သို့………….သာသနာရေးရာဝန်ကြီးများသိစေရန်……..

mzmJanuary 13, 20121min21516

ကျနော်တို့ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားရှိ ဂေါပကအဖွဲ့မှ ဘဏ္ဍာထိန်း ဦးအောင်သိန်းအား
အတွင်းကျကျ လေ့လာစစ်ဆေး ပြီး လိုအပ်သလိုအရေးယူပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။
ထိုဘုရားလူကြီး ဦးအောင်သိန်းနှင့်အဖွဲ့သည် နှယ်လည့်အလှူခံလာသော ပိုက်ဆံများထဲမှ
ကိုယ်ကျိုးအတွက် အရှက်အကြောက်မရှိ ဘုရားမကြောက် တရားမကြောက် အလွဲသုံးစား
ပြုလုပ်နေသည်မှာ သီရိခေမာ ရပ်ကွက်အတွင်းနေထိုင်သူများအားလုံး အသိပင်ပင်ဖြစ်၏။
ထို့ပြင် ဦးအောင်သိန်းသည် ဂေါပကလူကြီးမဖြစ်ခင်ကလည်း ဖဲရိုက်၊အရက်သောက် ခိုးဆိုးပေတေသူတစ်ယောက်
ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။
ရပ်ကွက်အတွင်းရှိ အတွင်းသိသူတစ်ယောက်အားမေးမြန်းကြည့်သောအခါ ထိုသူက(ညီလေးမင်းဘဲစဉ်းစားကြည့်
အလှူခံလိုက်တဲ့နေ့ဆို ကလေးတွေ ပိုက်ဆံခွက်ထဲက တစ်ထောင်၊နှစ်ထောင်နိုက်တာကျတော့ လူရှေ့သူရှေ့
သူခိုးဆိုပြီး အရှက်လိုက်ခဲွံတာ၊သူတို့လူကြီးတွေ သိန်းချီပြီး ခိုးသုံးတာကျတော့ဘယ်သူမှတောင်မသိလိုက်ဘူး
အဲဒီပိုက်ဆံတွေနဲ့ လူကြီးသူကောင်းလိုလို ဘာလိုလိုနဲ့ ရပ်ကွက်ထဲငွေတိုးချေးစားနေကြတာ တကယ့်တကယ်
သူတို့ကမှ သူခိုးအစစ်တွေ)ဟုကျနော့်ကိုပြန်ပြောပြပါသည်။
(အရင်တုန်းက အရက်သောက်၊ဖဲရိုက် ရန်ဖြစ်ပြီးထောင်လည်းကျဖူးတဲ့လူက ဂေါပကတက်ဖြစ်မှတော့
ဘုရားလှူဖို့တောင် လက်ကခပ်တွန့်တွန့်တောင်ဖြစ်တယ်)ဟုရပ်ကွက်သားများထံမှတဆင့်စကားကြားရပါသည်။
ဂေဇက် ရွာသူရွာသား များကလည်း မည်သို့ အရေးယူသင့်ကြောင်း ဝိုင်းဝန်းဆွေးနွေးပေးကြပါဦး။
ဒီအကြောင်းတွေကို သာသနာရေးရာဝန်ကြီးဌာနများကတကယ်မသိတာလား၊သိလျှက်နဲ့ လာဘ်စားပြီး
ငြိမ်ခံနေကြတာလား။ယခုအတိုင်းဆက်သွားပါက အဆိပ်ပင်ရေလောင်း ၊လူမိုက်အားပေး ဆိုသကဲ့သို့ဖြစ်နေပေရော့မည်။
ကျနော့်စာအရေးအသား မှားယွင်းပါက သည်းခံဖတ်ပေးကြပါလို့……စားရေးဆရာတစ်ယောက်မဟုတ်သည်ကိုနားလည်ပေးစေလိုပါသည်။
အားလုံးကို လေးစားလျှက်။

16 comments

  • blackchaw

    January 13, 2012 at 11:48 am

    အသာလုပ်ပါ။
    သာသနာရေးဝန်ကြီး ဖတ်မိမှာပါဗျာ။
    အရေးအသားလည်း မမှားပါဘူး၊
    မိုက်ပါတယ်။

    ယခုလက်ရှိမှာလည်း သမီးအရွယ်မိန်းကလေးနှင့် လူမသိသူမသိ ဖောက်ပြန်နေပါကြောင်း သတင်းရရှိပါသည်။

