ယူတိုးပီးယား အိမ်မက်

breezesMay 31, 20101min500
19

တစ်ညမှာ ကျွန်တော် အိပ်မက် တစ်ခု မက်သည်။ အိပ်မက်သည် ရှည်လျား လွန်း၍ အသေးစိတ် နိုင်လွန်း သည်။ အိပ်မက် ထဲမှ ဇာတ်ကောင်သည် ကျွန်တော်ပင် ဖြစ်နေသည်။ ပထမ ဦးဆုံး အနေနဲ့ ကျွန်တော်သည် အင်ဂျင် နီယာဘွဲ့ ကို ရရှိသည်။

ထိုပြင် မဟာ အင်ဂျင် နီယာ ဘွဲ့ကို ထပ်ရ သည်။ ထိုဘွဲ့ရ ပြီးနောက် ကျွန်တော် အင်္ဂလန် ရှိ နာမည်ကြီး တက္ကသိုလ် တစ်ခုတွင် အင်ဂျင် နီယာ ဘာသာ ရပ်နဲ့ မသက် ဆိုင် သလို ဖြစ်သော နိုင်ငံရေး သိပ္ပံနှင့် လူမှုရေး သိပ္ပံ နှစ်ဘာ သာ တွဲဖြင့် မဟာ ဝိဇ္ဖာဘွဲ့ တစ်ခု ထပ်ရ သည်။ ထို့နောက် အမေရိ ကရှိ တက္ကသိုလ် တစ်ခုမှ ထိုဘာသာရပ် နှစ်ခု အကြောင်း ပြုပြီး ပါရဂူဘွဲ့ရသည်။ ကျွန်တော် ဒေါက်တာ ဖိုးသူတော် ဖြစ်သွားသည်။

ကျွန်တော် မြန်မာပြည် ပြန်လာသည်။ ထိုအချိန် တွင် ကျတော့ အသက်သည် သုံးဆယ် တော်တော် ကျော်ခဲ့ပြီ။ မြန်မာပြည် ပြန်ရောက် ရောက်ချင်း ပထမဦးဆုံး အနေဖြင့် ပတ်ဝန်း ကျင်နဲ့ သဟ ဇာတ ဖြစ်အောင် လုပ်ရသည်။ ဆိုလို သည်မှာ ကျွန်တော့် အင်ဂျင် နီယာ ဘာသာရပ် နယ်ပယ်သို့ ပြန်သွားသည်။ ခဏ လောက်လုပ်ကြည့် ပြီး စိတ်မ ဝင်စားတော့။ ကျွန်တော့် စိတ်ထဲ ဖြစ်ချင် နေတာ တစ်ခု ရှိသည်။ ဒါကို ကိုယ့်ဟာ ကိုယ်သိသည်။ အဲ့ဒီနောက် ကျတော် လက်ရှိ နိုင်ငံရေး ပါတီ တစ်ခုနှင့် ချိတ်ဆက် မိပြီး ပါတီ ကော်မတီဝင် တစ်ယောက် ဖြစ်လာသည်။ ပါတီတွင် ကျွန်တော် ကြိုးကြိုး စားစား ဆောင်ရွက်၍ ပါတီ ဥက္ကဌနှင့် လူကြီးများ၏ အားထားမှု ကိုရရှိ လာသည်။

