at 10:27 pm

    မြောင်းဘောင်က ရှေးကဗျာ ဖတ်ချင်ပါတယ်။

  • မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့် ရွေးလျက်ရွရွ မဆင်ရတည့်

    ကဗျာကတော့ နဝဒေး ကဗျာအမိုက်စားလို့ထင်တာဘဲ။
    ဖတ်ချင်ရင်ပြန်ရှာပြီးတင်ပေးမယ် တစ်ခါတော့ တင်ဘူးတယ်ထင်တာဘဲ ရှေးကဗျာများဖော်ထုတ်ခြင်းမှာလေ။

  • MaMa

    January 14, 2012 at 10:36 pm

    ( အုန်းပင်တန်းလမ်းအကွေ့ နေရောင်ခ လှပါပေ့)
    သွားနေကျ လမ်းကလေးပဲ ကိုပေါက်ရေ။
    အခုမှ လှမှန်းသိတယ်။
    မနက်ဖြန်မနက် အဲဒီလမ်းကနေ သွားရဦးမယ်။
    ကိုပေါက်ပေးတဲ့ ပုံရဲ့ ရသကို လက်တွေ့ကြည့်ရှု့ခံစားခဲ့မယ်။ 🙂

  • မမတို့က ကားနဲ့ဝေါဆိုဖြတ်သွားတော့ မတွေ့ခဲ့ရတာလေ။
    ကျနော်က အဲဒါတွေကို ခံစားချင်လို့လမ်းလျောက်သွားတာလေ။
    ဟုတ်တယ်ဟုတ်

  • pooch

    January 14, 2012 at 10:55 pm

    လေးပေါက် ခြေထောက်တွေကွဲအောင်တောင် လမ်းတွေလျှောက်ပြီးရိုက်ခဲ့တယ်ဆိုတာ အခုတော့ ယုံပြီ
    နေရာအနှံ့စုံနေတာပဲ

  • ကျွန်ုပ်ခြေထောက်ကွဲသည်ကို မည်သူက သတင်းပေးထားပါသနည်း
    ရှင်းပါလေ တူမတော်……………………

  • pooch

    January 14, 2012 at 11:25 pm

    မဒမ်ပေါက်ပြောတာလေ လေးပေါက် ဟီး ..
    အန်တီက သူတောင် စိတ်ဆိုးယူရတယ်တဲ့ ပုံတွေ တအားရိုက်ပြီး သူ့ကိုပစ်ထားလို့တဲ့ ….
    ဟုတ်တယ်ဟုတ်…. :mrgreen:

  • Khin Latt

    January 15, 2012 at 6:02 am

    ~~~~~ 8. လမ်းမှာတွေ့တဲ့လက်ဆော့စာ အတော်လေးကို ခက်ခက်ခဲခဲသွားရေးထားတာဗျာ။ ကဗျာကတော့ အမိုက်စားရှေးကဗျာလေးပါ ~~~~

    အဲဒီ ခက်ခက်ခဲခဲသွားရေးထားတာ ကို ခက်ခက်ခဲခဲသွားရိုက်တဲ့ သူက ရှိသေးရဲ့။ 😉

  • အဲဒီကဗျာမူရင်းပိုင်ရှင်က တောင်ငူဘုရင်နတ်ရှင်နောင်ပါဗျာ။
    တိမ်စွန်လေလျှင်ဖူးရောက်ချင်ဆိုတဲ့ ရတုထဲကစာသားပါ။
    ရှေးကဗျာများကို ဖော်ထုတ်ခြင်းဆိုပြီးကျနော်တစ်ခါတင်ဘူးပါတယ်။

  • အုတ်ခုံပေါ်က ကဗျာကို ဖတ်ချင်သူများအတွက် ကျနော်ရေးခဲ့တာလေးကိုပြန်ပေးလိုက်ပါတယ်။
    “နတ်ရှင်နောင်ရဲ့ ငှက်သွင်ပျံကြွမတတ်သောဝ်………………………….(ရှေးကဗျာများပြန်လည်ဖော်ထုတ်ခြင်း)”

