မြူတွေဆိုင်းနေတာ
အရင်နှစ်က ငါ့အမုန်းတွေပဲ ဖေဖေါ်ဝါရီ

ငါ့နှလုံးသားကို သန့်စင်ဖို့
ရာဂီမြူမျှင်တွေကို သုတ်သင်ဖို့
အငြိမ်သက်ဆုံးစိတ်နဲ့ ခရီးဆက်မယ်….

ငါကဆူးစူးခံရဖူးတယ်
စိတ်အခွံထဲ အမုန်းတွေမည်းနက်
အပူတွေထဲ အရဲကိုးလမ်းလျှောက်ရင်း
တွယ်တာ နှောင်ဖွဲ့
သိပ်ချစ်ဖွဲ့ဖူးတယ်….

အခုတော့
အမုန်းမရှိကြေး ကြွေးကြော်ရွက်လွှင့်လို့
သတိကပ်မေတ္တာပွား
ဝင်ရောက်လာတဲ့အတွေးမှားတွေကိုပယ်သတ်နှိမ်နင်းခဲ့ပြီ
အခုမြူတွေဆိုင်းနေတာ
ငါ့မေတ္တာတရားတွေပဲ ဖေဖော်ဝါရီ….

About htet way

has written 133 post in this Website..