ကျတော် ပါတီဝင် ပြီးနောက် တစ်နှစ် မှာပဲ ကျွန်တော်တို့ ပါတီ အာဏာ ရပြီး ပါတီ အကြီး အကဲ တစ်ဦး နိုင်ငံတော် သမ္မတ ဖြစ်သွားသည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ များလည်း ပြင်သင့် သည်များ ပြင်ပြီး၍ အတော် အတန် ပြောင်းလဲ နေသော အခါ သမယ လည်းဖြစ်သည်။ ပါတီ လူကြီးသည် သမ္မတ ဖြစ်ပြီး နောက် သူ့၏ ကက်ဘိနက် အဖွဲ့ ဖွဲ့သော အခါ ကျွန်တော့်အား ဝန်ကြီး တစ်နေရာ ပေးသည်။ သို့ဖြင့် ကျွန်တော် အသက် လေးဆယ် မပြည့် သေးခင် မှာပဲ မြန်မာ နိုင်ငံ၏ အသက် ငယ်ဆုံး ဝန်ကြီး တစ်ပါး ဖြစ်လာ သည်။ ကျတော် တာဝန် ယူရသော ဝန်ကြီး ဌာနက ပညာရေး ဝန်ကြီးဌာန။

ပညာရေး ဝန်ကြီး ဒေါက်တာ ဖိုးသူတော် သည် နိုင်ငံတကာ တွင်လည့် လည်ပြီး ပညာ သင်ယူ ခဲ့သူပီပီ အခြေခံ အားကောင်း သော ပညာရေး စနစ်ကို နားလည် သည်။ ထို့ကြောင့် ပညာရေး စနစ်များကို အခြေခံမှ စ၍ လိုအပ် သည်များကို တဆင့်ချင်း ပြောင်းလဲသည်။ ကျေးရွာ များ၏ မူလတန်း ကျောင်းများ ထိ ကိုယ်တိုင် ကိုယ်ကျ သွားပြီး ဆရာ၊ ဆရာမ လေးများ နှင့် ဆွေးနွေး သည်။ ကလေး များ၏ ပညာရေး အပေါ် စိတ်ပါ ဝင်စား နိုင်မှုနှင့် လိုက်နိုင် မှုများကို အသေးစိတ် သုတေ သန ပြုသည်။ ထို့နောက် ပညာရေး ကော်မတီနှင့် ညှိနှိုင်းပြီး မူလတန်းအတွက် အသင့်လျော်ဆုံးသော ဖတ်စာ စာအုပ်နှင့် လက်တွေ့လုပ်ဆောင်ရေး စာအုပ်များကို စနစ်တကျ ပြင်ဆင်သည်။ ထိုမှ တဆင့် တဆင့်ချင်းတက်၍ အလယ် တန်း နှင့် အထက်တန်းကို ခေတ်စနစ်နှင့် အညီ ဒေသတွင်းနိုင်ငံများနှင့် တန်းတူ တန်းညှိပြီး သင်ကြားရေးစနစ်နှင့် သင်ရိုးများကို အသစ်ပြင်ဆင်ဆွဲသည်။

ဤလုပ်ငန်း လုပ်ရပ်အားလုံးကို လွှတ်တော် ၂ ခုလုံးက အတည်ပြုသည်။ လိုအပ်သော ဘက်ဂျက်များကိုလည်း ဆောလျင်စွာ ချပေးသည်။ ပညာရေး အရှိန်အဟုန်မှာ သိသိသာသာ ကြီး တိုးတက်လာသည်။

မြန်မာ နိုင်ငံ အမျိုးသား ပညာရေး သုတေ သန အဖွဲ့ကို သေချာ ဖွဲ့စည်းပြီး နှစ်စဉ် တစ်နိုင် ငံလုံး တိုးတက် မှုများ ကို အစီရင် ခံစေသည်။ တက္ကသိုလ် ကောလိပ်များ နှင့် ပတ်သက ်ပြီး အပွင့် သဘော ဆောင်သော ပညာရေး စနစ်ကို အစပျိုး ပေး သည်။ ဆရာမှ သင် ကျောင်းသားမှ လိုက်မှတ် စနစ်အား ဖျက်သိမ်းသည်။ ဆရာ ကျောင်းသား လွတ်လပ်စွာ ဆွေးနွေး တွေးခေါ်မှု ပုံစံအား ဦးစား ပေးသည်။ ကျောင်းသား ကျောင်းသူ များကို လွတ်လပ်စွာ ဝတ်စား ဆင်ယင် စေသည်။ အသိဉာဏ် မြင့်မားပြီး ပညာတတ် ပီသ စေရန် စည်းကမ်း တင်းကျပ်စွာ မထိန်း ကွပ်ပဲ ကျောင်းသား အများ လက်ခံ နိုင်အောင် ပညာပေး အသိ အမြင် ဇာတ်လမ်း မျိုးနှင့် ဆောင်းပါး များစွာ ရေးသား ပြီး လူငယ် ကျောင်းသား ထု ကြား ဖြန့်ဝေ သည်။ ကျောင်းသားများ အရင် ကလို မဆိုး မပေ ကြတော့။