    လူမသိ သူမသိ ဆိုတဲ့ အဲဒီဇာတ်လမ်းလေးကိုတော့ စိတ်အဝင်စားမိသား။
    ဆော်ကြည်ဘဲကြီးပေါ့နော့….။

    • water-melon

      January 13, 2012 at 12:27 pm

      ကိုဘလက်ရေ ခုခေတ်က ရုပ်မချောလဲ ပိုက်ပိုက်ရှိရင် အကုန်ကြည်တယ်
      ဟုတ်တယ်ဟုတ်

  • windtalker

    January 13, 2012 at 11:55 am

    ဘုရားငွေ တွေ ကို သုံးရဲတာ အံ့ပါရဲ ့ဗျာ
    ကေသုံးနိုင်မှတော့ မရှိဆင်းရဲ ခေးမလေးတွေ ကံဆိုးရှာပေါ့

  • ကြောင်ကြီး

    January 13, 2012 at 12:04 pm

    ပစ်စာဗျို့ပစ်စာ….။ သာသနာရေးဝံကျီးဆီ ပို့ရမယ့်စာ တဏှာယေးဝမ်ဂျီးဆီ မျက်စေ့လည် ရောက်လာသဗျို့….။

    • windtalker

      January 13, 2012 at 9:34 pm

      အူးကိုင် ရေ တစ်မှတ်
      အောင်ကြူး နှစ်မှတ်

  • Harumoto

    January 13, 2012 at 12:19 pm

    အလှုခံဖလားထဲက ငွေ နှိုက်သုံးတာကော
    ဘုရားငွေ အလွဲသုံးစားလုပ်တာကော
    အပါယ်ကျမဲ့သူတွေလို့ ဆိုရမှာဘဲ။
    ဖြစ်နိုင်ရင် ခပ်ဝေးဝေးနေစေချင်တယ်
    မတော် မိုးကြိုးပစ်ရင် စက်ကွင်းလွတ်အောင်လို့….

  • z-Z

    January 13, 2012 at 12:20 pm

    ငရဲမကြောက်တော့လည်း လုပ်ပေ့ါ ..

    သာသနာရေးဝံကျီးတော့ ဖတ်မိမယ်မထင်ဘူး …
    တဏှာရေးဝံကျီးတော့ ဖတ်မိပြီး နည်းလေးပါလေးသွားမေးနေလောက်ပြီ … ။

  • မှော်ဆရာ

    January 13, 2012 at 1:07 pm

    ညီလား အကိုလား မသိ … နဲနဲတော့ ပြောမယ် စိတ်မဆိုးနဲ့ ..
    ညီရေးတာတွေက တဆင့်စကားတွေ ဖြစ်နေတယ် …
    အကိုတို့က စမ်းချောင်းက မဟုတ်တော့ ဒီလူကြီး တကယ်ဆိုး မဆိုး .. သေချာမသိဘူးလေကွာ ..
    ဒီတော့ အချက်အလက် ခိုင်ခိုင်မာမာ (ကိုယ် တကယ်ကို အတိအကျ သိတာ ) တွေနဲ့ ရေးရင်
    ပို ထိရောက်မလားပဲ … နောက်တစ်ခု သူ့ကို ဘယ်သူက ဂေါပက တင်တာလဲ …
    ဘာကြောင့်တင်တာလဲ … ဒါကိုပါ ရေးသားရင် ပိုကောင်းမယ် …
    ဆိုးတေနေတဲ့သူကို ဂေါပက တင်တယ်ဆိုရင် တင်တဲ့သူတွေပါ ဖြုတ်ပစ်ရမယ်…

  • etone

    January 13, 2012 at 3:54 pm

    သေချာသာ အတိကျဆိုလျှင်တော့ သာသနာရေးဝန်ကြီးဌာနကို တိုင်စာပေးပို့လို့ ရကောင်းပါရဲ့ … ။
    ဒါပေမယ့် ..ကိုယ့်ဘက်ကတော့ ဒီတေးလ်သိမှ ဖြစ်မှာနော် … ဘယ်သူမှန်းမသိပဲ ဟိုမိန်းကလေးလို့ပြောလို့လည်းမရသလို … ဘယ်လိုဂွင်ကျော်ပြီး စားနေသလဲဆိုတာလေး … သက်သေရှိမှဖြစ်မှာ မဟုတ်လျှင် ဟိုဘက်က အသရေဖြတ်မှုနဲ့ တရားစွဲနေဦးမယ် … ။

