ကျွန်တော်မန်းလေးကို အလုပ်နဲပြန်ရတယ်… အဝေပြေးလမ်းကနေ မန်းလေး မြို.ကို စ၀င်တဲ့အချိန်မှာ.. နန်းတော်ကြီးနဲ. အ၀ိုင်းက ခန်.ခန်.ညားညားကြီး ကြိုနေတယ်ဗျာ… ကျွဲဆယ်ကန်ကားဂိတ် ရောက်တော့ ကားပေါ်က ဆင်းလိုက်ရင်ပဲ ရင်ထဲမှာ အေးခနဲ ခံစားလိုက်ရတယ်.. မန်းလေးဆောင်းအရသာကိုပေါ့ .. အင်းအဲဒီလိုပဲ ကြည်းနူးနေတုန်း ကားအပေါက်ဝမှာ သူထက်ငါ ခရီးသည်လုနေကြတဲ့ ဆိုင်ကယ် ကိုကိုတက်ခ်စီသမား များအသံကို ကြားလိုက်ရတာ… လာကြိုတဲ့သူစောင့်နေရင်း ဖြေလိုက်ရတဲ့သူတွေ အယောက်၂၀လောက်ရှိမယ်ထင်တယ်.. အောင်မလေးလေး..နောက်တော့ စကားကိုပြန်မပြောတော့ဘူး လူမြင်တာနဲ. ခေါင်းပဲခါနေတော့တယ်. ဟဟဟ…

ဒါနဲ.အိမ်ကိုရောက်ပြီးရေမိုးချိုး အ၀တ်အစားလဲပြီး တစ်နှစ်လောက် မသောက်ရတဲ့ မန်းလေးက လက်ဘက်ရည်လေးကိုသူငယ်ချင်းတွေနဲ. အငမ်းမရ သွားသောက်တာပေါ့ဘယ်ရမလဲ ဟဲဟဲ… အဲဒါနဲ. မန်းလေးမှာ လမ်းတွေများပြင်ထားလိုက်လိုက် ကျယ်လဲကျယ် ကောင်းလဲကောင်းတယ်ဗျ.. main လမ်းတွေကိုနော်… ပြီးတော့ ပေါများလိုက်တဲ့ဆိုင်ကယ်တွေ အမလေးလေး ၇၈လမ်းပေါ်ဆို မနက်မနက်ဆို ဆိုင်ကယ်အုပ်ကြီး ရွေ.နေလိုက်တာ.. ပုရွက်ဆိတ် အုံလိုက်ကြီး ပြေးလာတာကြနေတာပဲ….

ဒါနဲ.ပြောရအုံးမယ်.. မန်းလေး ၄၁လမ်းကုန်းကျော်၊ ၃၅လမ်းကုန်းကျော်တွေပေါ်ဆိုင်ကယ်မတက်ရတော့ဘူးဗျ.. ကိုယ်တွေ.ကိုယ်တွေ. ကျွန်တော် ရုံးသွားတော့ ခပ်တည်တည်နဲ. ကုန်းကျော်ပေါ်တက်သွားတာ ခင်စောမူ ကုန်းဆင်းလိုက်တော့ ဖမ်းခံရပါလေရော.. ထင်တော့ထင်သား ငါမောင်းလာတာ ကုန်းကျော်ပေါ်မှာ ဆိုင်ကယ်တစ်စီးမှမတွေ.ပါဘူးလို. ဟိဟိ… ဒါနဲ. ကိုကို မော်တော်ပီကယ်ကို ပီကယ်ဝယ်စားဖို. သုံးထောင်းမုန်းဖိုးပေးလိုက်တယ်လေ.. သူလဲ ကလေးလေးကျနေတာပဲ ပျော်သွားလိုက်တာ.. ဟဟဟဟ (ဒါတောင်သူကပြောသေးတယ်.. ညီလေးမင်း ကုန်းဆင်းပဲဖမ်းလိုက်တာတဲ့ လိုင်စင်မပါတာကို လျော့ပေးလိုက်တယ်တဲ့လေ.. ဟဟဟဟ (ကျေးဇူးကြီးမားလိုက်တာ)..

ကဲ ရွာသူ၊၇ွာသားတို.ရေ ကုန်းဆင်းရင် ဖမ်းခံရမယ်နော ……… :D

ပြီးတော့ တစ်လမ်းမောင်းတွေလဲ အများကြီး သတ်မှတ်ထားတယ်ဗျာ.. အခုကျွန်တော် ဆိုင်ကယ်မောင်းရုံးသွားရင်.. လမ်းထိပ်မှာ တပ်ထားတဲ့ မျှားဆိုင်းဘုတ်လေးတွေကြည့်ပြီးမှာ အဲဒီလမ်းထဲ ချိုးဝင်တော့တယ်.. တော်ကြာမုန်.ဖိုးပေးနေရမှာဆိုးလို.လေ..

ပြီးတော့ရှိသေးတယ် အခုကျွန်တော်ရောက်တာ နှစ်ရက်တပိုင်းရှိသေးတယ်.. ဆိုင်ကယ်တိုက်တာ ၁၀ ခါလောက်တွေ.ရတယ်.. အမယ်အရင်တုန်းကဆိုရင် ဆိုင်ကယ်တစ်စီးနဲ.တစ်စီး တိုက်လိုက်ကြ ချိတ်လိုက်ကြရင် မဆုံးတော့ဘူး အခုများဆို တိုက်လို. ဒူးကာ ကြီးပြုတ်သွားတာတောင် ရတယ်ရတယ်နဲ. ခဏလေးနဲ.ပြီးသွားကြတယ်ဗျာ… ဆိုင်ကယ်တိုက်တာ မန်းလေးမှာ ထမင်းစားရေသောက်ဖြစ်နေကြပေါ့…..

အထူးအစမ်း မြင်ကွင်းတွေ အများကြီးရှိသေးတယ်.. နောက်နေ.မှ ဓာတ်ပုံတွေကို တင်ပေးအုံးမယ်..

နောက်ပြီး လေးပေါက်ကြီးကိုရှာပြီး ဓာတ်ပုံလိုက်ရိုက်လိုက်အုံးမယ်လေ… :D

About ရွှေတိုက်စိုး

has written 79 post in this Website..