အရင်က ဖိုးသူတော် ငယ်စဉ် ကျောင်းတက်စဉ်က ကျောင်းသားများသည် ဆိုးသည်။ ဆိုးသည်ဆိုသည်မှာ တက္ကသိုလ် ကျောင်းသားပုံစံ ဆိုးခြင်းမဟုတ်။ ကလေးဆန်ဆန် ဆိုးခြင်း ဖြစ်သည်။ ပုံစံများသည်လည်း ကလေးဆန်ကြသည်။ စာပေသင်ကြားမှုဆိုသည်ကို နားမလည်ကြ။ အချိန်တန်လျှင် ကျောင်းသွားမည်။ အတန်းလစ်ချင်လစ်မည်။ ဆရာတွေကို ရိုသေ ဟန်ဆောင်၍ ဆရာလာလျင် လက်အုပ်ချီပြီး မင်္ဂလာပါ ဆရာ နှုတ်ဆက်မည်။ စိတ်ထဲတွင် မပါကြ။ ထုံးတန်းစဉ်လာကြီး တစ်ခုလို ပြုမှုကြသည်။ ကျောင်းသား ၁၀ဝ လျှင် ကျောင်းသား ၉ဝ လောက်က တက္ကသိုလ်ဝင်တန်း အောင်၍ တက္ကသိုလ်သို့ ဖြစ်ရိုးဖြစ်စဉ် လာတက်ကြခြင်းဖြစ်သည်။ ပညာရေး၏ အနှစ်သာရနှင့် တက္ကသိုလ်၏ အနှစ်သာရကို ဘွဲ့ရသွားသည်ထိ သိမသွားကြချေ။ တည်ရှိနေသော တက္ကသိုလ်များသည်လည်း ထိုသို့ အနှစ်သာရ သိရှိအောင် လုပ်မပေးနိုင်ကြချေ။ တက္ကသိုလ်များသည် စက်ရုံကြီးတစ်ရုံနှင့် တူနေပြီး ကျောင်းသားများသည် ဘွဲ့တံဆိပ်အမျိုးမျိုးကပ် ထုတ်ကုန် များဖြစ်နေကြသည်။

ထိုထွက်လာသော တံဆိပ်အမျိုးမျိုးထုတ်ကုန်များသည် ဈေးကွက်တွင် ဈေးကွက်မဝင် ဖြစ်ချေသည်။ ဈေးကွက်ဝင်သော်လည်း တန်ဖိုးချခြင်းခံရသည်။ ထိုအရာ ဖြစ်စဉ်များ အားလုံး ကို သိနှင့် ခံစား ခဲ့နှင့်ရသော ပညာရေးဝန်ကြီး ဒေါက်တာ ဖိုးသူတော်သည် တက္ကသိုလ်စနစ်ကြီးတစ်ခုလုံးကို ပြန်လည်ပြင်ဆင်သည်။ အမျိုးသား ပညာရေး သုတေသန ဌာန၏ ဦးဆောင်မှုဖြင့် နိုင်ငံနှင့် အဝန်း ဇုန်များ သတ်မှတ်၍ ဆောင်ရွက်သည်။ အစိုးရသည် ပညာရေးကို များစွာအလေး ပေးနေသော အချိန်ဖြစ်သောကြောင့် ပညာရေး ဘက်ဂျက် ကိစ္စ အား လွှတ်တော်မှ ခွင့်ပြုသည်။ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသအလိုက် ပညာရေးဇုန် စီမံကိန်းများ ခွဲပြီး အထူးဖွံဖြိုးရေး အနေဖြင့် ဆောင်ရွက်သည်။ အောင်မြင်ဖြစ်ထွန်း မှု၏ အသီးအပွင့်ကို မကြာခင်မြင်ရချေတော့မည်။