    * Posted by kopauk mandalay ကိုပေါက် မန္တလေး on May 23, 2011 at 6:30am
    အင်းဝခေတ်လောက်မှာ ” နဝဒေး” ဆိုတဲ့စာဆိုစစ်သည်နောက် ပေါ်ပေါက်ခဲ့ပြီးတဲနောက်မှာ ရတုဘုရင်ရယ်လို့
    အလွန်တရာမှ နာမည်ကျော်ခဲ့တဲ့စာဆိုကတော့
    တောင်ငူဘုရင် “နတ်ရှင်နောင်”ပါဘဲ။
    သူ့ကို အနုပညာနယ်ပယ်က” ရတုဘုရင်”လို့လဲ အမည်ပေးထားကြပါတယ်။
    သူရေးဖွဲ့ ခဲ့တဲ့ ရတုပေါင်းမြောက်မြားစွာကတော့ အလွမ်းဘက်နွယ်ပါတယ်။
    အဲဒီအချိန်က အမြဲလိုလို နယ်မြေလုပွဲစစ်ပွဲတွေကို ဆင်နွဲနေကြရတော့ သူတို့ရေးဖွဲ့တဲ့
    စာတွေကလဲ စစ်အရိပ်အငွေ့တွေနဲ့ ရက်ယှယ်ထားတဲ့ အလွမ်း တွေနဲ့ဝေနေပါတယ်။
    နတ်ရှင်နောင် ကတော့ စာပေကဗျာဘက်မှာ နာမည်ကောင်းနဲ့ကျော်ကြားပေမယ့် သူ့ရဲ့လူမူ့ရေးဘဝမှာတော့ သေရည်သေရက်နွံမှာနစ်ခဲ့သူဖြစ်တဲ့အတွက်
    နာမည်ပျက်နဲ့ကျော်ကြားရသူလည်းဖြစ်ပါတယ်။
    ပေါ်တီဂီလူမျုးိ ဒီဘရစ်တို(ခ)ငဇင်ကာနဲ့ပေါင်းဖက်မိတဲ့အတွက် သမိုင်းစာမျက်နှာထက်မှာ နာမည်ပျက်ခဲ့ရပါတယ်။
    ဒါက တော့ သူ့ရဲ့လူမူ့ဘဝပါ။
    အနုပညာစံနဲ့တိုင်းတာရင်တော့ အလွန်တရာမှလှပသော စာလုံးများ နဲ့ရေးဖွဲ့ထားပြီ ရွတ်ဆို၍ကောင်းသော
    အသံသာသော ရတုများရဲ့ မွေးသဖခင်အဖြစ် စံထားစရာ အမွေအနှစ်တွေလေးစားစရာအဖြစ်ချန်ထားရစ်သူပါ။
    ကျွန်တော် အနီးမှာရှိတဲ့ ဆရာမြကေတု ပြုစုထားတဲ့ ကဗျာ့ယဉ်စာယဉ်လက်ရွေးစင်မှာပါတဲ့ နတ်ရှင်နောင်ရဲ့ ကဗျာနှစ်ပုဒ်ကို ပြန်လည်ကူးယူဖော်ထုတ်ပေးလိုက်ပါတယ်။
    ဖတ်ဘူးသူများ ထပ်ဖတ်ရအောင်……………
    နည်းနည်းတော့ ကြားဘူးတယ် ဆိုတဲ့ အားလုံးမဖတ်ဘူးသူများအတွက်ရယ်
    လုံးဝကု ိ မဖတ်ဘူးသူများအတွက်ရယ် ရည်ရွယ်လို့ ပြန်တင်ပေးလိုက်ရပါတယ်။
    “တိမ်စွန်လေလျှင်ဖူးရောက်ချင်”
    ပေါ်နွေလလျှင် တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်၊
    ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်းဆင်လို၊
    တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ၊
    စိမ်းဝါ မိုးပန်း ထွေထွေစွန်းက၊
    ရေသွန်းသာကြည် ပျော်ရမည်ဟု၊
    ပျော်ရမည်ကို မြရည်သက်မှတ်၊
    ရောက်ခဲလတ်ဟု ချစ်ထွတ်တင်သည်၊
    ပြာစင်ရွှန်းလတ် ဖြူဝင်းမွတ်လျှင်၊
    ကြာညွတ်ဖယောင်း နေရှိန်ပျောင်းသို့၊
    ဆင့်လောင်းလွှမ်းဝှန် ရှိလိမ့်ဟန်ကို၊
    တိမ်စွန်လေလျှင် ဖူးရောက်ချင်သည်၊
    ငှက်သွင်ပျံကြွ မတတ်သောဝ်……………..။
    မျှော်ချေကလျှင် ကာလအလျှောက်၊
    ပိတောက်လျှံခဲ ပုလဲသွယ်ငုံသွယ်၊
    အလှယ်လှယ်တိ စပယ်ဖြူမွှေး စကားသေးကို၊
