ဖေဖေါ်ဝါရီ အပိုင်းအစများ

htet wayJanuary 13, 20121min12412

မြူတွေဆိုင်းနေတာ
အရင်နှစ်က ငါ့အမုန်းတွေပဲ ဖေဖေါ်ဝါရီ

ငါ့နှလုံးသားကို သန့်စင်ဖို့
ရာဂီမြူမျှင်တွေကို သုတ်သင်ဖို့
အငြိမ်သက်ဆုံးစိတ်နဲ့ ခရီးဆက်မယ်….

ငါကဆူးစူးခံရဖူးတယ်
စိတ်အခွံထဲ အမုန်းတွေမည်းနက်
အပူတွေထဲ အရဲကိုးလမ်းလျှောက်ရင်း
တွယ်တာ နှောင်ဖွဲ့
သိပ်ချစ်ဖွဲ့ဖူးတယ်….

အခုတော့
အမုန်းမရှိကြေး ကြွေးကြော်ရွက်လွှင့်လို့
သတိကပ်မေတ္တာပွား
ဝင်ရောက်လာတဲ့အတွေးမှားတွေကိုပယ်သတ်နှိမ်နင်းခဲ့ပြီ
အခုမြူတွေဆိုင်းနေတာ
ငါ့မေတ္တာတရားတွေပဲ ဖေဖော်ဝါရီ….

12 comments

  • ကြောင်ကြီး

    January 13, 2012 at 11:38 am

    ဖေဖေါ်ဝါရီအမုန်း
    ဆယ်ခါချီရှုံး
    မရယ်ပါဒီဂတုံး
    ဖယ်ခွာချီပြုံး
    သယ်တာဆီပုံး…။

  • windtalker

    January 13, 2012 at 12:42 pm

    ဆီပုံး အပီကျုံး
    မီပြုံး အီတုန်း

  • htet way

    January 13, 2012 at 4:14 pm

    ဘယ်နှယ့် ဆရာတို့ရယ် ဆီပုံးတွေဖြစ်ရတာလဲ
    သတိကပ် မေတ္တာပွားနေပါတယ်
    ဆရာတို့ရယ် ကျွန်ပ်က နှမ်းဆီကိုတော့ ကြိုက်ပါတယ်
    မုန့်ညှင်းဆီလည်းသုံးတာပါပဲ။ အဲလေ….ယောင်လို့

    • ငပေါက်ဖော်

      January 13, 2012 at 4:37 pm

      ဟုတ်တယ်ခင်ည
      မုန် ့ညင်းဆီ လိမ်းရင် ယောင်တယ်လေ

  • favourite

    January 13, 2012 at 5:16 pm

    ကပေါက်ဖော်ကတော့ ပေါက်ကရပြောပြန်ပြီ
    မုန့်ညင်းဆီလိမ်းရင် ရောင်တာမဟုတ်ဘူး
    ရောင်လို့ မုန့်ညင်းဆီလိမ်းတာ
    နော့် ဆရာထေးဝက်ရယ် ဟုတ်တယ်ဟုတ်

  • thit min

    January 13, 2012 at 6:58 pm

    အမုန်းမရှိကြေး ကြွေးကြော်ရွက်လွှင့်လို့
    သတိကပ်မေတ္တာပွား
    —————–
    အမုန်းစိတ်ရှိနေပြီဆိုတာကို သတိကပ်လိုက်ပြီး(အဆင့် ၁)၊ မရှိအောင်ကြိုးစား(သို့)ပျောက်အောင်
    ကြိုးစား(အဆင့်၂)၊ ပြီးတောမေတ္တာထား (အဆင့်၃) အဲဒါတွေပြီးမှ ကြွေးကြော်ရွက်လွှင့်လို့ ရမှာနော်။
    အဲဒီ အဆင့်ထဲမှာ အဆင့်-၂ ကတော်တော်ခက်တယ်ဗျာ။ ကျနော်က ကိုယ်သဘောမကျရင် မမုန်းတတ်
    ပါဘူး။ ရွံတာဗျ။ မတရားရွံတာ။ ဘာမှန်းလဲကိုမသိဘူး။ နောက်တော့ ဪ ဘုရားဟောရှိတာဘဲဆိုပြီး “ဥ”
    ပလိုက်တယ်ဗျာ။ ရွံဥ လေးတွေပေါ့ဗျာ။ ဥဆိုတာ ဥပက္ခာပေါ့ဗျာ။ နို့ဘယ်လိုလုပ်မလဲ။ မုန်းလဲမမုန်းဘူးလေ။
    ရွံနေတာ ဆိုတော့။ အင်း အဲဒီလိုတော့ အပ္ပနာဒေနသမ္မဒေထ = ကပ်ပွါး ရတာပေါ့ဗျာ။ အကုသိုလ်စိတ်ဆို
    တာက အမြဲလာနေတတ်တာမျိုးမဟုတ်လား။ စိတ်တံတိုင်းကာရန်ရေး တွေးနေမိတယ် ဆရာထက်ဝေးရေ။

  • htet way

    January 13, 2012 at 9:52 pm

    နှစ်ကျွံလင့်မျှော် ၊နားလည်သော်မှ…..အဖေါ်တစ်သက် မခေါ်ရက်ပါ…(မောင်စိန်ဝင်း- ပုတီးကုန်း)
    ရေသည်ပြဇာတ်ထဲမှာ… မတာတွယ်၍ တဏှာကိုပယ်ပါတော့…
    ဒီလိုရေးခဲ့ ကြပါတယ်။
    ဆရာရေ..ပိုအက်တစ်လိုင်စင် လေးပါ သို့သော် ဆရာပြောတာက ပို သဘာဝကျပါတယ်
    ပြင်လိုက်ပါ့မယ်။
    အခုတော့ သတိကပ်မေတ္တာပွား
    ဝင်ရောက်လာတဲ့ အတွေးမှားတွေကိုပယ်သတ်နှိမ်နှင်းခဲ့လို့
    အမုန်းမရှိကြေး ကြွေးကြော်ရွက်လွှင့်ရင်း
    အခုမြူတွေဆိုင်းနေတာ
    ငါ့မေတ္တာတရားတွေပဲ ဖေဖေါ်ဝါရီ…။

  • htet way

    January 14, 2012 at 8:57 pm

    ကိုပေါက်ဖေါ်ရေ မုန့်ညင်းဆီက အကြောပျော့စေတယ်
    အရောင်လည်းလျှော့တယ်
    ခင်ဗျားရောင်ချင်ရင်တော့ ပရဆေးမှာ ဒဟဿကိုင်းမြစ်၊ဆောင်းမေးခါး
    ၁ဝသားဆီလောက်ဝယ်ပြီးနုတ်နုတ်စဉ်း
    ရေနဲ့ ကျို ၊ရေခမ်းကာနီးဆိုရင် နှမ်းဆီထည့် ထပ်ကျိုဗျာ။
    ရောင်ချင်ရင် ဒါကိုလိမ်း ။(ခြေသလုံး)

  • ကိုထက်ဝေး ရေ ဖေဖော်ဝါရီ ကတော့အလွမ်းနဲ ့မေတ္တာတွေ လွှမ်းခြုံနေရောပေါ့။
    အားပေးဖတ်ရှုသွားပါတယ်နော်။

Leave a Reply