သို့နှင့် ပညာရေးဝန်ကြီး၏ လုပ်နိုင်သောပါဝါများကို သုံး၍အလုပ်ဖြစ်အောင် လုပ်ခဲ့သော်လည်း သူ၏ မူလ ပထမကျောင်းတက်ခဲ့ရာ တက္ကသိုလ်ဖြစ်သော နည်းပညာဆိုင်ရာ တက္က သိုလ်မှာ အားနည်းနေသည်။ ထိုကိစ္စကို သိပ္ပံနှင့် နည်းပည ာဝန်ကြီးအား ပြောဆိုသော်လည်း ဝန်ကြီးသည် အသက်အရွယ်ကြီးနေသည်က တစ်ကြောင်း၊ ဝိဇ္ဖာ ဘွဲ တစ်ဘွဲ့သာရခဲ့၍ နိုင်ငံရေးခြေလှမ်းတွင် တော်သောကြောင့် ဝန်ကြီး ဖြစ်နေပြီး သူ့လက်အောက် ကိစ္စကို မည်သို့မျှ မတက်နိုင်ပဲ ဖြစ်နေသည်။ ငယ်ရွယ်သော ဝန်ကြီးတစ်ပါး ပြောသည်ကိုလည်း ကောင်းမှန်းသိသော်လည်း လက်ခံဆောင်ရွက်ခြင်းမပြုချင်ပဲ တလွဲ မာနကြီးနေသည်။ ပညာရေးဝန်ကြီးသည် ထို ကိစ္စအတွက် ရတက်မအေးဖြစ်နေသည်။ တခြားတက္ကသိုလ် ကိစ္စများ တွင်များစွာ ကောင်းမွန်ပြီး ဒေသတွင်း နိုင်ငံများ ပခုံးယှဉ်နိုင်နေပြီဖြစ်သော် နိုင်ငံတစ်နိုင်၏ အဓီက နည်းပညာအခန်းကဏ္ဍမှ ပါဝင်မည့် နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာ တက္ကသိုလ်များသည် ဖြစ်ဖြစ ်မြောက်မြောက် ဘာမှ ဖြစ်မလာသေးပါ။

ဒေသတွင်းနိုင်ငံများမှ နည်းပညာတက္ကသိုလ်များတွင် အာကသသိပ္ပံနှင့်ဆိုင်သော ပညာရပ်များ များစွာ ဖြစ်ထွန်းနေပြီး ဂြိုဟ်တု ပေါင်းများစွာ စမ်းသပ်လုပ်ကိုင်နေကြချိန်တွင် မိမိနိုင်ငံ၏ နည်းပညာ တက္ကသိုလ်များသည် စက္ကူဖြင့် လေယာဉ်ပျံခေါက်သည်ကိုပင် ၂ မျိုးထက် ပို၍ မသင်ပေးနိုင်ချေ။