    မြတ်လေးစုံမက် ကျွန်ုပ်လက်ဖြင့်၊
    ရွေးလျက်ရွရွ မဆင်ရတည့်၊
    ကာလသို့အောင် ရည်စောင်ပန်းမာလ်၊
    မမီလွန်က ချိန်တန်သို့တည်၊
    ပြန်မည်လေသာ မရောက်လှာဟု၊
    ကြံကာခွေ၍ နေလိမ့်မည်ကို၊
    ရှိသည်မှု့ရန် မင်းရေးဝန်ကြောင့်၊
    လျှောက်ပန်စေ့ရေ မချေရသော်၊
    ပြိုက်ကျသွယ်ဖြည်း နှင်းလက်သည်း၍၊
    ဝမ်းနည်းလျှက်ပင် ပျောင်းလိမ့်ထင်သည်၊
    ညက်စင်စံမြ အထွတ်သောဝ်………………….။
    ဖျော်ဖြေမှလျှင် ယုယသံချို ၊
    ပြေလိုစိမ့်သား ကျူးပိုက်ဖြား၍၊
    ချီသွား မူးမူး ရှေ့ရက်ဦးက၊
    မကျုးထင်ထင် ကဆုန်တွင်ကို၊
    ကျိုင်းစင်မြခဲ စစ်ပွဲရန်နှည်၊
    နုှတ်ခြည်ပေါ်သာ ဆိုလေရှာကြောင့်၊
    မလ္လာရနံ့ ထုံပျံ့ပန်းသက်၊
    ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်၊
    ပင်ရုံးရွရွ လက်သင်မ၍
    သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို၊
    စီစစ်မိမိ သတိချုပ်ဆည်၊
    ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့ ၊
    ရေးရေးဖူးချင် မယ်သို့လျင်သည်၊
    စက်ရှင်လျှံမျှ ရဟတ်သောဝ်…………………။
    တောင်ငူဘုရင် နတ်ရှင်နောင်စစ်ချီအလွမ်းရတု
    သက္ကရာဇ် (972)
    ဒီကဗျာလေးရဲ့ ဆိုလိုရင်းကို အလွယ်ပြောရမယ်ဆိုရင်ဖြင့်
    တပေါင်းတန်ခူး မိုးသားကျူးဆိုတဲ့ အချိန်လေးမှာ ပါတ်ဝန်းကျင်ရာသီဥတုက
    လျှပ်ပြက်လိုက်မိုးချိန်းလိုက်နဲ့ ရှိနေချိန်မှာ ချစ်သူထံပါးကို ငှက်ကလေးအသွင်ပြောင်းလို့ရောက်သွားချင်ကြောင်း၊
    အချိန်ကာလအလျှောက်ပွင့်တဲ့ ပိတောက်ပန်း စံပယ်ပန်း မြတ်လေးပန်းတွေကို
    ချစ်သူကို ကိုယ်တိုင်ပန်ဆင်ပေးချင်ပေမယ့်လဲ တိုင်းရေးပြည်ရေးကြောင့်ဝေးနေချိန်မှာ
    ချစ်သူလဲ လွမ်းနေမယ်ဆိုတာကို ဖွဲ့ဆိုထားတာပါ၊
    ဒီကဗျာလေးကို အခြေပြုလို့ မန်းလေးက ဆရာမြို့မငြိမ်းက “နတ်ရှင်နောင်”ဆိုတဲ့အမည်နဲ့
    သီချင်းရေးစပ်လို့ အဆိုတော်ကြီး “ပြည်လှဖေ”ကသီဆိုရာမှာ
    ဒီရတုရဲ့ ပထမအပိုဒ်ကို မူရင်းအတိုင်းသီဆိုခဲ့ပါတယ်။
    အင်မတန်မှနားထောင်ကောင်းသောသီချင်းတပုဒ်ဖြစ်ခဲ့ပါတယ်။
    မြန်မာသီချင်းလောက မှာ ပုံစံအသစ်နဲ့တီထွင်စပ်ဆိုသူ
    ဂီတနက်သန် ကိုစောညိမ်းကလည်း နတ်ရှင်နောင်ကို ဂုဏ်ပြုတဲ့သီချင်းကို
    နတ်ရှင်နောင်ရဲ့စာသားတွေကို အသုံးပြုလို့ “နွေနှောင်းရက်ကျန်”ဆိုတဲ့သီချင်းစပ်ဆိုခဲ့ပါတယ်။
    ဒီသီချင်းကို အဲဒီတုန်းက ဆရာဦးသုခ သီဆိုတယ်လို့ မှတ်သားခဲ့ဘူးပါတယ်။
    စာဆိုတော်နေ့ဂုဏ်ပြုတဲ့ပြဇာတ်တစ်ခုရဲ့ ဇာတ်ဝင်တေးလို့လဲသိခဲ့ရပါတယ်။