  • manawphyulay

    January 13, 2012 at 4:01 pm

    ဝန်ကြီးကို ဖုန်းဆက်ပြီး လှမ်းပြောလိုက်လေ။ တစ်ခါထဲ သိသွားတာပေါ့။ တကယ် သတင်းအတိအကျရတယ်ဆိုရင် တိုင်စာပေးပို့ပြီး တိုင်လည်းရတယ်လေ။

  • htet way

    January 13, 2012 at 4:31 pm

    ကိုယ့်လူ စာက အချက်အလက်လိုနေပါတယ် ဒီလိုတိုင်ရင် မထိရောက်နိုင်ပါဘူး
    ကိုယ်ကျင့်တရားပျက်ပြားပြီးဖေါက်ပြန်တာ ဘယ်သူနဲ့ပါ
    အလှူငွေတွေကို အလွဲသုံးစားတာ ဘယ်လောက် စာရင်းရှိ ဘယ်လောက် ၎င်းယူသုံးတာ
    ဘယ်လောက်။ ဂေါပကဆို ရင်အဖွဲ့ ရှိရမယ် ၎င်းအဖွဲ့ ဆုံးဖြတ်ချက်မရှိဘဲ ကိုယ်ကျိုးသုံးငွေတိုးပေး
    စားတာကို တိတိကျကျရေးနိုင်ရပါမယ်။ဝန်ကြီးဆီလက်မှတ်ထိုးတင်ပါ ထိရောက်ပါတယ်။
    တခုပြောချင်တာက သတင်းလွတ်လပ်ခွင့် အပြည်မရသေးပါဘူး။ကိုယ့်လူကျုပ်တို့လို ကလောင်နာမည် အစစ်နဲ့ လုပ်ရင်တော့ မသက်သာဘူး ဂေါပကတွေက ဘယ်ကပိုက်ဆံရလဲမသိဘူး ပေးလိုက်ရင်
    ကွီနိုင်တယ်။ကျုပ်မြို့မှာ အဲ့ ဒီလို ကိစ္စတွေနှစ်ခုဖြစ်နေတယ် တိုင်တယ် ဒီလောက်ပဲပြောမယ်နော်..
    အချင်းချင်းမို့ပြောတာ ဆရာလုပ်တယ်မထင်ပါနဲ့ မတောက်တခေါက် အသိလေးပါခင်ဗျား။

    • Foreign Resident

      January 14, 2012 at 5:58 am

      အချက်အလက်ကတော့ ပက်ပက်စက်စက်ကို အားနည်းလှတယ် ။

      ဘုရား ဂေါပက ရွေးတာ သာသနာရေးရာဝန်ကြီး နှင့် သိပ်မဆိုင်လှပါဘူး ။
      သာသနာရေးရာဝန်ကြီး ဌာနက ဘုရား ဂေါပကလုပ်မယ့် လူတွေ
      ရာဇဝတ်မှု နောက်ကြောင်း ရှင်းမရှင်း ၊ နာမည်ပျက် ရှိမရှိလောက်ပဲ ကြည့်မှာပါ ။

      အဓိက ရွေးတာကတော့ ဘုရားလူကြီးအဖွဲ့ကပဲ
      ဘုရားအကျိုးကို တက်တက်ကြွကြွ လုပ်နိုင် ကိုင်နိုင်စွမ်းရှိတဲ့
      လှူနိုင်တန်းနိုင်စွမ်းရှိတဲ့ လူတွေကို မဲပေးပြီး ရွေးထားတာပါ ။

      ဘုရား ဂေါပက ရွေးပွဲက တနှစ်တစ်ခါ လုပ်တယ်ထင်ပါတယ် ။
      အဲဒီပွဲကြရင် ကိုယ်ကသာမှန်လို့ကတော့
      အချက်အလက် ခိုင်ခိုင် လုံလုံ နှင့် တင်ပြကန့်ကွက်ပေါ့ ။

      အကောင်းဆုံးကတော့ ( သူ့ထက်သာအောင် ဘုရားအကျိုး လုပ်နိုင်မယ်ထင်ရင် )
      စာရေးသူ mzm ကိုယ်တိုင် ဝင်အရွေးခံကြည့်ပါလား ။

      အမှန်ပြောရရင် ဘေးထိုင် ဘိုင်ကျ ဘုပြောသူတွေကြောင့် ပွဲတော့ဆူသွားပြီး ၊
      ဘုရားအကျိုးကို တကယ်ကိုယ်ကျိုးစွန့် လုပ်ပေးမယ့်သူတော့ ထွက်မလာပဲ ၊
      ပွဲပျက်သွား ဒါမှမဟုတ် အရင်လူပဲပြန်ခန့်ရတဲ့ အဖြစ်အပျက်တွေ
      တွေ့ဖူးပေါင်း များလှပြီ ။