ကံအားလျော်စွာ ဒေါက်တာဖိုးသူတော်တို့ ပါတီသည် နောက်တစ်ကြိမ် သမ္မတ သက်တမ်းအတွက် ဆက်လက် အနိုင်ရသွားသည်။ သမ္မတကြီးသည် ပညာရေးဝန်ကြီး၏ လုပ်ဆောင် ချက်များကို အထူးသဘောကျ နှစ်သက်၍ ပညာရေး ဝန်ကြီးအပြင် ဝန်ကြီးချုပ်ရာထူးကိုပါ တွဲဖက်ပေးလိုက်သည်။ သမ္မတကြီး ၏ ဝန်ကြီးချုပ် ရာထူး ပေးမှုအား ကန့်ကွက်မှုများစွာ ရှိ၍ ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး မဲခွဲ ဆုံးဖြစ်ရာ ပြည်သူ လူထုသည် ဒေါက်တာဖိုးသူတော်၏ လုပ်ဆောင် ချက်များအား အထူးသဘောကျ၍ ကန့်ကွက်မဲ မရှိ ထောက်ခံမဲ များနှင့် သာ ဆန္ဒပြုကြရာ ဒေါက်တာဖိုးသူတော်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အသက်ငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာသည်။ ဝန်ကြီးချုပ်ဖြစ်လာတော့ အသက် ၄ဝ စွန်းရုံသာ ရှိသေးသည်။
ဝန်ကြီးချုပ်ဖြစ်လာသောအခါ ပထမဦးဆုံးဆောင်ရွက်သော ကိစ္စမှာ မြန်မာပြည်တပြည်လုံးရှိ နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် ကောလိပ် များ၏ ကိစ္စဖြစ်သည်။ သင်ရိုးညွှန်းတန်းများကို အခြေခံ သီအိုရီများလောက်သာ ချန်ထားခဲ့ပြီး ကျန်သော ဟောင်းနွမ်းနေပြီးဖြစ်သော သင်ရိုးညွှန်းတန်းများကို ပြင်ဆင်ပြီး ခေတ်မီ နည်းပညာ ဘာသာရပ်များဖြင့် အစားထိုးစေသည်။ အမျိုးသားသိပ္ပံနှင့်နည်းပညာဗဟိုကော်မတီကို ဖွဲ့စည်းပြီး ဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။ အာကာသသိပ္ပံပညာကို အထူးစိတ်ဝင်စားသည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းသားများအား နိုင်ငံခြားတိုင်းပြည်များ ( အမေရိက၊တရုတ်) သို့ စေလွှတ်ပြီး လေ့လာစေသည်။

လောရှည် မှတ်ချက် ။ လက်တွေ့တွင် ဤသို့လုပ်မရပါ။ မရသည့် အကြောင်းရင်းမှာ ယခု သင်ရိုးညွှန်းတန်း စာအုပ်များသည် ခေတ်မီနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ တဖန် ဇောက်ထိုးလန်သွားသော ဘာသာရပ်အချို့မှလွဲ၍ သိပ္ပံပညာရပ်များ၏ သင်ရိုးသည် သိသိသာသာ မပြောင်းလဲပါ။ သင်ရိုးစာအုပ် ရေးသားပြုစုသူများ အကြံပြုသည့် သင်ရိုးပုံစံအတိုင်း လိုက်နာသင်ကြားခြင်း ရှိ၊ မရှိကတော့ သပ်သပ်ကိစ္စဖြစ်သည်။