    အစောပိုင်းတွေမှာ ဒီသီချင်း ကိုစောညိမ်းရဲ့သီချင်းလို့ သိထားကြပါတယ်။
    နောက်ပိုင်းမှာတော့ ဒီ နွေနှောင်းရက်ကျန်သီချင်း စာသားကို ဒဂုန်တာရာကရေးတယ် ကိုစောညိမ်းကသံစဉ်ရှာတယ်ဆိုတဲ့ အစလေးထွက်လာပေမယ့် ခက်တာက အခုချိန်ထိ အဖြေမသိသေး မရေရာသေးတဲ့ကိစ္စလိုဖြစ်နေပါတယ်။
    ဆရာဒဂုန်တာရာ သက်ရှိထင်ရှားရှိနေတုန်း ဒီကိစ္စလေး အဆုံးသတ်ခဲ့ရင်ကောင်းမယ်ထင်ပါတယ်။
    “လှထွတ်ခေါင်”
    တင့်လှပေဟန် ဘက်မရန်တည့်၊
    ခြောက်တန်နတ်ရွာ ဘုံကလာသို့၊
    ပြာပြာလတ်လတ် မွတ်မွတ်ညက်ညက်၊
    ရွှန်းစက်စက်မျှ ဝင်းလက်ရောင်ရွှေ၊
    အခေါင်ပေတည့် တောင်နေနတ်ဟန်၊
    မြတ်သစ်ကြန်နှင့် ပန်းမာလ်ရေးချေ၊
    ထုံးနေမကြော့ ပတ်လျော့ဆံကြာ၊
    ကျတိုင်းသာလျှင် ရွှေဝါပိတ်ရှင်း၊
    ထည်ချင်းစပယ် နံ့ကြွယ်လှိုင်ကြူ၊
    မဉ္စူမျက်မည်း ပေါ်ထပ်စည်းနှင့်၊
    မရည်းမထင် ဖြုတ်ချည်းမြင်က၊
    နတ်ပင်ယိုးမှား ဝိုးဝါးတွေးချွတ်၊
    စိတ်လုံးညွှတ်လည်
    ဘုံထွတ်နန်းတောင်နေတို့လော…………….။
    ရင့်မျှရွှေကျန် ရွက်မပွန်တည့်၊
    ဝါကြန်နီမောင်း ပင်တိုင်းပြောင်းက၊
    သက်ပေါင်းထင်ယုံ လှနိတုံလည်း၊
    ပန်းစုံရောယှက် ထုံးမြရွက်နှင့်၊
    လိုက်ဘက်တင့်မှတ် ကိုယ်ဝတ်တော်မှာ၊
    မလ္လာရနံ့ မွှေးပျံ့ ကြိုင်ရွှင်း၊
    ပယင်းရောင်ခြည် ပွတ်လဲ့ကြည်သို့၊
    မြရည်ကြေ ာစိမ်း လဲ့လဲ့ရှိန်းမြ၊
    ခပ်သိမ်းကလျာ ရှု့ဖွယ်သာလျှင်၊
    သိင်္ဂါလျှံတောက် လက်ကောက်လက်ကြပ်၊
    ရည်လျှပ် ဆံကျင် မျှှမဆင်လည်း၊
    တိုင်းပင်တင့်မှတ် လှခေါင်ထွတ်သည်၊
    ကြာနတ်တန်းဆောင်ပေတို့လော………………….။
    ဆင့်ချစွေသွန် ရက်မချန်တည့်၊
    ယုဂန်အလုံး မြရည်ဖုံးသား၊
    လှဆုံးတင့်နေ ထုံးသရေလည်း၊
    ထွေထွေကြည့်တိုင်း ပြစ်မျိုးရိုင်းသည်၊
    စံခိုင်းလှော်သစ် ရွှေနှယ်နှစ်မျှ၊
    တင်ပြစ်မစက် လဲ့လဲ့ညက်သား၊
    ထက်နတ်ဘုံနေ ခုသာကြွေသု့ိ၊
    ထင်ချေရှု့မြော် အကျော်ပျံ့မွှန်း၊
    ဝင်းငြိမ့်ရွှန်းကို တောင်နန်းနေလော၊
    နတ်ပေလောဟု တွေးတောချေမိ၊
    ထပ်မသိခဲ့ ထင်မိဖြုတ်ချည်း၊
    မြော်ကတည်းက အူသည်းစုညွှတ်၊
    သက်လုံးပြတ်သည်
    လျှံပတ်ထွန်းရောင် ဝေတုို့လော……………..။
    တောင်ငူဘုရင်နတ်ရှင်နောင်
    ရူပကလျာဘွဲ့။
    ဒီကဗျာလေးကတော့ အလှဘွဲ့သက်သက်ဖြစ်ပါတယ်။
    ဒီကဗျာလေးမှာ ပါတဲ့စာသားတွေကိုဖတ်ရင် ရှေးက မိန်းမသားတွေရဲ့ဝတ်စားဆင်ယင်ပုံကိုပါ
    သိရမှာဖြစ်ပါတယ်။
    ရှေးကဗျာများကို ပြန်လည်ဖော်ထုတ်ခြင်း(နတ်ရှင်နောင်)

Leave a Reply