      အမှန်တကယ် တရားမျှတမှုကို လိုချင်တဲ့သူတွေဟာ
      ( ၁ ) မိမိရဲ့ နာမည်ရင်းနှင့် ရဲရဲဝံဝံ မတရားမှုကို ထောက်ပြရဲတဲ့
      တရားမျှတမှုနှင့် ထိုက်တန်တဲ့ ရဲရင့်မှုလည်း လိုအပ်ပါတယ် ။
      ( ၂ ) အချက်အလက် ပြည့်စုံအောင် ထောက်လှမ်း ရှာဖွေမှုကဲ့သို့သော
      သင့်တင့် လုံလောက်အောင် အနစ်နာခံမှုလည်း လိုအပ်ပါတယ် ။
      ( ၃ ) လိုအပ်ရင် ကိုယ်ကိုယ်တိုင် လစ်လပ်သွားမယ့် အဲဒီ ဂေါပက နေရာမှာ
      ဘုရားအကျိုးကို တက်တက်ကြွကြွ ဝင်လုပ်ပေးမယ် ဆိုတဲ့
      တာဝန်ယူ တာဝန်ခံ ပေးမယ့် ကိုယ်ကျိုးစွန့် စိတ်ဓါတ်လဲလိုပါတယ် ။

      ဘေးထိုင် ဘိုင်ကျ ဘုပြောယုံနှင်တော့ တရားမျှတမှုရဖို့ မလုံလောက်ပါဘူး ။

      မှန်တာပြောရရင် MG မှာ အချက်အလက် မပြည့်စုံတဲ့
      ဘေးထိုင် ဘိုင်ကျ ဘုပြောယုံ ပစ်စာတွေကို ပေါပေါများ တွေ့နေရတာ
      စိတ်မကောင်းစရာပါပဲ ။

      အမေစု ပြောခဲ့တဲ့
      ” မြန်မာလူမျိုးတွေဟာ ဝန်တို မစိ္ဆရ စိတ် များတယ် ”
      ဆိုတဲ့ စကားကို အမှတ်ရမိပါတယ် ။

      • kai

        January 14, 2012 at 6:29 am

        mzm ပို့စ်၂ခုတင်ထားပါတယ်..။ ၂ခုလုံးက.. ပစ်စာတွေပါ…။
        တခုက.. ကန့်ကွက်လို့.. ပြန်စာပေးခိုင်းတာ..မပေးလို့.. ပိတ်လိုက်ရတယ်..။
        ဒါလည်း.. ကန့်ကွက်စာတက်လာရင်.. ပိတ်မှာပါ…။

  • အင်း ခက်တော့လဲ ခက်ပေသားပါလားကွယ်ရို ့။
    ခိုးစားလဲ လူတင်မက၊ဘုရားငွေပါဆိုတော့
    ထိရောက်အောင် ဝန်ကြီးဌာနကိုသာ တိုင်ပါလို ့
    အကြံပြုပါရစေ မိတ်ဆွေ။

  • ဂျက်ကီချီးပေ

    January 14, 2012 at 8:17 pm

    အောင်မာ အောင်မာ
    ဧဝံမေသုတံ တောင် မသိတဲ့ကောင်က
    ဆရာတော်ကြီးတွေကို မင်းဂျီးဒေါ်ကြီး လုပ်တဲ့
    ဒညင်းသီးအိုးစိမ်များအောင့်မေ့နေလို့လား
    မေထုန်မဲ့ နမ ဖြစ်မဲ့ကောင်
    စောက်ရူး

  • thitsamoe

    January 24, 2012 at 3:27 pm

    တစ်ချို့လူတို့သည် နတ်အလုပ်ကိုလုပ်ကြ၏။
    တစ်ချို့လူတို့သည် ဗြဟ္မာအလုပ်ကိုလည်းလုပ်ကြ၏။
    တစ်ချို့လူတို့သည် ခွေးအလုပ်ကိုလည်းလုပ်ကြ၏။
    အားလုံးသောလူတို့သည်လည်း လုပ်တော့လုပ်နေကြပါ၏။ သို့သော်
    ထိုမှတစ်ပါး..လူအလုပ်ကို လုပ်နိုင်သောသူသည် လွန်စွာမှပင်ရှားလှပါ၏။

Leave a Reply