ကိုယ်တိုင်လည်း အာကာသသိပ္ပံနှင့် ရင်းနှီးမှုရှိအောင် လေတပ်သို့သွား၍ လေယာဉ်မောင်းသင်သည်။ အထက်လွှတ်တော်အမတ် အချို့ ကန့်ကွက်သော်လည်း မဲဆန္ဒနှင့် အနိုင်ရ ယူပြီး ဝန်ကြီးချုပ်သည် လေယာဉ်မောင်း သင်ပြီး လေယာဉ်မောင်းတက်ခဲ့သည်။ လေယာဉ်မောင်းတတ်သည်နှင့် တပြိုက်နက် အမျိုးသားလေကြောင်းနှင့်အာကာသဗျူရို တည် ထောင်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ကိစ္စရပ်များနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဥပဒေများကို ပညာရှင်များအကူအညီရယူပြီး ပြန်လည် ပြင်ဆင်တည်းဖြတ်သည်။ နောက်ဆုံး ထွက်ရှိသော ဥပဒေသစ်အရ ငွေကြေးတတ်နိုင်သော နိုင်ငံသားများသည် ကိုယ်ပိုင်လေယာဉ်ပျံနှင့် ရဟတ်ယာဉ် ဝယ်ယူမောင်းနှင်ခွင့် လိုင်စင် ရရှိမည် ဖြစ်သည်။ ကိုယ်ပိုင် လေယာဉ် ကွင်း တည်ဆောက်လိုသူများအနေဖြင့် တစ်ဦးတစ်ယောက်တည်း တည်ဆောက်ခွင့်ပေးမည် မဟုတ်ပဲ ၅ ဦးစပ် လေယာဉ်ပျံကွင်းအသေးတစ်ခု တည်ဆောက်ခွင့် ပေးသည်။ ဝန်ကြီးချုပ်ကိုယ်တိုင် လည်း ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စင်း ဝယ်ထားပြီး သွားချင် လုပ်ချင်သော နေရာများသို့ ချက်ချင်းသွားသည်။ လွှတ်တော်မှ နေ၍ ဝန်ကြီးချုပ် လုံခြုံရေးအတွက် ရဟတ်ယာဉ် နှစ်စင်း အစောင့်အဖြစ် ပေးထားသည်။

ဝန်ကြီးချုပ်သည် စာပေဝါသနာပါသည့်အားလျော်စွာ ပညာရေးဆိုင်ရာ ဆောင်းပါးများနှင့် ရသ စာပေ များကို ရေးသားထုတ်ဝေသည်။ ရသစာပေများမှာ ပြည်သူလူထု ပရိသတ်၏ အားပေးမှုကို များစွာ ခံရပြီး စာရေး ဆရာတစ်ဦးအနေဖြင့်လည်း ပြည်သူချစ်သော စာရေးဆရာဖြစ်နေသည်။ ဝန်ကြီးချုပ်၏ အိမ်ထောင်ရေး အနေဖြင့် ပညာရေးဝန်ကြီး ဖြစ်ချိန်ထိ အိမ်ထောင်မပြုသေးပဲ လူပျိုသိုးဝန်ကြီးလုပ်နေရာ ဝန်ကြီးချုပ် မဖြစ်ခင်လေးမှာပဲ အိမ်ထောင်ပြုလိုက်သည်။ ဝန်ကြီးချုပ်၏ ချစ်သူက လက်ထပ်ခွင့်အား လက်ခံသောကြောင့် ဖြစ်သည်။ ထိုလက်ထပ်ပြီးသော ချစ်သူနှင့် ဝန်ကြီးချုပ်သည် သူပိုင် ရဟတ်ယာဉ်အား သူကိုယ်တိုင်မောင်းပြီး အနားယူခရီးထွက်ဖို့ ပြင်ဆင်နေရာမှ ဘေးမှ အစောင့်ရဟတ်ယာဉ် နှစ်စီးက လိုက်မည် ပြုသည်ကို ရေဒီယိုစကား ပြောခွက်မှ တဆင့် လှမ်းတားပြီး မလိုက်နဲ့ မလိုက်နဲ့ ဟု ပြောလိုက်သည်။

‘ ဟေ့ကောင် ဘာကို မလိုက်နဲ့ လဲ ‘ လို့ အသံကြား၍ ငါလို ဝန်ကြီးချုပ်ကို ဒီလိုပြန်ပြောသလားဆိုပြီး အော်မည် အပြုတွင် လန့်နိုးသွားပြီး ဘေးမှ အခန်းဖော် ၏ ဘာကို မလိုက်နဲ့ လဲဟု မေးသောအသံကို သေချာ စွာပြန်ကြားလိုက်ရသည်။

ဤတွင် အိပ်မက်ပြီး၏…॥။

( ကျတော့်ရဲ့ စိတ်ကူးဆောင်းအိပ်မက်မျှသာဖြစ်၍ သည်းခံ ခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံပါသည်။)